ဒေါက်တာမိုင်းနှင့် အမေးအဖြေ (အပိုင်း – ၈၁)

1.Lin Htoo Khant Lin
ဆရာရှင့်​သား​လေးက၈လရှိပါပြီ၂လသား​လောက်​ကသပြီးညာမျက်​ခုံးနဲ့နားထင်​ကြားညှင်းလိုမျိုးကွက်​​ပေါ်လာပါတယ်​အကွက်​ကထက်​မကြီးပါဘူးဘာများလိမ်း၇မလဲရှင့်

အရေပြားဆိုင်ရာ ရောဂါ ဖြစ်တဲ့အတွက် ဖြစ်တဲ့ပုံစံ၊ အရွယ်အစား စသဖြင့် သေချာ ကြည့်ရှု စစ်ဆေးဖို့ လိုအပ်ပါတယ်… အရေပြား အထူးကု၊ ဒါမှမဟုတ် ကလေးအထူးကု ဆရာဝန်နဲ့ပြသသင့်ပါတယ်… သတိပြုရမှာက တကယ်လို့မှိုရောဂါ တစ်ခုဖြစ်ခဲ့ရင် ကလေးက ယားယံရင် လက်နဲ့ ပွတ်တာမျိုး ပြုလုပ်နိုင်ပြီး အဲလိုလုပ်ရာကနေတဆင့် ပွားလာနိုင်တဲ့အတွက် ဒီလိုအပြုအမူမျိုးကို သတိပြုပေးရမှာ ဖြစ်ပါတယ်

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.Cho Lay
မင်္ဂလာပါဆရာ
ကလေးက1နှစ်10လပြည့်ပါပီကလေးဖျားတိုင်းဆရာဝန်ကစအိုထဲဒုံးကျည်ထည့်ပါတယ်ဆရာအဲဆရာပြတိုင်းဒုံးကျည်ထည့်ပါတယ်အဲလိုထည့်တာကလေးအတွက်ကေါင်းပါသလားဆရာတချို့ကပြောကြပါတယ်ဆရာဒုံးကျည်ကထည့်တိုင်းမကေါင်းဘူးလို့ပြောပါတယ်ဆရာအဲဒါဟုတ်ပါသလါးဆရာဖြေကြားပေးပါအုံးဆရာကျေးဇူးတင်ပါတယ်ရှင့်

ဖျားတဲ့ အပူချိန်အပေါ် မူတည်ပါတယ်… ကလေး အဖျားကြီးရင် ထည့်ပေးလို့ရပါတယ်… အပူချိန် သိပ်မများရင်တော့ Paracetamol ကလေးတိုက်တဲ့ ဆေးရည်လေး တိုက်ကျွေးပေးလို့လည်း ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Poshan Win
သားသားက ၉ လထဲမှာပါ
အောက်သွား ၂ ချောင်းကပေါက်ခါစပါ
အဲ့ဒါကိုသားကလျှာနဲ့ထိုးနေလို့ပါ ဘယ်လိုပြုပြင်ပေးရမလဲရှင့်
လျှာထုတ်တာကရောစိုးရိမ်ရလားရှင့်

စိတ်ပူစရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Nay Myo Htet
ဆရာတာတာ့တို့​ဆော့တာအကုန်​လုပ်​တတ်​တယ်​ငြိမ်​ကိုမ​နေတာအရမ်း​ဆော့မထိုင်​တာဘဲရှိပါတယ်​ဘယ်​လိုလုပ်​ရမလဲဆရာ

ကျန်းမာသန်စွမ်းတဲ့ သဘောပေါ့… စိတ်ပူစရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.Mon Mon
ဆရာရှင့် သမီးလေးက ၁နှစ်၈လပါ ဝမ်းသွားတော့ အကောင်အသေးလေးတစ်ကောင်ပါလာပါတယ် ဘယ်လိုလုပ်ရမလဲ ဘာဆေးတိုက်ရမလဲ ကျေးဇူးပြု ၍ ဖြေပေးပါနော်

သန်ချသင့်ပါတယ်… အဖြစ်များတဲ့ သန်လုံးကောင် Roundworm ခေါ် သန်ချဖို့ အသက် ၁ နှစ်မှ ၂ နှစ်ကလေးများအတွက် Mebendazole 100 mg ကို တစ်နေ့ ၂ ကြိမ်နဲ့ ၃ ရက် တိုက်ကျွေးနိုင်ပါတယ်…
ကလေး တစ်နှစ်ပြည့်ပြီးရင် ၆ လတစ်ကြိမ် သန်ချဆေးတိုက်ကျွေးပေးသင့်ပါတယ်…
ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုပေးပါ… လက်သည်းခြေသည်း သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး စတာတွေကို ဂရုပြုပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Thae Su
အမမေးခွန်းကိုလည်းဖြေပေးပါနော် သမီးလေးက၃နှစ်ရှိပါပြီ အစာစားတာများရင်အန်ပါတယ် သူ့အသားကအရမ်းပူတယ် ဘာလုပ်ရမလဲဖြေပေးပါရှင် နေ့ခင်းဘက်တွေနို့ဖြတ်လို့ရပေမယ့်ညဘက်ခဏခဏနိုးတက်တာလုပ်ရလဲရှင့် နိုးရင်လည်းနို့စိုပြီးမှပြန်အိပ်တယ့်

