ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၈၅)

1.Ni Ni Aye Mg
က​လေးက ၁လပါ ဝမ်းသွားခါနီးရင်​ ညှစ်​ပြီး အရမ်းငိုပါတယ်​ လူကြီး​တွေက​လေနာတယ်​လို့​ပြောပြီး မိခင်​ကို အစား​ရှောင်​ခိုင်းပါတယ်​ အစား​ရှောင်​ဖို့လိုသလားရှင့်​ က​လေး​လေမနာ​အောင်​ဘာလုပ်​​ပေးရမလဲရှင့်​ (မုန့်​ညင်းဆီ​တော့လိမ်း​ပေးပါတယ်​)

မိခင် အစားရှောင်စရာ မလိုပါဘူး… မိခင်က အာဟာရ စုံလင်အောင် စားပေးပါ… ကလေး လေမနာစေဖို့က နို့တိုက်တဲ့အခါ မိခင် နို့သီးခေါင်းကို ကလေး ကောင်းစွာ ငုံမိအောင် ဂရုပြုပါ… သေချာ မငုံမိရင် ကလေးက လေကိုမြိုချမိတာမျိုး ပိုဖြစ်နိုင်လို့ ဖြစ်ပါတယ်… အနည်းငယ် မတ်မတ်ချီပြီး တိုက်ကျွေးပါ… နို့တိုက်လို့ နို့တစ်ဖက်ကနေ နောက်တစ်ဖက် မပြောင်းခင်မှာ ကလေးကို လေထုတ်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.ကဗျာ လေး
ကလေးက၆လကျော်ပါပြီ overtineတိုက်လို့ရပါါလားရှင့်

တိုက်လို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Su Myat
ဆရာရှင့်​သားသားကရက်​၂၀ရပါပီ​မိခင်​ကနို့ပါးစပ်​မို့တိုက်​မရလို့ နို့ဗူးထဲညစ်​ပီးတိုက်​တာပါ အခုမိခင်​နို့သီး​ခေါင်းကိုမစို့တက်​ဖြစ်​သွားပါတယ်​ မိခင်​နို့စို့တက်​​အောင်​ဘယ်​လိုမျိုးကျင့်​ရမလဲဆိုတာ​လေး​ပြောပြ​ပေးပါ​နော်​ အဆာခံပီးတိုက်​ကြည့်​ဖူးပါတယ်​မရလို့ပါ

ဖြစ်တတ်ပါတယ်… အားထုတ်ပြီး စို့ယူရတဲ့ မိခင်နို့ထက် အလွယ်ရတဲ့ နို့ဗူးဖက်ကို အားသာသွားတာပါ… တဖြည်းဖြည်း ပြန်လေ့ကျင့်ယူရင် ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.ဇေယျာ လင်းထင်
ဆရာရှင့် သမီးက ၁၀ လကျော်ပါ ဝမ်းချုပ်လို့တစ်ခါတစ်လေဆေးတိုက်ပါတယ် နေ့တိုင်းမတိုက်ပါဘူး
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးလို့ရလားရှင့် ရွှေသမင်နေ့တိုင်းကျွေးပါတယ်ထိုးပြီးရင်ရောကျွေးလို့ရလားရှင့်

တိုင်းရင်းဆေးဖက်ကိုတော့ ဆရာတို့ နားလည်တတ်ကျွမ်းတဲ့ဖက်မဟုတ်တော့ မပြောတတ်ပါဘူး… ဝမ်းချုပ်တိုင်း ဆေးမတိုက်သင့်ပါဘူး… ရေများများတိုက်ကျွေးခြင်း၊ အမျှင်ဓါတ်ကြွယ်ဝသော အသီးအရွက်များ ကျွေးခြင်း စတာတွေကို ပြုလုပ်ကြည့်ပါ… မရရင် ဝမ်းချူလို့လည်း ရပါတယ်…
ကာကွယ်ဆေးက ထိုးပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.ပန်း လေး
ဆရာရှင် သမီးက၅လထဲမှာပေါင်ချိန်မတက်လို့ပါ ၉လပိုင်းကချိန်တာ၁၃ပေါင်ကျော်ရှိတယ်၁၁လပိုင်းထဲမှာလဲဒီအတိုင်းဘဲဖြစ်နေတယ်ဘာတွေလိုအပ်တယ်ဆိုတာသိခြင်ပါတယ် ကျန်းမာရေးကတော့ချောင်းနဲနဲဆိုးပီချွှဲကျပ်တယ်

