ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၆၂)

1.

အိမ်ထောင်ရှိသည်

ကလေးကမွေးပြီး၁၅ရက်ရှိပါပြီ။ ချက်မကြွေသေးဘူးဆရာရှင့်။ စိုးရိမ်ရပါသလားရှင့်။

 

ဒီထက်ထူးခြားမှု မရှိရင် စိတ်မပူရပါဘူး… ချက်ကြိုးအကြောင်းကိုအောက်က Link မှာရှိတဲ့ ဆောင်းပါးလေးမှာဖတ်ကြည့်ပေးပါ…

http://babimildmomsclub.com.mm/?p=5971

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

2.

HlaingHlaing

ကျွန်မသမီးအကြောင်းမေးချင်လို့ပါ။ ကလေးက၈လထဲမှာပါ။ ကလေးမျက်စိကသူငယ်အိမ်စောင်းနေတယ်လို့သူနာပြုဆရာမကပြောလို့ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။ သူငယ်အိမ်စောင်းတာမွေးရာပါလား၊ တခြားအကြောင်းကြောင့်ဖြစ်ရတာလဲဆိုတာသိချင်ပါတယ်ဆရာ။  ကလေးကလည်းဟိုကြည့်ဒီကြည့်ဖြစ်တော့ဝေခွဲမရဖြစိနေပါတယ်။ ကုသမှုလုပ်မယ်ဆိုဘယ်လိုဆရာဝန်နဲ့ပြရမှာပါလဲ။ ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါဆရာ။

 

မျက်စိအထူးကုဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်… အရေးကြီးအင်္ဂါ အစိတ်အပိုင်း ဖြစ်တာကြောင့် စနစ်တကျ ပြသပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

3.

Thae Tone May May

ဆရာရှင်အိမ်နားကကလေး၃နှစ်ရှိပါပြီ။ စကားခုထိမပြောသေးလို့ စိုးရိမ်ရလားဖြေပေးပါ။

 

ဒီအရွယ်ထိစကားသေချာမပြောသေးရင် စနစ်တကျ ကျန်းမာရေးစစ်ဆေးသင့်ပါတယ်… ကလေးရဲ့ အကြားအာရုံ၊ စကားပြောတဲ့ အစိတ်အပိုင်းစတာတွေကိုနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာစစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

4.

Thae Su

ဆရာရှင်ကလေးက၅နှစ်ပါ။ ထမင်းအများကြီးစားရင်ဒါမှမဟုတ်အစာစားတာများရင်ရင်ပြည့်တက်ပါတယ်။ ဘာဆေးတိုက်ရမလဲရှင်။

 

အစားများတဲ့အခါ ရင်ပြည့်တတ်ပါတယ်… ဒါဟာသဘာဝပါပဲ… ငယ်လွန်းသေးတဲ့ အရွယ် ဖြစ်တာကြောင့် ဆေးတိုက်ဖို့ အားမပေးပါဘူး… သူ့ဘာသာ ပြန်ကောင်းသွားမှာပါ… ထမင်းအလွန်အကျွံ များအောင် ကျွေးတာမျိုးကိုဆင်ခြင်တာကကျန်းမာရေးအတွက် ပိုမိုသင့်လျော် ကောင်းမွန်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

5.

BhoneKhantKyaw

ကလေးက၁၁လပါ။ အရင်ကထမင်းကြိုကျွေးတာစားပါတယ်။ နေမကောင်းဖြြစ်ပီး ပြန်ကောင်းတော့ထမင်းသိပ်မစားတော့လို့ပါ။ ပေါင်ချိန်က 7.5 kg ရှိပါတယ်။ ဘာလုပ်ရမလဲဆရာပြောပြပေးပါ။ အားဆေးအက်ပီတန်လိုင်စင်းပါတာတိုက်ပါတယ်။

 

နေမကောင်း ဖြစ်ပြီးကာစမှာအစားနည်းနည်းပျက်တတ်ပါတယ်… စိတ်ပူစရာမရှိပါဘူး… တဖြည်းဖြည်းပုံမှန် ပြန်စားလာပါလိမ့်မယ်… အားဆေးလည်းဆက်လက် တိုက်ထားနိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

6.

