1.
Thidar Khine
ဆရာရှင့်သားလေးကတစ်လနဲ့တစ်ဆယ့်ခုနှစ်ရက်သားလေးပါ။ နေ့တိုင်းနှာချေပါတယ်။ ပြီးတော့ ခြေဖျားလက်ဖျားလေးတွေလည်းအမြဲမဟုတ်ပေမယ့် အေးအေးနေတတ်ပါတယ်စိုးရိမ်ရပါလားရှင်။
နှာချေခြင်းကို တွေ့ရခြင်းဟာ ကလေးရဲ့ တုံ့ပြန်မှု စနစ်ကောင်းမွန်ကြောင်းပြသတဲ့ ကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်… ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းလေးဟာ သေးငယ်လှတဲ့အတွက် လူကြီးတွေထက်ပိုပြီး လမ်းကြောင်းထဲဝင်လာတဲ့ ဖုန်မှုန့်၊ နို့၊ အကျိအချွဲတွေကို ပိုခံစားသိရှိတဲ့အတွက် လူကြီးတွေထက် ပိုနှာချေတတ်ပါတယ်… ဒါဟာ စိတ်ပူစရာမဟုတ်ဘဲ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်…
နှာချေခြင်းအပြင်၊ နှာစေးခြင်း၊ ဖျားနာခြင်း စတာတွေ ရှိရင်တော့ ကလေးကို ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
2.
ချို မာဝင်း
ဆရာရှင့် ကျွန်မသမီးလေးက မွေးစက ဆံပင်အရမ်းထူပြီး ဆံပင်ကောင်းပါတယ်။ အခု ခေါင်းရိတ်ပြီးထဲက ဆံပင်က ထိတ်တွေ ရော နောက်တွေရော မပေါက်တော့ပါဘူး။ ဆံပင်ကလည်း ပိုပါးလာပါတယ်။ အခု သမီးလေးကို ဆံပင်ထားပေးချင်တာ ထိတ်တွေက မပေါက်ဘူးဖြစ်နေလို့ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။
တခါတရံ ဦးခေါင်းအရေပြားမှာ မှိုရောဂါဖြစ်တဲ့အခါ၊ အာဟာရချို့တဲ့ တဲ့အခါ နဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတဲ့အခါမျိုးတွေမှာ ဆံပင်ကျွတ်တတ်ပါတယ်… မမြင်ရ၊ မစမ်းရတော့ ပြောရခက်ပါတယ်… အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသပြီးမှ သင့်တော်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
3.
Htwe Nge
သားသားက၃နှစ်ခွဲပါ။ ထမင်းစားရင်ကြက်ဥတစ်မျိုးပဲစားပါတယ်။ အသီးအရွက်တွေ ကျွေးလို့မရပါ ။ ဘယ်လိုဆိုးကျိုးတွေရှိနိုင်ပါသလဲရှင့်။
ကြက်ဥတစ်မျိုးတည်းနဲ့ အာဟာရ မပြည့်စုံ မလုံလောက်ပါဘူး… ဖြည့်စွက်စာ အာဟာရ မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ပါတယ်… ကလေးကို သူကြိုက်တတ်တဲ့၊ ကြိုက်နိုင်မယ့် အစားအစာနဲ့ အာဟာရ ပြည့်စုံ မျှတစေမယ့် အစားအစာ မျှတပြီး ချော့ကျွေးပေးဖို့ လိုအပ်ပါတယ်…… ဆန်၊ ဂျုံ၊ အာလူး၊ အသီးအရွက်၊ အသားငါး စသဖြင့် ပေါ့… အစာစားချင်စိတ် ပိုဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
4.
Chit Su
ဆရာခင်ဗျာသားသားက၁နှစ်၅လရှိပါပြီ။ အစာကောင်းကောင်မစားပါ။ ဆရာဝန်ပေးသောအားဆေးရည်တိုက်ပါတယ်။ နေလည်းကောင်းပါတယ်။ ဘာလုပ်ရမလဲဆရာ။
ကလေးကို အာဟာရ ပြည့်စုံမျှတအောင် ကျွေးပေးဖို့အဓိက ကျပါတယ်… ဆန်၊ ဂျုံ၊ အာလူး၊ အသီးအရွက်၊ အသားငါး စသဖြင့် ပေါ့… နောက်တစ်ခုက ကလေးရဲ့ ကျန်းမာရေး ပုံမှန်ဖြစ်နေဖို့လည်း လိုအပ်ပါတယ်… အစားစားချင်စိတ် ပိုဖြစ်စေချင်ရင်တော့ Lysine ပါဝင်တဲ့ အားဆေးတိုက်ကျွေးကြည့်ပါ… နောက်ပြီး ကလေးသဘာဝ ခုန်ပေါက် ကစားခြင်းမျိုးကိုလည်း အားပေးပါ… ဒီလို ခုန်ပေါက် ကစားတဲ့ ကလေးတွေက ငြိမ်ငြိမ်နေတတ်တဲ့ ကလေးတွေထက် စားချင်စိတ် ပိုမို ရှိတတ်ကြလို့ ဖြစ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
5.