သတ်မှတ်ကိုယ်အလေးချိန် မပြည့်မီရင် ကလေးကို ကျန်းမာရေး စစ်ဆေးသင့်ပါတယ်… ဒီအရွယ်အတွက် မိခင်နို့လုံလောက်ရင် ဒီတစ်မျိုးတည်းနဲ့ အာဟာရပြည့်စုံပါတယ်… မိခင်ကလည်း အာဟာရ ပြည့်စုံအောင် စားသောက်ပေးဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Nay Myo Htet
ဆရာအိမ်​ထဲမာကပူ​တော့ပန်​ကာအမြဲဖွင့်​​ပေးထားတယ်​ခ​လေးက၁နှစ်​ပါနှာ​စေးတာပန်​ကာ​လေအမြဲခံလို့လား တ​နေ့ကိုဘယ်​နှစ်​နာရီ​လောက်​ပန်​ကာ​လေခံ​ပေးလို့ရမလဲ

တန်ဆေး လွန်ဘေးပေါ့… နာရီနဲ့ သတ်မှတ်ထားခြင်း မရှိပါဘူး… အခြေအနေအချိန်အခါ ကိုကြည့်ပြီး ကလေးကို ပြုစုပေးရမှာပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.Aunti Htwe
ဆရာရှင့်​ ကျမသား​လေးကခု၁၁လသားပါ လမ်း​စလျှောက်​တတ်​တာ တရက်​ပဲရှိပါ​သေးတယ်​ ​ခုလမ်းမ​လျှောက်​ပြန်​​တော့ပါဘူးရှင်​ ​ခြေ​ထောက်​ကိုကြည့်​လည်း အနာမရှိပါဘူးရှင့်
လျှောက်​ခိုင်းရင်​ငိုလို့ပါရှင့်​..ဘာ​ကြောင့်​ဆက်​မ​လျှောက်​ခြင်​လည်းမသိလို့​အကူညီ​​ပေးပါအုန်းဆရာ ​ကျေးဇူးပြု၍
ဖြေ​ပေးပါရှင်

စိတ်မလောပါနဲ့… ကလေးမလုပ်ချင်သေးရင် အတင်းမခိုင်းသင့်ပါဘူး… အချိန်ယူပါ…
သူ့ဘာသာ ပြန်လျှောက်လာပါလိမ့်မယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.အချစ်ရိပ် စစ်စစ်
နို့တိုက်​မိခင်​​တွေ ပဲစားရင်​ ခ​လေး​လေပွတာ အချဉ်​စားရင်​ ခ​လေးဝမ်း​လျောတာ အပူအစပ်​စားရင်​ခ​လေးဝမ်းပူ ဖင်ပူတာ ​အတက်​စာ​တွေစားရင်​ ခ​လေးပါ တက်​တယ်​ဆိုတာ ဆက်​စပ်​မှုရှိ မရှိ ​​ပြောပြ​ပေးပါရှင့်

အနောက်တိုင်း ဆေးပညာမှာတော့ အစားအစာကို ကန့်သတ်ထားတာမျိုး မရှိပါဘူး… မိခင်က အစားအကုန် စားလို့ရပါတယ်… ဒါပေမယ့် အစားအစာက အမျိုးအစား များလွန်းတဲ့ အမျိုးအစားအလိုက် လေ့လာထားတဲ့ တိကျသော လေ့လာမှုမျိုးတော့ မရှိသေးပါဘူး… ဘယ်အရာမဆို “တန်ဆေး၊ လွန်ဘေး” ဆိုသလို ချင့်ချိန် စားသုံးနိုင်ပါတယ်…
မိခင် စားသုံးတဲ့ အစားအစာတွေဟာ အာဟာရအဖြစ် မိခင်ရဲ့ ကိုယ်ခန္ဓာထဲကို အရင်ရောက်ပါတယ်… အဲဒီကမှ တဆင့် မိခင်နို့ရည်ထဲကို ထပ်ရောက်တာဖြစ်ပါတယ်… ဒီတော့ ဘာပဲစားစား ယေဘုယျအားဖြင့် ကလေးအပေါ် သက်ရောက်မှုက တိုက်ရိုက်မသွားပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.April May
ဆရာသမီး​လေးက၂နှစ်​ပါ​မေ့​စေ့​အောက်​မှာညှင်းလိုအစက်​က​လေးက​နေအဖြူကွက်​ဖြစ်​သွားတာအ​ရေပြားဆရာဝန်​ကခရုသင်းလိုဖြစ်​​နေတာတဲ့ဆရာပြန်​​ပျောက်​နိုင်​လားဆရာမတည့်​တဲ့အစာရှိလားရှင့်​အကြံ​လေး​ပေးပါ​နော်

