ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၄)

1. Phoo Phoo ဆရာ သမီးလေးက တစ်နှစ်နှစ်လထဲမှာပါ။ ငယ်ထိပ်က အခုထိချိုင့်ပြီး လှုပ်နေလို့ပါ။ ဘာလို့လှုပ်တာလဲ စိုးရိမ်ရလားသိချင်လို့ပါဆရာ။ ငယ်ထိပ်မပိတ်သေးတဲ့ ကလေးငယ်တွေမျာ အခုလို တွေ့ရတတ်ပါတယ်… တချို့ ကလေးငယ်တွေမှာ ငယ်ထိပ်ပိတ်တာ နောက်ကျတတ်ပြီး အသက် ၂ နှစ်လောက်မှ ပိတ်တာမျိုး ရှိတတ်ပါတယ်… မစိုးရိမ်ရပါဘူး… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. ငွေလ ရောင် ဆရာရှင့် သမီးလေးက ၄ လမပြည့်သေးပါဘူးရှင့်။ အမြဲလို တွန့်လိမ်ပြီး ညစ်နေလို့ ဘာဖြစ်တတ်ပါသလဲ။ တချို့က အသားညစ်တာလို့ပြောပါတယ်ရှင့်။ ဒီထက်ထူးခြားတဲ့ လက္ခဏာ မရှိရင် စိတ်မပူရပါဘူး… သေချာစေဖို့ကတော့ အပြင်မှာ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 3. […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၃)

1. Laymro Aye ဆရာ ၆ လသမီးလေးကို ဖုန်းက video ကြည့်ခိုင်းတာ ဆိုးကျိုးရှိပါလား။ American Academy of Pediatrics (AAP) လို့ခေါ်တဲ့ အမေရိကန်က အဖွဲ့အစည်းကြီးကတော့ ကလေးအသက် ၂ နှစ်မကျော်ခင်မှာ TV ကြည့်တာ၊ ဖုန်း၊Tablet ကြည့်တာ၊ ဆော့တာ စတာတွေ မပြုလုပ်သင့်ဘူးလို့ အကြံပြုထားပါတယ်… ၂ နှစ်အောက် ကလေးတွေ TV ကြည့်ရင်လည်း မြင်ရတဲ့ ပုံရိပ်တွေကို နားလည်မှု မရှိတဲ့အတွက် အကျိုးမရှိဘဲ မျက်စိထိခိုက်မှုသာ ပိုဖြစ်စေနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. မစော ထွန်း ဆရာ အခု ကလေးက ၇ လပါ။ ကလေးက တစ်လတစ်ခါ နေမကောင်းဘူးဖြစ်နေတယ်။ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၂)

1. Shwe PaChi သမီးက ဖျားရင် တုန်ပြီးချမ်းနေတာ။ ဘာလုပ်ပေးရမလဲရှင့်။ အသက်က ၃ နှစ်ပါ။ ချမ်းတုန်ပြီး ဖျားနေရင် ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေထဲမှာ ငှက်ဖျား၊ ဆီးလမ်းကြောင်းပိုးဝင်တာ စတဲ့ ပြဿနာ ကြီးတွေ ပါဝင်နေတာကြောင့် ကလေးကို ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်… ကိုယ်အပူချိန် 103 ’F ကျော်ရင် ကလေးကို ရေပတ်တိုက်ပေးသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. မိုး နတ်သမီး သားက ထမင်းကျွေးလည်း မနဲကျွေးရတယ်။ ပြီးရင် နို့လည်း သိပ်မသောက်တော့ဘူး။ ငါးလပါ။ ဘာဆေးလေးတိုက်ရမလဲ။ အစာစားအောင်လို့။ ကလေးကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းက အကောင်းဆုံး ဖြစ်တယ်လို့ လေ့လာမှုများအရ ကမ္ဘာ့ကျန်းမာရေး […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၁)

1. Kaung Khant သားသားလည်ပင်းက အကျိတ်ကကြာပြီ မပျောက်ဘူးဖြစ်နေတယ်။ အရင်တစ်ခါဓာတ်မှန်ရိုတ်ကြည့်တော့လည်း အဆုတ်ပွတာတဲ့။ ဆေးပေးတော့ နည်းနည်းပိန်သွားတယ်။ အကုန်တော့ ပျောက်မသွားပါဘူး။ မျက်နှာနှာခေါင်းမှာလည်း အနာတွေပေါက်နေပါတယ်။ ဘာလုပ်ရမလဲရှင်။ မျက်နှာနဲ့ နှာခေါင်းက အနာတွေကြောင့် လည်ပင်းမှာ အကျိတ်လာပေါ် တာဖြစ်နိုင်ပါတယ်… အကျိတ်နဲ့ ပတ်သက်လို့ အောက်က Link မှာရှိတဲ့ ဆောင်းပါးလေးမှာ ဖတ်ရှုနိုင်ပါတယ်… ကလေးများနှင့် အကျိတ်ရောင်ခြင်း By Dr.Mild ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Chaw Su ဆရာရှင့် မေးတိုင်းဖြေပေးအတွက် ကျေးဇူးတင်ပါတယ်ရှင့်။ သားသားခေါင်းဦးရေက ပျော့တယ်။ သူများကလေးတွေဆို ခေါင်းကျောမာနေတာပဲ။ ပြီးတော့ ရှေ့သွားလည်းပိုးစားနေတဲ့သဖုံးပေါ်မှာ ဘုပျော့ပျော့လေး ပေါက်နေပါတယ်ရှင့်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် အရေပြား ပုံစံ တွေ မတူညီနိုင်ပါဘူး… […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၀)

