ဒေါက်တာမိုင်းနှင့် အမေးအဖြေ (အပိုင်း – ၇၈)

1.Khaing Khaing Soe
သမီးလေးရဲ့ချက်က ၂ပါတ်မှာကြွေပါတယ် အခုသမီးလေးတစ်လအထိ ချက်ကပိတ်ပြီး အရည်လေးတွေစိုနေတုန်းပါပဲ နီတာ
ရောင်ယမ်းတာတော့မရှိပါဘူး ကြွေးပြီးခါစကတော့ အထဲမှာအဖူးလေးတွေ့လို့ ချက်ကြွေပြီးအသားတက်လွန်တာဖြစ်မှာစိုးလို့ ဆေးခန်းကိုပြပါသေးတယ် ဆရာဝန်က ဒီတိုင်းထားပေးခြောက်သွားမယ်ပြောလိုက်ပါတယ် ခုထိမခြောက်သေးလို့ပါရှင်
ဘယ်အချိန်လောက်မှခြောက်ပါသလဲရှင့်

အများအားဖြင့် ၁ ပတ်မှ ၃ ပတ်အတွင်း လောက်မှာ ချက်ကြွေတတ်ကြပါတယ်… ဒါပေမယ့် တချို့ကလေးမှာ အနည်းငယ် နောက်ကျတာ ရှိတတ်ပါတယ်… ၆ ပတ်ကျော်တဲ့အထိ ကလေးချက် မကြွေတာ၊ ချက်ကိုထိကိုင်လိုက်ရင် ကလေးငိုတာ၊ ချက်အနီးတဝိုက် နီရဲရောင်ရမ်းတာ၊ ချက်ကနေ ပြည်ထွက်တာစတာတွေ ရှိရင်တော့ ကလေးကို ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.Moe Moe Naing
ဆရာ ရှင့် သမီလေးက ၇ လကျော်ပါပီ nestle ဆန် မှုန် ကလွဲရင် ကျန်တဲ့မုန် ကျွေးပါက ချွဲထ ပါတယ်ဆရာ ထမင်းလည်းကောင်းကောင်းမစားဘူး ဘာအားဆေး တိုက်ရမလဲဆရာ ကျေးဇူးတင်ပါတယ်ရှင့်

ကလေးကို အာဟာရ ပြည့်စုံအောင် ဆန်ဂျုံ၊ အာလူး စသဖြင့် ကျွေးပေးဖို့ လိုအပ်ပါတယ်… အားဆေးကတော့ ဗီတာမင် စုံလင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Paing Paing
ဆရာရှင့်​ ကျွန်​မက Bပိုးရှိပါတယ်​ က​လေးက ၁နှစ်​၉ လရှိပါပီ bကာကွယ်​​ဆေးလည်း​မွေး​မွေးချင်းထိုးထားပါတယ်​ ဒီပြင်​ကာကွယ်​​ဆေးလည်းပုံမှန်​ထိုးပြီးပါပီ ရှင့်​ နို့လည်းတိုက်​​နေပါတယ်​ က​လေးကူးနိုင်​မကူးနိုင်​သိချင်​လို့ပါ ​ကျေးဇူးပြု၍​ဖြေ​ပေး​စေချင်​ပါတယ်

ကလေးကို ကာကွယ်ဆေး အပြည့်ထိုးပေးပြီး ကာကွယ်ဆေးလည်း အောင်ရင် မကူးစက်နိုင်ပါဘူး… မိခင်နို့ တိုက်ကျွေးခြင်းမှ တဆင့် ကလေးဆီ B ပိုးကူးစက်မှုကို ကာကွယ်ဆေး မထိုးထားတဲ့ ကလေးတွေမှာတောင် ခိုင်ခိုင်မာမာ တွေ့ရှိရခြင်းမျိုး မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Shwe Lamin
ဆရာရှင့် သားလေးက ၂ လနဲ့ ၁ ပတ်ပါ။ သူချွဲထ နေတာ ၂ ပတ်လောက်ရှိပါပီ ချောင်းတဟွတ်ဟွတ်ဆိုးတာမျိုးမဟုတ်ပါဘူး ။ ဘာဆေးတိုက်လို့ရလဲဆိုတာ ပြောပြပေးပါလားရှင်။