ခရုသင်းဟာ ကုသရခက်ခဲတဲ့ အရေပြားဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပါတယ်… အရေပြား ဆရာဝန်နဲ့ ဆက်လက်ပြသပြီး ကုသသင့်ပါတယ်… မတည့်တဲ့ အစားအစာရယ်လို့တော့ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Cho Lay
ဆရာရှင့် ကျွန်မသားက ဒီဇင်ဘာ ၃ရက်ဆို၉လပြည့်မှာပါ၉လမှာဝက်သက်ကာကွယ်ဆေးထိုးရမှာပါ ပြီးဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးလည်းထိုးရမှာရှင့် တစ်လထဲမှာကာကွယ်ဆေးနှစ်မျိုးထိုးလို့ရပါ့မလားရှင့်ကျေးဇူးပြု၍ဖြေပေးပါဆရာ ကျွန်မစိတ်ပူလို့ပါရှင့်

ထိုးလို့ရပါတယ်… စိတ်မပူပါနဲ့…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Lin Htoo Khant Lin
ဆရာရှင့်​သား​လေးက၉လရှိပါပြီကတုံးတလ၂ခါ​လောက်​တုန်းတာအန္တရာယ်​ရှိပါသလာ

မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Swe Nwe Win
နို့တိုက်မိခင်ဘာကြောင့်တီလားဘီးယားငါးမစားရလည်း

စားလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.Zin Yaw
ဆရာရှင့်သားသားကလေးလကျော်ပါပြီချက်ထဲပေါင်ဒါဝင်ပြီးနီရဲနေလိုဘာလုပ်ပေးရမလဲရှင့်

နီရဲနေတာအပြင် အနာမကျက်တာ၊ အရည်ကြည်ထွက်တာ စသဖြင့် ရှိရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နိုင်ပါတယ်… ပေါင်ဒါမှုန့်ထပ်မဝင်အောင်နဲ့ သန့်ရှင်းရေးတို့ကို ဂရုပြုပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.Nilar Myint
သားလေးက ငါးလပါ ဆီးသွားတိုင်ညှစ်နေလို့ စိုးရိမ်ရလားရှင်

ဆီးလမ်းကြောင်း ပုံမှန်အနေအထား ရှိမရှိ၊ နာကျင်ပုံရနေတာ၊ ဖျားတာ စသဖြင့် စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်… အထက်ပါ လက္ခဏာတွေပါ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Ya Ti
ဆရာရှင့်သမီးလေးထမင်းကိုတလုတ်မှမစားဘူးဘယ်လိုလုပ်ရပါမလဲရှင်အမေနို့ဘဲစို့ပါတယ်သူများတွေနို့ဖြတ်လိုက်ရင်ကလေးထမင်းစားတယ်တဲ့ဟုတ်ပါသလားရှင် ထမင်းစားအောင်ဘယ်လိုလုပ်ရမလဲရှင်ဖြေကြားပေးအုံးဆရာ

၆လ ကျော်ရင် ဖြည့်စွက်စာ အာဟာရ လိုအပ်ပါတယ်… ဖြည့်စွက်စာကျွေးတဲ့အခါ ကလေးကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရ ပြည့်ဝ မျှတမယ့် အစားအစာကို တွဲကျွေးပေးပါ… တဖြည်းဖြည်း စိတ်ရှည်ရှည်ထားပြီး လေ့ကျင့်ယူပါ… အစားစားချင်စိတ် ပိုဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.Aungmin Nai
ဆရာရှင့်သမီးလေးက၁နှစ်၂လပါထမင်းကိုဥနီတစ်မျိုးထဲစားတာပါကျန်တာမစားဘူးဆရာအဟာဓာတ်မပြည့်စုံမှာဆိုးတယ်ဖြေပေးပါ

