သားသမီးအတွက် အချိန်ပေးပါ။

ဒေါက်တာ မောင်သင်း နောက်ဆုံးဆိုပေမယ့် အထူးသတိပြုလုပ်ဆောင်ရမယ့် အချက်ပါ။ ကလေးတွေအတွက် အချိန်များများပေးပါ။ သားသမီးကို သူများနဲ့ (အထူးသဖြင့် ကျူရှင်နဲ့) လွှဲအပ်မထားပါနဲ့။ ကလေးတွေအဖို့ မိဘနဲ့ နရတဲ့အချိန်ဟာ အပျော်ဆုံး၊ အသာယာဆုံးအချိန်ဖြစ်တာမို့ အဲဒီလို မှတ်ယူသွားအောင် မိဘများက သားသမီးနှင့်နေဖို့ များများပေးပါ။ ဒါမှ မိဘနဲ့အနေနည်းလို့ အားငယ်မှုတွေမရှိသလို ကလေးစိတ်ကူးစိတ်သန်း၊ စိတ်ဝင်စားမှုနဲ့ ပုံဖော်မှုတွေကို မိဘတွေ အားပေးဖို့ အချိန်ပိုရပါတယ်။ သူတို့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ရာမှာ မိသားစုတစ်ခုလုံးလည်း ပါဝင်ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ သင့်ကလေးရဲ့ ကာယ၊ ဥာဏ၊ စာရိတ္တ၊ ဖွံ့ဖြိုးမှုတွေကို သင်မြင်ပြီး ဖည့်နိုင်မှာ၊ ပင်နိုင်မှာပါ။ ကလေးဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့အတွက် မိဘရဲ့ အားပေးမှုထက် ပိုကောင်းတဲ့အားဆေး ဒီကမ္ဘာမှာ မရှိနိုင်ပါလို့ ဆိုပါရစေ။ အလုပ်များတဲ့ ကျွန်တော်တို့ […]

Read More

နူးညံ့သိမ်မွေ့ချိုသာပါ၊ ကြမ်းတမ်းမှု ကင်းပါစေ။

သင့်အား သင့်သမီးကို နူးညံ့သိမ်မွေ့သူ ဖြစ်ချင်ပါသလား။ စရိုက်ကြမ်းသူ ဖြစ်ချင်ပါသလား။ သင် စိုက်ပျိုးတဲ့ အတိုင်း ရိတ်သိမ်းရပါမယ်၊ ကျွန်တော်တို့မှာ “လူလိမ္မာ သားယဉ်ပါး၊ လူမိုက်သား ရမ်းကား” တဲ့ ၊ ကျွန်တော်တို့ မိဘတွေ ကိုယ့်သား၊ ကိုယ့်သမီးရဲ့ ရှေ့ရေးအတွက် အမြဲသတိထား လိုက်နာကျင့်သုံးရမယ့် ဆုံးမစကားပါ။ လိမ္မာတဲ့အရိပ်သာ ကလေးတွေအပေါ်ကို ကျရောက်သင့်ပါတယ်၊ ကလေးတွေဟာ မိဘကို စံထားတယ်၊ မိဘဆီက အတုခိုးတယ်၊ နမူနာယူပါတယ်၊ သားသမီးယဉ်ကျေးသိမ်မွေ့ဖို့ ကျွန်တော်တို့ ချိုသာယဉ်ကျေးသိမ်မွေ့ရပါမယ်၊ မိဘတွေ ညှင်သာမှု၊ ကြင်နာမှုကို သူတို့ အမြတ်နိုးဆုံးပါ၊ ဆရာကြီးဦးသုခ က မိဘတွေ “ကလေးတွေ ရှေ့မှာ စကားလုံးကြမ်းကြမ်း၊ လေသံမာမာတောင် မပြောမိပါစေနဲ့” လို့ ဆိုပါတယ်၊ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ […]

