သားသမီးအတွက် အချိန်ပေးပါ။

ဒေါက်တာ မောင်သင်း

နောက်ဆုံးဆိုပေမယ့် အထူးသတိပြုလုပ်ဆောင်ရမယ့် အချက်ပါ။ ကလေးတွေအတွက် အချိန်များများပေးပါ။
သားသမီးကို သူများနဲ့ (အထူးသဖြင့် ကျူရှင်နဲ့) လွှဲအပ်မထားပါနဲ့။ ကလေးတွေအဖို့ မိဘနဲ့ နရတဲ့အချိန်ဟာ
အပျော်ဆုံး၊ အသာယာဆုံးအချိန်ဖြစ်တာမို့ အဲဒီလို မှတ်ယူသွားအောင် မိဘများက သားသမီးနှင့်နေဖို့
များများပေးပါ။ ဒါမှ မိဘနဲ့အနေနည်းလို့ အားငယ်မှုတွေမရှိသလို ကလေးစိတ်ကူးစိတ်သန်း၊ စိတ်ဝင်စားမှုနဲ့
ပုံဖော်မှုတွေကို မိဘတွေ အားပေးဖို့ အချိန်ပိုရပါတယ်။ သူတို့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ရာမှာ
မိသားစုတစ်ခုလုံးလည်း ပါဝင်ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ သင့်ကလေးရဲ့ ကာယ၊ ဥာဏ၊ စာရိတ္တ၊
ဖွံ့ဖြိုးမှုတွေကို သင်မြင်ပြီး ဖည့်နိုင်မှာ၊ ပင်နိုင်မှာပါ။ ကလေးဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့အတွက် မိဘရဲ့
အားပေးမှုထက် ပိုကောင်းတဲ့အားဆေး ဒီကမ္ဘာမှာ မရှိနိုင်ပါလို့ ဆိုပါရစေ။ အလုပ်များတဲ့ ကျွန်တော်တို့
မိဘတွေ ဦးနှောက်ထဲမှာ စွဲနေရမှာက "ငါ့မိသားစုအတွက် အရေးကြီးဆုံးအချိန်ဟာ သားသမီးနှင့်
ပျာ်ပျော်ရွှင်ရွှင်နေပြီး သူတို့အတွက် ပြုစုပျိုးထောင်ပေးရတဲ့ အချိန်&quot ဆိုတာပါဘဲ။

ကလေးငယ်၏ ဘဝတွင် သူငယ်တန်းအောင်မြင်ပြီးပါက ဘဝအောင်မြင်မှု ပြီးဆုံးသွားသည် မဟုတ်ပေ။
ပထမတန်း၊ ဒုတိယတန်းမှစ၍ မူလတန်းအောင်ပြီးလျှင်လည်း ဘဝ၏အောင်မြင်မှုနိဂုံး မဟုတ်သေးပေ။
ထို့အတူ တက္ကသိုလ်ဝင်တန်းအောင်ပြီး၊ ဘွဲ့ရပြီးလျှင်လည်း ဘဝ၏အောင်မြင်မှု အဆုံးမသတ်သေးပါ။
ဘဝတစ်လျှောက်လုံး ကြုံတွေ့ရမယ့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းကာ တိုးတက်မှု
အဆင့်မြင့်ရပေဦးမည်။ ပညာခေတ်မှာ လူသား၏စွမ်းရည် အသုံးချမှုရပ်သည့်အချိန်ဟာ
လူ့ဘဝနိဂုံးချုပ်သည့်အချိန်ပါ။ ဤသို့လျှင် ငယ်စဉ်ဘဝမှ သသည့်တိုင်ထိ သုံးရမည့် ဦးနှောက်ကို
ဖွံ့ဖြိုးမှုနှေးကွေးပြီး ဥာဏ်ရည်ဥာဏ်သွေး နိမ့်ကျသွားအောင် မိဘများက မလုပ်ဆောင်သင့်ပေ။
မိမိကြောင့် သားသမီးမှာ နားချိန်၊ ပျာ်ရွှင်ချိန်၊ ဦးနှောက်ဖွံ့ဖြိုးချိန် မရခဲ့လျှင် သူများနှင့် တကယ်ယှဉ်ပြိုင်ပြီး
တိုးတက်မှုကိုရှာရသော အရွယ်ရောက်သည့်အချိန်တွင် ဓားမနောက်ပိတ်ကွေးအဖြစ် နာက်ဆုံးမှာ ကျန်ခဲ့ပေမည်။
ထိုအဖြစ်ကို မိဘတိုင်း လိုချင်ပါသလားလို့ မေးရင် မိဘတိုင်းက "မလိုချင်ပါ" ဟု ဖြေကြပါမည်။ မလိုချင်လျှင် "သား၊
သမီးကို ပညာသတိ အမြဲကပ်၍" လေ့ကျင့်ပေးပါ။ ဖြည့်ဆည်းပေးပါ။

