ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၈၇)

1.အချစ်ရိပ် စစ်စစ်
က​လေးမှာ G6PD ရှိ​လို့ ​သွေးအားနည်းတာဖြစ်​ရင်​ ​သွေးအား​ကောင်း​စေတဲ့ ​ဆေးနဲ့ အစားအစာ​တွေက အမြဲတမ်း ​ထောက်​အပံ့ဖြစ်​နိုင်​ပါသလားရှင့်​ ဘယ်​နှစ်​လတစ်ကြိမ် ​​သွေးစစ်​ဖို့လိုအပ်​ပါသလဲ ဓာတ်​မတည့်​မှု​တွေကို​ရှောင်​နိုင်​ရင်​​ရော ​အလိုလို​ရောဂါ​ဖောက်​တာ​တွေရှိနိုင်​ပါသလား ဘယ်​လိုနည်းလမ်း​တွေနဲ့​နေထိုင်​တာ အ​ကောင်းဆုံးဖြစ်​မလဲရှင့်

G6PD ရောဂါရှိသူကလေးငယ်တွေဟာ မတည့်တဲ့ဆေး၊ အစာ စတာတွေကို ရှောင်ရှားပေးရင် ပုံမှန်အတိုင်း နေထိုင်နိုင်ကြပါတယ်… ပုံမှန်ပြသရမယ့် အချိန်နဲ့ ဆေးလိုအပ်ချက်ကတော့ ကုသပေးနေတဲ့ သွေးရောဂါ အထူးကု၊ ကလေးရောဂါ အထူးကု ဆရာဝန်ရဲ့ ညွှန်ကြားမှု အတိုင်းလိုက်နာဖို့ လိုအပ်ပါတယ်…

အောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကိုလည်း ဖတ်ရှုပေးပါ…

ကလေးများနှင့် G6PD Enzyme ဓါတ်ချို့ယွင်းခြင်း

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2.Poshan Win
ဆရာရှင့် သားက၁၀ လပါ
သားသားမျက်ဆန်နက်ကလေးတွေကပုံမှန်လို့လည်းပြောလို့ရတယ်ဒါပေမယ့်တခါတလေတဖက်ကအလယ်မှာရောက်နေရင်တဖက်ကဘေးမှာရောက်နေတတ်လို့ပါတခါတလေဖြစ်တာပါအမြဲတော့မဖြစ်ဘူးရှင့်
တချို့ကသူငယ်နာတချို့ကတော့ငယ်သေးလို့မကြည့်တတ်သေးလို့လို့ပြောနေလို့ပါ
ဘာဖြစ်လို့လဲဆိုတာပြောပြပေးပါရှင့်

စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်… သိသိသာသာ ဖြစ်နေရင် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3.
Amy Soe Lay
သမီး​လေးက၄လသမီးပါ တလပြည့်​ပီးကတည်​ယကdiaper ခံ​ပေးပါတယ်​ လူကြီး​တွေကဒိုင်​ဘာခံရင်​က​လေး​ခြေခွင်​တတ်​တယ်​လို့​ပြောပါတယ်​ဟုတ်​ပါသလားရှင့်​​နောက်​တခုကအမြဲခံထားရင်​​သေးပူ​လောင်​တယ်​​ပြောပါတယ်​ခုချိန်​ထိ​သေးပူမ​လောင်​​သေးပါဘူးရှင့်​​သေချာသန့်​ရှင်း​ပေးပီးမှက​လေးကိုအသစ်​လဲ​ပေးတာပါ diaper ခံ​ပေးရင်​သူ့အတွက်​ဆိုးကျိုးဘာ​တွေဆက်​ဖြစ်​လာနိုင်​သလဲသိချင်​လို့ပါရှင့်

