ဒေါက်တာမိုင်းနှင့် အမေးအဖြေ (အပိုင်း – ၇၇)

1.May Lay
ဆရာရှင့်​က​လေးက၃လထဲ​ရောက်​ပါပြီ
ဝမ်းပျက်​​နေ​တော့ နို့ကိုပုံမှန်​အကြိမ်​အ​ရေအတွက်​တိုင်း တိုက်​ရမလားရှင့်
လျှော့တိုက်​သင့်​ပါသလားရှင်​ ဝမ်းကနို့စို့ပြီးတိုင်းသွား​နေ​ပါတယ်
ဆရာဝန်​နဲ့လည်းပြပါတယ်​ ဝမ်းကလည်းဆက်​ပြီးသွား​နေပါတယ်​ တစ်​​နေ့ကို၇ကြိမ်​​လောက်​သွားပါတယ်
ဘာ​ဆေးဆက်​တိုက်​ရမလဲရှင်

ဝမ်းသွားတာ များနေချိန်မှာ မိခင်နို့ကို ပိုတိုက်ပေးသင့်ပါတယ်… ဒါပေမယ့် ဝမ်းပျက်တာ ရက်ကြာလာရင်တော့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး စနစ်တကျ စမ်းသပ်စစ်ဆေးသင့်ပါတယ်… တခါတရံ မိခင်နို့နဲ့ ဓါတ်မတည့်တာမျိုး ရှိနေရင် မိခင်နို့အစား အခြားအစားထိုး နို့မှုန့် တိုက်ကျွေးရတာ၊ ဝမ်းပျက်ပြီးချိန်မှာ မိခင်နို့ ခန ရပ်တန့်ရတာမျိုး ပြုလုပ်ရတတ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.ဝါဆို မိုးလေး
မင်္ဂလာပါ ဆရာ
ကျွန်မက သားကြောဖြတ်ထားပါတယ်။ ကလေး ၅လမှာ ရာသီသွေးပြန်ပေါ်ပြီး ၆လမှာ ရာသီသွေးမပေါ်ပါဘူး။ အဲ့လိုပြန်မပေါ်တာက ကိုယ်ဝန်ရနိုင်တာလားလို့ စိုးရိမ်မိပြီး အဲ့လိုမဟုတ်ခဲ့ရင်လည်း သားကြောဖြတ်ထားသူအတွက် ရာသီသွေးပေါ်တဲ့ အခြေအနေများကိုသိချင်မိပါတယ် ဆရာ။
လေးစားစွာဖြင့်။

သားကြောဖြတ်ခြင်းဟာ ရာသီလာခြင်းကို ရပ်တန့်မသွားစေပါဘူး… သားကြောဖြတ်ပြီးလည်း ရာသီသွေးက ပုံမှန်ဆင်းနေမှာ ဖြစ်ပါတယ်… ဒါဟာ ကိုယ်ဝန်ရနိုင်တယ်လို့ စိုးရိမ်စရာ မဟုတ်ပါဘူး… သားကြောဖြတ်ထားပြီး ကိုယ်ဝန်ရနိုင်ချေဟာ အလွန်နည်းပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Yin May Oo
ဆရာရှင့် သားသားက တစ်နှစ်ပါ ပေါင်ချိန်က ၉.၅ကီလိုဂရမ် ရှိပါတယ် တစ်လကို ၂ခါလောက်ဖျားပါတယ် ဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါ ဆရာရှင့်

ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးပေးပါ… အအေးမပတ်အောင်၊ ခြင်မကိုက်အောင် ဂရုပြုပေးပါ… မကြာခဏ ဖျားတတ်ပြီး၊ အဖျား တာရှည်နေရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Oo Oo
မင်္ဂလာပါ ဆရာ
သား​လေးက ၃လတည်းမှာပါ ​နေ့ဘက်​ဆို အိပ်​တဲ့အ​နေအထားနဲ့ မ​နေဘူး ထိုင်​တဲ့အ​နေအထားနဲ့ပဲ​နေ​တယ်​ က​လေးကြီးလာရင်​ ခါးကုန်းနိုင်​မလား ဆရာ

ထိုင်နေချိန်မှာ သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်ပေးပါ… ထိုင်နေလို့တော့ ခါးမကုံးပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.Boom Boom
သားလေး၁နှစ်၆လပါခြင်တို့ပုရွက်ဆိပ်တို့ကိုက်ပြီးရင်အမည်းလေးတွေဖြစ်ကျန်နေခဲ့လို့ဘာလိမ်းရင်ရမလဲ

