ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၆၀)

1.

မဝေဝေလွင်

ဆရာရှင့်သားလေးက၆လပါ။ အိပ်တဲ့အခါနာရီနည်းနည်းပဲအိပ်ပါတယ်။မိနစ်၂၀လောက်အိပ်ပြီး၃နာရီလောက်မှပြန်အိပ်ပါတယ်။အိပ်တဲ့အားဆေးကျွေးစရာလိုမလား။ဘာဆေးတိုက်ရမလဲသိချင်လို့ပါ။ပြန်ဖြေပေးပါနော်။

 

အိပ်တဲ့ အားဆေးရယ်လို့ မရှိပါဘူး… ဗီတာမင် စုံလင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးလို့ရပါတယ်…

၃လမှ၆လအထိကလေးအိပ်စက်ခြင်းဆိုင်ရာ ဆောင်းပါးလေးကို အောက်က ပေးထားတဲ့ Link မှာဖတ်ရှုပေးပါ…

https://www.facebook.com/BabiMildMyanmar/photos/a.954392134587165.1073741827.948971191795926/1557381844288188/?type=3

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

2.

Yu Ki

10 လက​လေးကမိတ်​ကြီးနာ​တွေ​ပေါက်​​နေတာဖျားလဲမဖျားပါဘူး။ အစား​လေး​တော့စားတာနည်းသွားပါတယ်​။ ဘယ်​လိုလုပ်​ရမလဲရှင့်​။

 

ယားယံနေတာအတွက် Calamine Lotion လေး လိမ်းပေးနိုင်ပါတယ်… အရေပြားပြဿနာ ဖြစ်လို့ စနစ်တကျ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်တာကြောင့် မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

3.

ချိုတေး သီ

ဆရာရှင်သားသားက ၆ လပြည့်ပါပြီ။ ဒါပေမဲ့ သားသားပေါင်ချားမှာ အပူလေးတွေပေါက်နေလို့ပါ။ ဘာဆေးထည့်ရမှာလဲရှင်။

 

အရေပြားပြဿနာ ဖြစ်လို့ စနစ်တကျ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်တာကြောင့် ဖြစ်တာ ကာလကြာနေရင် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုပါတယ်… ကလေးယားယံပုံမျိုး ရှိရင် Calamine Lotion လိမ်းပေးနိုင်ပါတယ်…
Diaper ဝတ်ပေးတတ်ရင် အချိန် အကြာကြီး ဝတ်ပေးတာမျိုးကို ရှောင်ရှားသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

4.

Zarchi Moe

ဆရာရှင့်ကလေးကနှစ်နှစ်နဲ့၇လရှိပါပြီ။ အပေါ်သွားတွေကမဲနေပြီးတဖြည်းဖြည်းပဲ့ပဲ့နေပါတယ်။ ပြီးတောအံသွားတွေကလဲအပေါက်တွေချည်းပဲစထွက်ထဲကဖြူဖြူဖွေးမနေပဲဝါဝါလေးတွေပါ။ ဘာလိုလုပ်ရင်ရမလဲရှင့်အကြံပြုပေးပါဦး။

 

သွားပိုးစားတာ ဖြစ်ပါလိမ့်မယ်… ဒါပေမဲ့ ငယ်သွားတွေက လဲဦးမှာ ဖြစ်လို့စိတ်ပူစရာတော့ အရမ်းမရှိလှပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

5.

Ei Mon

သားလေးကတစ်နှစ်ကျော်ပါပြီဆရာ။ ထမင်းဆိုအစိလိုက်မစားတတ်သေးဘူး။ ဘာမှလည်းကျွေးမရဘူး။ ထွေးထုတ်တယ်။ စိုးရိမ်ရလားဆရာပြန်ဖြေပေးပါနော်။

 

ကျန်းမာရေး ပြဿနာထက် အမူအကျင့်ဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်… ကလေးကို စိတ်ရှည်ရှည်ထားပြီး စားတတ်အောင် လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်ပါတယ်… သူကြိုက်နိုင်မယ့် အစားအစာနဲ့ အာဟာရ ပြည့်စေမယ့် အစားအစာ မျှတအောင် ကျွေးပေးဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

6.