မိဘတွေက ကိုယ့်သား၊ ကိုယ့်သမီးရဲ့ ရှေ့ရေးသာကြည့်ခဲ့လျှင် သား၊ သမီးဟာ ကိုယ့်တစ်ယောက်စာ
ကြီးပွားတိုးတက်ရေးအတွက်သာ အားထုတ်မယ့် အညံ့စားတွေပဲ ဖြစ်လာပါလိမ့်မယ်။
လူ့ဘောင်အဖွဲ့အစည်းအကျိုး သယ်ပိုးနိုင်စွမ်းရှိသူ မဖြစ်သေးသမျှ လူညံ့ဟု ဆိုလိုတာပါ။
ဘာဖြစ်လို့လဲဆိုတော့ "အတ္တ"အတွက်သာ စဉ်းစားသူဟာ တိရစ္ဆာန်စိတ်နှင့် အတူတူမို့ပါ။ မိဘတွေမညံ့မှသာ
သား၊ သမီးတွေရဲ့ တန်ဖိုးဟာ အစဉ်တက်နေမှာ။ သားသမီးကို တန်ဖိုးတက်အောင်လုပ်တာဟာ အနာဂတ်လူ့ဘောင်အတွက်
အကောင်းဆုံး ရင်းနှီးမြှုပ်နှံတာပါဆိုတာကို မိဘတွေ ခံယူစေချင်ပါသည်။ ကိုယ့်သား၊
ကိုယ့်သမီးသက်သက်အတွက် မဟုတ်ပါ။ အနာဂတ်နိုင်ငံ၊ လူမျိုးနဲ့ လူ့ဘောင်အတွက်ပါ။ ဘာလို့လဲဆိုတော့ သားသမီး
တစ်ဦးချင်းစီဟာ လူတော်၊ လူကောင်းတွေ ဖစ်လာရင် အသိုင်းအဝိုင်းတစ်ခုလုံးလည်း
ဘက်စုံထူးချွန်သူတွေ ပါမှာ။ ထူးချွန်ထက်မြက်သည့် လူကောင်း လူတော်တွေ ကြွယ်ဝမှ
တိုင်းပြည်ကိုလည်း ချွန်အောင်၊ တက်အောင်လုပ်နိုင်မှာ။ အဲဒီအတွက် ကလေးတွေကို ပညာအခြေခံပြီး
ရွှင်ပြနေအောင် အားပေးတတ်၊ ဖည့်ဆည်းတတ်၊ လမ်းပြတတ်တဲ့ လက်ဦးဆရာ မိဘသည်သာ အခရာပါ။
ကိုယ့်သား၊ သမီး တစ်သက်စာထက် အနာဂတ် လူ့ဘောင်တစ်ခုလုံး သာယာဖွံ့ဖြိုးဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့
ကြိုတင်ပြင်ဆင်နိုင်တဲ့လူသာ "တန်ဖိုးမြင့်တဲ့သူ"ပါ။ တန်ဖိုးမြင့်တဲ့ လူ့အဖိုးတန် မိဘတွေ
မန်မာ့လူ့အဖွဲ့အစည်းမှာ များများရှိစေချင်တဲ့ ဆန္ဒပါ။ အဲဒီလိုမိဘတွေကမှ ကျွန်တော်တို့ ကလေးတွေကို
ကမ္ဘာ့ရွာကြီးထဲ ဝင့်ဝင့်ကြွားကြွား ဝင်နိုင်အောင်၊ ပြီးတော့ ထည်ထည်ဝါဝါ နေထိုင်နိုင်အောင်
ဆောင်ရွက်ပေးနိုင်စွမ်းရှိလို့ပါ။

No Comments

Enroll Your Words

To Top