Read More

ချီးကျူးပါ၊ အပြစ်မတင်ပါနဲ့

ကလေးတွေဟာ (ကျွန်တော်တို့ လူကြိးမိဘ တွေလည်းအတူတူပါပဲ) သူတို့အလုပ်ကို သူတို့လုပ်နိုင်ကြောင်း၊ ပြီးတော့ သူတို့စွမ်းဆောင်နိုင်ကြောင်း ပြချင်တယ်။ အဲဒါကို အနီးဆုံးဖြစ်တဲ့ မိဘတွေကို ပြလေ့ရှိပါတယ်။ အဲဒီအခါမှာ ကလေးတွေရဲ့ အလုပ်ကို သူတို့အတွေး သူတို့ဥာဏ်ရည် အဆင့်မှာရှိတဲ့ ကလေးပေတံနဲ့တိုင်းပါ။ ကလေးမျက်စေ့ငှားပြီး ကြည့်ပါ။ ကိုယ့်မျက်စေ့နဲ့ မကြည့်မိပါစေနဲ့။ ကျွန်တော်တို့ ပေတံနဲ့မတိုင်းမိဖို့ သတိထားရပါမယ်။ ကလေးပေတံနဲ့တိုင်းပြီး သူတို့ အလုပ်ကို ချီးကျူးနိုင်အောင်ကြိုးစားပါ။ ချီးကျူးတာဟာ ကိုယ့်ကလေး အမြင့်ကိုရောက်အောင်တွန်းတင်ပေးတာပါ။ တစ်ခါချီးကျူးရင် လှေကားတစ်ထစ်အနည်းဆုံး တက်ချင်တဲ့ ဆန္ဒကလေးတွေကို ဖြစ်လာစေပါတယ်။ အဲဒီအစား အပြစ်တင်ကဲ့ရဲ့ခဲ့ရင် ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ် မိမိအလုပ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက် ညံ့လာသည်။ အပြစ်တင်တာကတော့ နွံတွေပြည့်တဲ့ ချောက်ထဲ တွန်းချသလိုပါပဲ။ ကိုယ့်ကလေး ပိုမိုနိမ့်ကျစေတာမို့ […]

Read More

အမှန်တကယ်လိုအပ်မှ ကျူရှင်သင်စေပါ

ကျူရှင်ဟာ ကျွန်တော်တို့ နိုင်ငံမှာရော၊ အာရှမှာပါ အဓိကကျတဲ့ လုပ်ငန်းဖြစ်လာပါပြီး။ ဒါပေမယ့် ကျွန်တော်တို့ ကလေးတွေ အကောင်းဆုံး ပွင့်လန်းလာအောင် ဖော်ထုတ်တဲ့ နေရာမှာတော့ မိဘတွေက အဓိကပါ။ ကျူရှင်ကျောင်းက အဓိကမဟုတ်ပါ။ ဒါကိုအမှတ် မမှားဖို့လိုပါတယ်။ ကျူရှင်ကို အထိရောက်ဆုံး အသုံးချဖို့က မိဘများရဲ့တာဝန်ပါ။ ကျူရှင်က သင့်ကလေးပညာရေး အပေါ်မလွှမ်းမိုးပါစေနဲ့။ ပိုဆိုးတာက ကျူရှင်တက်မှ ပိုအောင်မြင်မယ်ဆိုတဲ့ ရောဂါဆိုး မိဘရော၊ ကလေးတွေဆီကို မကူးဖို့ပါ။ ကျူရှင်အပေါ် ကိုယ့်သားသမီးကိုပုံအပ် မထားမိစေရန် သတိထားရပါမယ်။ ကျူရှင်ဆိုတာ သင့်ကလေးရဲ့ လိုအပ်ချက်ကို ဖြည့်ဖို့သက်သက်ပါ။ လိုအပ်ချက် “ဖြည့်ပေးရမယ့်အရာ” ကို “အားထားရမယ့်အရာ” လို့ မိဘများသတိ ကင်းလွတ်စွာနဲ့ မခံယူမိဖို့ပါ။ သင့်ကလေးရဲ့ အားနည်းတဲ့ ဘာသာရပ်ကို လေ့လာပါ။ အားနည်းမှုမရှိတဲ့ ဘာသာကို […]