စမ်းသပ်စစ်ဆေးရခြင်း မရှိဘဲ ဆေးညွှန်းပေးလို့ မရပါဘူး… ကလေးရဲ့ အသက်ရှူသံ၊ အသက်ရှူနှုန်းစတာတွေစစ်ဆေးဖို့ လိုအပ်ပါတယ်… ဆရာဝန်နဲ့ ပြသကြည့်ပါလို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.Win Hlae
ဆရာရှင့် ကျမသားလေးချောင်းဆိုးရင်အထဲကနေကိုအစ်အစ်ပီးဆိုးနေလို့ပါဘယ်လိုလုပ်ပေးရမလဲဆိုတာဖြေပေးပါအုံးရှင်

ချောင်းဆိုးတာ တာရှည်နေရင် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်… ပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Ko Naing
ဆရာ ကျွန်တော်သါးလေး ၈ လပါဆရာ သါးလေးပါးမှာ အဖြူးကွက်လေတွေးပေါက်နေပါတယ် အဲဒါဘာဖြစ်တပ်ပါသလဲ ကျေးဇူးပြုရ်ျဖြေးပေးပါ

အရေပြားဆိုင်ရာ ရောဂါ ဖြစ်တဲ့အတွက် ဖြစ်တဲ့ပုံစံ၊ အရွယ်အစား စသဖြင့် သေချာ ကြည့်ရှု စစ်ဆေးဖို့ လိုအပ်ပါတယ်… အရေပြား အထူးကု၊ ဒါမှမဟုတ် ကလေးအထူးကု ဆရာဝန်နဲ့ပြသသင့်ပါတယ်… သတိပြုရမှာက တကယ်လို့မှိုရောဂါ တစ်ခုဖြစ်ခဲ့ရင် ကလေးက ယားယံရင် လက်နဲ့ ပွတ်တာမျိုး ပြုလုပ်နိုင်ပြီး အဲလိုလုပ်ရာကနေတဆင့် ပွားလာနိုင်တဲ့အတွက် ဒီလိုအပြုအမူမျိုးကို သတိပြုပေးရမှာ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.LadyPan Htwar
သမီးလေး ၉လခွဲရှိပါပီ လေးဖက်ထောက်တယ်မသွားနိုင်သေးပါဘူး လက်ဝှေယမ်းတော့လုပ်တယ် တာတာ့တော့မပြတတ်ပါဘူး လက်ပြောင်းလွဲပီးပစ္စည်းကိုင်နိုင်ပါတယ် အာ့ပုံမှန်လားဆရာ

ဒီအရွယ်မှာ ရှိနိုင်တဲ့ ဖွံ့ဖြိုးမှုတွေကတော့
– ဗျည်းနှင့် သရများပေါင်းစပ်ပြီး စကားလုံးများအဖြစ် အသံထွက်နိုင်လာခြင်း
– ပစ္စည်းများကို တစ်ခုနှင့်တစ်ခုတိုက်ခြင်း၊ ပစ်ချခြင်း၊ အဝေးသို့ လွှင့်ပစ်ခြင်း စတာတွေ ဖြစ်ပါတယ်… လေးဖက်ထောက် ကောင်းစွာ သွားနိုင်တာက ၁၀ လ ကျော် ၁၁ လလောက်မှာမှ အများအားဖြင့် သွားနိုင်ကြပါတယ်… စိတ်မပူပါနဲ့…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.THandar Tz
မင်္ဂလာပါရှင့် သမီးလေးက ၁၀လပါ ၃ရက်လောက်နေမှ ဝမ်းတစ်ခါသွားပါတယ် ပုံမှန်သွားအောင် ဘယ်လိုလုပ်ပေးရမလဲရှင့်
ဒိန်ချဉ်ကောကျွေးလို့ရပါသလား

