Notice: Trying to get property of non-object in /home/cp793978/public_html/babimildmomsclub.com.mm/wp-content/themes/kidslife/framework/sub-title.php on line 63

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၀)

1. ဘုန်း လက်ရုံး နှလုံးမှာ အပေါက်ပါရင် ဘယ်လိုတွေဖြစ်တတ်ပါလဲ။ ဖြစ်တဲ့ အခြေအနေပေါ် မူတည်ပါတယ်… နှလုံးမှာ အဆို့ရှင် ၄ခုရှိပြီး တစ်ခုခြင်းစီမှာ မတူညီတဲ့ လက္ခဏာတွေ ရှိပါတယ်… ဒါ့အပြင် နှလုံးအခန်းခြားတဲ့ ကြွက်သားမလုံတာမျိုးလည်း ရှိပြီး သူ့မှာလည်း လက္ခဏာက တစ်မျိုး ရှိပြန်ပါတယ်… ယေဘုယျအားဖြင့် နှလုံး အပေါက်ပါရင် ဆရာဝန်က နားကြပ်နဲ့ နားထောင်ချိန်မှာ သိနိုင်ပြီး၊ တချို့ကလေးတွေမှာ မောတာ၊ ပြာတာ၊ စသဖြင့် ဖြစ်တဲ့ အခြေအနေပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်ကြပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Thu Zar မင်္ဂလာပါရှင့် ကလေးက ၂ နှစ်ခွဲပါ။ စကားပြောရင်ထစ်နေလို့ပါရှင့်။ ဘယ်လိုလုပ်ရမလဲရှင့်။ ကလေးအသက် ၂ နှစ်ကနေ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၃၉)

1. Pyae Phyoe Maung ဆရာခင်ဗျာ လသားအရွယ်ကလေးတွေအညော်မိရင် ဘာဖြစ်တက်သလဲ။ ဘယ်လိုကုသရမလဲဆိုတာသိလိုပါတယ်။ အညှော်မိတိုင်း ပြဿနာ ဖြစ်တတ်တာမဟုတ်ပါဘူး… ကလေးမှာ ဖြစ်ပွားတဲ့ အခြေအနေပေါ် မူတည်ပါတယ်… —————————– 2. PO Min မင်္ဂလာပါဆရာ သားသားက ၅ လပြည့်ပါပြီရှင့်။ ကော်ဖိသောက်လို့ရလားရှင့်။ သောက်ရင်ဆိုးကျိုးရှိလားရှင့်။ ကလေးအသက် ၆ လပြည့်တဲ့အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပါတယ်… တခြား အစားအစာဖြစ်စေ၊ ရေဖြစ်စေ တိုက်ကျွေးစရာ မလိုပါဘူး… —————————– 3. Ko Ko ကလေးက ကိုယ်တွေပူလိုက်ကျလိုက်ဖြစ်နေတယ်။ ရေချိုးတာနဲ့ဆိုင်ပါသလားရှင့်။ ပြီးတော့ မိခင်မနက်ပိုင်းရေအအေးကိုင်ရင်လဲဖြစ်တယ်ဆိုတာ ဟုတ်ပါသလားရှင့်။ ရေကအေးတော့ ရေနွေးစပ်ချိုးပေးပါတယ်။ ကလေးက ၅ လသားပါ။ အချိန်ခဏလေးမှာ နွေးလာလိုက် အေးသွားလိုက်ဖြစ်နေလို့ပါ ကျေးဇူးပါဆရာ။ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၂၆)

မေး။   ။ အဖျားကြီးပြီး တက်သောကလေးငယ်ကို ဘယ်လိုပြုစုရပါမလဲ။ ဖြေ။   ။ အဖျားကြီးပြီး တက်သောကလေးငယ်ကို ဘယ်လိုပြုစုရမလဲဆိုရင် ဒီကလေးတက်ရသည်မှာ အဖျားကြီးလို့ဖြစ်တာကြောင့် အဖျားကျအောင် လုပ်ရပါမယ်။ တက်နေသောကလေးကို ဘေးစောင်းထားပါ။ အန်ဖတ်မစို့အောင်လို့ပါ။ ပူခြစ်နေသော ခေါင်းကို အေးနေသော ရေဝတ်နှင့် ခေါင်းမှစပြီး သုတ်ပါ။ အထူးသဖြင့် ခေါင်းကို အေးအောင် လုပ်ရပါမယ်။ တက်နေပြီဆိုရင် ခေါင်းကို အေးအောင်လုပ်ရုံတင်မကဘူး နီးရာဆရာဝန်ဆီ သွားရပါမယ်။ အတက်ကျအောင် စအိုမှ ဆေးသွင်းပြီး လုပ်ရပါမယ်။ အဖျားကြီးပြီး တက်တတ်တဲ့ကလေးကို ဖျားရင် ဘယ်လိုဝတ်စားပေးရမယ်၊ ဘယ်လိုပတ်ဝန်းကျင်မှာ ထားရမလဲပြောပြီးပါပြီ၊ အဖျား ၁ဝ၁ –  ၁ဝ၂ ဖြစ်လာလို့ရှိရင် မတက်အောင် ရိုးရိုးရေနှင့် ခေါင်းလောင်းချိုးသင့်ပါတယ်။ ရေခဲရေနှင့်တော့ ရေဖတ်မသုတ်ရဘူး။ ရေခဲရေကြောင့် အရေပြားရှိ သွေးကြောလေးတွေ […]

