ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၉၀)

1.Tin Tin Nwe
မင်္ဂလာပါဆရာ သားက၂နှစ်ရှိနေပါပြီနို့မဖျက်ပဲတိုက်နေလိုဘာ ကလေအတွက်ဆိုးကျိုးဘယ်လိုရှိနိုပသလဲရှင် ကလေးကလဲနို့ဖျက်လိုမရလိုပါ

အောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကိုလည်း ဖတ်ရှုပေးပါ…

ဘယ်အချိန်မှာ မိခင်နို့တိုက်ကျွေးခြင်းကို ရပ်တန့်မလဲ?

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
2.Phyo Lay
ကလေးကချောင်းဆိုးပြီးချွဲလည်းကြပ်နေပါတယ်ရှင့်ဘာဆေးသုံးရမလဲရှင့်၎လထဲမှာပါ

ချောင်းဆိုး ချွဲကြပ်ခြင်းကို စမ်းသပ်စစ်ဆေးမှု မပါဘဲ ဆေးညွှန်းပေးလို့ မရပါဘူး… ကလေးကို မိခင်နို့ များများ ပိုတိုက်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
3.အန်တီ လှ
မြေးလေး၆နှစ်ပါနားဘေးနဲ့လည်ပင်းနားရောင်ပြီးဖျားနေပါတယ်ဆေးခန်းကဆေးလည်းတိုက်ပါတယ်ဘာဖြစ်တာပါလည်းဆရာ

ဆေးပတ်လည်အောင် သောက်ပေးပါ… မသက်သာရင် ဆေးခန်း ပြန်လည် ပြသဖို့ လိုအပ်ပါတယ်… ဖြစ်တဲ့အကြောင်းရင်းက စမ်းသပ်စစ်ဆေးမှု မပါဘဲ ခန့်မှန်းပေးလို့ မလွယ်ပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
4.Honey Honey
ဆရာရှင့်သားလေးက ၆ လပြည့်ပြီးသွားပါပြီ
ညဘက်ဆိုနှာခေါင်းတွေပိတ်ပါတယ် အဲဒါဘာ
ဆေးသုံးရင်အဆင်ပြေမလဲရှင့် အပြင်ထွက်ရင်လဲဦးထုပ်အမြဲဆောင်းပါတယ်

နှာရည် အရမ်းကျပြီး နှာပိတ်နေရင် ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့ အနည်းငယ် စုပ်ယူပြီး အပ်ကိုဖြုတ်ပါ… ပြီးရင် အပ်မပါတဲ့ ဆေးထိုးအပ်လေးနဲ့ ပိတ်နေတဲ့ နှာခေါင်းထဲကို ၁ စက် ၂ စက်ခန့် ချပေးနိုင်ပါတယ်… ဒါမှမဟုတ် ရာဘာ tube လည်း အသုံးပြုနိုင်ပါတယ်… ကလေး ဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ…
အသက်ရှူကြပ်နေပုံရပြီး ကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာ စသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
5.La Pyae
ဆရာရှင့် သားလေးက၁နှစ်နဲ့၎လထဲမှာပါရှင့် ထမင်းဘယ်လိုကျွေးကျွေးလုံးဝမစားဘူးဖြစ်နေတယ် နို့ တော့ဆို့တယ်ဆရာ ဘာအားဆေးတိုက်ရင်ရမလဲရှင့် ဖြေကြားပေးပါရှင့် ကျေးဇူးတင်ပါတယ်ရှင့်

ကလေးကို ဖြည့်စွက်စာကျွေးတဲ့အခါ သူကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရဖြစ်စေမယ့် အစားအစာ မျှတအောင် ချော့ကျွေးသင့်ပါတယ်… အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ဓါတ်ပါဝင်တဲ့ အားဆေးတိုက်ကျွေးနိုင်ပါတယ်… နောက်ပြီး ကလေးသဘာဝ ခုန်ပေါက် ကစားခြင်းမျိုးကိုလည်း အားပေးပါ… ဒီလို ခုန်ပေါက် ကစားတဲ့ ကလေးတွေက ငြိမ်ငြိမ်နေတတ်တဲ့ ကလေးတွေထက် စားချင်စိတ် ပိုမို ရှိတတ်ကြလို့ ဖြစ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
6.အသည်းကွဲလူမိုက် အပယ်ခံနှလုံးသား
မင်္ဂလာပါဆရာ သမီးလေးက၁နှစ်နဲ့၉ပါ အိပ်ရင်မှောက်မှောက်ပြီးအိပ်တယ်ဆရာ ညဆိုရင် ဘာဖြစ်လို့လဲရှင့် တစ်ခုတစ်ခုများဖြစ်နေလားလို့သိချင်လို့ပါဆရာ ပြန်ဖြေပေးပါအုံးနော်

