ကလေးနှင့် နို့ပွေး

မေး – နို့ပွေး ဆိုတာဘာလဲ။
ဖြေ – နို့ပွေး (Infantile Eczema) သည် ကလေးတွေတွင် အဖြစ်များပါသည်။ အရေပြားခြောက်သူတွင် ပိုဖြစ်တတ်ပါသည်။ နို့ပွေးပေါက်သော နေရာသည် အလွန်ယားယံ၏။ ၄င်းနို့ပွေးပေါက်သူသည် နောက်ပိုင်းတွင် ပန်းနာရင်ကျပ်နှင့် ဓါတ်မတည့်ရောဂါများဖြစ်နိုင်သည်။
 
မေး – နို့ပွေးရောဂါ ဘယ်လိုဖြစ်လာပါသလဲ။
ဖြေ။ – နို့ပွေးရောဂါ ဖြစ်လာသည့်အကြောင်းအရင်းကို မသိသေးပါ။ နို့ရေထိသော အရေပြားတွင် နှို့နှင့် ဓါတ်မတည့်ခြင်းကြောင်း ယားယံသောအဖုလေးများဖြစ်လာခြင်းဖြစ်သည် ဟု ယူဆကြသည်။ နို့ပွေးပေါက်သော ကလေး၏ သုံးပုံတစ်ပုံသော မိသားစုတွင် ရင်ကျပ်ရောဂါနှင့် ဓါတ်မတည့်ရောဂါရှိကြောင်း ရာဇ၀င်ရှိနိုင်သည်။ ၄င်းနို့ပွေးရောဂါ ကို ၅ နှစ်အောက် ကလေးတွေတွင် တွေ့နိုင်သည်။
 
မေး – နို့ပွေးရောဂါ၏ လက္ခဏာများကို ဖော်ပြပါ။
ဖြေ – ၁။ နို့ပွေးပေါက်သောနေရာသည် အဖုကလေးများရှိနေပြီး ယားလို့ ကုတ်လိုက်လျှင် အဖတ်ကလေးများထွက်ခြင်း၊ တစ်ခါတစ်ရံ အရည်စိုနေတတ်သည်။
၂။ နို့ပွေးနေရာသည် ထူနေပြီး အက်ကြောင်းပေါ်ကာ အဖတ်ကွာနေတတ်သည်။
၃။ နို့ပွေးသည် မေါးစကလေးငယ်များ၏ ပါးပေါ်တွင်တွေ့ရသော အနီကွက် ပုံစံရှိသော အဖုကလေးများ ဖြစ်သည်။ ၄င်းသည် ပါးမှတဆင့် မျက်နှာ၊ လည်ပင်းမှ တစ်ဆင့် အနှီးထုတ်သည့်နေရာအထိဖြစ်သည်။ လက်မောင်း၊ ခြေထောက် တို့အထိလည်းရှိနိုင်သည်။
၎။ ၄င်းအနီအဖုအကွက်လေးများသည် လွန်စွာယားယံသောကြောင့်၊ မွေးစကလေးများတွင် ဖြစ်လျှင် ယားလို့ မကုတ်တတ်သေးသောကြောင့် ကလေးများယားယံလာပြီး ငိုခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ဖြစ်သည်။ အထူးသဖြင့် ညအချိန်တွင် ရာသီဥတု ခြောက်သွေ့ကာ ပိုယားပြီး ငိုတတ်သည်။
၅။ ယားလို့ ကုတ်ထားသော အရေပြားတွင် အသားနီလန်နေတတ်သည်။
၆။ နို့ပွေးနေရာတွင် ယားလို့ ကုတ်ပါက ပိုယားလာတတ်ပြီး ကုတ်လို့မဆုံးဖြစ်တတ်သည်။ အသားများပဲ့ထွက်ပြီး ပိုးဝင်ငြခ်းတို့ဖြစ်နိုင်သည်။
၇။ မျက်းခုံးမွေးပေါ်နို့ပွေးပေါက်လျှင်မျက်ခုံးမွှေးကျွတ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ဖြစ်နိုင်သည်။
၈။ နို့ပွေးသည် ကလေးငယ်ဘ၀မှစဖြစ်ပြီး လူကြီးအထိဖြစ်နိုင်သည်။
၉။ ကလေး ၁-၂ နှစ်အရွယ်တွင် နို့ပွေးကို ဒကောက်ခွက်၊ ဒူးဆစ်နောက်ချိုင့်၊ တကောက်ဝတ်၊ ခြေကျင်းဝတ်နှင့် လည်ပင်းတို့တွင် တွေ့နိုင်သည်။
၁၀။ နို့ပွေးပေါက်သော အရေပြားသည် ခြောက်သွေ့နေတတ်ဒ။ တစ်ခါတစ်ရံ ဘက်တီးရီးယားပိုးဝင်ပါက ၄င်းအနီဖုလေးများ ပြည်တည်ခြင်း၊ အရည်ထွက်ခြင်းတို့ ဖြစ်နိုင်သည်။ ထိုသို့အရည်ထွက်လျှင် စိုးရိမ်ရပါသည်။
၁၁။ လူကြီးတွေတွင်လည်း တွေ့နိုင်သည်။ အထူးသဖြင့် အရေပြားထူတဲ့ နေရာမှာ တွေ့တတ်သည်။ မျက်တွင်းချုင့်တွင် ညိုမဲခြင်း၊ မျက်တွင်းအောက်တွင် ခြောက်သွေသောအဖတ်များပေါ်ခြင်း၊ မျက်ခွံပေါ်တွင် အနီဖုဖြစ်ခြင်း၊ နားနောက်တွင် ခြောက်သွေဲ့အက်ခြင်း (နားတွဲနာ) ဖြစ်ခြင်း၊ သိုးမွှေးစသည့် အ၀တ်အထည်ဝတ်လျှင် ယားယံခြင်း တို့ဖြတ်တတ်သည်။
 