Read More

ကလေးငယ်နှင့် တက်ခြင်း

မေး။   ။ ကျွန်မကလေးငယ်ဟာ တက်တတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲ။ ဖြေ။   ။ ကလေးငယ်တက်တယ်ဆိုတာ အသက်ဘယ်လောက်လဲ၊ အဖျားရှိလား၊ မရှိဘူးလား၊ ဘာကြောင့်တက်သလဲ၊ ဘယ်လိုတက်သလဲဆိုတာတွေပေါ်မှာ မူတည်ပြီး တက်ခြင်းရဲ့ အကြောင်းအရင်းကိုရှာပြီး ပြုစုကုသရပါတယ်။ မေးခွန်းကတော့ ရိုးရိုးကလေးပဲ၊ ပြောရမှာတော့ အရှည်ကြီးပါ။   * အဖျားကြီး၍ တက်ခြင်း ဒီလို အဖျားကြီးလို့ တက်တဲ့ကလေးတွေဟာ အသက်ခြောက်လမှ ငါးနှစ်အတွင်းမှာ အဖြစ်များပါတယ်။ အဖျားအရမ်းတက်တဲ့အချိန်မှာ ကလေးငယ်ဟာ တက်တတ်ပါတယ်။ ဒီအရွယ်မှာတက်ရင် ဖျားပြီး တစ်ရက်အတွင်း အဖျားအရမ်းကြီးတဲ့အချိန်မှသာ တက်တတ်ပါတယ်။ ဒီလိုတက်ခြင်းဟာ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက်ပဲ တက်တာကြာတတ်ပါတယ်။ ပြန်ကျသွားရင် သတိပြန်ရပါတယ်။ အကြောသေခြင်း (Neurological deficit) ဘာမျှမကျန်ခဲ့ပါ။ ငါးနှစ်ကျော်သွားရင် အဖျားမတက်တော့ပါ။ မိသားစုထဲမှာ ငယ်စဉ်ကဖျားရင် […]

Read More

သန်ကောင်အကြောင်း သိကောင်းစရာ

အများထင်နေသလို အသားငါးစားလို့ဖြစ်တာ မဟုတ်ပါဘူး။ ကျန်းမာရေးအသိနည်းပါးလို့၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိကြလို့ ဖြစ်တာပါ။   * သန်ကောင်ရောဂါ ဘယ်လိုဖြစ်တာလဲ။ ၁။ ကလေးတွေဟာ မစင်ကို ယင်လုံအိမ်သာမှာ မစွန့်ခြင်း၊ ကလေးမစင်ဘဲဆိုပြီး ပေါ့ဆစွာ စွန့်ပစ်တတ်ကြတယ်။ အဲဒီမစင်စွန့်ထားတဲ့ သဲမြေပေါ်မှာပဲ ကလေးတွေ ဆော့ကစားကြတယ်။ သဲတွေ၊ ဖုန်တွေနဲ့အတူ သန်ဥတွေက လက်သည်းထဲဝင်ပါတယ်။ လက်သည်းကောင်းကောင်းမညှပ်ရင်၊ လက်သည်းကိုက်တဲ့အကျင့်၊ ပါးစပ်ထဲ လက်ထည့်တတ်တဲ့ အကျင့်ဟာ မကောင်းဘူး။ ညစ်ပတ်နေတဲ့လက်၊ သန်ဥတွေပါတဲ့ လက်ကတစ်ဆင့် သန်ဥတွေ လူရဲ့ဝမ်းထဲရောက်သွားပါတယ်။ ၂။ ထမင်းမစားခင် လက်ကိုစင်ကြယ်စွာ ဆပ်ပြာနဲ့မဆေးဘဲ လက်စိုရုံရေစွတ်တဲ့အကျင့်၊ ရေဇလုံတစ်ခုထဲမှာ တစ်ယောက်ပြီးတစ်ယောက် ရေစွတ်ပြီး ထမင်းစားတော့ ကြေး(ဂျီး)နူးပြီး သန်ဥတွေတစ်ယောက်က တစ်ယောက် ကူးကုန်ပြီး ထမင်းနဲ့အတူ ပါးစပ်ထဲဝင်ပါတယ်။ ဒါကြောင့် ထမင်းမစားခင်၊ (သို့မဟုတ်) […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၃၈)