Thit Min Htike
ဆရာဗျသားသားက၉လရှိပါပြီ။ အာဟာရမှုန့်ပဲအခုထိကျွေးလာတာကျန်တာဘာကျွေးလို့ရပါပြီလဲ။ သွားတော့မပေါက်သေးပါခင်ဗျာ။
ဖြည့်စွက်စာကျွေးလို့ရပါတယ်…ကလေးကို ဖြည့်စွက်စာကျွေးတဲ့အခါ သူကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရဖြစ်စေမယ့် အစားအစာ မျှတအောင် စိတ်ရှည်ရှည်နဲ့ ချော့ကျွေးသင့်ပါတယ်… အစားစားချင်စိတ်ဖြစ်စေဖို့ကတော့ Lysine ဓါတ်ပါဝင်တဲ့ အားဆေးတိုက်ကျွေးနိုင်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
6.
Marmar Marmar
သားလေးက၁နှစ်နဲ့၃လရှိပါပြီ။ အစားလဲမစားဘူး။ နို့ပဲစို့တယ်။ နို့ဘူးတိုက်ခြင်လို့ဘာနို့မှုံ့တိုက်ရမလည်းဖြေကြားပေးပါရှင့်။ ကလေးကရင်ကျပ်လဲရှိပါတယ်။
ကလေးအရွယ်အလိုက် တိုက်ရမယ့် နို့မှုန့်တစ်မျိုးမျိုးကို တိုက်ကျွေးနိုင်ပါတယ်… သတိပြုရမှာက နို့ဗူးနဲ့ သိမ်းဆည်းတဲ့ ပစ္စည်း၊ တိုက်ကျွေးဖို့ ပြင်ဆင်ပေးသူရဲ့လက် အစရှိတာတွေ သန့်ရှင်းဖို့တော့ ဂရုပြုပေးပါ… ဒါတွေ မသန့်ရှင်းရင် ဝမ်းပျက်နိုင်ပါတယ်… ရင်ကြပ်ခြင်းအတွက် ဆရာဝန်နဲ့ သေချာ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
7.
Thet Hnin
သားလေးက၂နှစ်၇လပါ။ နားထဲတွင်နားဖာချေး ခြောက်များရှိနေပါ၍ဘယ်လို ပြုလုပ်လို့ရပါသလဲရှင့်။ ကျေးဇူးပါနော်။ ကူညီဖြေပေးပါရှင်။
နားဖာချေး ပိတ်နေရင် မိမိဘာသာ မကလော်သင့်ပါဘူး… နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်နဲ့ ပြသပြီးမှ လိုအပ်ရင် စနစ်တကျ ဖယ်ရှားသင့်ပါတယ်… နား၊ မျက်စိ စတဲ့ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေမှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိလာခဲ့ရင် တတ်နိုင်သမျှ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့သာ ပြသသင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
8.
Mon Lay
ဆရာရှင့်သမီးလေးက၁နှစ်နဲ့၂လပါ။ အခုထိလမ်းလဲမလျှောက်သေးဘူး။ ရပ်ရင်လဲခြေဖျားထောက်ပြီးရပ်တာ။ အဲ့ဒါဘာဖြစ်လို့လဲဆရာကျေးဇူးပြု၍ပြောပြပေးပါ။
လမ်းမလျှောက်နိုင်သေးတာ စိုးရိမ်စရာ မရှိသေးပါဘူး…မိဘအတော်များများကကလေးတွေရဲ့ဖွံ့ဖြိုးမှုကိုစိတ်စောတတ်ကြပါတယ်… ကလေးတွေမှာတစ်ယောက်နဲ့တစ်ယောက်ဖွံ့ဖြိုးမှုပုံစံအနည်းငယ်ကွဲပြားတတ်ပါတယ်… အများအားဖြင့်အာဟာရမပြည့်စုံခြင်း၊နာတာရှည် ရောဂါတစ်ခုခုရှိခြင်းစတဲ့ ပြဿနာတွေမရှိရင်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာဟာ တွေ့ရခဲပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
9.