Read More

စာသင်ခြင်းသာ အဓိကမဟုတ်

ကျွန်တော်တို့မိဘတွေ သတိထားရမယ့်အချက်ကတော့ “ကျောင်းစာချည်း သက်သက်တော်သူဟာ ထူးချွန်သူ မဟုတ်ပါ” ဆိုတာပါပဲ။ စာတော်တာနဲ့ ထူးချွန်တာနဲ့ ကွဲပြားစေချင်ပါတယ်။ စာတော်တာက ထူးချွန်တာထက်နိမ့်ပါတယ်။ ဒါအပြင် “အကောင်းဆုံးပညာရေးဆိုတာ စာကိုကြိုးစား သင်ယူနေခြင်းပါ” လို့ ကျွန်တော်တို့လည်း အမှတ်မမှားဖို့၊ မခံယူဖို့၊ သားသမီးကိုလည်း အဲဒီအသိ မသွတ်သွင်းဖို့၊ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေကို လူ့တန်ဖိုး အစစ်တွေ မဖြည့်သေး တဲ့ အဲဒီ “စာထောင်ချောက်” ထဲမကျစေဖို့ပါ။ လူမှုဆက်ဆံရေး၊ စာရိတ္တ၊ အားကစားစတဲ့ ကာယ၊ ဥာဏ ဘက်စုံ ဖွံ့ဖြိုး ပျော်ရွှင်တဲ့ ကလေးများဟာ စာကိုလည်း သင်ယူလိုစိတ် ချစ်မြတ်နိုးစိတ်ရှိသူများဖြစ်ကြပါတယ်။ ဘ၀နိဂုံးချုပ်သည်အထိ အောင်မြင်တယ်ဆိုတာ တွေ့ရပါတယ်။   လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘ၀က ရေးသားခဲ့သည့် “ကျောင်းသားဝတ္တရား” ဆောင်းပါးထဲမှာ “ကျောင်းသားဝတ္တရားမျာ […]

Read More

သတ္တိရှိပါစေ၊ ကြောက်စိတ်ကင်းပါစေ

မြန်မာမှုဝန်းကျင်မှာ “ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်” တဲ့ ကြောက်စိတ်နဲ့ ရဲရင့်စိတ်တို့ရဲ့ မတူညီတဲ့ တန်ဖိုး (၂)ခုပါ။ သတ္တိရှိမှ အရာရာကို ရင်ဆိုင်ရဲ၊ ဖြေရှင်းရဲမှာပါ။ လူတစ်ယောက်ရဲ့ ဘ၀အောင်မြင်ရေးအတွက် အရေးကြီးဆုံးအရာဟာ သတ္တိပါတဲ့။ ထို့အတူ ကလေးကို ကျဆုံးခြင်း နွံတောထဲ တွန်းချမဲ့ အရာကလည်း “ကြောက်စိတ်” ပါပဲ။ ကလေးငယ်တွေရဲ့ ရင်ထဲသို့ ကြောက်စိတ်မသွင်းမိဖို့ အရေးကြီပါတယ်။ ကလေးတွေဆီမှာ ကြောက်စိတ်ဝင်သွားပြီဆိုရင် သူတို့ရဲ့ အညွှန့် တလူလူ တက်နေတဲ့ အနာဂတ်ကို ဖြတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ ဟိုဟာနဲ့ခြောက်၊ ဒီဟာနဲ့ပိတ် ဆိုတာတွေ မလုပ်မိဖို့ အထူးသတိထားရပါမယ်။ အဲဒီထဲမှာ အဆိုးဆုံးက မအောင်မြင်မှာကိုကြောက်တဲ့ ကြောက်စိတ်ပါ။ အဲဒီကြောက်စိတ်မ၀င် အောင်လို့ အထူးသတိထားရပါမည်။ ဒီနေရာမှာ မိတ်ဆွေတစ်ယောက်ရဲ့ သားကိုအမှတ်နည်းလို့ဆိုပြီး အမေကမကြာခဏ ဆူပါတယ် […]