KO Moe

ဆရာရှင့် ကလေးမွေးထာတာလေးလပြေးတော့မယ်။ မိန်မကိုကအနံအသက်မကောင်းအရေနဲနဲဆင်တယ်။ သွေစလေးနဲနဲတွေ့တယ်။ ပြီးတော့ဘယ်ဘယ်ဆီးစပ်ကလဲကိုက်ကိုက်နေတယ်။ ဘယ်ဘယ်ခါးကလဲကိုက်ကိုက်နေတယ်ဆရာဘာဖြစ်ထာလဲဆရာ။

 

သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့ ပြန်လည် ပြသဖို့ လိုအပ်ပါတယ်… မွေးလမ်းကြောင်းကို စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်… ခါးလည်း ကိုက်နေတာမို့ သားအိမ်ကိုပါ စစ်ဆေးရန် လိုအပ်ပါတယ်… အရေးကြီးတာ ကြောင့် အမြန်ဆုံး သွားရောက်ပြသပေးပါ…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

7.

Moe Zat

ဆရာမင်္ဂလာပါ သား​လေးက ၃ လနဲ့ ၂၀ ရက်​သား​လေးပါ​။ ခေါင်းပူတယ်​​။ ခြေလက်​​လေး​တွေပူတယ်​။ အဖျားမရှိဘူး။ ဆရာပြ​တော့ ပါရာစီတ​မော့​ဆေး​ရေနဲ အ​မောစလင်း​ဆေးည်​တိုက်​ပါတယ်​​။ ခေါင်းပူ​ခြေလက်​ပူတာ မ​ပျောက်​ဘူး။ က​လေးက လန်းပါတယ်​။ စိုးရိမ်​ရလားရှင့်​​ ဖြေကြား​ပေးပါ​နော်​။

 

ခေါင်းပူတိုင်း အဖျားရှိတာ မဟုတ်ပါဘူး… ကလေးကို ကိုယ်အပူချိန်တိုင်း ကိရိယာနဲ့ တိုင်းကြည့်ပြီး သတ်မှတ် အပူချိန် ကျော်လွန်မှသာ ဖျားတယ်လို့သတ်မှတ်ပြီး ကိုယ်အပူကျဆေး တိုက်ကျွေးသင့်ပါတယ်… ဆေးတိုင်းမှာ ဘေးထွက် ဆိုးကျိုးရှိတဲ့အတွက် မလိုအပ်ဘဲ ဆေးမတိုက်သင့်ပါဘူး… ကလေးက လန်းလည်း လန်းနေတာမို့ စိတ်အရမ်း မပူပါနဲ့…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

8.

စွမ်းထက်

ဆရာသားလေးက၂နှစ်၅လလျှာမှာအဖြူကွက်နီလဲနီတယ်။ ဘာစားစားစပ်တယ်။ ဖြစ်နေတာကြာပြီ။ ဘာလုပ်ရမလဲဆရာ။

 

လျှာမှာ အဖြူတွေ ကပ်နေတာမျိုးရှိရင် သွားပွတ်တံ နုနုလေးနဲ့ (သို့) အဝတ်ကို ရေနွေးနွေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ… တကယ်လို့ အလွယ်တကူ ဖယ်ရှားမရဘဲ ကပ်နေရင်တော့ အတင်းမခွာပါနဲ့… မှိုကြောင့်ဖြစ်တတ်တဲ့ မက္ခရုလို အရာဖြစ်နိုင်ပါတယ်… ဒါဆိုရင်တော့ လိမ်းဆေးလိမ်းပေးရမှာ ဖြစ်တဲ့အတွက် ရောဂါသေချာစေဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး အကြံဥာဏ် ရယူပါ…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

9.

အရိပ်ကလေးအရိပ်

ဆရာသားလေးက၃လပါ။ ဝမ်းမသွားလို့။ ဘာဆေးတိုက်ရမလဲရှင့်။

 

ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… အထူးသဖြင့် မိခင်နို့တစ်မျိုးတည်း စို့ရတဲ့ ၆ လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံက ပိုပြောရခက်ပါတယ်… ကလေးရဲ့ ဝမ်းသွားပုံ အလေ့အထကနေ ကွဲလွဲတာမျိုးရှိရင်တော့ ဝမ်းချုပ်တယ်လို့ ဆိုနိုင်ပါတယ်…

 