Thae Tone May May
ဆရာရှင့်အိမ်နားကသမီးလေးက၃နှစ်ပါ။ သူ့ နောက်စိကတော်တော်ချိုင့်ဝင်နေပါတယ်။ ဘာလုပ်သင့်လည်းဖြေးပေးပါရှင့်။
ဒါက ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်… တခြားထူးခြားတဲ့ လက္ခဏာတွေမရှိရင်စိတ်မပူရပါဘူး။
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
10.
Ma Theint
မင်္ဂလာပါ ဆရာ သမီးလေးက ၉ လကျော်ပါ။ မွေးတည်းက ဝမ်းပျက်တာ ၃ လတုန်းက ၁ ခါ။ ၆ လမှာ ၁ ခါ။ ၉ လမှာ ၁ ခါ။ ၃ ခါရှိပါပြီ။ ဖြစ်တိုင်း ကလေးက တော့ လန်းပါတယ်။ ခဏ ခဏ ဝမ်းမပျက်အောင် ဘယ်လိုဂရုစိုက်ရမလဲ ရှင့်။
ဝမ်းပျက်တာက ကလေးငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်… ကျွေးတဲ့ အစားအစာ၊ ကလေးရဲ့ လက် စတာတွေကို သန့်ရှင်းအောင် အထူးဂရုပြုသင့်ပါတယ်…
ဝမ်းသွားတဲ့ ပမာဏများရင်၊ ရေဓါတ်ဆုံးရှုံးမှု များရင်၊ ကာလရှည်ကြာ ဝမ်းပျက်ရင် ကလေးကို ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်… ဝမ်းပျက်နေချိန်မှာ ကလေးကို မိခင်နို့များများ ပိုတိုက်ပေးဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
11.
Thandarthu Thandarthu
သားက ၁ နှစ်နဲ့ ၂ လပါ။ အစားမစားလို့ပါ။ နေကောင်းပါတယ်ရှင့်။ ဘာဖြစ်လို့ပါလဲရှင့်။
ကလေးရဲ့ ကိုယ်အလေးချိန်ကို တိုင်းတာကြည့်ပေးပါ… သတ်မှတ် ကိုယ်အလေးချိန်အတွင်း ရှိနေရင် စိတ်မပူရပါဘူး… ကလေး အစားစားတာ နည်းနေရင်တော့ အစားစားချင်စိတ်ပိုများအောင် Lysine ဓါတ်ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးပေးနိုင်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
12.
Khing Lay
ဆရာရှင်သားသားက၁နှစ်နဲ့နှစ်လပါ။ အီးကနှစ်ရက်ခြားမှတစ်ခါသွားတာ။ တစ်ခါပါပြီ။ နှစ်ရက်ခြားလိုက်ဘယ်လိုလုပ်ရမလဲ့ဟြေပြပါဦးဆရာ။
ဝမ်းမှန်မှန်သွားစေတဲ့ အပြုအမူတွေက ရေများများသောက်ခြင်း၊ ပုံမှန်ကိုယ်လက် လှုပ်ရှားခြင်း၊ အမျှင်ဓါတ်ကြွယ်ဝသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားခြင်း စတာတွေပဲဖြစ်ပါတယ်… ဒါတွေ ပြုလုပ်ရက်မှ ဝမ်းချုပ်နေရင်တော့ တခါတရံ ဝမ်းချူပေးနိုင်ပါတယ်…
ရေတိုက်တဲ့အခါ ကလေးလှုပ်ရှားမှုကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ဆုံးရှုံးသွားတဲ့ ရေဓါတ်ပမာဏထက် ပိုမိုအောင် တိုက်ကျွေးပေးဖို့လည်း လိုအပ်ပါတယ်…
ဒီလိုနည်းတွေနဲ့မှ ဝမ်းချုပ်နေရင်တော့ ကလေးကို ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးတိုက်ကျွေးမှု ပြုလုပ်သင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
13.
