ဒေါက်တာမိုင်းနှင့် အမေးအဖြေ (အပိုင်း – ၈၀)

1.ချယ် ရီ
တခု​လောက်​​မေးချင်​ပါတယ်​ သီးစုံဓာတ်​ဆားတိုက်​တာ ​ကောင်းပါသား

ချွေးထွက်များချိန်၊ ရေဓါတ်၊ ဓါတ်ဆားတွေ ဆုံးရှုံးမှု များချိန်မှာ တိုက်ကျွေးရင် ကောင်းပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.Cherry Hlaing
မင်္ဂလာပါဆရာ ကျမသားလေးက တစ်နှစ်နဲ့လေးလပါ ဆရာ သားသားက ကျန်းမာရေးတော့ကောင်းပါတယ်ဆရာ ဒါပေမဲ့ ခြေထောက်လေးနှစ်ဖက်က ကျန်းမာပုံ မတူသလိုပဲဆရာ အိမ်ထဲမှာ သွားရင်းလာရင်းနဲ့လဲ အမြဲလဲနေတယ် ဘယ်ဘက်ခြေထောက်လေးက အသားအရေးလေးက ပြည့်ပြည့် ဖောင်ဖောင်လေး ညာဘက်ကတော့ အဲ့လိုမဟုတ်ဘူးဆရာ အနာစက်ကလေးတွေလဲ ညာဘက်ကပိုထွက်ပါတယ် ဆရာ ဘာကြောင့်ဖြစ်တတ်တယ်ဆိုတာ သိချင်လို့ပါ ကျေးဇူးပါ ဆရာ

အသားအရေ မတူညီတာပဲရှိပြီး ကြွက်သား ဖွံ့ဖြိုးမှုပုံမှန် ဖြစ်နေရင် အရမ်းစိတ်ပူစရာတော့ မရှိပါဘူး… လမ်းသွားပုံ ပုံမှန်မဟုတ်တာမျိုး သိသိသာသာ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသ စစ်ဆေးကြည့်တာ ပိုကောင်းပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Su Wai Lwin
ဆရာရှင့် သမီးလေးက ၁နှစ်၂လရှိပါပြီ ငယ်​ငယ်​​လေးကနေ ခုချိန်ထိ တခါတလေ သက်ပြင်းချတတ်ပါတယ် ဘာဖြစ်​လို့လဲ သိချင်လို့ပါရှင့်

သက်ပြင်းချတာ ပြဿနာ မဟုတ်ပါဘူး… စိတ်မပူရပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Pann Kalay
သားသား​ခေါင်းမှာအသားဖတ်​​တွေကွာ​နေတာဘာဖြစ်​တာလည်​ဆရာအုန်းဆီလိမ်းလို့ကွာသွာရင်​​နောက်​ထပ်​အသစ်​ပြန်​ဖြစ်​တယ်

ဗောက်လို မှိုရောဂါ တစ်မျိုး ဖြစ်နိုင်ပါတယ်… အရေပြား ပြဿနာ ဖြစ်တာကြောင့် ဆရာဝန်နဲ့ပြသနိုင်ရင်တော့ ပိုကောင်းပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.Ya Ti
ဆရာရေသမီးလေးကထမင်းမစားဘူးကျွေးရင်အော်ငိုတယ်တစ်နှစ်ငါးလပါအားဆေးလဲတိုက်ပါတယ်ကူညီပါအုံးဆရာရှင့်