ဝမ်းကမာနေမယ်… ဗိုက်မအီမသာဖြစ်တဲ့ လက္ခဏာရှိနေမယ်… ဝမ်းဗိုက်ကလေး စမ်းကြည့်ရင် တောင့်နေတာမျိုးရှိရင်တော့ ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်…

ဒီလိုအခြေအနေမျိုးမှာတော့ ကလေးရဲ့ Rectal Stimulation အတွက် ဂွမ်းစ (သို့) ကွမ်းရိုးနုနုလေးကို အသုံးပြုပြီး ဝမ်းချူတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်… ဒါမှမဟုတ် ဝမ်းချူတောင့်လည်း အသုံးပြုကြည့်နိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

10.

Myat Hpone Khit

သားလေးက၁နှစ်၈လပါ။ အဖျားပျောက်ပြီးကတည်းကထမင်းကောင်းကောင်းမစားတော့ဘူး။ ဘာလုပ်ရမလဲရှင့်။

 

နေမကောင်း ဖြစ်ပြီးကာစ မှာ အစားနည်းနည်း ပျက်တတ်ပါတယ်… စိတ်ပူစရာ မရှိပါဘူး… တဖြည်းဖြည်း ပုံမှန် ပြန်စားလာပါလိမ့်မယ်… အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ဓါတ်ပါဝင်တဲ့ အားဆေးတိုက်ကျွေးနိုင်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

Zar Zar Hlaing

မင်္ဂလာပါဆရာရှင့် သမီးလေးကဆီးသွားရင် အင့်ဆိုပြီး တစ်ခါတလေ ညှစ်ပေါက်တက်ပါတယ်။ စိုးရိမ်ရပါသလားဆရာ။

 

စိုးရိမ်စရာမရှိပါဘူး… ဆီးသွားကာနီး ညှစ်တာမျိုး ဖြစ်နိုင်ပါတယ်… တခြား ဖျားနာခြင်း၊ ဆီးသွားတိုင်း ငိုခြင်း စတာတွေရှိရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

12.

Hnin Moe Hlaing

ဆရာရှင့်သမီးလေး၎လရှိပါပြီရှင်။ ဆံပင်တွေကျွတ်လို့စိုးရိမ်ရလားသိချင်လို့ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

 

တခါတရံ ဦးခေါင်းအရေပြားမှာ မှိုရောဂါဖြစ်တဲ့အခါ၊ အာဟာရချို့တဲ့ တဲ့အခါ နဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတဲ့အခါမျိုးတွေမှာ ဆံပင်ကျွတ်တတ်ပါတယ်… ဒါပေမဲ့ မမြင်ရ၊ မစမ်းရတော့ ပြောရခက်ပါတယ်…  အရမ်းကျွတ်တာမျိုး မဟုတ်ရင် စိတ်မပူရပါဘူး… ဆံပင်ကျွတ်တာ အရမ်းများနေရင် အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသပြီးမှ သင့်တော်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

13.

Zar Chi

ဆရာရှင့်ကလေးကမွေးတုန်းကချွဲဆေးရုံကမထုတ်ပေးလို့လားမသိဘူး။ ပါးစပ်ထဲချွဲတွေအပြည့်ပဲ။ နှာခေါင်းပိတ်နှာရည်လည်းကျနေပါတယ်။ ကလေးအနေခက်နေသလားလို့ဘာလုပ်ပေးရမလဲအကြံလေးပေးပါကလေး၂လခွဲပါ။

 

ကလေးချွဲထတာ မွေးပြီးပြီးချင်း ချွဲစုပ်ထုတ်ခြင်းနဲ့ မသက်ဆိုင်ပါဘူး… ကလေးတွေမှာ ချွဲရှိတတ်ပြီး အရမ်းများလာရင်၊ ဖျားနာတာလည်း ရှိရင်တော့ ပဋီဇီဝ ပိုးသတ်ဆေး တိုက်ကျွေးရတာမျိုး ရှိနိုင်ပါတယ်…

နှာရည် အရမ်းကျပြီး နှာပိတ်နေရင် ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့ အနည်းငယ် စုပ်ယူပြီး အပ်ကိုဖြုတ်ပါ… ပြီးရင် အပ်မပါတဲ့ ဆေးထိုးအပ်လေးနဲ့ ပိတ်နေတဲ့ နှာခေါင်းထဲကို ၁ စက် ၂ စက်ခန့် ချပေးနိုင်ပါတယ်… ဒါမှမဟုတ် ရာဘာ tube လည်း အသုံးပြုနိုင်ပါတယ်… ကလေး ဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ…
အသက်ရှူကြပ်နေပုံရပြီး ကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာ စသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

14.

