ဒေါက်တာမိုင်းနှင့် အမေးအဖြေ (အပိုင်း – ၇၉)

1.Ah Bawk Lahpai
ဆရာရှင့်​ သမီး​လေးက၁နှစ်​၁၁လရှိပါပြီ
တ​နေကုန်​​နေမှ ဆီးနှစ်​ကြိမ်​ဘဲသွားတယ်
ရေလည်း တအား​သောက်​ပါတယ်
ညလည်း အိပ်​ယာမှာ​ သေးမ​ပေါက်​ဘူး
ကျွန်​မအရမ်းစိုးရိမ်​ပါတယ်

ရာသီဥတု ပူပြင်းချိန်မျိုးမှာ ဆီးထွက် နည်းတတ်ပါတယ်… သောက်သုံးလိုက်တဲ့ ရေဓါတ်ဟာ၊ ဆီးအပြင်၊ အသက်ရှူခြင်း၊ ချွေးပျံခြင်း စတာတွေကနေလည်း ကိုယ်ခန္ဓာရဲ့ အပြင်ကို ပြန်ရောက်နိုင်ပါတယ်… ကလေးမှာ တခြား ဖောယောင်ခြင်း၊ ဖျားနာခြင်းစတာတွေ မရှိရင် ပြဿနာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.Hmone Hmone
ဆရာသားသားကတစ်နှစ်နဲ့နှစ်လရှိပါပြီ။ ၅ လကျော်ကစပြီ ဖြည့်စွက်ဆာစားပါတယ်။ ခုထမင်းကျွေးရင်ပါးစပ်ပိတ်ထားပါတယ်။ တခြားဟာဆိုရင်စားပါတယ်။ ထမင်းစားအောင်ဘယ်လိုလုပ်ရပါမလဲ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာရှင့်။

ကလေးကို သူကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရဖြစ်စေမယ့် အစားအစာ မျှတအောင် ချော့ကျွေးသင့်ပါတယ်… အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ဓါတ်ပါဝင်တဲ့ အားဆေးတိုက်ကျွေးနိုင်ပါတယ်… နောက်ပြီး ကလေးသဘာဝ ခုန်ပေါက် ကစားခြင်းမျိုးကိုလည်း အားပေးပါ… ဒီလို ခုန်ပေါက် ကစားတဲ့ ကလေးတွေက ငြိမ်ငြိမ်နေတတ်တဲ့ ကလေးတွေထက် စားချင်စိတ် ပိုမို ရှိတတ်ကြလို့ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Tama Ei
ဆရာ သား​လေးက၄လပါအန်​တာက တစ်​ချိန်​လုံးလိုလိုအန်​​နေပါတယ်​ ၁လခွဲက​နေစဖြစ်​တာခုချိန်​ထိပါ ဘယ်​လိုလုပ်​ရလဲရှင့်

အရမ်းအန်နေရင် ကလေးကို တခါတည်း နို့ အများကြီး စို့စေတာထက် နည်းနည်းချင်းစီနဲ့ အကြိမ်ရေ စိပ်စိပ်တိုက်ပေးပါ… မိခင်နို့တိုက်တဲ့အခါ လေအများကြီး မြိုမချမိအောင် မိခင်နို့တိုက်ပုံ စနစ်ကျ မှန်ကန်အောင် ပြုလုပ်ပါ… ကလေးကို နို့တိုက်ပြီးတိုင်း ခပ်မတ်မတ်ချီပြီး လေထုတ်ပေးပါ… နို့အန်တာက ကလေးတွေမှာ ဖြစ်တတ်တဲ့ ကိစ္စမို့ စိုးရိမ်စရာတော့ မရှိပါဘူး…
အန်ခြင်းအပြင် ဝမ်းပျက်ခြင်း၊ ကိုယ်အလေးချိန် တက်သင့်သလောက် မတက်ခြင်း စတာတွေ ရှိရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Poe Ei
ဆရာရှင့်​ သားသားက ၂နှစ်​၆လပြည့်​ပါပီ စကားမ​ပြော​သေးပါဘူး ဝူးဝူးဝါးဝါးပဲ ​ပြောပါတယ်​ စိတ်​ပူရပါသလား

ဒီအရွယ်ထိ စကားတစ်လုံးမှ မပြောသေးရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.Win Lulu
ဆရာကလေးကတစ်လကျော်ရှီပါပြီကော်ဖီတို့လဘက်ရည်တို့သောက်လို့ရလားကျေးဇူးပြုပြီးဖြေပေးပါနော်