အမူအကျင့်ဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်… ကလေးကို သူကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရဖြစ်စေမယ့် အစားအစာ မျှတအောင် ချော့ကျွေးသင့်ပါတယ်… အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ဓါတ်ပါဝင်တဲ့ အားဆေးတိုက်ကျွေးနိုင်ပါတယ်… နောက်ပြီး ကလေးသဘာဝ ခုန်ပေါက် ကစားခြင်းမျိုးကိုလည်း အားပေးပါ… ဒီလို ခုန်ပေါက် ကစားတဲ့ ကလေးတွေက ငြိမ်ငြိမ်နေတတ်တဲ့ ကလေးတွေထက် စားချင်စိတ် ပိုမို ရှိတတ်ကြလို့ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Kyawmyo Linn
ဆရာ​ရေမင်္ဂလာပါ​နော်​ ကျွန်​မသား​လေးက​လေခဏခဏဖျားပါတယ်​ဆရာက​လေးအသက်​က​တော့ ၁၀ လရှိပါပြီ ထမင်းလည်းလုံးဝမစားဘူး ကျွန်​မကဆရာရဲ့​ဖြေကြားမူ့​တွေကိုအမြဲတမ်းဖတ်​ပါတယ်​ က​လေးကို​သေချာ​ကျွေးပါတယ်​ ဒါ​ပေမဲ့သားသားကလုံးဝကို​ကျွေးလို့မရတာပါ ဘာအား​ဆေးများတိုက်​လို့ရမသိဘူးဆရာ ​ကျေးဇူးတင်​ပါတယ်​ဆရာ

ကလေးကို သူကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရဖြစ်စေမယ့် အစားအစာ မျှတအောင် ချော့ကျွေးသင့်ပါတယ်… အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ဓါတ်ပါဝင်တဲ့ အားဆေးတိုက်ကျွေးနိုင်ပါတယ်… နောက်ပြီး ကလေးသဘာဝ ခုန်ပေါက် ကစားခြင်းမျိုးကိုလည်း အားပေးပါ… ဒီလို ခုန်ပေါက် ကစားတဲ့ ကလေးတွေက ငြိမ်ငြိမ်နေတတ်တဲ့ ကလေးတွေထက် စားချင်စိတ် ပိုမို ရှိတတ်ကြလို့ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.သုတ မေမေ 
ကျေးဇူးတင်​ပါတယ်​ရှင့်​ခ​လေးရက်​၁၀၀​လောက်​နဲ့သွား​ပေါက်​ရင်​ဘာပြသနာဖြစ်​နိုင်​လဲမသိဘူးရှင့်

ပြဿနာ မရှိပါဘူး… စိတ်မပူပါနဲ့…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.မင်းမင်း စိုး ဘားအံ
ကလေး ငယ် နို့စို့ရင်း သီးနေတာ ဘာကြောင့် ဖြစ် ပါသလဲ သိပါရစေ ခင်ဗျ။

နို့စို့တိုင်း အမြဲလိုလို သီးနေတတ်တာအပြင် နှုတ်ခမ်းတွေပြာနှမ်းတာ၊ အသက်ရှူရခက်နေတဲ့ လက္ခဏာမျိုး ရှိမရှိ စောင့်ကြည့်ပါ… ဒါတွေပါ ရှိရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်… တခါတရံ ကလေးမြိုချနိုင်တာထက် ပိုပြီး မိခင်က နို့ထွက်များတဲ့အခါ ကလေးသီးတတ်ပါတယ်… ဒီလိုအခြေအနေမျိုးမှာတော့ ကလေးကို နို့မတိုက်ခင် နို့ကို အပြင်မှာ အရင်အနည်းငယ် ညှစ်ပြီးမှ တိုက်ကျွေးကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.Zun Pwint Phyu
ဆရာရှင့် သားသားက ၃လရှိပါပြီ
ကလေးကပျို့ ပျို့ တက်နေပါတယ်ဆရာ
အဲ့ဒါစိုးရိမ်ရလာရှင့်

ကလေးတွေမှာ တွေ့ရတတ်တဲ့ ပြဿနာ ဖြစ်ပါတယ်… ကလေးကို နို့တိုက်ပြီးတိုင်း ခပ်မတ်မတ်ချီပိုးထားပြီး လေထုတ်ပေးပါ… နို့သောက်ပြီးတိုင်း ပျို့တာ၊ အန်တာက လေမထုတ်ပေးရင် ဖြစ်တတ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Thwon Nadi
ဆရာရှင့်သားလေးကနှစ်လနဲ့ရက်နှစ်ဆယ်ပါနို့တွေအရမ်းအန်လို့ဘာလုပ်ပေးလို့ရလဲဆရာ