မေး – နို့ပွေးရောဂါ ဘယ်အချိန်ပိုဆိုးလာပါသလဲ။
ဖြေ – နို့ပွေးရောဂါဘယ်အချိန်ပိုဆိုးလာသလဲဆိုရင်
– နို့ပွေးဖြစ်သော နေရာ အရေပြားတွင် ဘက်တီးရီးယားပိုးဝင်လျှင်
– ရေနွေးပူနှင့် အချိန်ကြာမြင့်စွာရေချိုးလျှင်
– အရေပြားခြောက်သွေ့လျှင်
– စိတ်ပင်ပန်းမှုများလျှင်
– ချွေးထွက်များလျှင်
– အပူချိန်အပြောင်းအလဲမြန်လျှင်
– ပတ်ဝန်းကျင်စိုးထိုင်းမှု လျော့နည်းနေလျှင်
– နို့ပွေးပေါက်သူနှင့်မတည့်သော ဆပ်ပြာရည်၊ ပိုးသန့်ဆေးရည်တို့နှင့် ထိတွေ့လျှင်
– သိုးမွှေး၊ နိုင်လွန်အ၀တ်အထည်တို့နှင့် ထိတွေ့လျှင်
– ဖုန်မှုန့်၊ သဲမှုန်တို့နှင့် ထိတွေ့လျှင်
– စီးကရက်ငွေ့နှင့် ထိတွေ့လျှင်
– နို့ပွေးပေါက်သူနှင့် မတည့်သော ကြက်ဥ၊ နို့၊ ငါး၊ ပဲနို့၊ ဂျုံတို့နှင့် ထိတွေ့လျှင် နို့ပွေးရောဂါ ပိုဆိုးလာနိုင်သည်။
 