ဒီတမျိုးတည်းနဲ့ အာဟာရ ပြည့်စုံမှု မရှိပါဘူး… ဖြည့်စွက်စာကျွေးတဲ့အခါ ကလေးကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရ ပြည့်ဝ မျှတမယ့် အစားအစာကို တွဲကျွေးပေးပါ… တဖြည်းဖြည်း စိတ်ရှည်ရှည်ထားပြီး လေ့ကျင့်ယူပါ… အစားစားချင်စိတ် ပိုဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.ဝင်းကေ သီ
နားအလယ် ခန်းရောင်တာဘယ်လိုသိနိုင်မလဲ

ကလေးတွေမှာ တွေ့ရတဲ့ လက္ခဏာတွေကတော့
– အီတာ
– ညဖက် မအိပ်တာ
– နားကို လက်နဲ့ ပွတ်သတ်တာ
– နားထဲကနေ အနံ့ဆိုးရတာ စတာတွေဖြစ်ပြီး
နည်းနည်း သိတတ်နားလည်တဲ့ အရွယ်(ခံစားရတာကို ပြောတတ်ပြီ)ဆိုရင်တော့
– ခေါင်းကိုက်တာ
– နားကိုက်တာ
– နားထဲမှာ တခုခု ဝင်နေသလို ခံစားရတာ စသဖြင့် လက္ခဏာတွေ ရှိနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.Thida Hlaing
ဆရာရှင့် သာကတစ်နှစ်နဲ့သုံးလပါနေလည်းကောင်းတယ်နဲနဲမှိုင်နေလို့ စိတ်ပူရပါသလားရှင့် ကလေးဆရာဝန်ပြတော့လည်းဘာမှမဖြစ်ဘူးလို့ပြောပါတယ်

ကျန်းမာရေး စစ်ဆေးပြီးပြီဆိုတော့ မှိုင်နေတယ်ထင်ရင် ကလေးနဲ့ အတူ ဆော့ကစားပေးတာမျိုး ပြုလုပ်ကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.Swe Swe Mon
ဆရာရှင့် သားလေးက 1လနဲ့7ရက်ပါ။ သားချက်လေးက စူပြီးကြီးလာလို့ စိုးရိမ်ရပါသလားရှင်။ ချက်ကအရည်ထွက်တာ ယောင်တာ နာတာတော့မဖြစ်ပါဘူး။

တဖြည်းဖြည်း ပိုကြီးလာရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်သင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.Poshan Win
ဆရာရှင့် သားသားကပါး ၂ ဖက်မှာအနီအဖုလေး ၂ ဖုပေါက်နေတာခြင်တို့ပရွက်ဆိတ်တို့ကိုက်လို့လည်းမဟုတ်ဘူး
တော်တော်ကြာသည်အထိမပျောက်ပဲဖြစ်နေတာ
မနက်မျက်နှာသစ်ရင်တော့ဆပ်ပြာနဲ့မသစ်ဘူးရှင့် ရေနဲ့ပဲသစ်ပေးလိုက်တာသနပ်ခါးတော့လိမ်းပေးတယ်ရှင့်
ဘာကြောင့်ဖြစ်လဲ ဘာဆေးလိမ်းရမလဲဖြေပေးပါရှင့်

အရေပြားဆိုင်ရာ ရောဂါ ဖြစ်တဲ့အတွက် ဖြစ်တဲ့ပုံစံ၊ အရွယ်အစား စသဖြင့် သေချာ ကြည့်ရှု စစ်ဆေးဖို့ လိုအပ်ပါတယ်… အရေပြား အထူးကု၊ ဒါမှမဟုတ် ကလေးအထူးကု ဆရာဝန်နဲ့ပြသသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
21.Yamin Htun
သားသားက၂လခွဲပါ။၁လသားကစပြီးတချက်​နှစ်​ချက်​ပဲငိုပြီးတကိုယ်​လုံးပြာနှမ်းသွားပါတယ်​ခဏ​နေမှအံပြန်​ထွက်​ပါတယ်​။၂လသားအထိ၇ကြိမ်​ရှိပြီးယခု၂လခွဲမှာ၁ကြိမ်​ဖြစ်​သွားပါတယ်​။က​လေးကိုအကြာကြီးအငိုလည်းမခံပါဘူးရှင့်​။ဘာဖြစ်​တာလဲရှင့်