ကလေးတွေဟာ မိခင်ရဲ့ သားအိမ်အတွင်း နေရတဲ့ ပုံစံကြောင့် လူကြီးတွေလို မဟုတ်ဘဲ ခြေထောက် အနည်းငယ် ခွင်နေတတ်ပါတယ်… ဒါဟာ သဘာဝပါ… အများအားဖြင့် အသက် ၃ နှစ်လောက်ကနေ စပြီး တဖြည်းဖြည်း ပြန်ဆန့်တန်းလာတတ်ကြပါတယ်… Diaper ကြောင့် ခြေမခွင်ပါဘူး…
ဆီးပူမလောင်ဖို့က Diaper ဝတ်ပေးထားရင် အချိန်အကြာကြီး မထားဘဲ ပုံမှန်လဲလှယ်ပြီး သန့်ရှင်းရေး ပြုလုပ်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4.Koko Phyo
မင်္ဂလာပါဆရာ သမီးရဲ့ကလေးက ၆လပြည့်လို့ကာကွယ်ဆေးထိုးပေးပါတယ်ရှင် နောက်တစ်ရက်ရောက်တော့ဆေးထိုးထားတဲ့နေရာမှာရောင်ပြီးအကြိတ်လုံးကြီးရှိနေပါတယ်ရှင့် ထိုးပေးတဲ့ဆရာမကိုမေးကြည့်တော့ ဆရာခို ပါးပါးလေးပွတ်ပေးပါလို့ပြောပါတယ်ရှင် ပွတ်ပေးလဲအရောင်ကမလျော့ပါဘူးရှင်၃ရက်တော့ရှိပါပြီရှင် မသက်သာလိုဘယ်လိုကုသပေးရမလဲရှင် ဆရာကျေးဇူးပြု၌ ဖြေကြားပေးပါဦးရှင်

ဖြစ်တတ်ပါတယ်… အများအားဖြင့် ပြဿနာ မရှိပါဘူး… တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်… အကျိတ်ဖြစ်ခြင်းအပြင်၊ ကလေး အဖျားကြီးခြင်း၊ အနာမှ အရည်ထွက်ခြင်း စတာတွေ ဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5.သစ္စာ ပန်း
ဆရာရှင့်ကလေးက45ရက်ပါအီပါချင်သီးပါချင်ရင်အော်ပြီးညှစ်ပါတယ်နောက်ပြီအီးပါတာအကုန်းလုံးအမြုပ်တွေဘဲဆရာအဲဒါကိုဘယ်လိုလုပ်ရမှာလဲ

ဝမ်းပျက်နေတာမျိုးဖြစ်နိုင်ပါတယ်… ရက်အတန်ကြာဖြစ်နေရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6.ဆောင်း နှင်းဖြူ
ဆရာရှင့်ကျမသမီးလေး၂လခွဲပါဝမ်းခနခနဆိုသလိုသွားနေပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆရာအလင်ူပြ ပါ

ဝမ်းပျက်နေတာမျိုးဖြစ်နိုင်ပါတယ်… ရက်အတန်ကြာဖြစ်နေရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7.Ye Thiha
ဆရာသားလေးက၄လပါဆီးသွားရင်အနံပါတယ်ကိုယ်အလေးချိန်လဲတက်မလာဘူးဘာလုပ်သင့်ပါသလဲရှင့်

ဆီးအနံ့ ဆိုးရွားစွာနံခြင်းအပြင် ဖျားနာခြင်း၊ ဆီးသွားစဉ် နာကျဉ်ပုံမျိုး ဖြစ်ခြင်းတို့ မရှိရင် အများအားဖြင့် စိတ်မပူရပါဘူး… ကိုယ်အလေးချိန်က သတ်မှတ်ချက်အတွင်း ရောက်မရောက် ပုံမှန်စစ်ဆေးပါ… သတ်မှတ်ချက်အတွင်း မရှိနေရင်တော့ ကလေးကို ကျန်းမာရေး စစ်ဆေးပေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8.ခင်သက် မာ
ဆရာရှင့် သားလေးကဆယ်လပါ တနေ့ကိုဝမ်းလေးခါလောက်သွားပါတယ် ခလေးကဝလဲဝပါတယ် ပြီးတော့ချောင်းဆိုးပြီးအမြဲရင်ကျပ်ပါတယ် ပြီးရင်တော့ပျောက်သွားတယ် ခေါင်းလဲပူပါတယ် ဆရာမကအဆုတ်အားနဲတာ ဘာမှမဖြစ်ဘူးလို့ပြောပါတယ် အဲ့ဒါဂျပန်ဦးနှောက်ကာကွယ်ဆေးထိုးလို့ရလား သိချင်ပါတယ်ဆရာရှင့်

ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9.ThanThan Wai
ဆရာရှင့်
သားသားလေးက၁နှစ်နဲ့၁၀ပါ
မိခင်ဝန်ထမ်းမလို့နို့ဖြတ်လိုက်တာ
နွားနို့သောက်ပါတယ်
နှစ်နှစ်မပြည့်ရင်နွားနို့မတိုက်ရဘူးပြောနေလို့
တိုက်လို့ရပါသလားဆရာရှင့်

တိုက်လို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10.Zarchi Zarzar
ဆရာရှင့်သမီးသားက ဒီဇင်ဘာ19ရက်နေ့မှာ9လပြည့်မှာဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးက20ရက်နေ့နောက်ဆုံးဆေးထိုးတာသားသားက9လကိုတစ်ရက်ပဲရှိသေးတာဆေးထိုးလို့ရလားသိချင်ပါတယ်ဆရာရှင့်

ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11.Aye Aye Sandi
ဆရာသမီးလေးက ၁ နှစ်နဲ့ ၅ လထဲမှာပါ နဲနဲအအေးပတ်တာနဲ့ချောင်းဆိုးနားစေးပါတယ်ခနခနဖြစ်ပါတယ် အဲ့လိုမျိုးဆိုရင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးလို့ရပါသလားဆရာ

ထိုးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12.Moe Moe
ဆရာရှင့် မိခင်ကအစာတမျိုးမျိုးနဲ့ဓါတ်မတည့်ပါဘူး ကလေးကဂျပန်ဦးနှောက်ကာကွယ်ဆေးထိုးလို့ရပါလား

ထိုးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13.သမီး မေ မေ
သမီးလေးက ၈ လပါ
ကိုယ်ပူလိုက် အေးလိုက်ဖြစ်နေပါတယ်
ဆေးတိုက်ရင် ပြန်အန်ထုတ်ပါတယ်
ကိုယ်အေး အောင် ဘယ်လိုလုပ်ရမလဲရှင့်

ကလေးရဲ့ အခြေအနေအသေးစိတ်ကို စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်… ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14.သစ္စာ ပန်း
ဆရာသမီးလေးတလခွဲရှိပါပြီ
ကလေးပါးစပ်တွေမှာလျှာဝတ်အဖြူလေးတွေရှိနေတယ်ဆရာသမီးနို့မစို့နိုင်မယ်ကြောက်လို့ဘယ်လို့လုပ်ရင်ကောင်းမှာလဲဆရာပြောပေးပါ

လျှာမှာ အဖြူတွေ ကပ်နေတာမျိုးရှိရင် သွားပွတ်တံ နုနုလေးနဲ့ (သို့) အဝတ်ကို ရေနွေးနွေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ… မိခင်နို့ကြောင့် ဖြစ်တတ်တဲ့ အဖြူဖတ်တွေဆို အလွယ်တကူ ဖယ်ရှားလို့ရပါတယ်… တကယ်လို့ အလွယ်တကူ ဖယ်ရှားမရဘဲ ကပ်နေရင်တော့ အတင်းမခွာပါနဲ့… မှိုကြောင့်ဖြစ်တတ်တဲ့ မက္ခရုလို အရာဖြစ်နိုင်ပါတယ်… ဒါဆိုရင်တော့ လိမ်းဆေးလိမ်းပေးရမှာ ဖြစ်တဲ့အတွက် ရောဂါသေချာစေဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး အကြံဥာဏ် ရယူပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15.Zaw Min
ဆရာရှင့်ကလေးက၃လပြည့်ပါပြီဇက်ကသိပ်မခိုင်သေးလို့စိတ်ပူပါတယ်ဖြစ်တတ်ပါလားရှင့်ဆရာဝန်ပြသင့်ပါသလားဒါမှမဟုတ်ဘယ်လိုဆေးမျိုးတိုက်သင့်ပါသလဲ

လည်ပင်းကြွက်သားတွေ ဖွံ့ဖြိုးဆဲ ကာလမလို့ပါ… စိတ်မပူပါနဲ့…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16.Eicho Eicho
သားလေးက ၈ လပိုင်းတုန်းက အူကျလို့ ခွဲစိတ်ထားရပါတယ် အဲဒါ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးလို့ရပါသလား သိချင်ပါတယ်ရှင်

ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17.Ko Ko Ko Ko
ဆရာရှင့် သမီးလေးက ၁ နှစ်
နဲ့ ၈လရှိပါပြီး သန်ချဆေးတိုက်လို့ရပြီးလားသိချင်လို့ပါ