Ing Yin

သမီး​လေးက၁နှစ်​၇လပါ။ စကားအများကြီးမ​ပြော​သေးလို့ပါ​။ အနည်းအပါးပဲ​ပြောပါတယ်​။ ဆရာဝန်​နဲ့ပြဖို့လိုလားရှင့်​။ ဖွံ့ဖြိုးမှု​နောက်​ကျ​နေလားရှင့်​။

 

ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ကြည့်တဲ့အခါ တခြား ဖွံ့ဖြိုးမှုတွေနဲ့ပါ ချိန်ထိုးကြည့်ရပါတယ်… ၁ နှစ် ၇ လ အရွယ်မှာ ရှိသင့်တဲ့ အခြား ဖွံ့ဖြိုးမှုတွေပါ နောက်ကျနေလား စစ်ဆေးပါ… သိသိသာသာ နောက်ကျနေတာမျိုး ရှိရင် ကလေးကို ဆရာဝန်နဲ့ စနစ်တကျ ပြသပြီး စစ်ဆေးသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

15.

Win Mar

ဆရာရှင့်သမီးလေး၂နှစ်ပြည်ပြီ။ လမ်းလျှောက်တာကိုင်ပေးမှလျောက်တယ်။ အလွတ်မလျောက်ဘူးစိုးရိမ်ရလားရှင်။

 

တချို့ ကလေးငယ်တွေမှာ ဖွံ့ဖြိုးမှု တစ်ခုခုက အနည်းငယ် နောက်ကျတာမျိုး ရှိနိုင်ပါတယ်… အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးရဲ့ အခြား ဖွံ့ဖြိုးမှုတွေကို အရွယ်တူ ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ… အနည်းငယ် နောက်ကျနေတာမျိုးသာဆိုရင် စိတ်မပူရပါဘူး… တကယ်လို့ အဖက်ဖက်က သိသိသာသာ နောက်ကျနေရင်တော့ ကလေးကို ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

16.

NiNi

ဆရာရှင့်သားလေးကတစ်နှစ်ပါနားအောက်ကနေပြီ။ အဖုံအနီလေးတွေထွက်နေပြီလုပ်ွှမလဲဆရာ။

 

ဖြစ်တဲ့ ပုံစံ အနေအထား စတာတွေစစ်ဆေးဖို့ လိုအပ်ပါတယ်… ယားယံတဲ့ ပုံစံမျိုး ရှိရင် Calamine Lotion လေး လိမ်းပေးနိုင်ပါတယ်… ကလေး မကြာခဏ လက်နဲ့ မကုပ်မိစေဖို့ ဂရုပြုပေးပါ… ဖြစ်တာ ကြာပြီး မသက်သာရင် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

17.

ဂါးဖီး

ဆရာရှင့်သားလေးက၆လကျော်ပါပြီ။ နွားနို့တိုက်လို့ရလားရှင့်။

 

ကလေးအသက် ၆ လကျော်ရင် ဖြည့်စွက်စာ ထည့်ကျွေးလို့ ရပြီမို့ နွားနို့လည်း တိုက်ကျွေးလို့ ရပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

18.

Phyu Hnin Htike

ဆရာရှင့်သမီးလေးက၂လကျော်ပါ။ တခါတလေနှာခေါင်းပိတ်သလိုဂူဂူအသံထွက်တယ်။ နေ့ဘက်လည်း၁၅ လောက်ပဲအိပ်တယ်။ ခေါင်းကအမြဲဟိုဘက်ဒီဘက်ရမ်းတယ်။ အငြိမ်မနေဘူး။ ညဘက်လည်းအသံမြည်ရင်မအိပ်တော့ဘူး။ မျက်လုံးမပိတ်ပဲငြိမ်နေတယ်။ လုံးဝအိပ်ပျော်ရင်တော့အသံမထွက်တော့ဘူး။ ချွဲကြောင့်လည်းအသက်ရှူမြန်တာလား။ ဆရာဝန်ပြတော့အသက်ရှူသံပြောတယ် ဝေခွဲမရ၍ကူညီဖြေရှင်းပေးပါရှင့်။

 

ဖြစ်တဲ့ လက္ခဏာက များနေတော့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်… ချွဲထခြင်း၊ အသက်ရှူသံမြန်ခြင်း၊ အသက်ရှူတဲ့အခါ အသံထွက်ခြင်း စတာတွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ တစ်မျိုးမျိုး ဖြစ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

19.