နို့တိုက်မိခင်အနေနဲ့ တစ်နေ့ကို ကော်ဖီ တစ်ခွက်မှ နှစ်ခွက်လောက်အထိ သောက်သုံးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Ei Ei Phyu
ဒေါက်တာရှင့်သမီးလေးကငါးနှစ်ရှိပါပြီသူ့ကိုမနက်ရောညရောသွားတိုက်ပေးပေမယ့်ခံတွင်းနံ့တအားနံနေပါတယ်သွားပိုးစားတာနဲ့ဆိုင်လားရှင့်ဘာကြောင့်လဲပြန်ဖြေပေးပါနော်

သွားတိုက်ခြင်းအပြင် လျှာကိုပါ သန့်ရှင်းပေးသင့်ပါတယ်… ဒါကိုမှ နံနေသေးရင်တော့ သွားဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.Nay Myo Htet
ဆရာကျွန်​မသား​လေးက၁၀လပါ မထိုင်​​သေးဘူး တ​ယောက်​တည်းလွှတ်​ထားရင်​မထိုင်​တတ်​လို့ပါ ဘယ်​လိုလုပ်​ရမလဲဆရာ

ဒီအရွယ်မှာ လုံးဝ မထိုင်သေးရင်တော့ နောက်ကျတယ် ဆိုနိုင်ပါတယ်… ၁၀ လအရွယ်မှာ ရှိသင့်တဲ့ တခြား ဖွံ့ဖြိုးမှုတွေ ဖြစ်တဲ့
– တာ့တာလုပ်တတ်ခြင်း၊ လက်ဝှေ့ယမ်းနှုတ်ဆက်ခြင်း
– ပစ္စည်းများကို လက်မနှင့် လက်ညှိုးဖြင့် ညှပ်၍ ကောက်ယူတတ်ခြင်း စတာတွေပါ သိသိသာသာ နောက်ကျမှု ရှိမရှိ စစ်ဆေးကြည့်ပါ… အကုန် နောက်ကျနေရင်တော့ ကျန်းမာရေး စစ်ဆေးကြည့်သင့်ပါတယ်…
ဒီလိုမဟုတ်ဘဲ… တခြား ဖွံ့ဖြိုးမှုတွေကောင်းနေတယ်၊ ကလေးကလည်း ကိုယ်အလေးချိန် သတ်မှတ်ချက်အတွင်း ရှိနေတယ်၊ ကြီးကြီးမားမား ဖျားနာ၊ နေမကောင်းတာ မရှိရင်တော့ စောင့်ကြည့်ပါဦး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.Kaungma Lay
ဆရာရှင့် သမီးလေးကရက်၅၀ရှိပါပြီ အပေါ်ကိုလှန်လှန်ကြည့်နေလို့ ဘာများဖြစ်လို့ ပါလဲရှင်

တခြား ထူးထူးခြားခြား မရှိရင် စိုးရိမ်စရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.Nay Htee Moe
ဆရာရှင်ံ
ကလေးငယ် ၆ပတ်ထဲမှာပွါ
ကလေးရဲ့လက်ခြေပန်းခုံးတွေက မဲနေတာတွေ ဘယ်လိုကြောင့်လဲ ကျေးဇူးပြုပြီး ညွန်ပြပေးပါရှင့်

မမြင်ရတော့ ပြောရခက်ပါတယ်… ဒါပေမယ့် ယေဘုယျအားဖြင့် စိတ်မပူရပါဘူး… အသားအရေ ကြောင့် ဖြစ်ဖို့များပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.ဖောင် နန်း
ဆရာရှင်သမီးလေက၃လကျော်ပါလက်တအားစုပ်တယ်နို့ကိုသိပ့်မသောက်ဘူးလက်ကိုဘဲစုပ်တယ်ကျေးဇူးပြုပြီးပြောပြပါဆရာ

လက်စုပ်တာ ကလေးသဘာဝပါ… အမူအကျင့်ဆိုင်ရာတွေကို မိဘတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်..