ဝမ်းမှန်စေဖို့ ကလေးကို ရေများများတိုက်ပါ… အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအရွက်တွေ ကျွေးပေးပါ… ဒိန်ချဉ်ကျွေးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.Thandar Htwe Thandar Htwe
သမီးလေးက၂နှစ်ပါဆရာ ခွဲစိန်တုန်းကကျန်တဲ့အမာရွတ်ပျောက်အောင်ဘာဆေးလိမ်းရမလဲတရာ

အမာရွတ် (Scar) တွေဟာ လိမ်းဆေးလိမ်းရုံနဲ့ မပျောက်ကင်းတတ်ပါဘူး… Vit E လိမ်းလို့ရတယ်လို့ ဆိုကြပေမယ့် ခိုင်လုံတဲ့ လေ့လာမှုမျိုး ယခုထိ မရှိသေးပါ… ပြုလုပ်နိုင်တဲ့ ကုသမှုတွေက ခွဲစိတ်ခြင်း၊ လေဆာဖြင့် ကုသခြင်း၊ ဓါတ်ရောင်ခြည် သုံးကုသခြင်း (Radiotherapy)၊ စတီးရွိုက်ဆေးသွင်းကုသခြင်း (Steroid injection) စတာတွေ ဖြစ်ပါတယ်…
အမာရွတ်တွေဟာ နေရောင်ကြောင့် ပိုဆိုးနိုင်တဲ့အတွက် နေရောင်ကာ ခရမ်တွေ လိမ်းပေးခြင်းဟာ ပိုမဆိုးအောင် ကာကွယ်ပေးတယ်လို့ လေ့လာသူများက ဆိုကြပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Chit Htike
ဆရာ သမီးလေးက ၁ နှစ်နဲ့ ၁လ ရှိပါပြီ အမေက နို့မကောင်းတော့ ထမင်းနဲ့ ဖြည့်စွက်စာလည်း ကျွေးပါတယ် Dumex နဲ့ Ovaltime လည်း တိုက်ဖြစ်ပါတယ် ဒါပေမဲ့ ကလေးက
သေးနေတယ် ဆရာ သိပ်အားမရဘူး
လမ်းကလည်း မလျှောက်သေးဘူး ဆရာ စိုးရိမ်စရာ ရှိပါသလား ကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာ

ဒီအရွယ်မှာ ရှိသင့်တဲ့ ဖွံ့ဖြိုးမှုတွေဖြစ်တဲ့
– စကား ၂လုံးတွဲလေးများ ပြောနိုင်လာခြင်း (ဥပမာ- တာ့တာ၊ ဘိုင့်ဘိုင်)
– ကိုယ်ခန္ဓာကို ကိုင်းညွှတ်ခြင်း၊ ပစ္စည်းများလှမ်း ကောက်ယူတတ်ခြင်း
– အကူမရှိဘဲ မတ်တတ်ရပ်နိုင်ခြင်း စတာတွေ သူများထက် သိသိသာသာ နောက်ကျခြင်း ရှိမရှိ စစ်ဆေးပါ… အနည်းငယ်လောက် ကွဲပြားရင် စိတ်မပူရပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Daw Pannwai Wai
သားလေးက ၄ လပြည့်တော့မှာပါ
ဝမ်းသွားနည်းပီး လူကြီးဝမ်းလို ပြောင်းလာလို့
အဒါပုံမှန်ပဲလားရှင့်

ထူးထူးခြားခြား ပြဿနာ မရှိရင် မစိုးရိမ်ရပါဘူး… ဝမ်းသွားပုံ အလေ့အထက ပြောင်းလဲတတ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.La Mainlay
ဆရာရှင့်​..ကျွန်​မသား​လေးကခု၁၁လထဲမှာပါ..ခဏခဏဖျား​နေတာဘာ​ကြောဂ့်​လဲသ်​ချင်​လို့ပါ..နို့​ဗူးတိုက်​ပါတယ်​တလထဲမှာကို၃ခါ​လောက်​ဖျား​နေလို့ပါ

ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးပေးပါ… အအေးမပတ်အောင်၊ ခြင်မကိုက်အောင် ဂရုပြုပေးပါ… မကြာခဏ ဖျားတတ်ပြီး၊ အဖျား တာရှည်နေရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.သွယ်သွယ် မိုး လှိုင်
ဆရာရှင့်​ သမီးက​လေးက ၁၁ လရှိပါပြီ
လက်​စွယ်​ငုပ်​ပြီး အနာကစို​နေတုန်းမို့ ဘာ​ဆေးလိမ်းရင်​ရင်​ အဆင်​​ပြေလဲရှင့်
ပြီး​တော့ လက်​စွယ်​ငုပ်​ခြင်းကင်း​ဝေး​အောင်​ ဘာ​တွေ​​ဆောင်​ရန်​​ရှောင်​ရန်​ရှိလဲသိချင်​ပါတယ်​d
အများ​ပြောတဲ့ vitamin b2 ချို့တဲ့လို့ဆိုတာ​ရော မှန်​လားရှင်

Paronychia ခေါ် လက်စွယ်ငုပ်ခြင်း ပြဿနာဟာ ဗီတာမင် ချို့တဲ့ခြင်းထက် သန့်ရှင်းမှု (Hygiene) နဲ့ လက်သည်းကိုက်တတ်ခြင်း စတာတွေကြောင့် ဖြစ်တတ်ကြပါတယ်… ကာကွယ်ဖို့ လက်သန့်ရှင်းအောင် ဂရုပြုပေးပါ… လက်သည်းခြေသည်းကို အရမ်းတိုလွန်းအောင်ညှပ်တာ၊ လက်သည်းကိုက်တတ်တာ၊ ထိခိုက်မှု ဖြစ်တာ စတာတွေ မဖြစ်စေအောင် ဂရုပြုပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.Win Chay
ဆရာရှင့် ကလေးမွေးကင်းစမှစပြီး ဘယ်နှစ်လလောက်ဆို မျက်စိမြင်ပါသလဲရှင့် သမီးရဲ့သားလေးက ၄၅ရက်ပါ မျက်စိမမြင်သေးလို့ပါ ကျေးဇူးပြုပြီးဖြေပေးပါဆရာ

မွေးကင်းစ ကလေးက အလင်းရောင်နဲ့ ကြီးကြီးမားမား အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုတွေကို မြင်နိုင်ပါတယ်… ၃လ ၄ လ အရွယ်လောက်မှာ အရောင်နဲ့ သေးငယ်တဲ့ အရာတွေကို စတင်မြင်ရပါတယ်… ကလေးရဲ့ အမြင်အာရုံမှာ ရှင်းရှင်းလင်းလင်း မြင်ရမှုကို ၁ နှစ်အရွယ်လောက်မှာ ရရှိပြီး ပြီးပြည့်စုံစွာ မြင်ရတာကတော့ ၃ နှစ်ကနေ ၅ နှစ် အရွယ်အတွင်းမှာ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Khin Thu Zar Myint
ဆရာရှင့် သမီးလေးကအခု၃လထဲရောက်နေပါပြီ။ ၃၂ပတ်နဲ့မွေးလိုက်ရပါတယ်။ ၅ပေါင်ရှိပါတယ်။ နို့ထွက်နဲလို့similacတိုက်ပါတယ်။ ရပါသလားရှင့်