1. Myo Chit ဆရာရှင့် သားလေးက ၁ နှစ်နဲ့ သုံးလရှိပါပြီ။ ၁ နှစ်ပြည့် ကာကွယ်ဆေးထိုး ခုထိမထိုးရသေပါဘူး။ ဆရာဝန်က ရက်ချိန်ူပေးချိန် နေမကောင်လို ခုပြန်ထိုးရနိုင်မလာရှင့်။ ဘယ်ဆေးကို ပြောတာလဲ မသိဘူး… ကာကွယ်ဆေးထိုး အစီအစဉ်မှာတော့ မွေးပြီးပြီးချင်း၊ ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လနဲ့ တစ်နှစ်ခွဲ ပြည့်တဲ့ အချိန်တွေမှာ သက်ဆိုင်ရာ ကာကွယ်ဆေးတွေ ထိုးတာ၊ တိုက်တာ ပြုလုပ်ရပါတယ်… ကာကွယ်ဆေး ထိုးပေးမဲ့ ဆရာဝန်နဲ့ သေချာ ဆွေးနွေးဖို့ လိုအပ်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. လရောင် ချို ဆရာရှင့် သားကဆယ့်တစ်လကျော်ပါပြီ။ နားပြည်ယိုလို့ စိုးရိမ်ရလားဆရာ ဘာလုပ်ရမလဲဖြေပေးပါအုံးဆရာရှင့်။ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၃၇)

14.1.18 1. Ya Minn ဆရာသားသားက 4 လနဲ့ 5 ရက်ပါ။ ဆရာဇက်စောင်းနေတယ်ဆရာ။ ဘာလုပ်ပေးရမလဲပြောပြပေးပါရှင်။ ဒီအရွယ်မှာ ကလေးငယ်ရဲ့ လည်ပင်းကြွက်သားတွေ မသန်မာသေးတာကြောင့် ခေါင်းစောင်းနေတာမျိုးက တွေ့ရတတ်ပါတယ်… အရမ်း သိသိသာသာ စောင်းနေတာမျိုးမဟုတ်ရင် စိတ်ပူစရာ မရှိပါဘူး… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Ei Lay Drရှင့်ကလေးက၂လရှိပြီးဝမ်းခဏတိုင်းသွားနေတာရှင့်။ ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… တချို့တလေက ဒီလိုပဲ ၃ ရက်လောက်နေမှ တစ်ခါသွားတာမျိုးရှိတတ်ပါတယ်… အထူးသဖြင့် မိခင်နို့တစ်မျိုးတည်း စို့ရတဲ့ ၆ လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံက ပိုပြောရခက်ပါတယ်… ကလေးရဲ့ ဝမ်းသွားပုံ အလေ့အထကို စောင့်ကြည့်မှတ်သားပါ… ဒီအလေ့အထကနေ ကွဲလွဲတာမျိုးရှိရင်တော့ ဝမ်းချုပ်၊ ဝမ်းပျက်တယ်လို့ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၂၅)

