ဒေါက်တာမိုင်းနှင့် အမေးအဖြေ (အပိုင်း – ၈၂)
1.Hein Hein
ဆရာ သမီးလေး မျက်နှာမှာ ညှင်းပေါက်နေလို အထူးကုနဲ့ပြတာမသက်တာဘူးဘာလုပ်ရမလဲ ကူညီပါ
တချို့ အရေပြား ပြဿနာတွေဟာ ပျောက်ကင်းဖို့ အချိန်ယူ ကုသရပါတယ်… ဖြစ်နေတာကြာပြီး လုံးဝကို မထူးခြားရင်တော့ အရေပြား အထူးကု ဆရာဝန်နဲ့ ပြသကြည့်ပါလို့ တိုက်တွန်းလိုပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.ရွှေ ပိုး အိမ် 
မွေးကာစ၁လသား၂လသားမှာပွေးတို့ညှင်းတို့ကျတတ်​​ပေါက်
တတ်​ပါသလားရှင့်​သားက၂လပြည့်​ခဲ့ပြီးပါပြီနဖူးမှာဖြူဖြူအစက်​က​လေး တွေဖြစ်​​နေလို့ပါရှင့်
ဖြစ်နိုင်ပါတယ်… အရေပြားဆိုင်ရာ ပြဿနာတွေဟာ အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Chit Kyi Eaint Chan
ဆရာ သားသား က ၁နှစ် ၁၀ လပါ..သားသားမျက်လုံး တဖက်ကနဲနဲ စွေသလို ကပ်နေတယ်ဆရာ..ဘယ်လိုကုပေးရမလဲရှင့် မခွဲစိတ်ပဲကုလိုရနိုင်ပ်ါလား ဆရာ
ကျေးဇူးတင်ပါတယ်ရှင်..
စနစ်တကျ ပြသစစ်ဆေးသင့်ပါတယ်… အများအားဖြင့်တော့ မျက်စိစွေခြင်းကို မခွဲစိတ်ဘဲ ကုသဖို့ မဖြစ်နိုင်ပါဘူး… မျက်စိ ပြဿနာ အတွက် ကလေးငယ်စဉ်မှာ စောစောစီးစီး ပြသသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Thuzar Win
ဆရာ က​လေးက၇ လပါကြက်​သားမှုန့်​နဲ့ချက်​တဲ့အရွက်​​ကြော်​နဲ့ဟင်​​ကျွေလို့ရပါသလားကျန်​မာ​ရေးထိခိုက်​နိုင်​မလား
FDA ကခွင့်ပြုထားတဲ့ ပစ္စည်းဆိုရင်တော့ ယေဘုယျအားဖြင့် ပြဿနာ ကြီးကြီးမားမား မရှိဘူးလို့ ဆိုရမှာပါ… ဒါပေမယ့် တိကျတဲ့ လေ့လာထားမှုမျိုးတော့ မရှိပါဘူး…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.နန်းတွင်း သူ
မင်္ဂလာပါရှင် သားသားက ၇ လ ရှိပါပီ ရေချိုးပေးတိုင်းခေါင်းကလောင်းချိုးပေးတာ အန္တရာယ်များရှိလားရှင့် ဖြေကြားပေးစေချင်ပါတယ် ကျေးဇူးပါရှင့်
ပြဿနာ မရှိပါဘူး… ချိုးပေးလို့ရပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Nawe Oo
ဆရာရှင့်ကျွန်မသားလေးကခုဆို၁၁လပြည့်တော့မယ်ရှင့်သွားလုံးဝမပေါက်သေးလို့ပါကလေးသွားဖုံးကျန်းမာအောင်baby bitesလေးတွေလည်းကိုက်ခိုင်းပါတယ်cheeseလည်း၁ပတ်ကို၃ရက်လောက်ကျွေးပါတယ်calciumဓာတ်များနဲလို့သွားမပေါက်သေးတာလားဆရာကလေးကအရိုးလည်းသန်မာပါတယ်လမ်းစစမ်းနေပါပြီဆရာကလေးသွားပေါက်အောင်လုပ်ရမယ့်နည်းလမ်းလေးတွေအကြံပေးပါအုန်းဆရာအဖြေကိုစောင့်နေပါ့မယ်နော်ကျေးဇူးတင်ပါတယ်ဆရာ