ကိုယ်အပူချိန် တိုင်းတာကြည့်လို့ သတ်မှတ်ချက်ထက် မကျော်ရင် ပြဿနာ မရှိပါဘူး… နို့ဖြတ်ဖို့က အမူအကျင့်ဆိုင်ရာ ပြဿနာ ဖြစ်တဲ့အတွက် တဖြည်းဖြည်းလေ့ကျင့်ယူရမှာ ဖြစ်ပါတယ်… ကလေး နှစ်ခြိုက်စွာ အိပ်ပျော်ဖို့က ပတ်ဝန်းကျင် တိတ်ဆိတ်အောင်၊ အပူချိန် မျှတအောင် ပြုလုပ်ပေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.Lucky Lay
ဆရာရှင့်​ သားသားက ၆လခွဲ ရှိပါပီ ထမင်းလဲစားပါတယ်​ နို့လဲ​သောက်​တယ်​ ဗိုက်​က အမြဲ တဗုံဗုံနဲ့ ​ခေါင်း​ချွေးလဲအရမ်းထွက်​ပါတယ်​ ချွဲသံလဲမြည်​တယ်​ရှသ်

ဖျားနာတာ၊ ချောင်းဆိုးတာ၊ ပိန်တာ စသဖြင့် ပြဿနာ မရှိရင် ယေဘုယျအားဖြင့် စိတ်မပူရပါဘူး… ချွေးထွက်များရင် ရေဓါတ် ပြန်လည် ဖြည့်တင်းဖို့ နို့များများ၊ ရေများများ တိုက်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.Khin Nilar
သားက၃နှစ်ကျော်ပါ နှုတ်ခမ်းမှာအဖြူဖတ်လေးတွေကွာပြီးစပ်တယ်လို့ပြောပါတယ် ဘာလုပ်ပေးလို့ရပါလဲရှင့်

ရေများများတိုက်ပေးပါ… လက်နဲ့ ဆွဲခွာတာမျိုး ရှောင်ရှားပါ… နှုတ်ခမ်းလိမ်းတဲ့ အဆီတောင့်မျိုး လိမ်းပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.Soe Sandar
ကလေးအသက် ၉လထဲမှာပါ ဝမ်းခဏခဏချူရင်ပြသာနာရှိပါသလားရှင့်

ကွမ်းရိုးနုနု၊ ဝါဂွမ်းစလိုဟာမျိုးနဲ့ ချူရင်တော့ သိပ်ပြဿနာ မရှိပါဘူး… ဝမ်းချူတောင့်နဲ့တော့ ခနခန မချူသင့်ပါဘူး… ဝမ်းအရမ်းမချုပ်ဘဲ မလိုအပ်ဘဲ ဝမ်းမချူတာတော့ ပိုကောင်းပါတယ်… ဝမ်းသွားမှန်အောင် ကလေးကို ရေများများတိုက်ပေးပါ… အမျှင်ဓါတ်ကြွယ်ဝတဲ့ အရွက်၊ အသီးတွေ ကျွေးပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Luaye Yetint
မင်္ဂလာပါဆရာ။သားသားအသက်​၃နစ်​ခွဲပါ။တနစ်​သား​လောက်​ကစပြီး ​ချောင်းဆိုးချွဲကျပ်​တာ က​လေးအထူးကုအစုံ​ရောက်​ပြီးပါပြီ။အရှင်းမ​ပျောက်​​သေးပါ။ချောင်းမဆိုးတဲ့ရက်​ တရက်​မှမရှိပါ။နည်းနည်းဆိုးတဲ့​နေ့နဲ့များများဆိုးတဲ့​နေ့ပဲ ကွာပါတယ်​။ဆေး​တွေလဲ ဖာနဲ့အပြည့်​ပါပဲ။ဘာ​ရောဂါဖြစ်​နိင်​ပါသလဲဆရာ။ဘယ်​လိုစမ်းသပ်​ရမလဲသိပါရ​စေ

ကာလတာရှည် ချောင်းဆိုးစေတဲ့ ရောဂါတွေ များစွာ ရှိပါတယ်… ဥပမာ ပြောရရင်
– တီဘီ
– ကြက်ညှာချောင်း
– retained inhaled foreign body
– lobar collapse secondary to mucus plug စတာတွေ အပြင် တခြားပြဿနာ တွေလည်း ဖြစ်နိုင်ပါတယ်…

