ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၈၉)

1.မိုး စက် ချို
ဆရာ သားလေးက ခေါင်းကအမြဲပူပြီး ဆံပင်တွေအရမ်းကျွတ်တယ်ဆရာ
ဂုတ်ဆံစပ်နားမှာလည်း အဆီကြိတ်လို ရွှေ့လျားနေတဲ့အကြိတ်၂ခုတွေ့တယ်ဆရာ
ပေါင်ချိန်လဲသိပ်မတက်ဘူး စိုးရိမ်ရလား ဘာဖြစ်တတ်လဲ ဆရာ

ပေါင်ချိန်မတက်တာ၊ အကျိတ်တွေ့တာ၊ ကိုယ်ပူတာ စတာတွေ ရှိနေတော့ ကလေးကို ဆရာဝန်နဲ့ စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်… အကျိတ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးကို
အောက်က ပေးထားတဲ့ Link မှာ ဖတ်ရှုပေးပါ…

ကလေးများနှင့် အကျိတ်ရောင်ခြင်း By Dr.Mild

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
2.Pig Lay
ဆရာရှင့်ကျွန်မသားလေးက၉လပါ.သားသားကထမင်းကိုအားရအောင်မစားပါဘူးထမင်းဘူးတေကျွေးတာလည်းမစားဘူးထမင်းကိုပဲပျော့ပျော့လေးချက်ပီးကျွေးပါတရ်. အသားမထည့်ရဘူးဆိုလို့ပါအသားကျွေးရင်သန်ထတရ်ဆိုတာဟုတ်ပါသလားရှင့်နောက်ပီးသားသားအစားစားအောင်ဘာတေလုပ်ရမလဲရှင့်

အသားကျွေးလို့ရပါတယ်… ကျက်အောင် ချက်ပြုတ်ကျွေးဖို့တော့ လိုအပ်ပါတယ်… အစားစားချင်စိတ် ပိုဖြစ်စေဖို့ ကလေးကို Lysine ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
3.Phyu Thawe
ဆရာကလေးကဝမ်းအစိမ်းရောင်အမြိုတ်တွေသွားနေတာ ၁၀ရက်လောက်ရှိပါပြီ တနေ့၎ ၅ခါလောက်သွားပါတယ်စိုးရိမ်ရလားရှင့်

ဝမ်းစိမ်း မကြာခဏ သွားနေရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်… ဝမ်းစိမ်းသွားစေတဲ့ အကြောင်းအရာအချို့ကတော့-
– အစားအစာအတွင်း အစိမ်းရောင်ခြယ် ပစ္စည်းများစွာ ပါဝင်ခြင်း (ဥပမာ ဆိုးဆေး)
– တိုက်ကျွေးသည့် ဆေး အချို့တွင် အစိမ်းရောင်ပါဝင်ခြင်း
– အစာ အူထဲသို့ ဖြတ်သန်းမှုနှုန်း မြန်ဆန်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ်…
ဝမ်းစိမ်းသွားခြင်းအပြင် အမြုပ်ပါ ထနေခြင်းမျိုး ရှိနေတဲ့ အတွက် ကလေးကို ဆရာဝန်နဲ့ပြသ စစ်ဆေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
4.Poshan Win
ဆရာရှင့် သား က၁၀ လပါ
သားကထမင်းကျွေးတာ၁၀လုတ်၁၅ လုတ်လောက်ရောက်ရင်အော့အော့နဲ့ပျို့ပါတယ်
အဲ့တာဗိုက်ပြည့်လို့ဖြစ်တာလား
အစားချင်လို့ဖြစ်တာလားသိချင်ပါတယ်ရှင့်

ဖြစ်တတ်ပါတယ်… ကလေးရဲ့ အရွယ်နဲ့ သူစားနိုင်မယ့် ပမာဏကို ချင့်ချိန်ပြီး ကျွေးပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
5.Ko Ko Khoon

ဆရာရှင့် ကလေးက ၆ လရှိပါပြီ…ခေါင်းက အပူပုလေးတွေက ပျောက်လိုက် ပြန်ပေါ်လာလိုက်နဲ့ခဏခဏဖြစ်နေပါတယ်…