မှောက်အိပ်တာ ခေါင်းနိုင်တဲ့အရွယ်မှာ ပြဿနာ မရှိတော့ပါဘူး… ၆ လအောက် ကလေးငယ်များ (အထူးသဖြင့် ကလေးခေါင်းမနိုင်ခင်အရွယ်မှာတော့)မှောက်အိပ်ခြင်းထက် ပက်လက်အိပ်ခြင်းက ပိုမိုကောင်းမွန်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
7.Myat Thu
ဆရာရှင့်သမီးလေးက၂လရှိပါပြီချောင်းဆိုးတာဘာဆေးတိုက်လို့ရလဲသိချင်ပါတယ်ရှင့်သမီးလေးကပျို့လဲခနခနပျို့ပါတယ်စိုးရိမ်ရလားသိချင်ပါတယ်ရှင့်

အရမ်းငယ်လွန်းတဲ့ အရွယ်ဖြစ်တာကြောင့် စနစ်တကျ စစ်ဆေးပြီးမှသာ ဆေးတိုက်ကျွေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
8.မယ် မဒီ
ဆရာသားသားက၁၀လကျော်ပါသူ့အကိုကိုထမင်းကျွေးရင်တောင်းတေင်းစားလို့ဟင်းအနှစ်နဲ့နယ်ထားတဲ့ထမင်းနည်းနည်းခွံ့ကျွေးမိတယ်ရလားရှင့်

ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
9.စီစီစိန် ညီညီအောင်
ဆရာ သမီးလေးကခုမှနှစ်လပါ နှာတွေပိတ်နေလို့နှာလဲချီပါတယ် နှာခေါင်းကပိတ်လိုက်ပွင့်လိုက် တခွီးခွီးနဲ့ဖြစ်နေလို့ တစ်ခါလေ နို့စို့ပီး ပြန်အန်ထုတ်ပါတယ် လေဆေးချွဲတယ့်ဆေးအရည်တွေဆို လယ်ချောင်းဝတွင်မျိုမရပဲပြန်အန်ထုတ်ပါတယါ စိုးရိမ်ရလားဆရာ

အန်တာက ဖြစ်တတ်ပါတယ်… နှာရည် အရမ်းကျပြီး နှာပိတ်နေရင် ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့ အနည်းငယ် စုပ်ယူပြီး အပ်ကိုဖြုတ်ပါ… ပြီးရင် အပ်မပါတဲ့ ဆေးထိုးအပ်လေးနဲ့ ပိတ်နေတဲ့ နှာခေါင်းထဲကို ၁ စက် ၂ စက်ခန့် ချပေးနိုင်ပါတယ်… ဒါမှမဟုတ် ရာဘာ tube လည်း အသုံးပြုနိုင်ပါတယ်… ကလေး ဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ…
အသက်ရှူကြပ်နေပုံရပြီး ကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာ စသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
10.Aye Aye Sandi
သမီးလေးကဆံပင်အရမ်းပါးတယ်ဘယ်ခေါင်းလျှော်ရည်သုံးရမလဲ
ကလေးမှာသန်ထရင်ဖြစ်တတ်တဲ့လက္ခဏာလေးတွေသိချင်ပါတယ်
ကလေးကဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို၁၇.၁၂.၂၀၁၇မှာထိုးထားတာပါဆရာအခု၁.၁.၂၀၁၈မှာဝက်သက်ကာကွယ်ဆေးထိုးရမယ်ဆိုတော့ထိုးလို့ရလားဆိုတာသိချင်ပါတယ်ရှင့်

ကလေးတွေမှာ သန်ကောင်ရှိရင် တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
– ကလေး ညသိပ်ရခက်ခြင်း (ယားယံခြင်းကြောင့်)
– ကလေး ပုံမှန်ထက် အီခြင်း
– ကိုယ်အလေးချိန် မတိုးခြင်း၊ ပိန်ခြင်း
– စအိုဝ တဝိုက် ယားယံခြင်း
– ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း
– ဝမ်းထဲတွင် သွေးစတွေ့ရတတ်ခြင်း စသဖြင့် ရှိနိုင်ပြီး ဖြစ်ပွားတဲ့ သန်ကောင် အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာ ကွာခြားနိုင်ပါတယ်…
ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုပေးပါ… လက်သည်းခြေသည်း သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး စတာတွေကို ဂရုပြုပါ…
ကာကွယ်ဆေးက ထိုးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
11.Thu Zar Tin
ဆရာရှင့် သမီးလေးက ၄ လပြည့် ကာကွယ်ဆေးထိုးတာ ၄ရက်ရှိပြီ အခဲကြီးဖြစ်နေတာမကျေသေးလို့ ရေခဲတနေ့ ၃ကြိမ် ကပ်ပေးပါတယ် အဲ့လိုမျိုး ရက်ကြာတဲ့ထိခဲနေတတ်ပါလား စိုးရိမ်ရပါလား

ဖြစ်တတ်ပါတယ်… စိုးရိမ်စရာ မရှိပါဘူး… တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
12.Paing Lay
သမီးလေး ၄လကျော်ပါဝမ်းခနခနသွားတယ်ချွဲလည်ပါတယ်သွေးတော့မပါဘူး ဘာလုပ်ရမလဲမသိဘူး တခါတလေ အန်ပါတယ် ပြောပြပေးပါအုံး

