ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၈၆)

1.Hnin Pu
သားလေး အသက်၆လပါ။ နှာခေါင်းပိတ်တာ၃ပတ်ကျော်ပါပီ။ အစက်ချဆေးလဲသုံးပါတယ်။ သ
က်သာလိုက် ပိတ်လိုကိဖြစ်နေပါတယ်။ ခေါင်းလဲစွပ်ပေးထားပါတယ် နွေးအောင်လဲထားပါတယ်။ ညညဆိုနှာခေါင်
းပိတ်ေ့ကောင်းကောင်းမအိပ်ပါဘူးရှင်။ ဘယ်လိုပြုမူနေထိုင်ရမလဲရှင်

မကြာခဏ ပြန်ဖြစ်တတ်ရင် နှာခေါင်းအတွင်းပု
ိင်းကို ဆရာဝန်နဲ့ ပြသစစ်ဆေးတာမျိုး ပြုလုပ်ပေးနိုင်ရင် ကောင်းပါတယ်… နွေးနွေးထွေးထွေးထားပေးတာနဲ့ အ
စက်ချတာလည်း ဆက်လက်ပြုလုပ်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.Yuza Na Drရှင့်

သမီးလေးကတစ်နှစ်လေးလပါ
အိမ်ကကြွေပြားခင်းထားတော့ခဏခဏနောက်ပြန်လန်ကြပါတယ် ကလေးခေါင်း
စိုးရိမ်ရလားသိချင်လို့ပါ

ကလေးငယ်တွေရဲ့ ဦးခေါင်းခွံဟာ မဆက်သေးဘဲ ဟနေတဲ့အတွက် မကြာခဏ ထိခိုက်မိေ
ပမယ့် တော်ရုံ ဦးနှောက်ကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်… ဒါပေမယ့် ပြင်းထန်တဲ့ ထိခိုက်မှု ဆိုရင်
တော့ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်… ဒါကြောင့် ကလေးဆော့ကစားတဲ့ ပတ်ဝန်းကျင်၊ ကြမ်းပြင် စတာတွေကို
ထိခိုက်မှု နည်းအောင် ပြုလုပ်စီမံပေးထားသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.Taim Thik Lay
ဆရာရှင် သမီးလေးက ၂လကျော်
ကျော်ပဲရှိပါသေးတယ် ဝမ်းတအားသွားတယ်
နေ့ကောညကောသွား
နေလို့
ကလေးကတော့ ဘာမှာမဖြစ်ဖူး
ဝမ်းအရောင်လည်း ကောင်းတယ်
အားဆေးကတော Grovit တိုက်တယ်ရှင်
ဘာကြောင့်ဘာဖြစ်တယ်ဆိုတာ
ဆရာ ပြောပြပေးပါအုံးရှင်

ဝမ်းလျှော ဝမ်းပျက်စေနိုင်တဲ့ အကြောင်းအရာ များစွာ
ရှိပါတယ်…
ဝမ်းသွားတဲ့ ပမာဏ များချိန်မှာ မိခင်နို့ကို ပိုတိုက်ပေးရမှာဖြစ်ပြီး ဒီထက်ပိုများများ သွားရင်တော့
ဓါတ်ဆားရည် ပြန်လည်တိုက်ကျွေးပေးဖို့ လိုအပ်တတ်ပါတယ်… ဝမ်းသွားတာ မသက်သာရင် ဆရာဝန်နဲ့ ပြသပြီး
ကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Zin Mar Htwe
သား
သားက၂နှစ်ပါ သူများအိမ်သွားလည်ရင် ဆပွန်စာအားပြည့်အချိုရေတိုက်ပါတယ်ကို ကမတိုက်ချင်းဘူးခလေး
ကတွေ့တော့သောက်တာပေါ့နော် အဲတာဘာဖြစ်နိုင်လည်းဆရာရှင့်

ဘာမှ မဖြစ်ပါဘူး… တန်ဆေးလွန်ဘေးဆိုသလို
အလွန်အကျွံမသောက်ရင် ပြီးတာပါပဲ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.ကိုဝင်းထွန်း ဝင်း
ဆရာရှင်​ သား​လေးကG6pdရှိပါတယ်​။နောက်​ပြီးအတက်​​ရောဂါရှိလို့​ဆေးတိုက်​​နေရပါတယ်​။အဲဒီ​ရောဂါ​တွေကြီးပါ့
မလားဆရာ။သား​လေးအတွက်​စိတ်​ပူလို့ပါ