Moe Moe

မင်္ဂလာပါဆရာရှင်သားသားက၁၀လပါ။ ထမင်းစားရင်အော့အော့နေတက်ပါတယ်။ ဘာဆေးတိုက်သင့်ပါသလဲဆရာလမ်းညွန်ပေးပါရှင်။

 

ကလေးသဘာဝသူတို့ သိပ်မနှစ်သက်တဲ့အစားအစာမျိုးစားရတဲ့အခါ ပျို့တတ်ပါတယ်… စိတ်ပူစရာမရှိပါဘူး… ထမင်းအလုပ်ကိုသေးသေးငယ်ငယ်လေးသာကျွေးပါ… ထမင်းနဲ့ ဟင်းနဲ့ ကိုအရသာပိုအောင် အချိုးကျ နယ်ကျွေးကြည့်ပါ… ဆေးတိုက်စရာမလိုအပ်ပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

7.

May Linn Htet

အသက်၄လကလေးနှာရည်ယိုတဲ့အခါဘယ်လိုလုပ်ရမလဲသိချင်လို့ပါရှင့်။

 

နှာရည်အရမ်းကျပြီးနှာပိတ်နေရင်ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့အနည်းငယ်စုပ်ယူပြီးအပ်ကိုဖြုတ်ပါ… ပြီးရင်အပ်မပါတဲ့ဆေးထိုးအပ်လေးနဲ့ပိတ်နေတဲ့နှာခေါင်းထဲကို၁စက်၂စက်ခန့်ချပေးနိုင်ပါတယ်… ဒါမှမဟုတ်ရာဘာ tube လည်းအသုံးပြုနိုင်ပါတယ်… ကလေးဦးခေါင်းကိုနွေးနွေးထွေးထွေးထားပေးပါ…
အသက်ရှူကြပ်နေပုံရပြီးကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာစသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

8.

ThiThiZaw

ဆရာရှင့်သမီးလေးက၁လနဲ့၂၇ရက်ရှိပါပြီ။ မွေးကတည်းကမိခင်နို့နဲ့မလုံလောက်တာကြောင့်နို့ဘူးနဲ့မျှတိုက်ရပါတယ်။ အဲဒါမိခင်နို့တစ်မျိုးတည်းသာအကောင်းဆုံးလို့ပြောတာကြောင့်နို့ဘူးကိုဆက်တိုက်ရင်ကလေးတွက်ဘာတွေများဖြစ်လာနိုင်လဲ၊ ဒါမှမဟုတ်ဘယ်လိုလုပ်သင့်ပါလဲသိချင်ပါတယ်ဆရာ။

 

မိခင်နို့မလုံလောက်မှာစိုးရိမ်ပြီး နို့မှုန့်ကူရင် ကလေးကအားစိုက်ပြီးစို့ယူရတဲ့ မိခင်နို့ထက် အလွယ်တကူသောက်ရတဲ့ နို့ဗူးကိုပိုနှစ်သက်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်… မိခင်နို့ထွက်များစေဖို့ မိခင်နို့တစ်မျိုးတည်းသာဆက်တိုက်ပါ… နှစ်ဖက်လုံးနဲ့ နို့တိုက်ကျွေးပါ… အကြိမ်ရေစိပ်စိပ်တိုက်ကျွေးခြင်းကလည်းကလေးစုပ်ယူမှုကြောင့် မိခင်နို့ပိုထွက်စေဖို့ အထောက်အကူဖြစ်စေပါတယ်… မိခင်ကရေများများသောက် အစားအစာအာဟာရ ပြည့်ဝအောင်စားပါ… တဖြည်းဖြည်းကလေးအတွက် နို့အလုံအလောက် ထွက်လာပါလိမ့်မယ်…

နို့ဗူးတိုက်ကျွေးတဲ့ ကလေးတွေမှာမိခင်နို့စို့ရတဲ့ ကလေးတွေထက် အာဟာရဆိုင်ရာ ပြဿနာပိုများခြင်း (ဥပမာအဝလွန်ခြင်း)၊ ဝမ်းနှင့်ဆိုင်သော ပြဿနာများပိုများခြင်း (ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း) စတဲ့ အခြေအနေတွေ တွေ့ရှိရပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

9.

