ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၈၃)

1. Nilar Nilar
ဆရာ ကျွန်မသမီးကတနှစ်ဆယ့်တစ်လပါ ဝမ်းချုပ်တတ်တယ်ဆရာနှစ်ရက်သုံးရက်နေမှတခါပါတယ်တခါတလေညစ်လို့သွေးစလေးတွေတွေ့ရပါတယ် အမြဲတွေ့တာတော့မဟုတ်ပါဘူးဆရာစိုးရိမ်ရပါလားရှင် ဘာတွေလိုအပ်ပါလဲရှင်ကျေးဇူးပြု၍ပြောပြပေးပါဆရာ

ကလေးဝမ်းချုပ်တတ်ရင် ဝမ်းပျော့အောင် ရေများများတိုက်ပါ… အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအရွက် ကျွေးပေးပါ… ဝမ်းပျော့ဆေးကတော့ လိုအပ်မှသာ တိုက်ကျွေးသင့်ပါတယ်… ပြောခဲ့သလို ရေများများတိုက်ပေး၊ အသီးအရွက်တွေစားပြီး ကိုယ်လက်လှုပ်ရှားမှု ရှိရင် ဝမ်းချုပ်၊ ဝမ်းမာခြင်း သက်သာစေပါတယ်… ဒီနည်းလမ်းတွေ မအောင်မြင်မှသာ ဆေးကို တိုက်ကျွေးသင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
2. Moe Moe
ဆရာရှင့်ကလေးက ၆လပါ နားရွက်နောက်မှာမန်ကျည်းစေ့လောက်ရှိတဲ့မာမာအလုံးလေးတွေ့လို့စိုးရိမ်ရလားဆရာ
အောက်က ပေးထားတဲ့ Link မှာရှိတဲ့ ဆောင်းပါးလေးကို ဖတ်ရှုပေးပါ…
ကလေးများနှင့် အကျိတ်ရောင်ခြင်း
ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
3. Khinphyu Phyuwin
ဆရာရှင့် ခလေးက ၄လသားပါ ခြေဖျားလက်ဖျား နေ့ခင်း ဘက်နဲ့ ညဘက် အချိန်တိုင်းအေးဆက်ဆက်ဖြစ်နေပါတယ် ။ဘာဖစ်တာလဲ သိချင်လို့ပါရှင်။စိုးရိမ်ရလားပြောပြပေးပါနော်

ကလေးရဲ့ ဝမ်းဗိုက်လေးကို စမ်းသပ်ကြည့်ပါ… ဝမ်းဗိုက်ကလေး နွေးနေရင် ကလေးရဲ့ သွေးလည်ပတ်မှုစနစ်က ပုံမှန်ပဲမလို့ စိတ်မပူရပါဘူး… ကလေးငယ်လေးတွေ (အထူးသဖြင့် ၃ လအောက်အရွယ်တွေ)မှာ သွေးလည်ပတ်မှု စနစ်က ဖွံ့ဖြိုးဆဲ ဖြစ်တာကြောင့် တခါတရံ ခြေလက်ကလေးတွေ အေးတတ်ပါတယ်…
ကလေးရဲ့ ခြေထောက်ကို စောင်၊ ခြေအိတ် စတာလေးတွေနဲ့ နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
4. မိုး စက် ချို
နို့သီးခေါင်းစွဲနေတဲ့ကလေးကို အမေနို့ပြန်စို့အောင် ဘယ်လိုလုပ်ရမလဲ ဆရာ

အမူအကျင့်ဆိုင်ရာ ပြဿနာ ပါ… တဖြည်းဖြည်း စိတ်ရှည်ရှည်နဲ့ပြန်လေ့ကျင့်ယူရင် ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
5. Mee La
ကလေးက၁၁လရှိပါပြိ အောက်သွားတစ်ချောင်းထဲပေါက်သေးလို့ဆိုးရိမ်ရပါသလားရှင့်