တိုက်ကျွေးလို့ရပါပြီ… အဖြစ်များတဲ့ သန်လုံးကောင် Roundworm ခေါ် သန်ချဖို့ အသက် ၁ နှစ်မှ ၂ နှစ်ကလေးများအတွက် Mebendazole 100 mg ကို တစ်နေ့ ၂ ကြိမ်နဲ့ ၃ ရက် တိုက်ကျွေးနိုင်ပါတယ်…
ကလေး တစ်နှစ်ပြည့်ပြီးရင် ၆ လတစ်ကြိမ် သန်ချဆေးတိုက်ကျွေးပေးသင့်ပါတယ်…
ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုပေးပါ… လက်သည်းခြေသည်း သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး စတာတွေကို ဂရုပြုပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
18.KoAung KoAung
ဆရာရှင့်သားလေးကလသားလေးပါခဏခဏညှစ်နေတယ်အိပ်ရင်လည်းညှစ်တယ်ဆရာဘာဖြစ်လို့ လဲမသိဘူးဖြေပေးပါအုံး

ကလေးက အဲလို ညှစ်တဲ့အခါ ဝမ်းထွက်ကျတာ၊ ဆီးထွက်တာ စတာအပြင် အခြား ထူးခြားတဲ့ လက္ခဏာတွေ မရှိဘူးဆိုရင် စိတ်ပူစရာ မရှိပါဘူး… တကယ်လို့ရှိခဲ့ရင်တော့ ဖြစ်ပွားပုံကို ဗီဒီယိုရိုက်ထားပြီး ကလေးအထူးကု ဆရာဝန်နဲ့ပြသကြည့် သင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
19.Moe Pyae
ဆရာရှင့် သားသားက ၅လပါ ခုထိခေါင်းမငြိမ်သေးလို့ပါ အမြဲလှုပ်နေလို့ပါ နောက်ပြီးခေါင်းကလဲတစ်ဖက်စောင်းနေလို့ပါ စိုးရိမ်ရလားသိချင်လို့ပါရှင့်

လည်ပင်းကြွက်သားတွေ ဖွံ့ဖြိုးဆဲ ကာလမလို့ပါ… စိတ်မပူပါနဲ့…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
20.Thinthin Thinthin
ဆရာရှင့်
သားလေးရဲ့အသက်က၂နှစ် နဲ့ ၁၀လရှိပါပြီ အနံ့ဆိုးတွေမစင်ပုံတွေမြင်တွေ့
ရင်ပျို့အံတတ်ပါတယ်ဘာကြောင့်ပါလဲရှင်

ဖြစ်တတ်တဲ့သဘာဝပါ… စိတ်ပူစရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
21.Thae Su
သမီးလေးက ၃နှစ်နဲ့၃လရှိပါပြီ လမ်းလျှောက်ရင်အမြဲကိုင်ရပါတယ် တယောက်ထဲလျှောက်ရင်ချော်လဲတက်လို့ပါ ခြေထောက်ကအရိုးပျော့လို့လာရှင့် ဘာအားဆေးတိုက်ရင်ရမလဲ ဘယ်လိုအစားအစာမျိုးကျွေးသင့်လဲဖြေပေးပါဆရာ

ကလေးကို စနစ်တကျ ကျန်းမာရေး စစ်ဆေးပေးသင့်ပါတယ်… ဗီတာမင် ချို့တဲ့သော ပြဿနာမျိုးဆိုရင် လိုအပ်သော ဆေးဝါးကုသမှုကို ခံယူဖို့ လိုအပ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
22.Thin Lai Lai Wai
ဆရာရှင့် သားလေးက ၁နှစ်၂လပါရှင့်
ဝမ်းသွားရင်တခါတလေ အမဲရောင်တွေ ပါတတ်ပါတတ်တယ်ရှင့်။ စိုးရိမ်ရပါသလားရှင့်။

တခါတရံ စားသောက်တဲ့ အစားအစာကြောင့်လည်း ဝမ်းမည်းတတ်ပါတယ်… တခါတလေမှ သွားခြင်းဆိုရင် ပြဿနာ သိပ်မရှိပါဘူး… ဝမ်းမည်းမည်းသွားခြင်းအပြင် ဖျားခြင်း၊ ကလေး ဖြူယော်ခြင်း စတဲ့ လက္ခဏာတွေ ရှိရင်တော့ ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top