မေး – ဘယ်အချိန်မှာ နို့ပွေးပိုဖြစ်တတ်ပါသလဲ။
ဖြေ – နို့ပွေးကို အသက် ၅ နှစ်အောက် ကလေးများတွင် အတွေ့များတတ်သည်။ အသက် ၂လမှ ၆ လအရွယ်တွင် အများဆုံးဖြစ်သည်။ နို့ပွေးဖြစ်သော ကလေးငယ်တစ်ချို့သည် လူကြီးဖြစ်သည်အထိ နှင်းခူ (Eczema) မျိုးဖြတ်တတ်သည်။ ထိုကဲ့သို့ နို့ပွေးပေါက်သော ကလေးများသည် ကြီးလာလျှင် ပန်းနာ ရင်ကျပ်ရောဂါ၊ ဓါတ်မတည့် ရောဂါတို့ဖြစ်နိုင်ချေရှိသည်၊ ၄င်းကလေးများ၏ မိဘနှစ်ယောက်လုံးသော်လည်းကောင်း၊ တစ်ယောက်ယောက်သော်လည်းကောင်း မျိုးရိုးဗီဇအရ နို့ပွေးပေါက်ခြင်း၊ ဓါတ်မတည့်ခြင်တို့ရှိနိုင်သည်။
 
မေး – နို့ပွေးရောဂါသည် ဘယ်လိုကလေးတွင် အဖြစ်များပါသလဲ။
ဖြေ – နို့ပွေးရောဂါသည် ၄င်းကလေး မိဘနှစ်ယောက်လုံး၊ သို့မဟုတ် တစ်ယောက်၊ သို့မဟုတ် ၄င်း၏ညီအစ်ကို မောင်နှမများတွင် တစ်ယောက်မဟုတ် တစ်ယောက် တွင် ဓါတ်မတည့်ခြင်းဖြစ်နိုင်သော မျိုးရိုးဗီဇ (Atopic Disease) ပါနေသောကြောင့်ဖြစ်သည်။
 
မေး – နို့ပွေးရောဂါကို ဘယ်လိုသိနိုင်ပါသလဲ။
ဖြေ – နို့ပွေးရောဂါဟု နာမည်တတ်နိုင်ဖို့ရာ အရေပြားပေါ်တွင် ဖြစ်ပေါ်နေသော အနာ၏ ပုံသဏ္ဌန်၊ ရောဂါဖြစ်နေသော နေရာနှင့် ရောဂါလက္ခဏာတို့ကို ကြည့်ခြင်းဖြင့်သိနိုင်ပါသည်။
 
မေး – နို့ပွေးဖြစ်နေသော ကလေးကို ဘယ်အချိန် ဆရာဝန်ဆီ ခေါ်သွားသင့်ပါသလဲ။
ဖြေ – နို့ပွေးပေါက်နေသော ကလေးကို ဘယ်အချိန်ဆရာဝန်ဆီ ခေါ်သွားရမလဲဆိုရင်
– နို့ပွေးပေါက်နေသည့် ကလေး အလွန်တရာ ယားယံပြီး နေမထိထိုင်မသာ ဖြစ်နေလျှင်
– မအိပ်နိုင်အောင် ယားယံခြင်း၊ အိပ်ရေးပျက်ခြင်း
– ယားယံမှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်နိုင်အောင်အနှောက်အယှက် ဖြစ်နေခြင်း
– အရေပြားယားယံ၍ ကုတ်ရာမှ ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်လျှင်
– အရေပြားယားယံရုံမက နာကျင်သည်အထိဖြစ်လာလျှင်
– နို့ပွေးကို ပုံမှန်ကုထုံးဖြင့် ကုသ၍ မရသည့်အခါတွင်လည်းကောင်း ၄င်းနို့ပွေးပေါက်နေသော ကလေးငယ်ကို ဆရာဝန်ထံ ခေါ်သွားရမှာဖြစ်ပါတယ်။
 