မိဘ အတော်များများက ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့စိတ်စော တတ်ကြပါတယ်… သွားမပေါက်သေးတာ ပြဿနာ မရှိပါဘူး… တစ်ချို့ ကလေးတွေ တစ်နှစ်ကျော်တဲ့အထိ သွားမပေါက်သေးတာတောင် ရှိပါတယ်… စိတ်မပူပါနဲ့…
ကလေးမှာ နာတာရှည် ကျန်းမာရေးဆိုင်ရာ ပြဿနာ မရှိရင်၊ ထူးထူးခြားခြား အာဟာရ ဆိုင်ရာ ချို့တဲ့မှု မရှိရင် ဖွံ့ဖြိုးမှု နောက်ကျခြင်း ပြဿနာ မရှိတတ်ပါဘူး… နောက်တစ်ခုက ကလေး တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးမှု အနည်းငယ် စောတာ နောက်ကျတာ ရှိနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
6. Mya Thin Kyu
ဆရာရေသးကအခု၁နှစ်၁၀လပါချောင်း
ဆိုးနှာစေးလို့ဆေးတိုက်တာနဲ့ကိုယ်ပူ
လာရောဆေးကဆရာဝန်ပေးတဲ့ဆေးပါ
အဒါလေးသိချင်လို့ပါဒါနဲ့ဆိုဖြစ်တာ၂ခါရှိပီ

စမ်းသပ် စစ်ဆေးမှု မပါဘဲ၊ ရောဂါ ရာဇဝင်မသိရဘဲ ရောဂါကို ခန့်မှန်းဖို့၊ ဆေးပေးဖို့ မလွယ်ကူပါဘူး… အဖျား တက်ချိန်မှာ အင်္ကျီပွပွ ဝတ်ပေးပါ… ကိုယ်အရမ်း ပူလာရင် ရိုးရိုးရေအေးနဲ့ ရေပတ် တိုက်ပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
7. Poshan Win
ဆရာရှင့် ၉ လအရွယ်ကလေးကိုတနေ့စာအတွက်ရေဘယ်လိုတိုက်ပေးရမလဲရှင့်

သတ်သတ်မှတ်မှတ် မရှိပါဘူး… ရာသီဥတု၊ ကလေးရဲ့ ဆီးသွားနှုန်း စသဖြင့် ရေဓါတ် ဆုံးရှုံးမှုပေါ် မူတည်ပြီး တိုက်ကျွေးရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
8. Ya Ti
ဆရာရှင်ဒီဆေးကအားဆေးဟုတ်ပါသလားဖြေပေးပါနော်

ဟုတ်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
9. Ko Ko Naing
ဆရာရှင့် ကလေးတွေက၆လပြည့်ပြီးမှထိုင်တာလား ဘယ်အရွယ်ဆိုစထိုင်ပြီလဲ

အများအားဖြင့် အသက် ၄ လကနေ ၇လ အတွင်းမှာ စပြီးထိုင်တတ်ကြပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
10. Nay Thu
ညီမကလေးတစ်လကျော်ရှိပါပြီ နို့တစ်ဖက်ကခဲပြီးမာနေလို့ပါ
ဖျားလည်းဖျားပါတယ်ဆေးခန်းလည်းပြပါတယ်တစ်ပတ်လောက်ရှိပါပြီမပျောက်လို့ပါဘယ်လိုလုပ်ရမလဲရှင်ကျေးဇူးပြု၍ဖြေပေးပါရှင်