ကလေးတွေဟာ ငယ်ရွယ်သေးတာကြောင့် ဆေးတစ်ခုခု လိမ်းဖို့ထက် ခြင်မကိုက်အောင်၊ အကောင်ကိုက်မခံရအောင် ကာကွယ်ဖို့ပဲ အဓိက တိုက်တွန်းချင်ပါတယ်… ကလေးကို နေ့ခင်းဖြစ်စေ၊ ညဖြစ်စေ အိပ်တဲ့အခါတိုင်းမှာ ခြင်မကိုက်အောင် ခြင်ထောင်အတွင်းမှာ အိပ်ပါစေ… (အပြင်ကနေ ခြင်ကိုက်ခြင်းကို သက်သာအောင် ခြင်ထောင်ကို ဆေးစိမ်ပေးနိုင်ပါတယ်…) အင်္ကျီလက်ရှည်ဝတ်ပေးခြင်းကလည်း ခြင်ကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်…

များသောအားဖြင့်တော့ ဒီလို အမည်းကွက်တွေက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း အရောင်မှိန်သွားတတ်ကြပါတယ်… အိမ်တွင်းကုထုံးအနေနဲ့ကတော့ ရှားစောင်းလက်ပတ် (Aloe Vera) Gel လေးသုတ်လိမ်းပေးထားရင် ပျောက်တာမြန်တယ်လို့ ဆိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.ယု သဇင် ထွန်း
ဆရာရှင့်​သမီး​လေးက၃လ​ကျော်​ပါပြီ၂လ​လောက်​တည်းကလူကြီး​ပေါ်မှာမှီပီထိုင်​ခိုင်း​နေတာပါအဲဒါခါးဖုတယ်​ဆိုတာဟုတ်​လာယမသိဘူးရှင့်

ထိုင်နေချိန်မှာ သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်ပေးပါ… ထိုင်နေလို့တော့ ခါးမကုံးပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.San Di
ဆရာရှင့်ကျွန်မသားလေး ကနဖူးချွေးတော်တော်
ထွက်လို့ပါ ခေါင်းချွေကနဲနဲနနဖူးချွေကအျား ပါတယ်ဘာလို့ပါလဲရှင့်

ချွေးထွက်များတဲ့ ကလေးက များတာပါပဲ… တခြား ထူးခြားတဲ့ လက္ခဏာတွေ မရှိရင် မစိုးရိမ်ရပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.Ingyin May
ဆရာရှင့် ကလေးက ၉ လထဲရောက်ပါပြီ လေးဘက်မသွားသေးလို့ စိုးရိမ်ရလားရှင့်
ညဘက်မှာလည်း တဆက်တည်းနှစ်နှစ်ခြိုက်ခြိုက် မအိပ်ပါဘူးရှင်

လေးဖက်ထောက် မသွားတာ တစ်ခုတည်းဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး… တချို့ ကလေးတွေမှာ လေးဖက်ထောက်သွားတဲ့ အဆင့်ကို ကျော်ပြီး အကူညီနဲ့ မတ်တပ်ရပ်တာ လမ်းလျှောက်တာကို လုပ်တတ်တဲ့ ကလေးတွေ ရှိတတ်ပါတယ်… အိပ်စက်ခြင်းနဲ့ ပတ်သက်လို့ကတော့ အောက်က ပေးထားတဲ့ Link မှာ ဖတ်ရှုပေးပါ…

အသက်၆လမှ၉လ အရွယ်ကလေးငယ်များ ကောင်းစွာအိပ်ပျော်စေဖို့ ပြုစုခြင်းနည်းလမ်းများ

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.Khin Zar
ဆရာရှင့် သားလေးကလေးလပါမေးမှာ အနီစက်လေးတွေဖြစ်နေတာ
နို့ပူလောင်တာလို့ပြောပါတယ် ဘာဆေးလိမ်းပေးရမလဲ မသိလို့ပါ
နို့တိုက်ပြီးတိုင်းလဲ သေချာသုတ်ပေးပါတယ် မပြောက်လို့ပါ

အရေပြားဆိုင်ရာ ပြဿနာ ဖြစ်တာကြောင့် စနစ်တကျ စစ်ဆေးဖို့လိုအပ်ပါတယ်… အပြင်မှာ ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်… နို့ပွေးဖြစ်နိုင်သလို တခြားဟာ တွေလည်း ဖြစ်နိုင်ပါသေးတယ်… နို့ပွေးနဲ့ ပတ်သက်လို့တော့ အောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကို ဖတ်ရှုပေးပါ…
ကလေးနှင့် နို့ပွေး

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Naywin Naywin
ဆရာရှင့်၊၊
သားကြီးက၄နှစ်ခွဲပါ၊၊ တခြားကလေးတွေလို၊၊ လက်သည်း၊၊ခြေသည်းရှည်မလာပါဘူး၊၊
သူများတွေနှစ်ပတ်တခါ၊၊ မဖြစ်မနေလက်သည်းညှပ် ရပေမဲ့၊၊သားသားက ၃၊၄၊လအထိရှည်တာမတွေ့ဘူး
ဘာဖြစ်လို့ပါလဲဆရာ၊၊ သူများကလေးထက်တော့၊၊ နည်းနည်းပိုဝပါတယ်ရှင့်၊၊