TheintNwayNwayAung

ဆရာရှင့်သားလေးမျက်ခွံပေါ်ကအဖုလေးကတဖြည်းဖြည်းနဲ့ကြီးလာတယ်။ ပျောက်အောင်ဘယ်လိုလုပ်သင့်လဲဆရာ။

 

ဆရာဝန်နဲ့ စနစ်တကျ ပြသသင့်ပါတယ်… အရေးကြီးတဲ့ မျက်လုံးလိုနေရာမှာ ဖြစ်တဲ့အတွက် ဂရုပြုသင့်ပါတယ်… အရေပြားအထူးကုဆရာဝန်နဲ့ ဖြစ်စေ၊ ကလေးအထူးကုဆရာဝန်နဲ့ ဖြစ်စေ ပြသဖို့ တိုက်တွန်းလိုပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

10.

Aung Lay

မင်္ဂလာပါဆရာသားလေးက၂လပါ။ တစ်နေ့ကိုဝမ်းသုံးခါလေးခါပုံမှန်သွားပါတယ်။ အဲ့လိုသွားတောတင်းပါးအဝလေးတွေမှာအပူလောင်သလိုမျိုးဖြစ်ပြီးအဖုလေးတွေခုမနက်မှ ဖြစ်လို့ပါဘာလိမ်းပေးရမလဲဒေါက်တာ။

 

ဝမ်းသွားတာများတဲ့ အခါမျိုးမှာ ဖြစ်ပွားတတ်ပါတယ်… ပြုလုပ်နိုင်တာကတော့ ဝမ်းသွားပြီးတိုင်းမှာရေနွေးနွေးလေးနဲ့ သေချာဆေးကြောသန့်စင်ပေးပါ… ကလေးကိုDiaper ဝတ်ပေးတတ်ရင် အချိန်ကြာကြာဝတ်မထားဘဲဝမ်းသွားပြီးတာနဲ့ အသစ်လဲလှယ်ပေးပါ… မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

11.

HninHnin

ဆရာသားသားကအခု ၁ နှစ် ၃ လရှိပါပြီ။ တချို့တွေကဒီအချိန်နို့ဖြတ်တာကောင်းတယ်တဲ့။ အဲဒါဟုတ်လား။ ဘယ်အရွယ်ထိ နို့တိုက်သင့်လဲ။ ဘယ်အချိန်နို့ဖြတ်သင့်လဲရှင့်။

 

တစ်နှစ်ပြည့်ပြီးကလေးငယ်ကိုမိခင်နို့ တိုက်ကျွေးခြင်းကိုဘယ်အချိန်မှာရပ်တန့်မလဲဆိုတာမိဘရဲ့ ဆုံးဖြတ်ချက်ကပိုအရေးပါပါတယ်… အောက်ကပေးထားတဲ့ Link မှာရှိတဲ့ဆောင်းပါးလေးကိုလည်းဖတ်ရှုပေးပါ…

http://babimildmomsclub.com.mm/?p=2887

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

12.

လရောင်လရောင်

ကလေး ၁၁ လရှိပြီ။ ဝမ်းနေတာဘလိုပြုစု၍ ဆေးတိုက်ရပါမလဲ။ ဝမ်းသွာနေတာမို့ပါ။

 

နို့စို့ ကလေးငယ်ဆိုတော့ ဝမ်းပျက်တာမျိုး ဖြစ်နိုင်ပါတယ်… ဝမ်းသွားတာများရင် ရေဓါတ်ပြန်လည် ဖြည့်တင်းပေးဖို့ မိခင်နို့ကိုပိုများများတိုက်ပေးရပါမယ်… ဒီထက်ပိုဝမ်းသွားတာများရင် ဓါတ်ဆားရည် တိုက်ကျွေးပေးရပါမယ်… ရေဓါတ်ခန်းခြောက်ခြင်းလက္ခဏာတွေ ဖြစ်တဲ့ ဆီးသွားနည်းခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်းစတာတွေတွေ့ရရင်၊ ဝမ်းပျက်တဲ့ ကာလကြာရှည်ရင် စသဖြင့် ရှိရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ပြသဖို့ လိုအပ်ပါတယ်…

အများအားဖြင့်တော့ ဖြစ်တဲ့ ကာလမကြာဘဲသူ့အလိုလို ပြန်ကောင်းတတ်ကြပါတယ်…

ဖြစ်တဲ့ ကာလ ကြာမြင့်နေရင် ဆရာဝန်နဲ့ ပြသပြီးကုသမှု ခံယူဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

13.