ဖြစ်တတ်ပါတယ်… စိုးရိမ်စရာတော့ မရှိပါဘူး… ယားယံတဲ့ ပုံစံမျိုးရှိနေရင် Calamine Lotion လေးလိမ်းပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
6.Phyar Phyar
ဆရာရှင့် သမီးလေးက၂နှစ်နဲ့၁လပါ ပေါင်ချိန်တိုင်းပေါင်၂၀ကနေ မတက်လို့ပါ ကျန်းမာပါတယ်ရှင့်

ကလေးက အသက်နဲ့စာရင် ကိုယ်အလေးချိန် နည်းနေပါတယ်… ကလေးကို ကျန်းမာရေး စနစ်တကျ စစ်ဆေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
7.Shwe Yaung Linn
Dr.ရှင့်သမီးလေးက၂လနှင့်၇ ရက်ပါ မွေးကထဲကဘယ်ဘက်မျက်လုံးလေးကမျက်ဝတ်ထွက်ပီးမျက်ရည်ဝဲနေကျနေတတ်ပါတယ် ၄၅ရက်ပြည့်လို့ဆေးခန်းပြန်ပြတော့ဆရာဝန်ကိုပြမေးတော့မျက်ရည်အိတ်မပွင့်သေးလို့မျက်ခုံးရင်းနဲ့နှာခေါင်းကြားနေရာကိုအသာနှိပ်ပေးဖို့ပြောပါတယ်အခုထိမပျောက်သေးပါ မည်သို့ဆောင်ရွက်သင့်ပါလဲ ကျေးဇူးပြု၍ဖြေကြားပေးစေလိုပါတယ်ရှင့်

ဖြစ်တတ်ပါတယ်… ကလေးတချို့မှာ မျက်ရည်စီးဆင်းတဲ့ လမ်းကြောင်းက ပိတ်နေတတ်ကြပြီး ယခုလို အခြေအနေမျိုး ဖြစ်ပွားပါတယ်… မျက်လုံးနဲ့ နှာခေါင်းကြား နေရာလေးကို upward direction (အပေါ်ဖက်ဆွဲ) နဲ့ အသာအယာ နှိပ်နယ်ပေးခြင်းဟာ လမ်းကြောင်းပွင့်ဖို့ အထောက်အကူ ဖြစ်စေပါတယ်… နောက်တစ်ခုက ဒီလိုကလေးတွေမှာ မျက်စိ ပိုးဝင်လွယ်ပါတယ်… ဒီလိုအခြေအနေကို ကာကွယ်ဖို့နဲ့ သက်သာစေဖို့က မိခင်နို့ရည် ခတ်ပေးနိုင်ပါတယ်…
ကလေးအသက် ၆ လကျော်တဲ့အထိ လမ်းကြောင်းပိတ်နေသေးရင်တော့ ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
8.Kukustar Lay
ဆရာရှင့်သားလေးက၃လပါမျက်လုံးတစ်ဖက်ကမျက်ဝတ်ထွက်နေတယ်နိ့ရည်ညစ်ထည့်ပေးတယ်နည်းနည်းဘဲသက်သာတယ်နောက်တစ်ရက်ကျန်တဘက်ပြန်ပြီးမျက်ဝတ်ထွက်လို့အင်းပြပါဦးရှင့်