မေး – နို့ပွေးဖြစ်သောကလေးကို ဘယ်လိုကုရမလဲ။
ဖြေ – နို့ပွေးရောဂါကို ဘယ်လိုကုရမလဲဆိုရင် နို့ပွေးဖြစ်စေနိုင်သောအရာ ဥပမာနို့ရည်ကို အရေပြားနှင့်မ ထိအောင်လုပ်ရမည် သို့မဟုတ် နို့ရည်ထိသောအရေပြားကို မြန်မြန်ဆေးကြော သုတ်သင်ရမည်။
– အရေပြားကို အဆီရည်တစ်ခုခု Babimild Oil Or Lotion နှင့် သုတ်လိမ်းထားခြင်းဖြင့် ယားယံခြင်း သက်သာစေနိုင်ပါသည်။
– အရေပြားကို ဆေးကြောရာ၌ ဆပ်ပြာအစား အပျော့်သောအရေးပြား သန့်စင်ဆေး Babimild Ultramild Bath သုံးသင့်သည်။
– အထက်ပါနည်းနှင့်မပျောက်က စတီးရွိုက်ဆေးလိမ်းရမည်။ သို့သော် ဆရာဝန်နှင့် တိုင်ပင်ပီးမှ လိမ်းသင့်သည်။ ကိုယ့်သဘောနှင့်ကို မသုံးရ။ အန္တရာယ်ရှိသည်။ ကလေးတွေ၌ စတီးရွိုက် မသုံးသင့်ပါ။
– အလွန်ဆိုးသော နို့ပွေး၊ တစ်ကိုယ်လုံးမှာ ပြန့်နေလျှင် အရေပြားအထူးကု ဆရာဝန်နှင့် ကုသမှုခံယူရမည်။
– ဘက်တီးရီးယားပိုင်းဝင်နေလျှင် ပိုးသတ်ဆေးပါသောက်ရမည်။
– ယားယံမှုသက်သာရန် ဘာမီတွန်ကဲ့သို့သော Antihistamine ဆေးပါတွဲသောက် သင့်သည်။
နို့ပွေးရောဂါကို ပေါ့ပေါ့ တန်တန် မကုရပါ။ ဆရာဝန်၏ ညွှန်ကြားချက်နှင့်သာ ကုသင့်သည်။
 
မေး – နို့ပွေးရောဂါဖြစ်သော ကလေးဘာရှောင်ရမလဲ။
ဖြေ – နို့ပွေးရောဂါဖြစ်သောကလေး ရှောင်ရမည့် အချက်များမှာ –
– ၄င်း၏ အကျီအ၀တ်အစားလျှော်ဖွတ်လျှင် ရေမွေးနံမပါသော ဆပ်ပြာမှုန့်နှင့် လျှော်ရမည်။
– ကလေးကို ရေချိုးပေးလျှင် အမွှေးအနံမပါသော ဆပ်ပြာတုံး၊ ဆပ်ပြာရည် Babimild Soap / Ultramild Bath ကိုသုံးရမည်။
– ကလေး၏ အရေပြားမခြောက်သွေ့အောင် အဆီတစ်မျိုး Babimild Oil or Vit E lotion လိမ်းပေးရမည်။
– ကလေးကိုချည်အကျီ၊ အေးသောအကျီကိုသာ ပေးဝတ်သင့်သည်။ သိုးမွှေးအကျီ၊ နိုင်လွန်အကျီတို့ မ၀တ်ပေးသင့်ပါ။ ၄င်းအ၀တ်အစားများသည် ကလေးကို ခွေးထွက်စေပြီး အရေပြားကို ယားယံစေသည်။

Comment ( 1 )

  • Avatar

    ဆရာ ultramild soap နဲ့ မျက်နှာသစ်ပေးလို့ရပါသလားရှင့် သားသားကအခု ၅၅ရက်ပါဆရာ

To Top