အဖြုရောင်အတ္ထုပ္ပတ္တိ

ဆရာနှာရည်ယိုတာပါ။ ဘာဆေးတိုက်ရပါသလဲဆရာ။ အသက် 23 ပါဆရာ။ နှာရည်ယိုပြီးချောင်းဆိုးတာ 1 လလောက်ရှိနေပြီ။ ခုထိမပျောက်သေးဘူးဆရာ။ ဘယ်လိုလုပ်ရမလဲဆရာ။

 

မေးထားတာကကလေးအတွက်လားလူကြီးအတွက်လားမသဲကွဲပါဘူး… နေမကောင်းဖြစ်တဲ့ ကာလကြာနေရင်တော့ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်… လူနာအခြေအနေအရပ်ရပ်ကိုထည့်သွင်းစဉ်းစားပြီးမှ ဆေးဝါးညွှန်းဆိုလို့ ရပါတယ်… ဒါကြောင့် ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းလိုပါတယ်…

တကယ်လို့ ကလေးအတွက်ဆိုရင် အခြား ပြုလုပ်နိုင်တာတွေကဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ… နှာပိတ်နေရင် Normal Saline ကို နှာခေါင်းထဲအစက်ချပြီးအနည်းငယ် သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်… ချောင်းဆိုးခြင်းအတွက် ရေများများတိုက်ပေးပါ…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

14.

Zin Mar

နိ့တိုက်ပြီးတိုင်းအန်နေတာဘာလို့လဲ။ တခါတလေကျရင် နှာခေါင်းထဲကပါ။ ပြန်ထွက်နေတာဘာကြောင့်လဲပြောပြပေးပါဦးရှင့်။

 

အန်ခြင်းဟာကလေးတွေမှာတွေ့ရတတ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်… နို့တိုက်ပြီးလေမထုတ်ပေးရင်အန်တတ်သလို နို့စို့တာများရင်လည်းအန်ပါတယ်… နို့တိုက်ပြီးတိုင်းခပ်မတ်မတ်ချီပိုးပြီးလေထုတ်ပေးပါ… နို့တိုက်တဲ့အခါ မိခင် နို့သီးခေါင်းကိုကလေးကောင်းစွာငုံမိအောင် ဂရုပြုပါ… သေချာမငုံမိရင် ကလေးကလေကိုမြိုချမိတာမျိုးပိုဖြစ်နိုင်လို့ ဖြစ်ပါတယ်… အနည်းငယ် မတ်မတ်ချီပြီးတိုက်ကျွေးပါ…  နို့တိုက်လို့ နို့တစ်ဖက်ကနေနောက်တစ်ဖက် မပြောင်းခင်မှာလည်းကလေးကိုလေထုတ်ပေးပါ…

 

တကယ်လို့ ဒီထက်ပိုထူးခြားတဲ့ လက္ခဏာတွေ ရှိခဲ့ရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

15.

KhinMyo Aye

သမီးလေး၄နှစ်ခွဲပါ။ သွားပိုးတွေစားနေလို့ဘယ်လိုလုပ်ရမလဲပြောပြပေးပါရှင်။

 

ငယ်သွားလဲဦးမှာ ဖြစ်တဲ့အတွက် ပြဿနာတော့ သိပ်မရှိပါဘူး… ဒါပေမဲ့ နောက်ပိုင်းသွားတွေ ညီညီညာညာပေါက်ဖို့နဲ့ သွားကျန်းမာရေးအတွက် သွားဆရာဝန်နဲ့ ပြသပြီးအကြံဉာဏ် ရယူသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

16.

U Than Htun

G6PD ချို့တဲ့ကလေးက calamine lotion လိမ်းလို့ရပါသလား။

 

လိမ်းလို့ရပါတယ်… ဒါပေမဲ့ ပထမဆုံးစအသုံးပြုတဲ့အချိန်မှာသတိပြု စောင့်ကြည့်ပေးဖို့တော့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

 

——————————-

 

No Comments

Comments are closed.

To Top