မျက်ရည်ကျတာကတော့ ပိုးဝင်တာကြောင့် ဖြစ်နိုင်သလို မျက်ရည် အပိုစီးဆင်းတဲ့ လမ်းကြောင်း ပိတ်နေတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်… မျက်ရည်ချည်းပဲကျတာလား မျက်ဝတ်ပါ ထွက်သလား စောင့်ကြည့်ပါ… မျက်ဝတ်ထွက်တာဟာ ဗိုင်းရပ်စ်ကြောင့်ထွက်တာ၊ ဘက်တီးရီးယားကြောင့်ထွက်တာဆိုပြီး ၂ မျိုးရှိပါတယ်… ဗိုင်းရပ်စ်ကြောင့် ဆိုရင် မိခင်ရဲ့ နို့ရည်ခတ်ပေးနိုင်ပါတယ်… ဒီလိုအခြေအနေမျိုးမှာ ဖြစ်တဲ့ ကာလသိပ်မကြာတတ်ဘဲ ပျောက်သွားတာ များပါတယ်…
မျက်ဝတ် အဝါရောင်၊ အစိမ်းရောင် စသဖြင့် ထွက်နေရင်တော့ ဘက်တီးရီးယားကြောင့် ဖြစ်တာလို့ ယူဆနိုင်ပါတယ်… သင့်တော်တဲ့ မျက်စဉ်းဆေးကို ခတ်ဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသ တိုင်ပင်သင့်ပါတယ်… မျက်ဝတ်ထွက်တာများတဲ့ အခါ အဝတ်သန့်သန့်လေးကို ရေနွေးနွေးလေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
9.Okkar Pyaesone
ဆရာရှင့်သားသားက လည်ပင်းစောင်းနေလို့ လေ့ကျင့်ခန်းလုပ်လဲမတည့်လာဘူး လည်ပင်းမှာကအဖုလေးတွေလဲရှိနေတယ် ကြာပြီ အဖုလေးတွေက ၆ လသားထဲကရှိတာ ခုဆို ၃နှစ် ၇လရှိပါပြီ ဆေးလဲစစ်ပြီးပါပြီ Tv တော့မဟုတ်ဘူး ခေါင်းစောင်း အဲဒီအဖုလေးတွေနဲ့များဆိုင်လို့လားဆရာ ကျေးဇူပြုရွေဖြေပေးပါလားရှင့်သိချင်လို့ပါ သားသားကိုကြည့်ပြီ အရမ်းစိတ်မကောင်းဖြစ်မိလို့ပါ ဆရာ

စနစ်တကျ စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်… အဖုလေးတွေက အရေပြားဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက် အရေပြားအထူးကု ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုလိုပါတယ်… လည်ပင်းစောင်းခြင်းလည်း အလားတူပါပဲ… သိသိသာသာ စောင်းနေရင် ကလေးအထူးကု ဆရာဝန်နဲ့ ပြသကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
10.သံစဉ် နွေး
ဆရာ
သန်ထရင်ဘယ်လိုပုံစံမျိုးတွေဖြစ်တတ်ပါလဲ သိထားသင့်တယ်ထင်လို့. ကျေးဇူးပြုပြီးဖြေကြားပေးပါ

ကလေးတွေမှာ သန်ကောင်ရှိရင် တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
– ကလေး ညသိပ်ရခက်ခြင်း (ယားယံခြင်းကြောင့်)
– ကလေး ပုံမှန်ထက် အီခြင်း
– ကိုယ်အလေးချိန် မတိုးခြင်း၊ ပိန်ခြင်း
– စအိုဝ တဝိုက် ယားယံခြင်း
– ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း
– ဝမ်းထဲတွင် သွေးစတွေ့ရတတ်ခြင်း စသဖြင့် ရှိနိုင်ပြီး ဖြစ်ပွားတဲ့ သန်ကောင် အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာ ကွာခြားနိုင်ပါတယ်…
ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုပေးပါ… လက်သည်းခြေသည်း သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး စတာတွေကို ဂရုပြုပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
11.Hninhay Mhan
ဆရာရှင့် သမီးလေးက ၂လပြည့်ပြီးပါပြီ ကလေးက နောက်ကျောကပူပြီး ခေါင်းရောပါပူနေပါတယ် အဲ့ဒါဘယ်လိုလုပ်ပေးရမလဲဆရာ