Myat Su Khaing

သမီး​လေးက၃လရှိပါပြီ။ မိခင်​နို့ပဲတိုက်​ပါတယ်​။ ဝမ်းသွားရင်​အစိမ်း​ရောင်​ဖြစ်​ပြီးချွဲ​တွေပါပါတယ်​။ စိုးရိမ်​ရလားရှင့်​။

 

ဝမ်းစိမ်း မကြာခဏ သွားနေရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်… ဝမ်းစိမ်းသွားစေတဲ့ အကြောင်းအရာအချို့ကတော့-

– အစားအစာအတွင်း အစိမ်းရောင်ခြယ် ပစ္စည်းများစွာ ပါဝင်ခြင်း (ဥပမာ ဆိုးဆေး)

– မိခင် (သို့) ကလေး သောက်သုံးသည့် ဆေး အချို့တွင် အစိမ်းရောင်ပါဝင်ခြင်း

– အစာ အူထဲသို့ ဖြတ်သန်းမှုနှုန်း မြန်ဆန်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ်…

ဝမ်းစိမ်းသွားခြင်းအပြင် အမြုပ်ပါ ထနေခြင်းမျိုး ရှိနေတဲ့ အတွက် ကလေးကို ဆရာဝန်နဲ့ပြသ စစ်ဆေးသင့်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

20.

မှုံ နံ့ သာ

ဆရာရှင့်​ က​လေးကို ဖြည့်​စွက်​စာ ဘာ​တွေ​ကျွေးလို့ရလဲရှင့်​။ အခုက ထမင်းကို ခါကြက်​ဥရယ်​ပဲနဲ့​ ရော​ကျွေး​နေပါတယ်ရှင်​။

 

၆ လပြည့်ပြီးရင် ကလေးကို ဖြည့်စွက်စာ အာဟာရပါ ကျွေးပေးဖို့ လိုအပ်ပါတယ်… ဆန်၊ ဂျုံ၊ အသီးအရွက်၊ အသားငါး စသဖြင့် အာဟာရ စုံလင်အောင် ဖြည့်စွက် ကျွေးမွေးပေးပါ…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

မောင်သီလ

ဆရာရှင့်​သားသားက၁၁လပြည့်​​တော့မှာပါ။ အသီးအနှံ​တော့​ကျွေးပါပြီ။ အရွက်​​တွေ​ရော​ကျွေးလို့ရပြီလားရှင့်​။ သားသားက၀မ်းလွယ်​တတ်​လို့မ​ကျွေးရဲ​သေးလို့ပါ။

 

၆ လပြည့်ပြီးရင် ကလေးကို ဖြည့်စွက်စာ အာဟာရပါ ကျွေးပေးဖို့ လိုအပ်ပါတယ်… ဆန်၊ ဂျုံ၊ အသီးအရွက်၊ အသားငါး စသဖြင့် အာဟာရ စုံလင်အောင် ဖြည့်စွက် ကျွေးမွေးပေးပါ… အရွက်ကျွေးခြင်းဟာ ဝမ်းသွားတဲ့ အလေ့အထ ပုံမှန် ဖြစ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်… ဝမ်းမပျက်စေပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

22.

Aye Aye Hlaing

မင်္ဂလာပါက​လေးက၅လခွဲပါ။ နှာစီ​​ချောင်​ဆိုးချွဲထ​နေတာဘာ​ဆေးတိုက်​ရင်​​ကောင်းမှာလဲရှင့်​။

 

ကလေးချောင်းအရမ်းဆိုးနေရင် ဆေးမတိုက်ဘဲသက်သာစေနိုင်ဖို့ မိခင်နို့ကို များများ ပိုတိုက်ပေးပါ…