လက်သည်း ခြေသည်း မရှည်တာ စိတ်ပူစရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Moe Wah
ဆရာရှင်
ကျွန်မသားလေး ၂လခွဲရပါပြီရှင် အိပ်ရင်ဘယ်ဘက်ကို ခေါင်းကစောင်းအိပ်တာ ညာဘက်လှည့်ပေးလည်းမရပါဘူး နို့တိုက်ရင်တောင် ညာဘက်စောင်းရင် ခဏပဲစို့တယ် ဘယ်ဘက်ဆို ကြာကြာစို့တယ် ဘာဖြစ်လို့ပါလဲရှင်

အမူအကျင့်နဲ့ ဆိုင်ပါတယ်… ကျန်အချိန်တွေမှာ ထူးထူးခြားခြား ပြဿနာ မရှိရင် ကျန်းမာရေး ဆိုင်ရာ ပြဿနာ မဟုတ်နိုင်ပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Htike Htike
ဆရာရှင့်သားလေးက၂၇ပါတ်နဲ့မွေးတာပါ ၁၀လထဲရောက်ပါပြီခုထိမထိုင်သေးပါ ပေါင်းအိထြဲး၃လကျော်နေရပါတယ် ဘာလုပ်သင့်ပါသလဲရှင့်

စောမွေးတဲ့ ကလေးငယ်တွေဟာ ဖွံ့ဖြိုးမှုမှာ အနည်းငယ် နောက်ကျတတ်ပါတယ်… အခြား ဖွံ့ဖြိုးမှုတွေ ရှိမရှိ စစ်ဆေးကြည့်ပါ… ဒီအရွယ် ကလေးအတွက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုတွေကတော့ –
– တာ့တာလုပ်တတ်ခြင်း၊ လက်ဝှေ့ယမ်းနှုတ်ဆက်ခြင်း
– ပစ္စည်းများကို လက်မနှင့် လက်ညှိုးဖြင့် ညှပ်၍ ကောက်ယူတတ်ခြင်း
– လက်တစ်ဖက်မှ နောက်လက်တစ်ဖက်ထဲသို့ ပစ္စည်းများကို ပြောင်းထည့်တတ်ခြင်း စတာတွေ ပြုလုပ်နိုင်သင့်ပါတယ်…

ဖွံ့ဖြိုးမှုအားလုံး သိသိသာသာ အရမ်းနောက်ကျနေရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.Mya Thin Kyu
ဆရာရေသားကအခု၁နှစ်နဲ့ကိုးလပါ ခုသားမျက်နှာမှာအများအခေါ်ပေါ့ ကြက်ဖင်ဆိုတဲ့အစက်လေးတွေထွက်နေလို့ပါ အဒါဘာတွေလုပ်ရမလဲလို့ဖြေကြားပေးပါနော်ထွက်နေတာက၁၀ရက်လောက်ရှိပါပြီ

အရေပြားဆိုင်ရာ ရောဂါ ဖြစ်တဲ့အတွက် ဖြစ်တဲ့ပုံစံ၊ အရွယ်အစား စသဖြင့် သေချာ ကြည့်ရှု စစ်ဆေးဖို့ လိုအပ်ပါတယ်… အရေပြား အထူးကု၊ ဒါမှမဟုတ် ကလေးအထူးကု ဆရာဝန်နဲ့ပြသသင့်ပါတယ်… သတိပြုရမှာက တကယ်လို့မှိုရောဂါ တစ်ခုဖြစ်ခဲ့ရင် ကလေးက ယားယံရင် လက်နဲ့ ပွတ်တာမျိုး ပြုလုပ်နိုင်ပြီး အဲလိုလုပ်ရာကနေတဆင့် ပွားလာနိုင်တဲ့အတွက် ဒီလိုအပြုအမူမျိုးကို သတိပြုပေးရမှာ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.ချစ် စု
ဆရာ သား​လေး က ၅ လပါဆရာ သူ​မွေးကတည်းက ​ခေါင်း​ချွေးအရမ်းထွက်​တယ်​ရှင့်​ ​ချွေးကအနံ လဲရှိ​နေတယ်​ဆရာ အဲ့​ချွေးနံ သက်​သာ ​အောင်​ ဘာလုပ်​ရမလဲဆရာ