ကလေးမှာ ချောင်းဆိုးတာ အပြင် တခြား ထူးခြားတဲ့ လက္ခဏာ ရှိမရှိ စောင့်ကြည့်မှတ်သားပါ… တွေ့ရှိရင် ကလေးအထူးကု နဲ့ ပြတဲ့အခါ ဒီလက္ခဏာတွေကို ပြောပြရင် ရောဂါ ရှာဖွေမှုကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Shinthant Eaim
သားသားကခုချောင်းဆိုးတာတစ်ပတ်ရှိပြီ မသက်သာပဲပိုဆိုးလာတယ် ကလေးအထူးကုနဲ့လည်းပြထားပါတယ် ဒီမတိုင်ခင်ကတစ်ပတ်ဖျားတယ် မဖျားခင်တစ်ပတ်လောက်ကလည်းချောင်းဆိုးနှာစေးသေးတယ် ဆေးတွေလည်းသောက်နေတာပဲ နဲနဲလောက်အချိုပါတာစားမိရင်ကိုဆိုးတော့တာ..ပြီးတော့ကိုယ်လည်းခနခနပူတယ်အထူးသဖြင့်ညနေဘက်တွေပါ…တငွေ့ငွေ့နဲ့ပူလာလိုက် တော်ကြာနေကျသွားလိုက်နဲ့…ဆရာဝန်ကတော့စောင့်ကြည့်အုန်းမယ်ပြောတယ်… ဘာလုပ်သင့်လဲရှင့်တီဘီဖြစ်မှာကြောက်တာ ဓာတ်မှန်တော့မရိုက်ခိုင်းသေးဘူး …ကလေးကပိန်သွားတယ် အစားလည်းမနည်းဝင်အောင်ကျွေးနေရတယ် အရင်ကအရမ်းစားအခုသိပ်မစားတော့ဘူး

စမ်းသပ် စစ်ဆေးထားတဲ့ ဆရာဝန်က ကလေးရဲ့ အခြေအနေကို ပိုသိနိုင်တဲ့အတွက် ခန စောင့်ကြည့်နိုင်ပါတယ်… အခြေအနေ ပိုဆိုးလာတာ၊ မသက်သာလာတာ ဆိုရင်တော့ ပြန်လည် ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Ma Tattoolady
၂လခွဲသားက​လေး​ရေမတိုက်​ရ​သေး​တော့ ​ဆေးတိုက်​ရင်​မသီး​အောင်​ဘယ်​လိုတိုက်​ရပါမလဲရှင့်

မိခင်နို့နဲ့ ဆေးကို ရောပြီး တိုက်ကျွေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.Pu Tue
သားလေးက အမြဲတမ်းနှာပိတ်နေတယ် ခုမှ ၁၀လပဲရှိသေးတယ် ပါးစပ်နဲ့ပဲ အသက်ရှူနေရရှာတယ် ဆေးတိုက်လည်း မထူးဘူး နှာရည်မကျဘဲ နှာပိတ်တာ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး

နှာရည် အရမ်းကျပြီး နှာပိတ်နေရင် ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့ အနည်းငယ် စုပ်ယူပြီး အပ်ကိုဖြုတ်ပါ… ပြီးရင် အပ်မပါတဲ့ ဆေးထိုးအပ်လေးနဲ့ ပိတ်နေတဲ့ နှာခေါင်းထဲကို ၁ စက် ၂ စက်ခန့် ချပေးနိုင်ပါတယ်… ဒါမှမဟုတ် ရာဘာ tube လည်း အသုံးပြုနိုင်ပါတယ်… ကလေး ဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ…
အသက်ရှူကြပ်နေပုံရပြီး ကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာ စသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.ဆောင် သဇင်
ကျမသမီးလေးလဲချောင်းဆိုးနေပါတယ်ခလေးကသလိပ်မထုပ်တက်တော့စိတ်ညစ်နေရပါတယ်အချွဲတော့ရှိပါတယ်ချောင်းဆိုးရင်ချွဲသံကြားရတယ်ဘယ်လိုလုပ်ရမလဲပြောပြပေးပါနော်

ချောင်းဆိုးတာ၊ ချွဲကြပ်တာ စသဖြင့် ပြဿနာတွေ အတွက် စမ်းသပ်စစ်ဆေးမှု မရှိဘဲ ဆေးပေးလို့ အဆင်မပြေပါဘူး… သင့်တော်တဲ့ ကုသမှုအတွက် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်သင့်ပါတယ်…
ကလေးရင်ဘတ်ကို နွေးနွေးထွေးထွေးထားပေးပါ… ရေများများ တိုက်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Hlwan Thu May
ကျွန်မသမီးလေးဆိုချောင်းဆိုးတာတစ်လကျော်နေပီ ကလေးအထူးကုလဲစုံနေပီ ရက်၁၀၀ချောင်းများဖြစ်နေမလားမသိဘူးနော်

ဖြစ်နိုင်တာတွေက အများကြီးပါပဲ… အပေါ်မှာ ပြောခဲ့သလိုပဲ ချောင်းဆိုးတာ၊ ချွဲကြပ်တာ စသဖြင့် ပြဿနာတွေ အတွက် စမ်းသပ်စစ်ဆေးမှု မရှိဘဲ ဆေးပေးလို့ အဆင်မပြေပါဘူး… သင့်တော်တဲ့ ကုသမှုအတွက် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်သင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top