Ei Ei Thu
သမီးလေးက၉လခွဲကျော်၁၀လထဲမှာပါ။ မျက်နှာမှာအကွက်လေးတွေဖြစ်နေလို့ပါရှင်။ ၇လထဲကစပြီး ဖြစ်နေတာမပျောက်သေးပါဘူးမြင်တဲ့သူတွေကနို့ပွေးလို့လည်း ပြောနေကြပါတယ်ရှင့် ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။
အများအားဖြင့် သူ့အလိုလို ပြန်ကောင်းသွားပါတယ်… စိတ်မပူရပါဘူး… နို့ပွေးနဲ့ပတ်သက်ပြီးအောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကိုလည်း ဖတ်ရှုပေးပါ…
http://babimildmomsclub.com.mm/?p=3041
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
14.
Kha Kha
သမီးလေးက၁၁လပါ။ မိတ်ဖုလေးတွေအများကြီးထွက်ပြီးတော့ ကျောနဲ့ပခုံးတွေမှာရဲရဲအကွက်လေးတွေဖြစ်နေပါတယ်။ စိုးရိမ်ရလားဖြေကြားပေးပါရှင့်။
Calamine Lotion က လိမ်းပေးနိုင်ပါတယ်… အရေပြားပြဿနာ ဖြစ်လို့ စနစ်တကျ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်တာကြောင့် ၃ ရက် ၄ ရက်လောက်နေလို့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
15.
Chaw Su
သားသားလေးက၄လရှိပါပြီ။ ည၈နာရီရောက်တိုင်းအမြဲငိုပါတယ်။ ငိုပြီးတိုင်းနို့အန်ထုတ်ပါတယ်ရှင့်။ တခါငိုတိုင်းကြာချိန်၂နာရီအထက်ရှိပါတယ်ရှင့်။ မိခင်နို့ထက်နို့ဘူးနို့ကိုပိုယူပါတယ်ရှင့်။ ကူညီဖြေကြားပေးပါ Dr ရှင့်။
မိခင်နို့အပြင် နို့မှုန့်နဲ့ နို့ဗူး တိုက်လိုက်ရင် ကလေးက အားစိုက်ထုတ်ပြီး စို့ရတဲ့ မိခင်နို့ထက် အလွယ်ရတဲ့ နို့ဗူးဖက်ကို ပိုအားသန်သွားတတ်ပါတယ်… တဖြည်းဖြည်း ပြန်လေ့ကျင့်ယူသွားရင်တော့ မိခင်နို့ ပြန်စို့လာနိုင်ပါတယ်…
ငိုတာအတွက်ကတော့ ပြောရခက်ပါတယ်… ကလေးငိုစေတဲ့ အကြောင်းရင်းပေါင်းများစွာ ရှိပါတယ်… ကလေးငိုစေတဲ့ အကြောင်းတွေကို အောက်က Link မှာရှိတဲ့ ဆောင်းပါးလေးမှာ ဖတ်ကြည့်ပေးပါ… ငိုတာများရင် ကလေးတွေ အန်တတ်ပါတယ်…
http://babimildmomsclub.com.mm/?p=3003
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
16.
ညိုလင်းထက်
သားသားက၃လပါ။ ဝမ်းခဏခဏသွားတာစိုးရိမ်ရလားရှင်။
ဒီအရွယ် ကလေးတွေရဲ့ ဝမ်းသွားပုံက ပြောရခက်ပါတယ်… အထူးသဖြင့် မိခင်နို့တမျိုးတည်း စို့တဲ့ ၆ လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံအလေ့အထက ပိုပြောရခက်ပါတယ်… ဒါကြောင့် ဝမ်းပျက်နေတာမျိုးလား၊ ပုံမှန်လားဆိုတာ သိဖို့ ကလေးရဲ့ ဝမ်းသွားပုံ အလေ့အထကို စောင့်ကြည့်မှတ်သားရပါမယ်… ပုံမှန်မဟုတ်ဘဲ ဝမ်းသွားတာ အရည်တွေများနေမယ်၊ သွားတဲ့ ပမာဏလည်း များနေရင်တော့ ကလေးဝမ်းပျက်နေတယ်လို့ ယူဆနိုင်ပါတယ်…
ဒီလို ဝမ်းပျက်နေချိန်မှာ မိခင်နို့ကို ပိုတိုက်ကျွေးပေးရပါမယ်… ဝမ်းပျက်တာ ကာလကြာနေရင်၊ ဝမ်းသွားတာများလွန်းပြီး ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာတွေ ရှိလာရင်တော့ ကလေးကို နီးစပ်ရာ ကျန်းမာရေး ဌာနကို ခေါ်ပြီး ပြသဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
17.