ချွေးထွက်ရင် အနံ့ကတော့ ပါမှာပါပဲ… ခေါင်းချွေးထွက်တာ ဖြစ်တတ်ပါတယ်… ချွေးထွက်များချိန်မှာ မိခင်နို့ကို လုံလောက်အောင် တိုက်ကျွေးပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Phyo Phyo
ဆရာရှင့်​သားသားကတစ်​နှစ်​ခွဲပါ​ချောင်းဆိုးရင်​ချွဲပါတယ်​ဘာ​ဆေးတိုက်​ရမလဲရှင့်​။

ရေများများတိုက်ပေးပါ… ဆေးတိုက်ဖို့ကတော့ စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်ပါတယ်… ဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.Zar Zar
ဆရာရှင်ကျမခလေးက3လရှိပါပြီဝမ်းချူပ်လိုပါ5ရက်လောက်မှချီးပေါက်ပါတယ်တစ်ခါတစ်ခါသွားရင်အရမ်းညစ်ရပါတယ်ဘာဆေးသောက်ရင်ကောင်းမလည်းရှင်

ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… အထူးသဖြင့် မိခင်နို့တစ်မျိုးတည်း စို့ရတဲ့ ၆ လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံက ပိုပြောရခက်ပါတယ်… ကလေးရဲ့ ဝမ်းသွားပုံ အလေ့အထကို စောင့်ကြည့်မှတ်သားပါ… ဒီအလေ့အထကနေ ကွဲလွဲတာမျိုးရှိရင်တော့ ဝမ်းချုပ်၊ ဝမ်းပျက်တယ်လို့ ဆိုနိုင်ပါတယ်…
ဒါမှမဟုတ် ဝမ်းကမာနေမယ်… ဗိုက်မအီမသာဖြစ်တဲ့ လက္ခဏာရှိနေမယ်… ဝမ်းဗိုက်ကလေး စမ်းကြည့်ရင် တောင့်နေတာမျိုးရှိရင်လည်း ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်…
ဒီလိုအခြေအနေမျိုးမှာတော့ ကလေးရဲ့ Rectal Stimulation အတွက် ဂွမ်းစ (သို့) ကွမ်းရိုးနုနုလေးကို အသုံးပြုပြီး ဝမ်းချူတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်… ဒါမှမဟုတ် ဝမ်းချူတောင့်လည်း အသုံးပြုကြည့်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.Thu Zar
က​လေးကငါးလသားပါ။ သေး​ပေါက်​ရင်​တွန့်​သွားတတ်​ပါတယ်​ဘာဖြစ်​လဲရှင်

စိတ်ပူစရာ မရှိပါဘူး… ပုံမှန် ဖြစ်နေကျ ပါပဲ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.Aye Myo
ဆရာရှင့်​ က​လေးက၅လပြည့်​​တော့မှာပါ လျှာခဏခဏထုတ်​​နေလို့ သူငယ်​နာဖြစ်​တတ်​တယ်​​ပြော​နေတာစိုးရိမ်​ရလားရှင့်

လျှာ ခနခနထုတ်တာ အထွေအထူး ပြဿနာ မရှိပါဘူး… သူငယ်နာဆိုတာ Beri Beri ခေါ် ဗီတာမင် ဘီ ဓါတ် ချို့တဲ့လို့ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်… လျှာထုတ်တာ၊ လျှာဝါးတဲ့ ပုံစံနဲ့ မဆိုင်ပါဘူး… ကလေးနဲ့ သူငယ်နာ အကြောင်းကို အောက်က ပေးထားတဲ့ link က ဆောင်းပါးလေးမှာ ဖတ်ရှုပေးပါ…

ရင်သွေးငယ်နှင့် Vitamin B1 ဓါတ်ချို့တဲ့ရောဂါ

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.Khin Nilar
ဒေါက်တာရှင့် သားက၃နှစ်ပြည့်ခါနီးပါပြီ မျက်စိအဖြူသားမှာအမဲလေးလိုလိုတွေ့ရတာအရင်တည်းကပါ အန္တရာယ်ရှိနိင်ပါလားသိချင်လို့ပါရှင့်

စနစ်တကျ စမ်းသပ်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်… ပြောထားတဲ့ ပုံစံအရ အရင်ကတည်းက ရှိနေတာမျိုး၊ အရွယ်ပိုကြီးလာတာ၊ အမြင်အာရုံကို ထိခိုက်တာမျိုး မရှိရင် အရမ်းစိတ်ပူစရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.Shwe Wutyee
ဆရာရှင့် သားသားက ၃ လ ပါ။ဝမ်းသွားရင်အရင်လို တစ်ခါတည်း မပါပဲ နဲနဲစီ ထွက်နေပါတယ်။ ၀မ်းအရောင်လည်းမှန်ပါတယ်။ ဘာဖြစ်လို့ပါလဲဆရာ။

ဝမ်းပျက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်… ဝမ်းသွားတဲ့ ပမာဏများရင်၊ ဖြစ်တာ ရက်ကြာရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top