နို့မတိုက်ခင်မှာ ဖြစ်တဲ့နေရာကို ရေနွေးစွတ်ထားတဲ့ အဝတ်လေးနဲ့ ကပ်ပေးပါ… ကလေးကို နို့မတိုက်မှီနဲ့ တိုက်နေစဉ်မှာ လက်နဲ့ ရင်ဘတ်အပေါ်ကနေ နို့သီးခေါင်းဖက်ကို လက်နဲ့ ဆွဲဆွဲချပေးပါ… (တစ်နေရာတည်းကို ဖိထားတာမျိုး မလုပ်ရပါဘူး)… နို့ချောင်းပိတ်ခြင်း ခံစားရတဲ့ဖက်နဲ့ နို့အရင်တိုက်ကျွေးပေးပါ…
မကြာခဏ နို့တိုက်ကျွေးခြင်းဖြင့် နို့ပြွန်အတွင်း နို့ကျန်ပြီး ပိတ်ခြင်းကို တားဆီးနိုင်ပါတယ်… ရေများများသောက်ခြင်း၊ တင်းကြပ်သော အဝတ်အထည်များကို ရှောင်ရှားခြင်း၊ အနားယူခြင်း စသည်တို့ကလည်း ရောဂါကို ကာကွယ်သက်သာစေပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
11. Naw Mi Mi Zin
ကျွန်​မကဆီးချို​ဆေးမက်​​ဖော်​မင်​​သောက်​​နေရလို့ပါ က​လေးကိုနို့ဆက်​တိုက်​လို့ရပါသလားရှင့်​ က​လေးကနှနှစ်​ခွဲပါ ကိုယ်​ဝန်​ရှိကတည်းက​သောက်​ရတာပါ

ဆေးဆက်သောက်ပါ… ဆေးသောက်နေလည်း မိခင်နို့ တိုက်ကျွေးလို့ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
12. Su Myat
မိခင်​နို့ထွက်​ပါတယ်​နို့သီး​ခေါင်းမရှိလို့က​လေးကမစို့နိုင်​လို့ဘယ်​လိုလုပ်​ရင်​ထွက်​လာနိုင်​မလဲရှင့်

အလွယ် ပြုလုပ်နိုင်တဲ့ နည်းတွေကတော့
– လုံးဝ အတွင်းဝင်နေတဲ့ ပုံစံမျိုးမဟုတ်ရင် နို့သီးခေါင်း (Nipple) ကို လက်ညှိုးနဲ့ လက်မကြားမှာ ညှပ်ပြီး စက္ကန့် ၃၀ လောက် တို့ထိပေးပါ… ဒါလို လှုံ့ဆော်မှုဟာ နို့သီးခေါင်း အပြင်ကို ထွက်လာဖို့ အထောက်အကူ ဖြစ်စေပါတယ်…
– ကလေးကို နို့တိုက်ခါနီးမှာ နို့သီးခေါင်း အပေါ်ဖက်ကို လက်မ၊ အောက်ဖက်ကို ကျန် လက်ချောင်းတွေနဲ့ ကိုင်ပြီး မိမိဖက်ကို ဆွဲပါ…
– Breast pump လို ကိရိယာ သုံးခြင်းဖြင့်လည်း Nipple အပြင် ထွက်လာဖို့ ပြုလုပ်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
13. ဝတ်မှုံ ချယ်
သားသား အသက် ၈ လပါ ဒါပေမယ့် သားသားက အပြင်ထွက်လိုက်တာတို့ပန်ကာလေခံလိုက်တာတို့ဆို ခြေဖဝါး လက်ဖဝါးတွေပူတွေ ဆော်တော်ပူလာတယ် အဲ့ဒါ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာလုပ်ရင်ပျောက်နိုင်မလဲရှင့်

အဖျားတိုင်းတာကြည့်ပါ… ဖျားတာ မဟုတ်ဘဲ ခဏတာ ပူတာ ပြဿနာ မဟုတ်ပါဘူး… စိတ်မပူပါနဲ့…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
14. Shwe Khin
ကျမသားလေး က ၈ လကျော် ၉ လထဲမှာပါ မိခင်နို့ကို သိပ်မစို့ပါ သူက အမေနို့ကို ကိုက်မယ် ကျမက အော်လိုက်ရင် သူကပျော်နေတယ် အဲ့လို ခဏသာ ဆော့ရင့်စို့ပါတယ် သူ့ကို အကိုက်ခံပြီး ဆက်တိုက်ဖို့ တော့ ဆုံးဖြတ်ထားပါတယ် ဒါဟာ မှန်ကန်ပါသလားရှင့် Dr.Mild