ပြောထားတာတွေ အပြင် ထူးခြားတဲ့ လက္ခဏာ မရှိရင်တော့ စိတ်ပူစရာ မရှိပါဘူး… ကိုယ်အပူချိန် တိုင်းတာကြည့်ပါ… အဖျား မရှိရင် ပြဿနာ မရှိပါဘူး…
ရာသီဥတု အေးနေလျှက် ချွေးထွက်တာ၊ ဖျားတာ၊ ပိန်တာ စတာတွေ ရှိရင်တော့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
12.ဘုန်း ပြည်
ဆရာရှင့်သားလေးက၂နှစ်နဲ့၎လပါငယ်ငယ်ကတော့ဆီးကပုံမှန်ပါ ၁နှစ်ကျော်လောက်ကစပြီးဆီးသွားတာပုံမှန်မဟုတ်တော့ဘူးအမြဲတော့မဟုတ်ဘူးတခါတလေကျရင်ဆီးကတနေ့လုံးမှ၃ခါလောက်ပဲသွားတယ်တခါတလေကျရင်ဆီးကဆန်ဆေးရည်လိုဖြူနေတယ် ဆီးပေါက်တဲ့နေရာက ခြောက်သွားရင်လဲ ဖြူဖြူတွေဖြစ်နေတယ်ခုထိပါပဲအဲဒါစိုးရိမ်ရလားဆရာ

ပြောပြထားတဲ့ အခြေအနေအရ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာ တစ်ခုခုဖြစ်နိုင်ပါတယ်… ကလေးကို ဆရာဝန်နဲ့ စနစ်တကျ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
13.Nwge Yati
ဆရာ သားသားကအခုမှ၄၅ရက်သားပါ
ရေနွေးကြမ်း ရေ တိုက်မရတာကို
းးးးးးးးးးးးးက တိုက်နေလို့အဲ့ဒါကလေးတခုခုဖြစ်မှာစိုးရိမ်လို့ပါ နို့ကလည်းကောင်းပါ
မတိုက်ဖို့ကိုလည်းပြောပြတာလက်မခံဘူး

ကလေးအသက် ၆ လအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပြီး ရေပင် တိုက်စရာ မလိုအပ်ပါဘူး… ရေနွေးကြမ်းရေ မတိုက်ကျွေးသင့်ပါ… မိခင်နို့ရည်တိုက်ကျွေးရင် လုံလောက်ပါပြီ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
14.Mýat Pĥõñé Kĥàñt
ဆ၇ာရှင်သားလေက၁နှစ်၇လပါ သွားအကုန်မပေါက်သေလိုပါ အပေါ်၎ချောင်း အောကမ၂ချောင်းပေါက်သေပါတယ်စိုး၇ိမ်၇လာရှင့်

သွားပေါက်ခြင်းဟာ ကလေးတွေမှာ ပြဿနာ ကြီးကြီးမားမား မရှိတတ်ပါဘူး… မစိုးရိမ်ပါနဲ့… တဖြည်းဖြည်း ထွက်လာပါလိမ့်မယ်… တစ်ယောက်နဲ့ တစ်ယောက် သွားပေါက် စောတာ နောက်ကျတာ ကွာခြားတတ်ကြပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
15.Pan Chit Thu
ဆရာရှင့်သားလေးက၂နှစ်၃လပါ စကားမပြောသေးဘူးရှင့် သားသားရေဆိုရင်ဗျဗျတော့တူးတယ်ရှင့် တခြားမပြောသေးဘူးအဲ့ဒါဘာဖြစ်လို့လဲရှင့်

အရွယ်နဲ့စာရင် ပြောနိုင်တဲ့ ဝေါဟာရ နည်းလွန်းပြီး နောက်ကျတယ်လို့ ဆိုနိုင်ပါတယ်… ကလေးရဲ့ ကျန်းမာရေးကို စနစ်တကျ စစ်ဆေးပေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
16.ကာရန် ကာရန်
ဆရာ ရှင့်သမီးလေးကလေးလပါဆရာခေါင်းချွေးအရမ်းထွက်ပါတယ်ဘာဖြစ်လို့ပါလဲရှင်