နာတာရှည် ရောဂါ ရှိတဲ့ ကလေးငယ်တွေဟာ ပုံမှန်ကျန်းမာတဲ့ ကလေး
တွေထက်တော့ ဖွံ့ဖြိုးမှုနှုန်း ပိုအားနည်းတတ်ပါတယ်… ဒါပေမယ့် စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုပေးရင်
ဒီပြဿနာကို နည်းပါးသွားအောင် တော့ ပြုလုပ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.Phyo Thida Shein
ဆရာရှင့်​ က​လေး​တွေ ချွဲကြပ်​တယ်​ဆိုတာ ဘာ​ကြောင့်​ဖြစ်​တတ်​တာလဲ သိပါရ​စေရှင့်
အချို
တွေစားလို့ ချွဲကြပ်​တတ်​ပါသလား

အအေးပတ်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ မျိုးရိုးဗီဇကြောင့်ဖြစ်ခြင်း စသဖြင့် ချွဲကြပ်စေန
ိင်တဲ့ ပြဿနာပေါင်းများစွာ ရှိပါတယ်… အချိုစားလို့ ချွဲကြပ်တတ်လားဆိုတာ တိကျသေချာတဲ့ လေ့လာမှုမျိုးတော့
မရှိသေးပါဘူး… မတည့်သော အစားအစာမျိုး စားမိရင်တော့ ဖြစ်တတ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.Linn Nay
Dr ရှင့်​ ကျွန်​မသမီး​လေးက
လေးလပါ အိပ်​တာက
တော့ပုံမှန်​ပါပဲ ​ဆော့​တော့နို့စို့နည်းပါတယ်
အား​ဆေးတိုက်​ဖို့လိုအပ်​လားရှင့်

ကလေးရဲ့ ကျန်းမာရေးအခြေအနေ ပုံမှန်
ဖြစ်နေရင်၊ အစာအာဟာရ ပြည့်စုံမျှတအောင် ကျွေးပေးရင် အားဆေးမတိုက်လည်း ပြဿနာမရှိပါဘူး… တို
က်ချင်ရင် တိုက်လို့လည်း ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.Hinn Dolay
Drရှင့်ကျွန်မသားလေးက၂နှစ်နဲ့သုံးလပါ ကလေးကရှူးရှူးပေါက်ရင်ပျို့ပျို့နေပါတယ်ဝမ်းသွားရင်လည်း ပျို့ပျို့နေပါတယ်
အဲဒါဘာကြောင့်ပါလဲဆရာဖြေပေးပါနော်

ကလေးရဲ့ အခြေအနေအသေးစိတ်ကို စစ်ဆေးစမ်းသပ်ဖို့ လိုအပ်ပါတယ်…
အဖျားရှိမရှိ တိုင်းတာကြည့်ပါ… ဖျားနေရင်တော့ ကလေးကို ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.Pan Nu Shine Shine
ဆရာရှင့်​က​လေးက၅လပါ ဆီးသွား
တာမနက်​ဆို၂ခါ၃ခါပဲသွားတယ်​ညဘက်​ဆိုရင်​​တော့၇​ခေါက်​​လောက်​သွားတယ်​အဲ့ဒါဆီးနည်းတယ်​လားဆရာရှင့်
ဆေးခန်းပြဖို့လိုမလားရှင့်​​ဖြေ​ပေးပါ​နော်

ဆီး အနည်းအများဟာ ရာသီဥတု၊ နို့စို့တဲ့ ပမာဏ စတဲ့ အခြေအနေတွေေ
ပ်ါမှာ မူတည်ပါတယ်… ကျန်တဲ့ ကလေးရဲ့ အခြေအနေတွေ ကောင်းမွန်နေရင် ပြဿနာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Nilar Nilar
ဆရာရှင့် ကျွန်မသမီးလေးက ဒီဇင်ဘာ9ရက်မှာန
ှစ်နှစ်ပြည့်ပါပြီရှင် ဒါပေမယ့်ငယ်ထိပ်လေးကမပိတ်သေးလို့ပါ ဘာကြောင့်ပါလဲရှင် စိုးရိမ်ရပါသလားရှင် ကျန်တဲ့ဖွံြ့
ဖိုးမှုပိုင်းဆိုင်ရာတွေတော့နောက်မကျပါဘူးရှင် ကျေးဇူးပြု၍ဖြေပေးပါရှင်