မိခင်နို့မလုံလောက်မှာ စိုးရိမ်ပြီး နို့မှုန့်ကူရင် ကလေးက အားစိုက်ပြီး စို့ယူရတဲ့ မိခင်နို့ထက် အလွယ်တကူသောက်ရတဲ့ နို့ဗူးကို ပိုနှစ်သက်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်… မိခင်နို့ထွက်များစေဖို့ မိခင်နို့တစ်မျိုးတည်းသာ ဆက်တိုက်ပါ… နို့တိုက်နည်း မှန်ကန်စေဖို့ စနစ်တကျ သင်ယူပါ… အကြိမ်ရေ စိပ်စိပ်တိုက်ကျွေးခြင်းကလည်း ကလေးစုပ်ယူမှုကြောင့် မိခင်နို့ပိုထွက်စေဖို့ အထောက်အကူဖြစ်စေပါတယ်… မိခင်က ရေများများသောက် အစားအစာ အာဟာရ ပြည့်ဝအောင်စားပါ… တဖြည်းဖြည်း ကလေးအတွက် နို့အလုံအလောက် ထွက်လာပါလိမ့်မယ်…
မိခင်နို့ လုံးဝ မလုံလောက်ရင်တော့ နို့မှုန့်ကူလို့ ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.Khin Nyein Aye
ဆရာရှင့်သမီးလေးကတစ်လခွဲပါရှင့်အိပ်ရင်ခြေတွေလက်တွေအရမ်းဆန့်ပါတယ်ရှင့်ဘာဖြစ်တာလဲမသိလို့ရှင့်

စိတ်ပူစရာ မရှိပါဘူး… ဒီလိုပဲ ပြုလုပ်တတ်ကြပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.ရဲရင့် တည်ကြည်
သားသားကနှစ်နှစ်ကျော်ပါပြီ သွားရည်ကျနေတုံးပဲ အဲ့ဒါဘာဖြစ်လို့လဲဆိုတာဖြေပေးပါ

ပါးစပ်ထဲမှာ အနာရှိမရှိ၊ လျှာမှာ မှိုကဲ့သလို့ အဖြူတွေ ကပ်နေတာမျိုးရှိမရှိ စစ်ဆေးကြည့်ပါ… ဒီလို အခြေအနေတွေမှာ သွားရည်ကျတတ်ပါတယ်… လျှာမှာ အဖြူတွေ ကပ်နေတာမျိုးရှိရင် သွားပွတ်တံ နုနုလေးနဲ့ (သို့) အဝတ်ကို ရေနွေးနွေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.Ma Htar
ဆရာရှင့် ကျွန်မသားလေးကဒီဇင်ဘာ ၁၆ရက် ဆို ၃ နှစ်ပြည့်မှာပါ ဒါပေမဲ့သားလေးကစကားကိုနဲနဲပဲပြောပါသေးတယ် ဖေဖေ မေမေ မမ ရေ မုန့်မုန့် အဲ့လို လောက်ပဲပြောပါသေးတယ် စိတ်ပူရပါသလား ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်ရှင့် စိတ်အရမ်းပူမိလို့ပါဆရာ

အသက် ၃ နှစ်အရွယ်မှာ နှစ်လုံးတွဲလေးတွေပဲ ပြောသေးတယ်ဆိုတော့ စကားပြောဆိုင်ရာ နောက်ကျတယ်လို့ သတ်မှတ်နိုင်ပါတယ်… ကလေးကို ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေး စစ်ဆေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.Ma Thal
ဆရာက​လေးက၂လသားရှိပါပီအား​ဆေးတိုက်​ဖို့ လိုလားဆရာ
ဘာအား​ဆေးတိုက်​ရင်​​ ကောင်းပါလဲရှင့်

ဒီအရွယ်မှာ မိခင်နို့ကို လုံလောက်စွာ တိုက်ပေးရုံနဲ့ အာဟာရ ပြည့်စုံလုံလောက်ပါတယ်… အားဆေးကတော့ တိုက်လည်းရသလို၊ ပုံမှန်ကျန်းမာနေတဲ့ ကလေးမှာ မတိုက်ကျွေးရင်လည်း ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.Aye Thet
ဆရာရှင့်သမီးက၈ရက်သားပါကျိုခဏခဏထိုးနေလို့ပါဘာလုပ်ပေးရမလဲဖြေပေးပါရှင့်တနေ့ထဲသုံးကြိမ်လောက်ဖြစ်နေလ့ပိါု