ချွေးထွက်များတဲ့ အခါမျိုးမှာ အရည်ဓါတ် ပြန်လည် ဖြည့်တင်းပေးရပါမယ်… ရေများများတိုက်ပေးပါ… ခေါင်းချွေးထွက်တာ အပြင် တခြား ဘာလက္ခဏာမှာ မရှိရင်တော့ အထွေအထူး စိုးရိမ်စရာ မရှိပါဘူး…
ချွေးထွက်တာက အရမ်းများလွန်းနေတဲ့အပြင် ပိန်သွားတာမျိုး၊ ညနေဖက် ကိုယ်နွေးတာမျိုး ရှိနေရင်တော့ ကျန်းမာရေး စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်…
ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ကြည့်သင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
17.Chit Nge
ဆရာရှင့် သမီးလေးက အခု ၆လထဲမှာပါ ၇လဆိုရင် ခရီးသွားဖို့ အဆင်ပြေပါလားရှင့်

ယေဘုယျအားဖြင့် သွားလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
18.Kyaw Kyaw
ဆရာရှင့်
သမီးက၁နှစ်၂လပါအခုထိ မျက်လုံးကမျက်ရည်ကျတုန်းဆရာ ဘာလုပ်သင့်ပါသလည်း

မျက်ရည်ကျတာကတော့ ပိုးဝင်တာကြောင့် ဖြစ်နိုင်သလို မျက်ရည် အပိုစီးဆင်းတဲ့ လမ်းကြောင်း ပိတ်နေတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်… မျက်ရည်ချည်းပဲကျတာလား မျက်ဝတ်ပါ ထွက်သလား စောင့်ကြည့်ပါ… မျက်ဝတ်ထွက်တာဟာ ဗိုင်းရပ်စ်ကြောင့်ထွက်တာ၊ ဘက်တီးရီးယားကြောင့်ထွက်တာဆိုပြီး ၂ မျိုးရှိပါတယ်… ဗိုင်းရပ်စ်ကြောင့် ဆိုရင် မိခင်ရဲ့ နို့ရည်ခတ်ပေးနိုင်ပါတယ်… ဒီလိုအခြေအနေမျိုးမှာ ဖြစ်တဲ့ ကာလသိပ်မကြာတတ်ဘဲ ပျောက်သွားတာ များပါတယ်…
မျက်ဝတ် အဝါရောင်၊ အစိမ်းရောင် စသဖြင့် ထွက်နေရင်တော့ ဘက်တီးရီးယားကြောင့် ဖြစ်တာလို့ ယူဆနိုင်ပါတယ်… သင့်တော်တဲ့ မျက်စဉ်းဆေးကို ခတ်ဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသ တိုင်ပင်သင့်ပါတယ်… မျက်ဝတ်ထွက်တာများတဲ့ အခါ အဝတ်သန့်သန့်လေးကို ရေနွေးနွေးလေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
19.သားသားရဲ့ မေမေ
ဆရာရှင့် ကလေးက တစ်နှစ်နဲ့နှစ်လပါ ကယ်ဆမ်ကွေကာတိုက်လို့ရလားရှင့်

ရပါတယ်… တိုက်ကျွေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
20.Han Lin Thit
ဆရာရှင့်သားလေးကညအိမ်ရင်သွားကြိတ်တယ်ဘာဖြစ်လို့ပါလဲ

သွားစပေါက်ကာစ အရွယ် ၃ နှစ်ခွဲ ကနေ ၆ နှစ်လောက်အတွင်းမှာ သွားကြိတ်ခြင်း (Bruxism)ကို ကလေးအားလုံးရဲ့ ၃ ပုံ ၁ပုံမှာ တွေ့ရတတ်ပါတယ်… ဘာကြောင့် ဒီလို သွားကြိတ်သလဲဆိုတာ တိကျတဲ့ အဖြေတော့ မရှိသေးပါဘူး… သွားဖုံးယားယံလို့၊ စိတ်ဖိစီးမှု အချို့နဲ့ pinworm ခေါ် သန်ကောင်တို့ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်…
စိတ်အရမ်း မပူပါနဲ့… အများအားဖြင့် သွားတွေ စုံပြီး ကျင့်သားရသွားတဲ့အချိန် (ကလေးအသက် ၆နှစ်ကျော်လောက်) မှာ သွားကြိတ်ခြင်း ပျောက်သွားတတ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top