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.May Zin
ဆရာရှင့် သားလေးက၁နှစ်၁၀လရှိပါပြီ ပရုတ်လုံးပါးစပ်ထဲမတော်တဆဝင်သွားလို့ပါ ချက်ချင်းပြန်ထွေးခိုင်းလိုက်ပါတယ် ဘာဖြစ်တတ်ပါသလဲရှင့်

အဲလောက်ဝင်ရုံနဲ့ ဘာမှမဖြစ်ပါဘူး… စိတ်မပူရပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Pyae Pyae
ဆရာရှင့်သားလေးက၃လရှိပါပြီမွေးထဲကခြေညွှန်းနဲ့ခြေသန်းကြားမှာသွေးတွတ်လေးပါပါတယ်စိုးရိမ်ရပါသလားရှင့်

အရေပြားပြဿနာ ဖြစ်တဲ့အပြင် မမြင်ရတော့ ပြောရခက်ပါတယ်… ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်နိုင်ရင်တော့ ပိုကောင်းပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.Khin Khinlay Lay
ဆရာရေသမီးလေးကဝမ်းကို၅ ရက်၆ရက်နေမှသွားလို့စိုးရိမ်ရပါသလားဆရာ

ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… တချို့တလေက ဒီလိုပဲ ၃ ရက်လောက်နေမှ တစ်ခါသွားတာမျိုးရှိတတ်ပါတယ်… အထူးသဖြင့် မိခင်နို့တစ်မျိုးတည်း စို့ရတဲ့ ၆လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံက ပိုပြောရခက်ပါတယ်… ကလေးရဲ့ ဝမ်းသွားပုံ အလေ့အထကို စောင့်ကြည့်မှတ်သားပါ… ဒီအလေ့အထကနေ ကွဲလွဲတာမျိုးရှိရင်တော့ ဝမ်းချုပ်၊ ဝမ်းပျက်တယ်လို့ ဆိုနိုင်ပါတယ်…
ဒါမှမဟုတ် ဝမ်းကမာနေမယ်… ဗိုက်မအီမသာဖြစ်တဲ့ လက္ခဏာရှိနေမယ်… ဝမ်းဗိုက်ကလေး စမ်းကြည့်ရင် တောင့်နေတာမျိုးရှိရင်လည်း ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.Ko Ko
ဆရာရှင့်သမီးကကလေးက၄လပါတားဆေးထိုးတာမတည့်လို့သောက်ဆေးသောက်လို့ရပါသလား

ထိုးဆေးမတည့်ရင် အသုံးပြုနိုင်တဲ့ နည်းလမ်းက Condon အသုံးပြုခြင်းနဲ့ IUCD ခေါ် သားအိမ်အတွင်း သန္ဓေတားပစ္စည်းထည့်သွင်းခြင်း၊ တားဆေးသောက်သုံးခြင်း စတဲ့နည်းတို့ကို အသုံးပြုနိုင်ပါတယ်…
စနစ်တကျနဲ့နည်းလမ်း မှန်မှန် အသုံးပြုရင် ကွန်ဒုံးအသုံးပြုခြင်းဟာ ကိုယ်ဝန်တားဖို့ ၉၈% စိတ်ချရပါတယ်…
စားဆေး အသုံးပြုလိုရင် နို့တိုက် မိခင်ဖြစ်တဲ့အတွက် တားဆေးသောက်တဲ့အခါ Mini pill ခေါ် progestin-only pill အမျိုးအစားကို သောက်သုံးနိုင်ပါတယ်… Oestrogen ပါတဲ့ တားဆေးသောက်သုံးရင် နို့ထွက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Shin Thant
ဆရာရှင့်သမီးလေးနှစ်လရပါပြီခုဝမ်းမသွားတာ၃ရက်စိတ်ပူလို့ပါရှင်

အထက်မှာ ပြောခဲ့သလိုပါပဲ… ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… တချို့တလေက ဒီလိုပဲ ၃ ရက်လောက်နေမှ တစ်ခါသွားတာမျိုးရှိတတ်ပါတယ်… အထူးသဖြင့် မိခင်နို့တစ်မျိုးတည်း စို့ရတဲ့ ၆လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံက ပိုပြောရခက်ပါတယ်… ကလေးရဲ့ ဝမ်းသွားပုံ အလေ့အထကို စောင့်ကြည့်မှတ်သားပါ… ဒီအလေ့အထကနေ ကွဲလွဲတာမျိုးရှိရင်တော့ ဝမ်းချုပ်၊ ဝမ်းပျက်တယ်လို့ ဆိုနိုင်ပါတယ်…
ဒါမှမဟုတ် ဝမ်းကမာနေမယ်… ဗိုက်မအီမသာဖြစ်တဲ့ လက္ခဏာရှိနေမယ်… ဝမ်းဗိုက်ကလေး စမ်းကြည့်ရင် တောင့်နေတာမျိုးရှိရင်လည်း ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.နှလုံးလှ နှလုံးလှ သားသားက၆လထဲမှာပါ စားသ​လောက်​ဝမလာလို့ပါ