နှာရည် အရမ်းကျပြီး နှာပိတ်နေတာအတွက် ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့ အနည်းငယ် စုပ်ယူပြီး အပ်ကိုဖြုတ်ပါ… ပြီးရင် အပ်မပါတဲ့ ဆေးထိုးအပ်လေးနဲ့ ပိတ်နေတဲ့ နှာခေါင်းထဲကို ၁ စက် ၂ စက်ခန့် ချပေးနိုင်ပါတယ်… ဒါမှမဟုတ် ရာဘာ tube လည်း အသုံးပြုနိုင်ပါတယ်… ကလေး ဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ…
ဒီထက်ပို မသက်သာတာ၊ အသက်ရှူကြပ်နေပုံရပြီး ကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာ စသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

အောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကိုလည်းဖတ်ရှုပေးပါ…

http://babimildmomsclub.com.mm/?p=2896

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

23.

Khushi Dah

အိမ်က သမီးလေး၃လထဲကနို့ဘူးဘဲစို့တယ်။ မိခင်နို့လုံးဝမစို့တော့ဘူး။ အခု၅လရှိပြီ။ နို့ဘူးစို့တာအခု၁၀ရက်လောက်ရှိတယ်။ အီးခဏခဏပါနေတယ်။ နို့စို့တာနဲ့ဘာလို့လဲ။

 

မေးခွန်းက သိပ်မရှင်းပါဘူး… မိခင်နို့စို့လို့ ဝမ်းပျက်တာလား နို့ဗူးစို့နေရင်း ဝမ်းပျက်တာလား? မိခင်နို့ရော နို့ဗူးရော တိုက်ကျွေးရင် ကလေးက အားစိုက်ပြီး စို့ယူရတဲ့ မိခင်နို့ထက် အလွယ်တကူသောက်ရတဲ့ နို့ဗူးကို ပိုနှစ်သက်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်… မိခင်နို့ ပြန်တိုက်လို့ ဝမ်းပျက်တာဆိုရင် အရင်တုန်းက မိခင်နို့ စို့တုန်းကရော ဝမ်းပျက်ဖူးလား သိဖို့ လိုအပ်ပါတယ်…
နို့ဗူး တိုက်နေရင်း ဖြစ်တာဆိုရင်တော့ နို့ဗူး ပြင်ဆင်တဲ့အခါ သန့်ရှင်းမှုကို ပိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်… မိခင်နို့စို့ ရတဲ့ ကလေးတွေထက် နို့ဗူးစို့တဲ့ ကလေးတွေက ဝမ်းနဲ့ဆိုင်တဲ့ ပြဿနာတွေပိုဖြစ်ပွား တတ်ပါတယ်…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

24.

မေမေ

ဆရာကလေးကခေါင်းကချွေးတအားထွက်ပေါတယ်ဆရာ။ နာလည်းစီးပါတယ်ဆရာ။ ချွေးမထွက်တဲ့နေ့ဆိုကိုယ်ကနွေးနွေးလေးဖြစ်တက်ပါတယ်ဆရာ။ အဲ့ဒါဘာဆေးတိုက်ရမလည်းဆရာ။

 

ကိုယ်အပူချိန် တိုင်းတာကြည့်ပါ… ဖျားမနေရင် စိတ်မပူရပါဘူး… ကလေးငယ်နဲ့ ခေါင်းချွေးထွက်ခြင်းအကြောင်း ဆောင်းပါးကို အောက်က Link မှာ ဖတ်ရှုနိုင်ပါတယ်…

 

http://babimildmomsclub.com.mm/?p=5655

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

25.

လင်းသူ

ဆရာရှင့်သားလေးက၃လကျော်ပါပြီ။ အမေကမြူပြီးသားလေးကစကားလိုက်ပြောပြီးခဏကြာရင် ကြက်ဥခိုးပါတယ်ဆရာ။ စိုးရိမ်ရလားရှင့်။

 

ဂျို့ထိုးတာကို ပြောတယ် ထင်ပါတယ်… Diaphragm ခေါ်ဝမ်းခေါင်းခြားကြွက်သားကိုလှုံ့ဆော်မှု တခုခုဖြစ်တဲ့အခါ ဂျို့ထိုးတတ်ပါတယ်… စိတ်ပူစရာတော့ မရှိပါဘူး…

 

ကျန်းမာပျော်ရွှင်ပါစေ

Dr.Mild

——————————-

 

 

No Comments

Comments are closed.

To Top