မိဘ အတော်များများက ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့စိတ်စော တတ်ကြပါတယ်… သွားမပေါက်သေးတာ ပြဿနာ မရှိပါဘူး… တစ်ချို့ ကလေးတွေ တစ်နှစ်ကျော်တဲ့အထိ သွားမပေါက်သေးတာတောင် ရှိပါတယ်… စိတ်မပူပါနဲ့…
ကလေးမှာ နာတာရှည် ကျန်းမာရေးဆိုင်ရာ ပြဿနာ မရှိရင်၊ ထူးထူးခြားခြား အာဟာရ ဆိုင်ရာ ချို့တဲ့မှု မရှိရင် ဖွံ့ဖြိုးမှု နောက်ကျခြင်း ပြဿနာ မရှိတတ်ပါဘူး…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.Zarnwe Win
ဆရာ့ရှင့်​သမီး​လေးက10လ​ကျော်​ပါပြီ
က​လေးမိခင်​​ကော်​ဖီ​သောက်​လို့ရပါသလားရှင်
နို့တိုက်မိခင်အနေနဲ့ တစ်နေ့ကို ကော်ဖီ တစ်ခွက်မှ နှစ်ခွက်လောက်အထိ သောက်သုံးနိုင်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.Khaing Lay
ဆရာ
မေးခွန်း​လေး ​မေးပါရ​စေရှင့်
ကျွန်​မသမီး​လေးက ၂၉.၁၀.၂၀၁၇ ရက်​​နေ့က ​လေးလပြည့်​ပါတယ်​။
သမီး​လေး​မွေး​တော့ အသားဝါပါလို့
သုံးရက်သားမှာ ​က​လေး​ဆေးရုံ​ကို
ပြောင်းခဲ့ရပါတယ်​။
ဆေးရုံတက်​ရင်း အဆုတ်​​ယောင်​တယ်
နှလုံးမှာ အ​ပေါက်​ပါတယ်​ဆိုလို့
ပူပင်​စိတ်​နဲ့ ငိုရင်း နို့က မထွက်​လာ​တော့ဘူး။မိခင်​နို့သီး​ခေါင်းကလည်းနို့ပါးစပ်​မို့ စို့မရ၊ နို့ကလည်း နည်း၊
တစ်​ဖက်​ပဲစို့ရခဲ့တယ်​။ဒီလိုနဲ့
ဆေးရုံကဆင်း​တော့ စိတ်​ပူပြီး နို့ဗူးကူခဲ့ပါတယ်​။တိုက်​တဲ့နို့မှုန့်​က
Dupro one step ပါဆရာ။
နှစ်​လသား​ကျော်​သုံးလသားအထိ​တော့
နို့ဗူး​ရော အ​မေနို့ကို​ရော
ကောင်း​ကောင်းစို့ပါတယ်။သုံးလသား​ကျော်
လေးလသားဝင်​လာကတည်းက အ​မေနို့ကိုပဲ စို့ပြီး နို့ဗူးတိုက်​ရင်​ ဂဂျီဂ​ဂျောင်​ကျပြီး ​အော်​ဟစ်​ငိုယိုပါတယ်​။မစို့​ပါဘူး။
နို့သီး​ခေါင်းအမျိုးမျိုးလည်း ​ပြောင်းတိုက်​ပါတယ်​။အဆင်​မ​ပြေပါဘူးဆရာ။
အ​မေနို့နည်းလို့မထွက်​လည်း​အော်​ဟစ်​ကန်​​ကြောက်​တယ်​ဆရာ။အဲဒီအချိန်​နို့ဗူး
ဖျော်​တိုက်​လည်း မ​သောက်​ပါဆရာ။
အဓိက သိချင်​တာက အ​မေနို့နဲ့ လုံ​လောက်​ပါ့မလားရှင့်​။အ​မေနို့ကို​တော့ ခဏခဏကို တိုက်​ပါတယ်​။