ကလေးကို နို့တိုက်ပြီးတိုင်း ခပ်မတ်မတ်ချီပိုးထားပြီး လေထုတ်ပေးပါ… နို့သောက်ပြီးတိုင်း အန်တာက လေမထုတ်ပေးရင် ဖြစ်တတ်ပါတယ်… နောက်တစ်ချက်က နို့စို့တာ များရင်လည်း အန်တတ်ပါသေးတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Moe Moe
ဆရာရှင့် ကလေးက ၄လကျော်ပါပြီ ခေါင်းမှာချွေးမိတ်လာမသိဘူး ဘုနီတွေတအားထွက်လို့ ဘာလိမ်းရမလဲ တခြားဟာတွေဖြစ်မှာစိုးလို့ပါ

ယားယံတဲ့ ပုံစံမျိုး ရှိနေရင် အယားသက်သာစေဖို့ Calamine Lotion လိမ်းပေးနိုင်ပါတယ်… အရေပြား ပြဿနာ ဖြစ်တာကြောင့် မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Poshan Win
ကလေးကဘယ်သန်တာလား ညာသန်တာလားကိုဘယ်အချိန်မှာသိနိုင်ပါသလဲရှင့်

တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး… အများအားဖြင့်တော့ ၂ နှစ် ကနေ ၃ နှစ် အရွယ်လောက် မှာ သိသာတတ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.Khin Nilar
သားကအသက်၃နှစ်နဲ့၁လပါ ၀မ်းပျက်ဝမ်းလျှော ကာကွယ်ဆေးထိုးရင် ကောင်းမလားလို့ ဆေးအကြောင်းပြောပြပေးပါလား ဒေါက်တာ

ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ရောဂါအားလုံး အတွက် ကာကွယ်ဆေးလို့ မရှိပါဘူး… သက်ဆိုင်ရာ ရောဂါအလိုက် ကာကွယ်ဆေးတွေတော့ ရှိပါတယ်… ကာကွယ်ဆေးတွေထဲက ဥပမာအားဖြင့် ပြောရရင် Rota ဆေးပေါ့… ဒီဆေးဟာ Rotavirus လို့ခေါ်တဲ့ ဝမ်းပျက်စေတဲ့ ပိုးတစ်မျိုးကို ကာကွယ်ပေးတဲ့ ဆေးဖြစ်ပါတယ်… Rotavirus ကြောင့် ဖြစ်တဲ့ ဝမ်းပျက်မှုကို ကာကွယ်ပေးပါတယ်… ဒါပေမယ့် သတိပြုရမှာက ဒီဆေးထိုးလိုက်တာနဲ့ ဝမ်းပျက်ရောဂါ လုံးဝ မဖြစ်တော့ဘူးလို့ မယူဆရပါဘူး… ဝမ်းပျက်စေတဲ့ ပိုးပေါင်းများစွာ ရှိပါတယ်… ကူးစက်ပုံ အမျိုးမျိုး၊ ဖြစ်ပွားတဲ့ ပုံစံ အမျိုးမျိုး ရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောအားလုံးအတွက် ကာကွယ်တဲ့ ဆေးမရှိပါဘူး… သူ့ရောဂါ အလိုက် ကာကွယ်ပေးတဲ့ ဆေးတွေကတော့ ရှိပါတယ်… ဥပမာ Cholera Vaccine, Typhoid vaccine စသဖြင့်ပေါ့…
ဝမ်းပျက်ရောဂါဟာ မသန့်ရှင်းသော လက်၊ အစားအစာ၊ ရေ စတာတွေကနေ ဝမ်းရောဂါ ဖြစ်တတ်တာကြောင့် ဝမ်းပျက် ဝမ်းလျှော မဖြစ်အောင် အစားအစာ၊ ရေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု စတာတွေကို ဂရုပြုပြီး ကြိုတင်ကာကွယ်လို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.Tun Tun
ဆရာကျွန်မကလေးရေမွာလုံးဝမရှိတော့လို့ခွဲမွေးလိုကထင်ရပါတယ် ၈ လခွဲနဲ့ပါ မွေးပြီး ၅ ရက်ရှိနေပါပြီဆရာ နိ့လုံးဝမထွက်လို့ပါ အဲ့ဒါဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ဆရာ