Read More

ကစားချိန်နှင့် နားချိန်ပိုပေးပါ

ပညာရှင်တွေရဲ့လေ့လာချက်အရ စာသင်ခန်းတွင်ရော အိမ်မှာပါ တုံပြန်မှုနှေးကွေးသော၊ ကဘောက်တိ ကဘောက်ချာ အဖြေများကိုပေးတတ်သော ကလေးများသည် စိတ်ပင်ပန်းနွမ်းနယ်နေကြ သူများ(သို့) စာဒါဏ်ပိနေကြ သူများသာဖြစ်သည်။ သူတို့အဖို့ အလိုအပ်ဆုံးအရာက ဦးနှောက်နားချိန် များများရဖို့၊ ဦးနှောက်ရွှင်ဖို့ ကစားချိန်ပိုပေးဖို့ပါ။ ကစားကွင်းမှာ သင့်ကလေး ပျော်ပျော်ရွှင်ရွှင် ကစားနေပြီးဆိုလျှင် အဲဒီကလေးထူးချွန်ဖို့ သေချာပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကစားတာဟာ ဦးနှောက်ဥာဏ်ရွှင်စေပြီး စူးစမ်းလိုစိတ်ကို ထက်စေလို့ပါ။   အများနဲ့ကစားရတဲ့အခါမှာ လျှပ်တပြတ် ဆုံးဖြတ်တာ စည်းကမ်း ဥပဒေကို လေးစားလိုက်နာတတ်ပြီး ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တို့ ပါလာပါတယ်။ ဗိုက်နာ၊ ခေါင်းကိုက်၊ နှာစေ၊ ပန်းနာ၊ အိပ်မပျော် စတာတွေ မကြာခဏဖြစ်လေ့ရှိတဲ့ ကလေးတွေကို ပညာရေး စိတ်ပညာရှင်တွေက ကစားချိန်ပိုပေးပြီး လေ့လာစောင့်ကြည့်တော့ အဲဒီ ရောဂါတွေ […]

Read More

ကလေး၏ ဝါသနာဗီဇကို အားပေးပါ

ကိုယ့်သားသမီးအတွက် ဖြည့်ဆည်းပေးတဲ့အခါမှာ ကလေးဘက်နေကြည့်မြင်ပြီး သူ့ကို ဗဟိုပြုစဉ်းစားပေးပါ။ ပြီးမှ အကောင်အထည်ဖော်သင့်ပါသည်။ ကလေးငယ်များ ကျောင်းမှာသင်တဲ့ ဘာသာရပ်အားလုံးကို ၀ါသနာမပါနိုင်ပါ။ မိမိ သားသမီး၏ ဗီဇစွမ်းရည်နှင့် စိတ်ဝင်စားမှုကို အဆက်မပြတ်လေ့လာပါ။ သချာင်္လား၊ အင်ဂျင်နီယာလား၊ ဗိသုကာလား၊ အားကစားလား၊ ကွန်ပြူတာလား (ကွန်ပြူတာဂိမ်းတော့မပါစေရပါ၊ ၀ါသနာမဟုတ်ပဲရောဂါဆိုးမို့ပါ)၊ ဒီဇိုင်းဆွဲတာလား၊ ဆရာဝန်လား ဘယ်ဟာကိုစိတ်ဝင်စားသလဲ၊ ကလေးစိတ်ဝင်စားတာကို အားပေးပါ၊ ပံ့ပိုးပါ၊ ၀ါသနာပါတာထူးချွန်ပြီး တစ်ခြားဘာသာတွေမှာ အမှတ်နည်းတာ အပြစ်မတင်ပါနဲ့။ နောက်တခါအား မနည်းအောင်ပံ့ပိုးပါ။   ကလေးတွေဟာ မိမိ ၀ါသနာပါတာ လုပ်ရင်း ထိုးထွင်းဥာဏ်တက်လာပါတယ်။ မိမိလုပ်ရတဲ့ အလုပ်ပေါ်မှာလည်း ယုံကြည်မှုရှိသလို မိမိ စိတ်အားထက်သန်တဲ့ ပညာရပ်မှာ ထူးချွန်လာပါတယ်။ ယနေ့ကမ္ဘာမှာ အအောင်မြင်ဆုံးနဲ့ အချမ်းသာဆုံးဖြစ်တဲ့ဘီလ်ဂိတ် ဟာ ၀ါသနာပါရာနောက် စွမ်းစွမ်းတမံလိုက်ခဲ့သူပါ။ ၂၀ […]