သမီး​လေး နို့မ၀လို့ ပိန်​လှီပြီး အာဟာရချို့တဲ့သွားမှာ​ကြောက်​လို့ပါရှင့်​။
မိခင် နို့ထွက်မှု မလုံလောက်ရင်တော့ နို့ဗူးပါကူဖို့ လိုအပ်ပါလိမ့်မယ်… ကလေးကို ပုံမှန် ကိုယ်အလေးချိန် စစ်ဆေးပါ… မိခင်အနေနဲ့ကတော့ နို့တိုက်နည်း မှန်ကန်စေဖို့ စနစ်တကျ သင်ယူပါ… အကြိမ်ရေ စိပ်စိပ်တိုက်ကျွေးခြင်းကလည်း ကလေးစုပ်ယူမှုကြောင့် မိခင်နို့ပိုထွက်စေဖို့ အထောက်အကူဖြစ်စေပါတယ်… မိခင်က ရေများများသောက် အစားအစာ အာဟာရ ပြည့်ဝအောင်စားပါ…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.ပိုင်ဖြိုး မေမေ
ဆရာမင်္ဂလာပါ ရှင့်​သားသားက ၁၂လထဲမှပါ​ကျောပူ​ခေါင်းပူခနခနဖြစ်​တတ်​ပါတယ်​ရှင့်
ဘယ်​အချိန်​ဘဲဖြစ်​ဖြစ်​အမြဲလိုလို​ခေါင်း​ချွေးလဲထွက်​ပါတယ်​ရှင့်​ညအိပ်​တဲ့အချိန်​ဆိုပိုထွက်​ပါတယ်​ရှင့်​အနံ့လဲထွက်​ပါတယ်​ရှင့်​စိုးရိပ်​ရလားရှင့်​​ဖြေ​ပေးပါ​နော်
ပြောထားတာတွေ အပြင် ထူးခြားတဲ့ လက္ခဏာ မရှိရင်တော့ စိတ်ပူစရာ မရှိပါဘူး… ကိုယ်အပူချိန် တိုင်းတာကြည့်ပါ… အဖျား မရှိရင် ပြဿနာ မရှိပါဘူး…
ရာသီဥတု အေးနေလျှက် ချွေးထွက်တာ၊ ဖျားတာ၊ ပိန်တာ စတာတွေ ရှိရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Yin Myint
ဆရာရှင့်ကလေးကလေးနှစ်ပါခေါင်းမှာချွေးတအားထွက်ပါတယ်ဘာဖြစ်လို့ပါလဲ
ရာသီဥတု ပူပြင်းချိန်မှာ ချွေးထွက်များခြင်းဆိုရင် ပြဿနာ မရှိပါဘူး… ရာသီဥတု အေးနေလျှက် ချွေးထွက်တာ၊ ဖျားတာ၊ ပိန်တာ စတာတွေ ရှိရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Han Thi Htun
ဆရာရှင့်
သမီးကချွေးထွက်အရမ်းသန်နေလို့ သာမာန်ချီထားတဲ့အနေအထားမှာတောင် ချွေးတွေအမြဲသီးနေတတ်ပါတယ်ရှင် အဲဒါသဘာဝပဲလား ဓာတ်တစ်မျိုးမျိုးချို့တဲ့နေတာလားစိုးရိမ်လို့ပါရှင်
ရာသီဥတု ပူပြင်းချိန်မှာ ချွေးထွက်များခြင်းဆိုရင် ပြဿနာ မရှိပါဘူး… ရာသီဥတု အေးနေလျှက် ချွေးထွက်တာ၊ ဖျားတာ၊ ပိန်တာ စတာတွေ ရှိရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Ngenge Ngenge
သမီး​လေးက၁၁လ​ကျော်​ပါပြီ သွားမ​ပေါက်​​သေးလို့ပါဆရာ ဖွံ့ဖြိုးမှု​နောက်​ကျတာလား ​ပြောပြ​ပေးပါရှင်