မိခင်နို့ လုံးဝ မထွက်ရင်တော့ လောလောဆယ် အခြေအနေမှာ နှို့မှုန့် တိုက်ကျွေးရမှာပါ… မိခင်နို့ ထွက်လာရင်တော့ နို့မှုန့်ကနေ မိခင်နို့ကို တဖြည်းဖြည်း ပြန်ပြောင်းနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Mi Kalayar Mon
သမီးသားလေးက(10)လကျော်ပါပြီခြေလက်တွေ့နဲနဲဝါနေတော့ကလေးဆရာဝန်ပြတော့သွားအားနည်းနေတယ်သွေးအားမြန်မြန်ပြည့်အာင်ဘာတွေ့လုပ်လိုရပါသေးလဲအလင်းပြပေးပါအုံး

အာဟာရ ပြည့်ဝအောင် ကျွေးပေးပါ… ကလေးကို အသီးအရွက်၊ အသားငါး၊ ဆန်ဂျုံ စသဖြင့် အာဟာရ ပြည့်စုံမျှတအောင် ကျွေးပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.Seng Hkawn Mai
ကျမသားလေးလေးနှစ်ရှိပြီလည်ပင်းမှာအကျိတ်တွေရှိပြီးမဝနိုင်ဘူးအဆုတ်ထင်လို့ဓါတ်မှန်ရိုက်သွေးစစ်လည်မပေါဘူးဘာရောဂါဖြစ်လည်မသိဘူး

အောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကို ဖတ်ရှုပေးပါ…

ကလေးများနှင့် အကျိတ်ရောင်ခြင်း

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.Shwe Sin Myo
သမီး လေးအသက် ၈လပါရှင့်
အနီဖုလေးတွေထွက်နေပါတယ်ရှင့်
လူကြီးတွေက ဂျိုက်သိုးလို့ပြောပါတယ်
ဂျိုက်သိုးဖြစ်ရင် ရေမချိုးရဘူးလို့လည်း
ပြောကြတယ် ဟုတ်လားရှင့်။

မဟုတ်ပါဘူး… ရေချိုးလို့ရပါတယ်… ဂျိုက်သိုးဟုတ်မဟုတ် သေချာဖို့ ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.Wai Hin
ဘာမီတွန်တိုက်ရင်းခလေးဉာဏ် ထိုင်းတယ်ဆိုတာဟုတ်ပါသလားကျေးဇူးပြု၍ဖြေပေးပါနော်

မဟုတ်ပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.Ma Ei Phyu
သားလေးကမွေးလာထဲကရင်ဘတ်ချိုင့်ဝင်နေတာအမကကလေးမွေးစထဲကဖျားနာတာမရှိလို့မသိခဲ့ဘူး’အမှတ်တမဲ့နေမိတယ်’သားလေးတလနဲ့တပတ်သားအရွယ်မှာကလေးအထူးကုဆီသွားပြတာကလေးကပြသာနာမရှိဘူး’မိခင်ကအာဟာရပြည့်အောင်စားဖို့မှာတယ်’B1ဆေးကိုတနေ့တလုံးသောက်ဖို့ပေးလိုက်တယ်’အခုကကလေးကအိပ်လည်းအိပ်တယ်’အမကနို့မပေါလို့ကလေးပိန်နေတယ်’အမကိုဖြေကြားပေးပါအုံး’သားလေးအတွက်စိတ်ပူမိလို့ပါ

မိခင်နို့ထွက်များစေဖို့ မိခင်နို့တစ်မျိုးတည်းသာ ဆက်တိုက်ပါ… နို့တိုက်နည်း မှန်ကန်စေဖို့ စနစ်တကျ သင်ယူပါ… အကြိမ်ရေ စိပ်စိပ်တိုက်ကျွေးခြင်းကလည်း ကလေးစုပ်ယူမှုကြောင့် မိခင်နို့ပိုထွက်စေဖို့ အထောက်အကူဖြစ်စေပါတယ်… မိခင်က ရေများများသောက် အစားအစာ အာဟာရ ပြည့်ဝအောင်စားပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top