ဖြည့်စွက်စာကျွေးတဲ့အခါ ဘာတွေကျွေးရပါမလဲ။

ဖြည့်စွက်စာကျွေးတဲ့အချိန် အသက်(၆)လမှာသွားငုတ်တုတ် လူငုတ်တုတ်ဖြစ်၍ သွားလေးတစ်ချောင်း၊ နှစ်ချောင်းပေါက်ပါတယ်။ ဒါကြောင့် ပျော့ပျော့နှင့် အစာကြေလွယ်သောအစာကိုကျွေးရပါမယ်။ ထမင်းရည်ပျစ်ပျစ် စကျွေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကျွေးလို့ရပါတယ်။ ဆား၊ သကြားနည်းနည်းနှင့် နို့မှုန့်ရောပြီးကျွေးလို့ရပါတယ်။ နို့လိုမျိုးရှောရှောရှူရှူ မျိုလို့မလွယ်တာကြောင့် ကလေးတွေ ထွေးထုတ်တတ်ပါတယ်။ ကြိုးစားပြီးချော့မော့ကျွေးပါ။ အချိန်ပေးပြီးစိတ်ရှည်စွာကျွေးဖို့လိုပါတယ်။ ဒီအချိန်မှာထမင်းရည်ပျစ်ပျစ် သောက်ရမယ်ဆိုတာသိသွားဖို့ပါ။ လျှာဖျားလေးပေါ် တင်ပြီးကျွေးရင် ထွေးထုတ်ရလွယ်တာကြောင့် လျှာအလယ်နားရောက်အောင် ကျွေးသင့်ပါတယ်။ ထမင်းရည်ပျစ်ပျစ်ကနေဆန်ပြုတ်ကျဲကျဲနှင့် ပဲနီကလေး၊ ပဲဝါကလေးရောပြုတ်၊ သို့မဟုတ် ငါးဆန်ပြုတ်၊ အသားဆန်ပြုတ် တစ်မျိုးပြီးတစ်မျိုးအရသာပြောင်းပြီးကျွေးရပါမယ်။ နေ့စဉ်တစ်မျိုးတည်းကျွေးပါကကလေးမစားချင်တော့ပါ။ ဆီကျက်လုပ်ထားပြီးစားခါနီးမှာဇွန်းသေးတစ်ဇွန်းစာထည့်ပါကကယ်လိုရီပိုရပါသည်။ တချို့လူတွေက Ready Made အစားအစာတွေ ကျွေးကြပါတယ်။ ရတော့ရပေမယ့် ပိုက်ဆံအပိုကုန်ကျပါသည်။ တစ်ခါတလေအဆင်မပြေရင် ဝမ်းပျက်ခြင်း၊ ချွဲထခြင်းတွေ ဖြစ်တတ်ပါတယ်။ ကလေးစားအောင် အချိုလွန်ကဲထားလို့ပါ။ ကိုယ့်မြန်မာလူမျိုးတွေကထမင်းအဓိကစားတာမို့ ဆန်နှင့်လုပ်ထားသော ဖြည့်စွက်စာကျွေးတာကောင်းပါတယ်။ ဆန် ၄ ဘူးကိုအမှုန့်ကြိတ်၊ ပဲနီလေး ၁ဝ သားကိုသပ်သပ်ကြိတ်ထားပြီးချက်ခါနီးမှာထည့်ချက်လျှင်ကောင်းတယ်။ အရသာရှိအောင်ချက်မှ ကလေးစားချင်ပါတယ်။

No Comments

Comments are closed.

To Top