တကိုယ်လုံး ပြာနှမ်းခြင်းမျိုး ရှိရင် ကလေးကို ကလေးအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်… နှလုံးဆိုင်ရာ ပြဿနာမျိုး ဖြစ်နေနိုင်တဲ့အတွက် ဖြစ်ပါတယ်… တကယ်လို့ ပြဿနာ ရှိခဲ့ရင် ကလေးရဲ့ ဖွံ့ဖြိုးမှုနှုန်းကိုပါ အနည်းနဲ့ အများ ထိခိုက်နိုင်တဲ့အတွက် အမြန်ဆုံး ပြသစစ်ဆေးကြည့်ပါလို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
22.Aye Aye Khaing
ဆရာရှင့်ကလေးက 7 လခွဲရှိပါပြီ မိခင်သန်ကျဆေးသောက်လို့ရပါသလားဆရာ

သောက်လို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
23.Hnin Hnin
ဆရာရှင့်သမီးလေးကnestleနဲ့မတည့်ပါဘူး ကျွေးရင်အနီဖုတွေ ပါးစပ်နား တ၀ှိုက်ပေါက်ပါတယ် အဲဒါမျိုးဖြစ်ရင် ဂျပန်ဦးနှောက်ရောင် ထိုးလို့ရပါ့မလားရှင် မတည့်မှာစိတ်ပူလို့ပါ

ဓါတ်မတည့်ခြင်း ပြဿနာဟာ ကြိုတင်မှန်းဆလို့ မရတဲ့ ပြဿနာ ဖြစ်ပါတယ်… ဘယ်အစားအစာ မတည့်ရင် ဘယ်ဆေးမထိုးရဘူးရယ်လို့တော့ မရှိပါဘူး… ဆေးတိုင်းဆေးတိုင်းမှာ Allergic ဖြစ်နိုင်တဲ့ risk ရှိတတ်ပါတယ်… သာမန် ယားယံခြင်းထက် မပိုရင်၊ ကြီးကြီးမားမား ဓါတ်မတည့်ခြင်းမျိုး မဖြစ်ရင် ပြဿနာမရှိပါဘူး… ထိုးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
24.Htet Htet
Dr. Mild ရှင့်  ကလေးက ၃ လခွဲ ပါ ခြေထောက်က နည်းနည်း ဝိုင်းနေတယ် ဘယ်လို ပြင်ပေးရမလဲရှင့် 

ကလေးတွေဟာ မိခင်ရဲ့ သားအိမ်အတွင်း နေရတဲ့ ပုံစံကြောင့် လူကြီးတွေလို မဟုတ်ဘဲ ခြေထောက် အနည်းငယ် ခွင်နေတတ်ပါတယ်… ဒါဟာ သဘာဝပါ… အများအားဖြင့် အသက် ၃ နှစ်လောက်ကနေ စပြီး တဖြည်းဖြည်း ပြန်ဆန့်တန်းလာတတ်ကြပါတယ်… အထွေအထူး ဘာမှ ပြုလုပ်ပေးစရာ မလိုပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
25.သစ္စာ ပန်း
ဆရာရှင့်ကလေးက တလနဲ့နှစ်ရက်ရှိပါပြီ ကလေးကမထွေားဘူး နို့စို့ပြီးရင် အမြဲတမ်းအီပါတတ်တယ်ဆရာ အဲဒါကောင်းပါသလားဆရာ

ထူးထူးခြားခြား ပြဿနာ မရှိရင် စိတ်မပူရပါဘူး… ကလေးကို ပုံမှန် ကိုယ်အလေးချိန်စစ်ဆေးပေးပါ… သတ်မှတ်ချက်အတွင်း ပြည့်မီရင် ပြဿနာမရှိပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top