Read More

အဆင့်ကောင်းရရန်ဆိုသည်မှာ အဓိကမဟုတ်

မိဘတွေဟာ အမှတ်နည်းရင် အမှတ်များအောင် အဆင့်တက်လာအောင်ဆိုပြီး တားမြစ်ချက်တွေ ထုတ်ပါတယ်။ ဘောလုံးမကစားရ၊ သွားမလည်ရ စတာတွေပါ။ ပြီးတော့ အိမ်မှာနေစေ၊ စာကျက်စေပါတယ်၊ လူတစ်ယောက်ယာ ဘ၀ရဲ့ လေးပုံတစ်ပုံသာ စာသင်ခန်းနဲ့ထိတွေ့ပြီး ကျန်တဲ့သုံးပုံဟာ ပြင်ပလောကနဲ့ ထိတွေ့နေရမယ်ဆိုတာ သတိချပ်စေချင် ပါတယ်။ ပြင်ပလောကနဲ့ထိတွေ့ဆက်ဆံခြင်းသည် စာသင်ခန်းတွင်း၌ သာမကလက်တွေ့ ဘ၀နယ်ပယ်မှာပါ အောင်မြင် ကြကြောင်း ပညာရေးပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ကျောင်းနေစဉ်အတွင်း ပြင်ပလောကနှင့် ထိတွေ့မှု မပြတ် ရှိခြင်း၊ လူမှုရေးလုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခြင်း၊ စုပေါင်းကစားခြင်းတို့ဟာ စာရိတ္တ ပိုမိုခိုင်မြဲစေပါတယ်။ ထို့အတူ ခေါင်းဆောင်မှု အရည်အသွေးလည်းတက်စေပါတယ်။ ပြဿနာတစ်ခုခုကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းပါ မြင့်လာတာကို တွေ့ရ ပါတယ်။ ဗလ ငါးတန်းထဲက မိတ္တဗလနှင့် ဘ၀အတွေ့အကြုံကြီးမားဖို့တော့ စာသင်ခန်းနှင့် အိမ်ဟာ ကလေးတယောက် အဖို့ […]

Read More

အိမ်အလုပ် ကူလုပ်တတ်ပါမှ ဦးဆောင်သူ ဘဝရာက်မှာ

မိဘဟာ လက်ဦးဆရာပါ။ အရင်းနှီးဆုံး မိတ်ဆွေလည်း ဖြစ်ပါတယ်။ အရင်းနှီးဆုံးသူထံမှ သင်ယူဖို့ဝန်မလေးပါ။ လက်ဦးဆရာက အိမ်မှာပါ လေ့ကျင့်ပေးဖို့လိုပါတယ်။ မိဘနဲ့ အိမ်အလုပ်တွဲလုပ်၊ ခွဲဝေ တာဝန်ယူတတ်တဲ့ အကျင့်က ကျောင်းမှာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတာကိုတွေ့ရပါတယ်။ အိမ်မှုကိစ္စကို လုပ်ရင်း ထိုးထွင်းဥာဏ်ကို ရင့်သန်စေပါ တယ်။ တာဝန်သိ၊ တာဝန်ယူရဲပြီး အောင်မြင်အောင်လုပ်နိုင်စွမ်းတွေ ရှိလာပါတယ်။ ဒါတွေက ခေါင်းဆောင်တွေရဲ့ အရည် အသွေးပါ။ အတန်းထဲတွင် ထူးချွန်ထက်မြက်သူတွေဟာ အိမ်မှာ မိဘများက မိသားစုတာဝန်များကို ခွဲဝေထမ်းဆောင်စေခဲ့ သူများပါ။ အတန်းထဲမှာ အတန်းခေါင်းဆောင်ဖြစ်လာပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်ရှိပြီး သင်ခန်းစာတွေမှာလည်း ထူးချွန်တာတွေ့ရပါတယ်။ ကျောင်းကထွက်သွားတဲ့ တကယ့်လက်တွေ့ဘ၀မှာလဲ ဦးဆောင်သူနေရာကို ရလာခဲ့ပါတယ်။   စာကျက်ပျက်မှာစိုးလို့ ကိုယ့်သား၊ ကိုယ့်သမီးကို အိမ်အလုပ်မခိုင်းတဲ့ မိဘတွေသတိထားစေချင်ပါတယ်။ […]

Read More
To Top