1. Ahine Mae ဆရာရှင် သားလေးက ၃ လထဲမှာပါ။ တစ်ခါတလေ ဝမ်းသွားရင် အမြှုပ်တွေ ပါနေပါတယ်။ အမြဲတမ်းတော့မဟုတ်ဘူး။ စိုးရိမ်ရလားရှင့်။ အမြှုပ်ပါတဲ့ ဝမ်းသွားခြင်းက ကလေးတွေမှာ ရှိတတ်ပါတယ်… ကလေး နေမကောင်းဖြစ်နေတဲ့ လက္ခဏာမျိုး မရှိရင်၊ ဝမ်းသွားတဲ့ပမာဏ မများရင် ယေဘုယျအားဖြင့် စိတ်မပူရပါဘူး… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Myo Chit မင်္ဂလာပါ ဆရာသားသားက ၁ နှစ်ထဲမှာ။ ညဆို ၁၅ မိနစ်တခါထတယ်။ ဟိုလိမ့် ဒီလိမ့် ဘာဖြစ်တာလဲရှင့်။ ကလေး အိပ်စက်တဲ့ ပတ်ဝန်းကျင်ကို အပူအအေးမျှတအောင်၊ သက်တောင့်သက်သာ ရှိအောင် ပြုလုပ်ထားပေးပါ… အိပ်ယာ နိုးစေတဲ့ အကြောင်းရင်းကို သိအောင် ရှာဖွေကြည့်ပါ… ယားယံနေလို့လား၊ ပူလို့လား၊ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၉)

1. Moe Gyi Naing Gyi ခြေဖ၀ါး လက်ဖ၀ါးလေးတွေပူနေတာဘာလုပ်ရလဲဆရာ။ ဆယ်လထဲမှာ နဲနဲအသားအရေပျော့နေလို့ ဘာအားဆေးတိုက်ရမလဲရှင့်။ ကလေးရဲ့ ကိုယ်အပူချိန်ကို တိုင်းတာကြည့်ပါ… သတ်မှတ်အပူချိန်ထက် မပိုရင်၊ မဖျားနေရင် ပြဿနာ မရှိပါဘူး… အသားအရေကလည်း ကလေးဆိုတာ နူးညံ့တဲ့ သဘာဝရှိပါတယ်… စိတ်မပူပါနဲ့… အစာအာဟာရကို စုံလင်စွာ ကျွေးမွေးပေးရင် အားဆေး မတိုက်လည်း ရပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Htike Lay မင်္ဂလာပါဆရာရှင့် သမီးကလေးက သုံးလပါဆရာ။ ကလေးက ဝမ်းအရမ်းချုပ်တယ်ဆရာ။ ၅ ရက်လောက်နေမှ တစ်ခါသွားတာ မိခင်ကလည်း အစားမရှောင်ပါဘူး။ ဘာလုပ်သင့်ပါသလဲရှင့်။ နို့ထွက်နည်းတော့ နို့မှုန့်ကူရပါတယ်ရှင့်။ အဲ့ဒါနဲ့ဆိုင်လားမသိဘူးရှင့်။ ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… အထူးသဖြင့် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၈)

1. Maylwin Oo ဆရာရှင့် ကလေးရဲ့အသားရေက ဘယ်အချိန်မှာ ပုံမှန်ဖြစ်ပါသလဲ။ သမီးလေးက အခုမှ ၁ လပါ။ ဘာကို မေးချင်သလဲ မရှင်းလင်းပါဘူး… အသားအရည်ဆိုတာ လူကြီးတောင်မှ ပြောင်းလဲမှု ရှိနိုင်ပါတယ်… ကလေး လက်ရှိ ဘာဖြစ်နေသလဲ ပေါ် မူတည်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Chaw Su ဆရာရင့် သားသားက ၁ နှစ်နဲ့ ၉ လပါ။ မွေးရာပါ အမှတ်မဲမဲကြီးက လက်မပြားလောက်ရှိပါတယ်။ နောက်စိအောက်ဘက်နားမှာပါ။ အဲဒါ ဦးနှောက်တို့၊ တခြားဟာတို့ စိုးရိမ်ရပါသလားဆရာ။ အရေပြားဆိုင်ရာ ပြဿနာ ဖြစ်တဲ့အတွက် ဖြစ်နေတဲ့ ပုံစံ၊ အနေအထား၊ အရောင် စသဖြင့် စနစ်တကျ စစ်ဆေးဖို့ လိုအပ်တဲ့ အတွက် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၇)