နို့တိုက်တာ များလွန်းတဲ့အချိန်မျိုးမှာ အစာအိမ်ထဲမှာ နို့တွေများပြီး Diaphragm ခေါ် ဝမ်းခေါင်းခြား ကြွက်သားကို လှုံ့ဆော်မှု ပေးပြီး ဂျို့ထိုးတတ်ပါတယ်… မိခင်နို့တိုက်တဲ့အခါ ဖြေးဖြေးမှန်မှန် တိုက်ပေးပါ… နို့တိုက်လို့ နို့တစ်ဖက်ကနေ နောက်တစ်ဖက် မပြောင်းခင်မှာ ကလေးကို ခပ်မတ်မတ်ချီပိုးပြီး လေထုတ်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
21.Princess Lay
ဆရာရှင့်​ သား​လေးက​ချောင်းမဆိုးပဲချွဲသံ
တွေကြား​နေရလို့ပါ မိခင်​အစားမှားတာနဲ့သက်​ဆိုင်​လားနို့ဘူးကုလို့လား မသိဘူး ပြန်​​ဖြေ​ပေးပါ​နော်​ဘာလုပ်​​ပေး
၇မှာလည်း

မိခင်အစားမှားတာနဲ့ မသက်ဆိုင်ပါဘူး… ချွဲထစေတာ အကြောင်းရင်းများစွာ ရှိတာကြောင့် ဘာကြောင့် ဖြစ်ရတယ်ဆိုတာတော့ ပြောဖို့ မဖြစ်နိုင်ပါဘူး… ဖျားနာတာ၊ အသက်ရှူရင် အသံဆူတာမျိုးရှိရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
22.မေမြတ် မွန်
ဆရာရှင့် သားလေးက၁၀လပါခေါင်းမှာအပူလုံး တွေထွက်တာစိုးရိမ်ရလားရှင့် ဘယ်လိုလုပ်ရမလဲရှင့်

စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်… ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
23.Thin Thin
ဆရာရှင့်ကလေးတွေသွားပေါက်ရင် အပေါ်နဲ့အောက်ဘယ်က အရင်ပေါက်ပါသလဲရှင့်
မေ့တတ်တယ်ဆိုတာဟုတ်ပါသလားဆရာ

အများအားဖြင့် ကလေးအသက် ၄လကနေ ၇ လကြားမှ အောက်ဖက် ရှေ့သွားကနေ စပေါက်ကြတာ များပါတယ်… အပေါ် ရှေ့သွားလေးတွေကတော့ ကလေးအသက် ၈လ ကနေ ၁၂ လအတွင်း ပေါက်တတ်ကြပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
24.May Zin
ဆရာရှင့် သမီးလေးပါးမှာညှင်းပေါက်နေလို့ပါလိမ်းရမလဲရှင့် ကလေးက၁၀လပါ

အရေပြားဆိုင်ရာ ရောဂါ ဖြစ်တဲ့အတွက် ဖြစ်တဲ့ပုံစံ၊ အရွယ်အစား စသဖြင့် သေချာ ကြည့်ရှု စစ်ဆေးဖို့ လိုအပ်ပါတယ်… အရေပြား အထူးကု၊ ဒါမှမဟုတ် ကလေးအထူးကု ဆရာဝန်နဲ့ပြသသင့်ပါတယ်… သတိပြုရမှာက တကယ်လို့မှိုရောဂါ တစ်ခုဖြစ်ခဲ့ရင် ကလေးက ယားယံရင် လက်နဲ့ ပွတ်တာမျိုး ပြုလုပ်နိုင်ပြီး အဲလိုလုပ်ရာကနေတဆင့် ပွားလာနိုင်တဲ့အတွက် ဒီလိုအပြုအမူမျိုးကို သတိပြုပေးရမှာ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top