မေး။   ။ ကလေးတွေကို တီဘီကာကွယ်ဆေး BCG ထိုးရက်သားနဲ့ ကလေးတီဘီ ဘာကြောင့်ဖြစ်ပါသလဲ။ ဖြေ။   ။ BCG ကို ကလေးအသက်တစ်လခွဲမှာ ဘယ်ဘက်လက်မောင်းမှာ ထိုးပါတယ်။ ကာကွယ်ဆေးထိုးလို့ အောင်တယ်ဆိုရင် တစ်လအကြာ လက်မောင်းမှာပြည်တည်ပြီး အမာရွတ်လေး ကျန်ခဲ့ပါတယ်။ အမာရွတ်မရှိရင်တော့ မအောင်ပါ။ ပြန်ထိုးသင့်ပါတယ်။ ၄င်းကာကွယ်ဆေးဟာ တီဘီရောဂါကြောင့် ဦးနှောက်အမြှေးရောင်ခြင်းကို ကာကွယ်မှု ၈၅ ရာခိုင်နှုန်းပြုနိုင်ပါတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကတော့ ဖြစ်နိုင်ချေရှိပါသေးတယ်။ တီဘီကြောင့် ဦးနှောက်အမြှေးရောင်ပါက ကလေးငယ်များ လူစဉ်မမီ ဥာဏ်ရည်မပြည့်ဖြစ်မှာမို့ ကာကွယ်မှုယူထားတာ စိတ်ချရပါတယ်။ ဒါကြောင့် ၈၅ ရာခိုင်နှုန်း ကာကွယ်မှုပေးနေတဲ့ BCG ကို တစ်ကြိမ်ထိုးထားရပါမယ်။   မေး။   ။ တီဘီဆေးသောက်ရင် ဘယ်လိုသောက်ရပါမလဲ။ ဖြေ။   ။ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၂၄)

အာဟာရပြည့်ဝစွာ မစားသုံးတတ်သဖြင့် အာဟာရချို့တဲ့မှုအမျိုးမျိုးကို အထူးသဖြင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အများဆုံးခံစားရပြီး အသက်ပါဆုံးရှုံးသည်အထိ အန္တရာယ်ရနိုင်သည်။ သာမန်အမျီုးသမီးတစ်ဦးအတွက် တစ်နေ့ အင်အားဓာတ် ၂၁ဝဝ ကယ်လိုရီ၊ ကြီးထွားဓာတ် ၆ဝ ဂရမ်၊ သံဓာတ် ၁ဝ မီလီဂရမ်နှင့် ဗီတာမင်အေဓာတ် ၅ဝဝဝ IU လိုအပ်သည်။ ကိုယ်ဝန်ဆောင်စဉ် ပို၍လိုအပ်သော အာဟာရများမှာ ကယ်လိုရီ ၂ဝဝ၊ ကြီးထွားဓာတ် ၂ဝ ဂရမ်၊ သံဓာတ် ၅ မီလီဂရမ်နဲ့ ဗီတာမင်အေ ၁ဝဝဝ IU တို့ဖြစ်သည်။ နို့တိုက်မိခင်တစ်ယောက်သည် ကိုယ်ဝန်ဆောင်မိခင်ထက် အာဟာရဓာတ် ပိုမိုလိုအပ်သည်။ ကယ်လိုရီ ၁ဝဝဝ၊ ပရိုတင်း ၄ဝ ဂရမ်၊ သံဓာတ် ၁ဝ မီလီဂရမ်၊ ဗီတာမင်အေ ၁ဝဝဝ IU […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၃၆)

1. Phyo Phyo ဆရာရှင့် ကလေးက ၅ လပါ။ အရင်ကလို နို့ထွက်မကောင်းလို့ ဘာသောက်သင့်ပါသလဲ။ မိခင်နို့ထွက်များစေဖို့ မိခင်နို့တစ်မျိုးတည်းသာ ဆက်တိုက်ပါ… နှစ်ဖက်လုံးနဲ့ နို့တိုက်ကျွေးပါ… အကြိမ်ရေ စိပ်စိပ်တိုက်ကျွေးခြင်းကလည်း ကလေးစုပ်ယူမှုကြောင့် မိခင်နို့ပိုထွက်စေဖို့ အထောက်အကူဖြစ်စေပါတယ်… မိခင်က ရေများများသောက် အစားအစာ အာဟာရ ပြည့်ဝအောင်စားပါ… တဖြည်းဖြည်း ကလေးအတွက် နို့အလုံအလောက် ထွက်လာပါလိမ့်မယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Ei KS ဆရာ သားသားက ၂၂ရက်သားရပါပြီ။ ချက်ကနည်းနည်းစိုနေသေးလို့ ရေတစ်ခါပဲချိုးပေးရသေးပါတယ်။ ချက်လေးစိုနေတာ ဘာတွေသုံးရမလဲသိချင်ပါတယ်ရှင့်။ ဝါဂွမ်းသန့်သန့်လေးကို ရေနွေးလေးနဲ့ စွတ်ပြီး သန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်… သန့်ရှင်းရေး ပြုလုပ်ပြီးတဲ့အခါ ချက်ကလေးကို ခြောက်သွေ့အောင် ပြန်သုတ်ပေးရပါမယ်… အောက်က Link မှာ […]

Read More
To Top