ချဉ်ပေါင်ကြော်
သမီးလေးက၁နှစ်၉လပါ။ လျှာမှာထိပ်ကနေအကွက်လေးတွေပေါ်လာပြီးလျှာအရင်းထိတဖြည်းဖြည်းစွပ်သွားပါတယ်။ လျှာရင်းထိအကွင်းလိုက်စွပ်ပြီးရင်လျှာထိပ်ကနေပြန်ပြီးအကွက်ကလေးပြန်ပေါ်လာပါတယ်။ ပတ်ဝန်းကျင်မှာလဲမကြုံဖူးကြတော့ဘာလုပ်ရမှန်းမသိဖြစ်နေလို့ပါ ဖြေပေးပါဆရာရှင့်။
လျှာမှာ အဖြူတွေ ကပ်နေတာမျိုးရှိရင် သွားပွတ်တံ နုနုလေးနဲ့ (သို့) အဝတ်ကို ရေနွေးနွေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ… မိခင်နို့ကြောင့် ဖြစ်တတ်တဲ့ အဖြူဖတ်တွေဆို အလွယ်တကူ ဖယ်ရှားလို့ရပါတယ်… တကယ်လို့ အလွယ်တကူ ဖယ်ရှားမရဘဲ ကပ်နေရင်တော့ အတင်းမခွာပါနဲ့… မှိုကြောင့်ဖြစ်တတ်တဲ့ မက္ခရုလို အရာဖြစ်နိုင်ပါတယ်… ဒါဆိုရင်တော့ လိမ်းဆေးလိမ်းပေးရမှာ ဖြစ်တဲ့အတွက် ရောဂါသေချာစေဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး အကြံဥာဏ် ရယူပါ…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
18.
Jesi Bal
သမီးလေးက 6 လရှိပါပြီရှင့်။ ဖြည့်စွက်စာကျွေးချင်ပါတယ်။ ဘာကျွေးရမလဲဖြစ်နေပါတယ်ရှင့်။ အခုမှစကျွေးမှာဆိုတော့လေကောင်းတာလေးပြောပြပေးပါရှင့်။
ကလေးကို ဖြည့်စွက်စာကျွေးတဲ့အခါ သူကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရဖြစ်စေမယ့် ဆန်၊ ဂျုံ၊ အာလူး၊ အသားငါး၊ ဟင်းသီးဟင်းရွက် စတဲ့ အစားအစာတွေကို မျှတအောင် တဖြည်းဖြည်း လေ့ကျင့်ပြီး ချော့ကျွေးသင့်ပါတယ်…
အောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကိုလည်းဖတ်ရှုပေးပါ…
http://babimildmomsclub.com.mm/?p=2958
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
19.
Aung Pyae Phyo Khaing
ဆရာရှင့်သမီးလေးက၁လခွဲနှာခေါင်းပိတ်နေလို့ဘာလုပ်ရမှာလဲရှင့်။
နှာရည် အရမ်းကျပြီး နှာပိတ်နေရင် ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့ အနည်းငယ် စုပ်ယူပြီး အပ်ကိုဖြုတ်ပါ… ပြီးရင် အပ်မပါတဲ့ ဆေးထိုးအပ်လေးနဲ့ ပိတ်နေတဲ့ နှာခေါင်းထဲကို ၁ စက် ၂ စက်ခန့် ချပေးနိုင်ပါတယ်… ဒါမှမဟုတ် ရာဘာ tube လည်း အသုံးပြုနိုင်ပါတယ်… ကလေး ဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ…
အသက်ရှူကြပ်နေပုံရပြီး ကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာ စသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
Htar Ei Shwe Yee
နို့တိုက်မိခင်ပါရှင့်။ B1 ဆေးကိုဘယ်နှစ်လလောက်ထိသောက်ရမလဲရှင်။
ဆရာဝန်က အထွေအထူး ညွှန်ကြားခြင်း မရှိရင် မသောက်ရင်လဲ ရပါတယ်… နို့တိုက်မိခင်က အာဟာရ ပြည့်စုံမျှတအောင် စားပေးဖို့တော့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
21.