မိဘ အတော်များများက ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့စိတ်စော တတ်ကြပါတယ်… သွားမပေါက်သေးတာ ပြဿနာ မရှိပါဘူး… တစ်ချို့ ကလေးတွေ တစ်နှစ်ကျော်တဲ့အထိ သွားမပေါက်သေးတာတောင် ရှိပါတယ်… စိတ်မပူပါနဲ့…
ကလေးမှာ နာတာရှည် ကျန်းမာရေးဆိုင်ရာ ပြဿနာ မရှိရင်၊ ထူးထူးခြားခြား အာဟာရ ဆိုင်ရာ ချို့တဲ့မှု မရှိရင် ဖွံ့ဖြိုးမှု နောက်ကျခြင်း ပြဿနာ မရှိတတ်ပါဘူး…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.Nyein Yu
ဆရာရှင့်သားက၁၁လကျော်ပါပြီခေါင်းနဲ့လက်ဖဝါးလေးတွေကနွေးနွေးနဲ့ပူတာ၂လလောက်ရှိပါတယ်ကိုယ်ပူကျဆေးတိုက်လဲအပူက၉၉/၉၈အမြဲရှိပါတယ်ခြေထောက်နဲ့ကိုယ်တွေကမပူပါဘူးနို့လည်းစို့ပါတယ်အစားလဲစားပါတယ်သားကသူများကလေးတွေထက်တော့ခေါင်းကနဲနဲပိုကြီးပါတယ်စိုးရိမ်ရလားဆိုတာကျေးဇူးပြုပြီးဖြေပေးပါဆရာ
ကလေးတွေရဲ့ သာမန်အပူချိန်ဟာ ပါးစပ်မှာတိုင်းရင် 98.6°F (37°C) ထိရှိနိုင်ပြီး 99.5°F (37.5°C) ကျော်ရင်တော့ အဖျားရှိတယ်လို့ သတ်မှတ်ကြပါတယ်… ဒီတော့ မလိုအပ်ဘဲ ကိုယ်အပူကျဆေး တိုက်ဖို့ မသင့်ပါဘူး… ဒါ့အပြင် ဖွံ့ဖြိုးမှု နှေးတာ၊ ပိန်တာ၊ ချောင်းဆိုးတာ စသဖြင့် တခြား ထူးခြားတဲ့ လက္ခဏာတွေ ရှိမရှိ စစ်ဆေးကြည့်ပါ… ဒီလို အရာတွေ မရှိရင် ယေဘုယျအားဖြင့် စိုးရိမ်စရာ မရှိပါဘူး…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.Nyunt Swe
ကလေး ရေနွေးပူလောင်ရင် အရင်ဆုံး ဘာလုပ်ရပါသလဲ
ရေနွေးပူ လောင်တဲ့ နေရာကို ရေအေးထဲမှာ ၁၅ မိနစ်ခန့် စိမ်ထားပေးသင့်ပါတယ်… အဲဒီနောက် အဝတ်သန့်သန့်လေးနဲ့ ခြောက်အောင် သုတ်ပေးပါ… အရည်ကြည်ဖု ထလာရင် မပေါက်တာကို သွားမဖောက်ပါနဲ့… သူ့အလိုလို ပေါက်တဲ့ အရည်ကြည်ဖုဆိုရင်တော့ Antibiotics cream လေး လိမ်းပေးဖို့ လိုအပ်နိုင်ပါတယ်… ကလေး နာကျင်မှု ရှိခဲ့ရင် Paracetamol တိုက်ကျွေးနိုင်ပါတယ်…
အနာ မကျက်တာ၊ ဖျားနာတာ စသဖြင့် ရှိရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Will Smith
ကျန်းမာရေး ချူချာတဲ့ ကလေးဖြစ်နေတဲ့အတွက် ကလေးအထူးကု ဆရာဝန်နဲ့ ပုံမှန် ပြသပြီး လိုအပ်တဲ့ ဆေးဝါး ကုသမှုခံယူသင့်ပါတယ်… မကြာခဏ ဖျားနာနေတဲ့ ကလေးတွေမှာ ဖွံ့ဖြိုးမှုက အနည်းငယ် နောက်ကျတတ်ပါတယ်… အာဟာရ ပြည့်စုံအောင် ကျွေးခြင်းအပြင် ဗီတာမင်စုံလင်တဲ့ အားဆေး တစ်မျိုးမျိုးလည်း တိုက်ကျွေးသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.Ko Aye Htoot