၆လထဲ မှာဆိုတော့ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရမယ့် အရွယ်ဖြစ်ပါတယ်…
ဒီလိုပြုလုပ်ခြင်းဟာ အကောင်းဆုံး ဖြစ်တယ်လို့ လေ့လာမှုများအရ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ဆိုထားပါတယ်… ဒါကြောင့် မိခင်နို့ တစ်မျိုးတည်းသာ လိုအပ်ပြီး ရေတောင် တိုက်စရာ မလိုပါဘူး…
ဖြည့်စွက်စာကို အရမ်းစောကျွေးရင် ကလေးရဲ့ မေးရိုးနဲ့ပါးစပ်က ကြွက်သားတွေ ကောင်းစွာ မဖွံ့ ဖြိုးသေးခြင်း၊ မျိုချမှု ဖြစ်စဉ် ကောင်းစွာ ဖွံ့ ဖြိုးမှု မရှိသေးခြင်းတို့ကြောင့် ကလေးအတွက် အခက်အခဲ ဖြစ်စေရုံသာမက အစာနင်ခြင်း ဆိုင်ရာ ပြဿနာတွေ တွေ့ကြုံရနိုင်ပါတယ်… ဒါ့အပြင် အစာမသန့်ရင် ဝမ်းလျှောနိုင်ခြင်း၊ အစာ ပိုကျွေးမိခြင်းကြောင့် အဝလွန်ခြင်း၊ လျှော့ကျွေးမိခြင်းကြောင့် အာဟာရ နည်းခြင်း စတဲ့ အာဟာရ ပြဿနာတွေကိုပါ တွေ့ကြုံရနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.Lin Yati Eain
ဆရာရှင့်​က​လေးကိုအား​ဆေးတိုက်​ရန်​အချိန်​ညွန်​ကြား​ပေးပါရှင့်

မနက်ဖြစ်စေ၊ နေ့ခင်းဖြစ်စေ တိုက်ကျွေးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.ရွာလည် ဖိုထောင်
ဆရာခင်ဗျားသမီးလေးကအီးမပါတာ4ရက်ရှိပီးအဲဒါဘာဖြစ်တာလဲဆရာ

ကလေးအသက်၊ အကြောင်းအရာ များစွာပေါ် မူတည်ပြီး အများကြီး ဖြစ်နိုင်ပါတယ်… မြင်တွေ့ မစမ်းသပ်ရတဲ့အပြင် ပေးထားတဲ့ အချက်အလက် မပြည့်စုံတော့ ဘာဖြစ်သလဲဆိုတာ ထင်မြင်ယူဆချက် ပေးဖို့ မရနိုင်ပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.HanLay HanLay
ဆရာကလေးက၇လပါအစာတော့စားပါတယ်နည်းနည်းပိန်နေလို့ဘာအားဆေးတိုက်ရမလဲရှင့်

ဗီတာမင်စုံလင်တဲ့၊ Lysine ပါဝင်တဲ့ အားဆေး တစ်မျိုးမျိုး တိုက်ကျွေးနိုင်ပါတယ်… ကလေးကို ဆန်ဂျုံ၊ ပြောင်း၊ အသီးအရွက်၊ အသားငါး စသဖြင့် အာဟာရ ပြည့်စုံ မျှတအောင် ကျွေးပေးဖို့လည်း လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.Ye Min
ဆရာရှင် ကလေးက အသားအရမ်းခြောက်ပြီး အရမ်းကုတ်ပါတယ် ညဘက်မှာair corn နဲ့အိပ်တော့ ပိုကုတ်ပါတယ်ဆရာ တညလုံးလို့ကုတ်ပါတယ် အသားခြောက်တာသက်သာအောင်လို့baby oilလည်းလိမ်းပါတယ် မသက်သာဘူးဆရာ ဘယ်လို့ဟာမျိုးကိုသုံးရမလဲဆရာ

ကလေးကို ရေဓါတ်လုံလောက်အောင် တိုက်ကျွေးပေးပါ… ၆ လအောက်ဆို မိခင်နို့များများတိုက်ပေးပါ… ၆ လကျော်ရင်တော့ ရေများများ ပိုတိုက်ပေးပါ… Baby oil, Baby Lotion စသဖြင့် အသုံးပြုနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top