မကြာခဏ ဝမ်းပျက်နေရင် စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်… ဆရာဝန်နဲ့ စနစ်တကျ ပြသစစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
13.လုံးလုံး မေမေ
ဆရာရေကျမသမီးလေးအပူဘု့ရေကြည်ဘု့လေးတွေထွက်နေလို့အာ့ဘာဆေးလူးပေးပျောက်လဲဟင်တကိုယ်လုံးအများကြီးဘဲပေါက်နေလို့ပါ

အရေပြားဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက် စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်ပါတယ်… ကလေးအထူးကု ဆရာဝန် ဒါမှမဟုတ် အရေပြား အထူးကု ဆရာဝန်နဲ့ပြသ စစ်ဆေးကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
14.Daw Myo Myo
ဆရာမကျွန်မကလေးက၁နှစ်ပါရေချိုးပေးရင်ချောင်းဆိုးရင်ကြပ်ဖြစ်တယ်ဘာဖြစ်တာလဲရှင့်

ရေချိုးတဲ့အခါ ရေအေးသီးသန့် မသုံးဘဲ ရေနွေးနွေးလေးနဲ့ ချိုးပေးကြည့်ပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
15.Thandar Myint Thein
သားလေးက အိပ်နေရင်း ခေါင်းခါတတ်ပါတယ် ၁၀ ကြိမ်လောက်ဆက်တိုက်ခါပါတယ် ဘာဖြစ်လို့ပါလည်းရှင်

တခြားထူးခြားသော လက္ခဏာတွေ မရှိရင် စိတ်ပူစရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
16.Ya Ti Ma
သမီးကေ၄လပါ ချောင်းလဲဆိုးတယ်နှာခေါင်းလဲပိတ်တယ် ချွဲကလဲကျပ်နေတယ်ဘာလုပ်ပေး၇မလဲရှင်

ချောင်းဆိုး ချွဲကြပ်ခြင်းကို စမ်းသပ်စစ်ဆေးမှု မပါဘဲ ဆေးညွှန်းပေးလို့ မရပါဘူး… ကလေးကို မိခင်နို့ များများ ပိုတိုက်ပေးပါ…
နှာရည် အရမ်းကျပြီး နှာပိတ်နေရင် ဆေးဆိုင်တွေမှာ Normal Saline (NS) ကိုဝယ်ယူပါ… ဆေးထိုးအပ်နဲ့ အနည်းငယ် စုပ်ယူပြီး အပ်ကိုဖြုတ်ပါ… ပြီးရင် အပ်မပါတဲ့ ဆေးထိုးအပ်လေးနဲ့ ပိတ်နေတဲ့ နှာခေါင်းထဲကို ၁ စက် ၂ စက်ခန့် ချပေးနိုင်ပါတယ်… ဒါမှမဟုတ် ရာဘာ tube လည်း အသုံးပြုနိုင်ပါတယ်… ကလေး ဦးခေါင်းကို နွေးနွေးထွေးထွေးထားပေးပါ…
အသက်ရှူကြပ်နေပုံရပြီး ကလေးပြာနှမ်းတာ၊ အသက်ရှူသံကျယ်လွန်းတာ စသဖြင့် ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
17.YuNi Tar
သားသားက၁နှစ်နဲ့၁လပါဝမ်းသွားတာ၎ရက်၅ရက်ရှိပြီအစာကျွေးရင်ပြန်အမ်တယ်ဝမ်းသွားတယ်ဝမ်းသွားရင်လည်းအရည်တွေများပြီးအဖတ်ကနည်းတယ်စိတ်ပူလို့ပါရှင့်ဘယ်လိုလုပ်ရမလဲပြောပြပေးပါဆရာရှင့်

ဝမ်းပျက်တာ ရက်ကြာရင် ဆရာဝန်နဲ့ ပြသပြီး ကုသပေးဖို့ လိုအပ်ပါတယ်… ဝမ်းသွားတာများတဲ့အခါ ဓါတ်ဆားရည် ပြန်လည်တိုက်ကျွေးပေးပါ… ရေများများတိုက်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
18.Moe Thandar Aung
လသားကလေး ရင်မကြပ်အောင်ဘာတွေလုပ်ဆောင်ရလဲဆရာ

အထွေအထူး လုပ်ဆောင်စရာတော့ မရှိပါဘူး… ကလေးကို အအေးမပတ်အောင် ဂရုစိုက်ပါ… မိခင်နို့ တမျိုးတည်းသာ တိုက်ကျွေးပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
19.Myat Mon
ဆရာမ ကျွန်မကလေးက တနေ့ကိုနေ့ရော ညပါစို၁၆နာရီလောက်အိမ်ပါတယ်

ကလေးငယ်လေ အိပ်ချိန်များလေ ဖြစ်ပါတယ်… ဒါဟာ သဘာဝဖြစ်ပြီး စိုးရိမ်စရာ မရှိပါဘူး…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
———————————
20.Naywin Naywin
၉လသမီးကို၊၊
ကန်ဇွန်းဥကြွေးလို့ရနိုင်လား၊၊
ရင်ပြည့်တယ် ပြောကြလို့ပါ
ဘာဖြစ်တက်လဲ

တော်သင့်ရုံဆို ကျွေးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top