အနည်းငယ်သော ကလေးငယ်တွေဟာ
ငယ်ထိပ်ပိတ်တာ နောက်ကျတတ်ပါတယ်… ဒီအရွယ် ကလေးငယ်တွေရဲ့ ၉ ၆% လောက်ဟာ ငယ်ထိပ်ပိတ်ပြီြ
ဖစ်ပါတယ်… မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့တဲ့တာ (hypothyroidism)၊ Vitamin D ဓါတ် ချို့တဲ့တာ စတဲ့ တချို့
အခြေအနေတွေမှာ ငယ်ထိပ်ပိတ်ခြင်း နောက်ကျတတ်ပါတယ်…
မပိတ်ဘဲ ကျန်နေတဲ့ အရွယ်အစားရယ် ကလေးရဲ့
ကျန်းမာရေး အခြေအနေတွေကို စစ်ဆေးသင့်ပါတယ်… ဒါကြောင့် ကလေးအထူးကု ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့
တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Ko Ko Naing
ဆရာရှင့် သမီးက၆
လထဲမှာပါ မမှောက်နိုင်သေးဘူးမိခင်ကနောက်ကနေထိန်းတာတောင်မထိုင်ပါဘူးအမြဲမတ်တပ်ဘဲရပ်နေပါတ
ယ်မထိုင်နိုင်မှာစိုးရမ်ရလား

မိဘအတော်များများက ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို စိတ်စောတတ်ကြပါတယ်… ကလေး
တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှု ပုံစံ အနည်းငယ် ကွဲပြားတတ်ပါတယ်… အများအားဖြင့် အာဟာရ မြ
ပည့်စုံခြင်း၊ နာတာရှည် ရောဂါတစ်ခုခု ရှိခြင်းစတဲ့ ပြဿနာတွေ မရှိရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာဟာ တွေ့ရခဲပါ
တယ်… ဒါကြောင့် စိတ်မပူပါနဲ့…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Zar Chi
ဆရာရှင် သားေ
လးက ၇ လရှိပြီး ခေါ်င်းလေးကနည်းနည်းစောင်းလို့ဆရာ .ဘယ်လို့ပြုပြင်ပေးရမလဲရှင် ဖြေကြားပေးပါ

အနည်း
ငယ်သာ ဖြစ်ရင် အထွေအထူး ပြုပြင်ပေးစရာတော့ မလိုအပ်ပါဘူး… သိသိသာသာဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြသ
စစ်ဆေးကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.MyaThin Kyu Dr
ရှင့်ကျေးဇူးပြုပြီးဖြေေ
ပးပါရှင့် သမီးသားလေးက ၁၀ လပါရှင့် အခုချိန်ထိ ထထိုင်လည်းမထိုင်ဘူးလ မတ်တပ်လည်းမရပ်ပါရှင့် ဘ
ယ်လိုလုပ်ရမလဲအကြံပြုပေးပါရှင့် မွေးပြီးအသားဝါလို့ သွေးလဲလိုက်ရပါရှင့် အကြံပြုပေးပါရှင့်

တခြား ဖွံ့ဖြိုးမှုတွေပါ
သိသိသာသာ နောက်ကျခြင်း ရှိမရှိ စစ်ဆေးကြည့်ပါ… ဒီအရွယ် ကလေးငယ် အများစု ပြုလုပ်နိုင်တာတွေကတော့

တာ့တာလုပ်တတ်ခြင်း၊ လက်ဝှေ့ယမ်းနှုတ်ဆက်ခြင်း
– ပစ္စည်းများကို လက်မနှင့် လက်ညှိုးဖြင့် ညှပ်၍ ကော
က်ယူတတ်ခြင်း
– လေးဖက်ထောက်၍ ကောင်းစွာ သွားနိုင်ခြင်း
– ထိုင်ခုံ၊ စားပွဲအစရှိသည်တို့ကို ကိုင်ပြီး လမ်းေ
လျှာက်ရန်ကြိုးစားခြင်း စတာတွေ ဖြစ်ပါတယ်…
အဖက်ဖက်က သိသိသာသာ နောက်ကျနေရင်တော့ ဆရာဝန်နဲ့ြ
ပသပြီး ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ပါတယ်… အနည်းငယ်သာ နောက်ကျရင်တော့ စောင့်ကြည့်လို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.Ei Phyu Win
ဆရာရှင့်သားလေးက ၅ နှစ်ရှိပါပြီ ပေါင်ချိ
န်က၃၂လောက်ပဲရှိပါတယ်ကျန်းမာရေးကတော့ကောင်းပါတယ်ရှင့် ဝိတ်တက်အောင်ဘာတွေကြွေးရမလဲရှင့်