Htet Htet
သားလေးက 8 လကျော်ပါပြီ။ နားရွက်အပေါ်ကကြားမှာအနာလေးဖြစ်နေပါတယ်။ ဘာဆေးလိမ်းရမလဲရှင့်။
အနာကို သန့်ရှင်းအောင် Betadine လေး ထည့်ပေးပါ… တကယ်လို့ အနာကနေ အရည်တွေထွက်တာ၊ ကလေးဖျားတာ စသဖြင့် ရှိရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
22.
Thethmuu Khaing
ဆရာရှင့်သမီးလေးက၁နှစ်၉လရှိပါပြီ။ အရင်ကမနက်ဆိုဝမ်းပုံမှန်သွားတယ်။ zinc တိုက်ပြီးနောက်ပိုင်းနေ့တိုင်းတော့သွားပြီးဝမ်းချုပ်တယ်။ ဆရာနို့ဗူးစို့တာပါ။ ၀မ်းပုံမှန်ဖြစ်အောင်ဆေးတိုက်ဘို့လိုပါသလားဆရာရှင့်။
နေ့တိုင်း ဝမ်းသွားနေရင် ဆေးတိုက်စရာ မလိုပါဘူး… ဝမ်းမှန်မှန်သွားစေတဲ့ အပြုအမူတွေက ရေများများသောက်ခြင်း၊ ပုံမှန်ကိုယ်လက် လှုပ်ရှားခြင်း၊ အမျှင်ဓါတ်ကြွယ်ဝသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားခြင်း စတာတွေပဲဖြစ်ပါတယ်… ဒါတွေ ပြုလုပ်ရက်မှ ဝမ်းချုပ်နေရင်တော့ တခါတရံ ဝမ်းချူပေးနိုင်ပါတယ်…
ရေတိုက်တဲ့အခါ ကလေးလှုပ်ရှားမှုကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ဆုံးရှုံးသွားတဲ့ ရေဓါတ်ပမာဏထက် ပိုမိုအောင် တိုက်ကျွေးပေးဖို့လည်း လိုအပ်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
23.
Daw Pyone Wai Wai
ဆရာရှင့်သားသားလေးအအိပ်နည်းနေလို့မသိဘူး။ နည်းနည်းချောင်ကျသွားပါတယ်စိုးရိမ်းရလားရှင့်။
ကလေး ကိုယ်အလေးချိန် ကျသွားတာ သိသိသာသာ ဖြစ်ရင် ကျန်းမာရေး စစ်ဆေးသင့်ပါတယ်… မွေးကင်းစမှ၃လအထိကလေးအိပ်စက်ခြင်းဆိုင်ရာ ဆောင်းပါးလေးကို အောက်က ပေးထားတဲ့ Link မှာဖတ်ရှုပေးပါ…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
24.
Thet Thet
သားလေးက ၃ နှစ်နဲ့၇ လပါ။ ထမင်းမစားလို့စားချင်စိတ်ရှိအောင် ဘာအားဆေးတိုက်ရမလဲရှင့်။
အားဆေးထက် ကလေးကို အာဟာရ ပြည့်စုံမျှတအောင် ကျွေးပေးဖို့က ပိုအဓိက ကျပါတယ်… ဆန်၊ ဂျုံ၊ အာလူး၊ အသီးအရွက်၊ အသားငါး စသဖြင့် ပေါ့… နောက်တစ်ခုက ကလေးရဲ့ ကျန်းမာရေး ပုံမှန်ဖြစ်နေဖို့လည်း လိုအပ်ပါတယ်… အစားစားချင်စိတ် ပိုဖြစ်စေချင်ရင်တော့ Lysine ပါဝင်တဲ့ အားဆေးတိုက်ကျွေးကြည့်ပါ…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
25.
Ia Min
ကလေးက၁၀လပါ။ ဗိုက်မကောင်းခဏခဏဖြစ်နေလို့ဘာလေဆေးလေများတိုက်လို့ရမလဲရှင်ဖြေပေးပါနော်။
စမ်းသပ်စစ်ဆေးမှု မပါဘဲ ဆေးဝါးညွှန်းဆို ကုသပေးလို့မရပါဘူး… ကလေး ဗိုက်မကောင်းဘူးဆိုတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေ စစ်ဆေးဖို့ လိုအပ်ပါတယ်…
မကြာခန ဖြစ်နေတယ်ဆိုတော့ ဆရာဝန်နဲ့ပြသ စစ်ဆေးကြည့်သင့်ပါတယ်…
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————-
No Comments