ဆရာသမီးလေးက၂နှစ်နဲ့၂လရှိပါပြီရှင့်စကားလည်းဖေဖေမေမေကလွဲပြီးမခေါ်မပြောသေးပါဘူး လမ်းလည်းသူကိုယ်တိုင်မလျောက်နိုင်သေးပါဘူး မတ်တတ်စမ်းရပ်တာလည်းစက္ကန့်ပိုင်းလောက်ပဲရပ်နိုင်ပါသေးတယ်ရှင့် မိဘတွေကအလွန်ပဲစိုးရိမ်နေရပါတယ် စကားလည်းမပြောလမ်းလဲမသွားသေးတော့ သမီးကလေးကိုနို့မဖြတ်သေးပါဘူးအမြဲတမ်းလည်းချီမထားပါဘူး အိမ်ပေါ်မှာချထားရင်လဲအမြဲတမ်းပဲထိုးအိပ်ပါတယ် ထမင်းကလွဲရင်ဘာမှသိပ်ပြီးမစားပါဘူးအစားလည်းရွေးပါတယ် ဝမ်းလည်းအလွန်ချုပ်ပါတယ်ဆရာ ဝမ်းမချုပေးရင်သုံးလေးရက်လောက်မသွားပါဘူးကလေးဝမ်းမမှန်တာရယ် လမ်းမလျောက်သေးတာရယ် ဘယ်လိုလုပ်ရမယ်ဆိုတာဆရာလမ်းညွှန်ပေးစေလိုပါတယ်ရှင့်
ဖွံ့ဖြိုးမှု နောက်ကျနေပါတယ်… ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးစနစ်တကျ စစ်ဆေးသင့်ပါတယ်…
ဝမ်းမှန်ဖို့ အတွက်ကတော့ ကလေးကို ရေများများတိုက်ပေးပါ… အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအရွက်တွေ ကျွေးပေးပါ…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.Sandar Hlaing
ဆရာရှင့် သမီလေးက ၅ လခွဲ ပါ သမီးလေးရဲ့
လက်ဖျား ခြေဖျားလေးတွေကအမြဲတမ်း အေးနေပါတယ် စိုးရိမ်ရလားရှင့် သိချင်လို့ ပါ
ကလေးရဲ့ ဝမ်းဗိုက်လေးကို စမ်းသပ်ကြည့်ပါ… ဝမ်းဗိုက်ကလေး နွေးနေရင် ကလေးရဲ့ သွေးလည်ပတ်မှုစနစ်က ပုံမှန်ပဲမလို့ စိတ်မပူရပါဘူး… ကလေးငယ်လေးတွေ (အထူးသဖြင့် ၃ လအောက်အရွယ်တွေ)မှာ သွေးလည်ပတ်မှု စနစ်က ဖွံ့ဖြိုးဆဲ ဖြစ်တာကြောင့် တခါတရံ ခြေလက်ကလေးတွေ အေးတတ်ပါတယ်…
ကလေးရဲ့ ခြေထောက်ကို စောင်၊ ခြေအိတ် စတာလေးတွေနဲ့ နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.Lin Htoo Khant Lin
ဆရာရှင့်​သား​လေးက၈လရှိပါပြီအသားငါး​ကျွေးလို့ရပါပြီလားရှင့်​တချို့ကသားငါး​ကျွေးရင်​သန်​ထတယ်​​ပြောလို့ပါ
ကျွေးလို့ရပါတယ်… သေချာ ကျက်အောင် ချက်ပြုတ်ပြီး ကျွေးပေးပါ…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.Kyaw Kyaw
ဆရာ ခလေးကချောင်းတစ်အားဆိုးနေတာ အသံပါမြည်တယ် ဘာဆေးတိုက်ရမလဲ