အစားအစာ ကျွေးတဲ့အခါ အာဟာရ ဖြစ်စေမယ့် အစားအစာတွေ ကျွေးပေးပါ… အစားစားချင်စိတ် ပိုဖြစ်အောင်
Lysine ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Yadanar Yadanar
ဆရာကလေးက ၁လပြည့်ပါညဘ
က်ဆိုလေပါလို့လားမသိဘူးအာခေါင်ချစ်ငိုပါတယ်ဆောင်ရန်ရှောင်ရန်ပြောပါအုန်းဆရာရယ်

ကလေးငိုစေတဲ့ အေ
ကြာင်းအရာ များစွာရှိပါတယ်… အောက်မှာ ပေးထားတဲ့ Link မှာ ရှိတဲ့ ဆောင်းပါးလေးကို ဖတ်ရှုပေးပါ…


ကလေးငယ်များ ငိုရခြင်းရဲ့ နောက်ကွယ်က အကြောင်း ၁၂ ချက်နဲ့ အငိုတိတ်ဖို့ ချော့မြှူခြင်း

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.ဝါ ဝါ
Dr ရှင့်သမီးလေးက ၁နှစ်နဲ့ ၈လပါ ခုရက်ပိုင်းထမင်း
လည်းနဲနဲပိုစားပါတယ် ဒါပေမဲ့ည ဘက်ဝမ်းထထသွားတတ်ပါတယ်နေ့ဘက်ဆိုမသွားတဲ့ရက်ဆိုမသွားပါဘူး ဘြာ
ဖစ်လို့လဲသိချင်ပါတယ်
ဖြေကြားပေးပါရှင့်

အစားအစာ ပြောင်းလဲကာစမှာ ဝမ်းသွားပုံ အလေ့အထ ပြောင်းလဲနို
င်ပါတယ်… ဝမ်းလျှော ဝမ်းပျက် မဖြစ်ရင် စိတ်မပူရပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.Ko Ko Shin Thant
ဆရာရှင့်သားလေးက ခေါင်းမနိုင်တာလားမသိဘူး ခေါင်းလေးကစောင်းနေတယ်သားလေးက၅
လရှိပါပြီ တချို့ကပြောတာကခေါင်းကနိုင်တယ်တဲ့ဇက်လေးစောင်းနေတာတဲ့ဘယ်လို့လုပ်ရပါမလဲ

လည်ပင်းကြွက်သားတွေ ဖွံ့ဖြိုးဆဲကာလမှာ ဖြစ်တတ်ပါတယ်… သိသိသာသာ စောင်းနေရင်တော့ စိတ်ပူနေရင် ဆရာဝန်နဲ့
တစ်ခါလောက် ပြသစစ်ဆေးကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.Yoke Soe Lay
ဆရာရှင့်သမီးက၁နှစ်နဲ့၂လပါတစ်ခါတလေကျဝတယ်တစ်ခါတလေကျသူ့အလိုလိုပိန်တယ်ကျန်းမာရေးကတော့ေ
ကာင်းပါတယ်အဲဒါစိုးရိမ်ရသလားရှင့်

ဖြစ်တတ်ပါတယ်… သတ်မှတ် ကိုယ်အလေးချိန်ထက် လျော့နည်းတာ၊ တခြား
ထူးခြားတဲ့ လက္ခဏာမျိုး မရှိရင် စိတ်မပူရပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.May John
ဆရာရှင့်​သား​လေးကအခုဆို ၁နှစ်​နဲ့၇လပါသူက​ရေဆိုခဏခဏ​သောက်​ပြီးဆီးသွားရင်​လည်း​အများကြီးသွားတ
ယ်​ကျွန်​မနဲ့ကြုံတာ ၃ကြိမ်​​လောက်​ရှိပြီဆီးမှာပုရွက်​ဆိတ်​အမဲ​ကောင်​တွေတက်​တာ​တွေ့လို့စိတ်​ပူပြီး​ဆေးခန်းမှာ
ဆီးချို​သွေးချိုသွားစစ်​​တော့လည်းမရှိဘူးဆရာအဲ့ဒါဘာဖြစ်​လို့ပါလည်းဆရာသား​လေး​မွေးကာစတုန်းက​တော့အ
ချိုဓာတ်​မြင့်​လို့ဆိုပြီး​တော့​ဆေးရုံ၅ရက်​တပ်​ရတယ်​အဲ့ဒါနဲ့များစပ်​ဆက်​​နေလားဆရာ​​ကျေးဇူးပြု၍​ဖြေ​ပေးပါဆရာ