1. Toung Fha Shai ဆရာရှင့် ကလေးက ၁၀ လထဲမှာပါ။ ခုထိ ညာခြေ၊ ညာလက်မသန်၊ ညာမျက်လုံး တစ်ခါတလေစောင်းနေလို့ ဘာလုပ်ပေးသင့်လဲ၊ ဘယ်ဆရာဝန်နဲ့ပြရမလဲရှင့်။ ကလေးအထူးကု ဆရာဝန်နဲ့ စနစ်တကျ ပြသကြည့်ပါ… စောစောပြသဖို့ တိုက်တွန်းလိုပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Thanzin Cho ဆရာရှင့် သားလေးက ၂ နှစ်ပြည့်ဖို့ ၁ လပဲလိုပါတော့တယ်။ သန်ချဆေးတိုက်လို့ရပြီလား သိချင်ပါတယ်ရှင့်။ ကလေး တစ်နှစ်ပြည့်ပြီးရင် ၆ လတစ်ကြိမ် သန်ချဆေးတိုက်ကျွေးပေးသင့်ပါတယ်… ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုပေးပါ… လက်သည်းခြေသည်း သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး စတာတွေကို ဂရုပြုပါ… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 3. May […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၆)

1. Htike Lay ဆရာရှင် ကလေး ဓာတ်ကင်ရင် အသားအရည်ကို ထိခိုင်စေနိုင်လားရှင့်။ ကျွန်မသားက မွေးတုန်းက ဖွေးဥနေပြီး မွေးပြီးနောက်နေ့ဓာတ်ကင်ရပါတယ်။ အခုသားလေးက အသားနည်းနည်းညိုနေလို့ပါ။ အဖေရော အမေရော ဖွေးပါတယ်။ သားလေးက အခု ၂ လပါရှင့်။ ဖြေပေးပါနော်။ အသားဝါလို့ မီးပြရင် အသားမှာ အနီပြင်လေးတွေ ထွက်တာ၊ အသားအရည် အနည်းငယ် အရောင်ပြောင်းတာ ရှိနိုင်ပါတယ်… ဒါပေမဲ့ ဒါဟာ ခဏသာဖြစ်ပြီး တဖြည်းဖြည်း နဂိုအသားအရည်ကို ပြန်ရလာပါလိမ့်မယ်… စိတ်မပူပါနဲ့… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Barbie Tin Nwe Lay သမီးလေးဝမ်းပျက်တာ တလကျော်ပြီ။ သရက်သီးမှည့်လေးကျွေးရာက ဖြစ်တာပါ။ ဆရာဝန်က အမြှေးပါးလေးတွေ ပါးသွားလို့ပြောပါတယ်။ ခုအညှော်တွေတအားမိလို့မသိဘူး။ ဝမ်းက […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၅)

1. မွလုံး မေမေ ဆရာရှင့် အစားလုံးဝမစားတဲ့ကလေး TB ဖြစ်လားရှင့်။ အသိအမကေးလးက 3 နှစ်ကို 9 kg ပဲရှိလို့ အစားမစားလို့ TB ဖြစ်တယ်ပြောလို့ရှင့်။ TB ရောဂါဟာ ကူးစက်ရောဂါ ဖြစ်ပါတယ်… နေရင်းထိုင်ရင်း မဖြစ်ပါဘူး… ပိုးရှိတဲ့ သူကတဆင့် ကူးစက်ခြင်းဖြစ်ပါတယ်… ၃ နှစ်သား ၉ ကီလိုဆိုရင် သတ်မှတ်ကိုယ်အလေးချိန်ထက် လျော့နည်းနေတဲ့အတွက် ကလေးမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်စေ၊ အာဟာရဆိုင်ရာ ပြဿနာဖြစ်စေ ရှိနိုင်ပါတယ်… ဒါကြောင့် ကလေးကို ဆရာဝန်နဲ့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. ဒိတ်ဒိတ် ကြဲ ဆရာရှင့် ကျွန်မက ကိုယ်ဝန် ၈ လရှိပါပြီ။ အရင်မွေးထားတဲ့သမီးလေးက ၂ […]

Read More
To Top