စနစ်တကျ စမ်းသပ်စစ်ဆေးမှု မပါဘဲ ဆေးညွှန်းပေးလို့ မရပါဘူး… ကလေးကို ဆရာဝန်နဲ့ ပြသကြည့်ပါလို့ တိုက်တွန်းလိုပါတယ်… ကလေးရင်ဘတ်ကို နွေးနွေးထွေးထွေးထားပေးပါ…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.Khaing Khaing Nyein
ဆရာ ရှင့်​သားသားက၃နှစ်​ရှိပြီဆံပင်​ကအရမ်းပါး​နေပါတယ်​ ဆံပင်​သန်​​အောင်​ဘယ်​လိုလုပ်​ရမလဲ​ပြော​ပေးပါအုံးရှင့်​။
Vitamin စုံလင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးနိုင်ပါတယ်… ဆံပင် အထူအပါးက မျိုးရိုးဗီဇ နဲ့လည်း သက်ဆိုင်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
21.Zinmar Lwin
ဆရာရှင့် သားလေးက တစ်နှစ်ခွဲကျော်ပါပြီ သွားကအပေါ်လေးချောင်းအောက်လေးချောင်းနဲ့ကြာနေပါပြီထပ်မထွက်သေးပါဘူး စကားလည်းမပြောသေးပါဘူး အဲ့ဒါစိုးရိမ်ရပါသလား ဆရာရှင့်
သွားပေါက်ခြင်းက စိတ်ပူစရာ မရှိပါဘူး… တစ်နှစ်ခွဲမှာ နှစ်လုံးတွဲ၊ လေးလုံးတွဲစသဖြင့် စကားလုံးလေးတွေ လုံးဝကိုမပြောရင်တော့ ကလေးကို ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
22.Thinthin Thinthin
ဆရာရှင့် G6PDရောဂါရှိတဲ့ကလေးကို
မကြာခင်မှာထိုးရတော့မဲ့
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးလို့ရပါသလားရှင့်
ထိုးလို့ရပါတယ်… G6PD တွေမှာ ရှောင်ကျဉ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးမှာ သတ်မှတ်ထားခြင်း မရှိပါဘူး…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
23.Myat Maw
ဆရာရှင့် သမီကတစ်နှစ်ပြည့်ပါပြီ၊ ခုထိသွားမပေါက်သေးလို့ လမ်းညွှန်ပေးပါအုံးရှင့်
မိဘ အတော်များများက ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့စိတ်စော တတ်ကြပါတယ်… သွားမပေါက်သေးတာ ပြဿနာ မရှိပါဘူး… တစ်ချို့ ကလေးတွေ တစ်နှစ်ကျော်တဲ့အထိ သွားမပေါက်သေးတာတောင် ရှိပါတယ်… စိတ်မပူပါနဲ့…
ကလေးမှာ နာတာရှည် ကျန်းမာရေးဆိုင်ရာ ပြဿနာ မရှိရင်၊ ထူးထူးခြားခြား အာဟာရ ဆိုင်ရာ ချို့တဲ့မှု မရှိရင် ဖွံ့ဖြိုးမှု နောက်ကျခြင်း ပြဿနာ မရှိတတ်ပါဘူး…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
24.Thu Thu
ဆရာ သားလေးကတစ်နှစ်ထဲရောက်