ဒီလို ရေရှည်ပြုမူရင် မိခင်နို့မှာ အနာဖြစ်လာနိုင်ပါတယ်… ဒါကြောင့် ဒီနည်းလမ်းကို အသုံးပြုဖို့ အားမပေးပါဘူး… တခြား နည်းလမ်းတွေနဲ့ လေ့ကျင့်ယူပါ… ကလေးကို ဖြည့်စွက်စာ အာဟာရလည်း သင့်တင့်မျှတအောင် ကျွေးပေးပါ…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
15. Htet Htet Swe
သားကနည်းနည်းထွားတော့ သားရဲ့ပေါင်နဲ့လည်ပင်အရစ်ကြားမှာရဲပြီး အသားတွေနာနေသလို့ဖြစ်နေပါတယ် အဲ့ဒါဘယ်လို့လုပ်ရမလည

Intertrigo လို့ ခေါ်တဲ့ အရာဖြစ်ပါတယ်… အရေပြား ခေါက်တဲ့နေရာဖြစ်တာကြောင့် ပွန်းခြင်း၊ ပိုးဝင်ခြင်းတို့ ဖြစ်တတ်ပြီး၊ မှိုရောဂါလည်း ဖြစ်နိုင်ပါတယ်…
ယားယံခြင်းရှိရင် Calamine Lotion လိမ်းပေးနိုင်ပါတယ်… ကာကွယ်ဖို့အတွက်ကတော့ တတ်နိုင်သမျှ အဲလို အရေပြားခေါက်တဲ့ နေရာကို ခြောက်သွေ့အောင် ပြုလုပ်ပေးပါ… အရေပြားပွန်းပဲ့ခြင်း သက်သာအောင် zinc oxide ပါတဲ့ Cream လိုမျိုးဟာ လိမ်းပေးနိုင်ပါတယ်… နေ့စဉ် ကလေး ဆပ်ပြာလေးနဲ့ သန့်ရှင်းရေး ပြုလုပ်ပေးပါ…
ဒီလိုလုပ်ရင်းနဲ့မှ မသက်သာရင်တော့ ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပြီး ပိုးသတ်ဆေးလိမ်းဆေး အသုံးပြုရနိုင်သလို၊ မှိုကြောင့်ဆိုရင် မှိုသတ်တဲ့ လိမ်းဆေး သုံးရမှာ ဖြစ်ပါတယ်… ဒါ့ကြောင့် ပိုးဝင်ခြင်း (သို့) မှိုရောဂါ ဖြစ်တယ်လို့ ထင်ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
16. May Phyo Mon
မိခင်နို့ကိုညှစ်ထားပြီးဘယ်နှစ်နာရီထိခံပါသလဲ.

မိခင်နို့ကို ညှစ်ပြီး အခန်းအတွင်း အေးတဲ့နေရာမှာ ရိုးရိုးသိမ်းထားရင် ၆ နာရီကနေ ၈ နာရီ အထိ လတ်ဆတ်ပါတယ်… ရေခဲသေတ္တာ (အောက်ထပ်) ထဲမှာ သိမ်းရင်တော့ ၃ ရက်ကနေ ၄ ရက်လောက်ထိ လတ်ဆတ်တာမို့ ဒီလို သိမ်းဆည်းပြီး အဲဒီနို့ကို နို့ဗူးထဲထည့်ပြီး ကလေးကို တိုက်ကျွေးပေးနိုင်ပါတယ်…
နို့ဗူးနဲ့ သိမ်းဆည်းတဲ့ ပစ္စည်း၊ တိုက်ကျွေးဖို့ ပြင်ဆင်ပေးသူရဲ့လက် အစရှိတာတွေ သန့်ရှင်းဖို့တော့ ဂရုပြုပေးပါ… ဒါတွေ မသန့်ရှင်းရင် ဝမ်းပျက်နိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild
——————————————————–
17. Eaint Chit
သမီးက ၂နှစ်၉လ ရှိပါပီ နို့ကို လုံးဝဖြတ်မရပါဘူး တက်မတတ် ငိုပါတယ်

အမူအကျင့်ဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်… စိတ်ရှည်ရှည် ထားပြီး တဖြည်းဖြည်း လေ့ကျင့်ယူသွားရင် ရပါတယ်…

ကျန်းမာပျော်ရွှင်ပါစေ
Dr.Mild

No Comments

Enroll Your Words

To Top