အရင်ကလည်း ဖြစ်ဖူးပြီး လက္ခဏာ တချို့လည်း ရှိတော့ စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်… Random ခေါ် ကြံ
ုတဲ့အချိန် ဖောက်စစ်တဲ့ သွေးချိုဟာ တိကျမှန်ကန်သော အဖြေကို မပေးနိုင်ပါဘူး… တစ်ခါတည်းနဲ့လည်း ရောဂါ
ရှိမရှိ မသိနိုင်ပါဘူး… စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်… ကလေးအထူးကု ဆရာဝန်နဲ့ ပြသကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.လမင်း ဖြူ
သားသားကတစ်နှစ်နဲ့ ရှစ်လထဲမှာပါ ဒီအရွ
ယ်ကလေးတွေရဲ့. အစာအိမ်ကဘယ်အရွယ်စားရှိပါသလဲလူကသိပ်မထွားပါဘူး ပုံမှန်ပါပဲ

ကလေးရဲ့ အရွယ်ပေါ်
မူတည်ပြီး ကွာခြားနိုင်ပါတယ်… တိတိကျကျ ပြောလို့ မရနိုင်ပါ… အစာအိမ်အရွယ်အစားထက် ထွားကြိုင်းသန်မာဖို
့က အာဟာရ ပြည့်စုံပြီး ကျန်းမာရေး ကောင်းမွန်နေဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
21.YadanaOo YadanaOo
ဆရာရှင့်​ သမီး​လေးက၇လပါ မ
ထိုင်​​သေးလို့ ဘယ်​အရွယ်​မှ ထိုင်​တာလဲရှင့်​ 

အများအားဖြင့် အသက် ၄ လကနေ ၇ လ ကျော် အတွင်းမှာ ထိုင်နို
င်ကြပါတယ်… တခြား ဖွံ့ဖြိုးမှုတွေ ဖြစ်တဲ့
– အနီးရှိပစ္စည်းများကို လှမ်းပြီး ယူနိုင်ခြင်း
– မပီကလာ၊ ပီကလာ အသံ
ထွက်ခြင်း စတာတွေပါ သိသိသာသာ နောက်ကျခြင်း ရှိမရှိ စစ်ဆေးပါ…
အဖက်ဖက်က နောက်ကျနေရင်တော့
ကလေးကို ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်ပါတယ်… အနည်းငယ်သာ နောက်ကျတာဆိုရင်တော့ စိတ်ပူစရာ မရှိ
ပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
22.Nay Chi Nway
ဒီဆေးက ဘာလို့ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်ရတာလဲရှင့်။ တခြားချောင်းဆိုးပျောက်ဆေးတွေနဲ့ ဘာကွာပါသလဲရှင့်ဆေးတော်တော်
များများမှာ ဒီလို ဆရာဝန် ညွှန်ကြားမှသာ သောက်ရမယ်ဆိုတဲ့ စာတွေပါဝင်ပါတယ်…
ဒီလိုမပါဝင်တဲ့ ဆေး အနည်းငယ်သာ ရှိပါတယ်… ချောင်းဆိုးပျောက်ဆေးအမျိုးမျိုး ရှိပြီး ဒီထဲမှာတော့ Dextromethorphan ပါဝင်ပါတယ်…
ဆရာဝန်တွေက လူနာရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ဆေးကို ညွှန်ကြားကြရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
23.Kay Thi
နိုတဖက်တည်းတိုက်ရင်ဦခေါင်းစောင်းတက်လားရှ
င်

မစောင်းတတ်ပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
24.Phyo Lay
ဆရာရေသားသားေ
လးကနေမကောင်းလို့ကာကွယ်ဆေးထိုးလို့ရလားမသိလို့ပါ

ကလေးရဲ့ အဖျား အခြေအနေနဲ့ ထိုးရမယ့် ကာကွယ်
ဆေးအပေါ် မူတည်ပါတယ်… ထိုးနှံပေးမယ့် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
25.Soe Htike
ဆရာရှင်ဂျပန်ဦးနှောက်ရောင်ကာကွယ်ေ
ဆးG6PDကလေးရောထိုးလို့ရလားရှင်ထိုးပေးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top