နေပါပြီနွေရာသီတုန်းက အပူဖုတွေထွက်တာအခုအမာရွတ်အဖြူ
ပျောက်လေးတွေကျန်နေခဲ့လို့ အမာရွတ်
တွေကပျောက်နိုင်လားဆရာ ပုံမှန်အသားအရည်တိုင်းပြန်ဖြစ်နိုင်လား
ဆရာ ဆေးညွန်းရှိရင်သိချင်လို့ပါဆရာ
အမာရွတ် (Scar) တွေဟာ လိမ်းဆေးလိမ်းရုံနဲ့ မပျောက်ကင်းတတ်ပါဘူး… Vit E လိမ်းလို့ရတယ်လို့ ဆိုကြပေမယ့် ခိုင်လုံတဲ့ လေ့လာမှုမျိုး ယခုထိ မရှိသေးပါ… ပြုလုပ်နိုင်တဲ့ ကုသမှုတွေက ခွဲစိတ်ခြင်း၊ လေဆာဖြင့် ကုသခြင်း၊ ဓါတ်ရောင်ခြည် သုံးကုသခြင်း (Radiotherapy)၊ စတီးရွိုက်ဆေးသွင်းကုသခြင်း (Steroid injection) စတာတွေ ဖြစ်ပါတယ်…
အမာရွတ်တွေဟာ နေရောင်ကြောင့် ပိုဆိုးနိုင်တဲ့အတွက် နေရောင်ကာ ခရမ်တွေ လိမ်းပေးခြင်းဟာ ပိုမဆိုးအောင် ကာကွယ်ပေးတယ်လို့ လေ့လာသူများက ဆိုကြပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
25.မေ သွန်းခ
ဆရာရေ ကလေးက ၃ လပါ
နို့စို့နည်းးးတယ် ညဘက်အိပ်ခါနီးလောက်မှ
တအားစို့ပါတယ် နေ့ဘက် ခဏလောက်ပဲစို့ပါတယ်
ဘယ်လိုလုပ်ရမလဲဆရာ ကျေးဇူးပြု၍ဖြေပေးပါရှင့်
ကလေးကို နို့ပုံမှန်အချိန်အတိုင်းပဲ တိုက်ပေးပါ… စို့တာကတော့ ဒီလိုပဲ ကလေးတစ်ယောက်နဲ့ တစ်ယောက် ပုံစံ တူညီမှာ မဟုတ်ပါဘူး… ကလေးရဲ့ ကိုယ်အလေးချိန် ဖွံ့ဖြိုးမှုစတာတွေ ပုံမှန်စစ်ဆေးပါ… ဒါတွေ ပုံမှန်ဖြစ်နေရင် စိုးရိမ်စရာ မရှိပါဘူး…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
26.Nway Hlaing
ဆရာကျွန်မသားလေးက လေးလပြည့်ပါပြီ ခေါင်းလေးကဘယ်ဘက်ကိုနည်းနည်းစောင်းနေလို့ပါ ဘယ်လိုလုပ်ရပါသလဲလမ်းညွှန်ပေးပါဆရာ
အနည်းငယ်ပဲ စောင်းတာဆိုရင် ယေဘုယျအားဖြင့် ပြဿနာ မရှိပါဘူး… သိသိသာသာစောင်းနေရင်တော့ ကလေးကို ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
27.Min Min Aung
ကျမကလေးက၃လခွဲပါ ခုထိခေါင်းမခိုင်သေးဘူး ကလေးအရိုးအကြောသန်မာအောင် မိခင်ကဘာတွေစားသင့်ပါသလဲ
တဖြည်းဖြည်း ခိုင်လာပါလိမ့်မယ်… စိတ်မလောပါနဲ့… မိခင်အနေနဲ့ ပုံမှန်အတိုင်း အသီးအရွက်၊ အသားငါး၊ ဆန်ဂျုံ စသဖြင့် အာဟာရ မျှတအောင် စားရင် ကလေးအတွက် လုံလောက်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
No Comments
Enroll Your Words
To Top