ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၆)

1. Htike Lay ဆရာရှင် ကလေး ဓာတ်ကင်ရင် အသားအရည်ကို ထိခိုင်စေနိုင်လားရှင့်။ ကျွန်မသားက မွေးတုန်းက ဖွေးဥနေပြီး မွေးပြီးနောက်နေ့ဓာတ်ကင်ရပါတယ်။ အခုသားလေးက အသားနည်းနည်းညိုနေလို့ပါ။ အဖေရော အမေရော ဖွေးပါတယ်။ သားလေးက အခု ၂ လပါရှင့်။ ဖြေပေးပါနော်။ အသားဝါလို့ မီးပြရင် အသားမှာ အနီပြင်လေးတွေ ထွက်တာ၊ အသားအရည် အနည်းငယ် အရောင်ပြောင်းတာ ရှိနိုင်ပါတယ်… ဒါပေမဲ့ ဒါဟာ ခဏသာဖြစ်ပြီး တဖြည်းဖြည်း နဂိုအသားအရည်ကို ပြန်ရလာပါလိမ့်မယ်… စိတ်မပူပါနဲ့… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Barbie Tin Nwe Lay သမီးလေးဝမ်းပျက်တာ တလကျော်ပြီ။ သရက်သီးမှည့်လေးကျွေးရာက ဖြစ်တာပါ။ ဆရာဝန်က အမြှေးပါးလေးတွေ ပါးသွားလို့ပြောပါတယ်။ ခုအညှော်တွေတအားမိလို့မသိဘူး။ ဝမ်းက […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၅)

1. မွလုံး မေမေ ဆရာရှင့် အစားလုံးဝမစားတဲ့ကလေး TB ဖြစ်လားရှင့်။ အသိအမကေးလးက 3 နှစ်ကို 9 kg ပဲရှိလို့ အစားမစားလို့ TB ဖြစ်တယ်ပြောလို့ရှင့်။ TB ရောဂါဟာ ကူးစက်ရောဂါ ဖြစ်ပါတယ်… နေရင်းထိုင်ရင်း မဖြစ်ပါဘူး… ပိုးရှိတဲ့ သူကတဆင့် ကူးစက်ခြင်းဖြစ်ပါတယ်… ၃ နှစ်သား ၉ ကီလိုဆိုရင် သတ်မှတ်ကိုယ်အလေးချိန်ထက် လျော့နည်းနေတဲ့အတွက် ကလေးမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်စေ၊ အာဟာရဆိုင်ရာ ပြဿနာဖြစ်စေ ရှိနိုင်ပါတယ်… ဒါကြောင့် ကလေးကို ဆရာဝန်နဲ့ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. ဒိတ်ဒိတ် ကြဲ ဆရာရှင့် ကျွန်မက ကိုယ်ဝန် ၈ လရှိပါပြီ။ အရင်မွေးထားတဲ့သမီးလေးက ၂ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၄)

1. Smile Lay ဆရာရှင့် ကလေး၂ နှစ်နဲ့ ၁၀ လပါရှင့်။ ဒီအရွယ်မှာ မူကြိုကျောင်းပျော်ထားသင့်ပါသလားရှင့်။ ထားသင့်မသင့်ထက် ဒါဟာ မိဘတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ… ကလေးက ပျော်နေဖို့တော့ လိုပါတယ်… တချို့ လေ့လာမှုတွေအရကတော့ ငယ်ရွယ်လွန်းချိန်မှာ စာဖတ်စေခြင်း၊ စောစီးစွာ ကျောင်းထားခြင်းစတာတွေဟာ နောက်ပိုင်း ကလေးရဲ့ ပညာရေးကို အနည်းနဲ့အများ ထိခိုက်စေတယ်လို့ ဆိုပါတယ်… ဒါကြောင့် သူကိုယ်တိုင်က ဖတ်ချင်လို့ ဖတ်တာ၊ ရေးချင်လို့ ရေးတာမဟုတ်ဘဲ ကလေးကို အတင်းအကျပ် သင်တာမျိုး၊ ကျောင်းသွားစေတာမျိုး မပြုလုပ်သင့်ဘူးလို့ အကြံပြုလိုပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. မြတ် ဖူး ဝေ ဆရာကြီးရှင့် သားလေးက ခေါင်းခဏခဏပူတတ်ပါတယ်။ ပြီးတော့ချွေးလည်း အရမ်းထွက်ပါတယ်။ ခေါင်းပူပီးရင် အဖျားလေးတွေပါတတ်ပါတယ်။ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၃)

1. Aye Aye Sandi ဆရာရှင့် သမီးလေး ၁နှစ်နဲ့၁၁လရှိပါပြီ။ နို့မပြတ်သေးပါဘူး။ နို့ကို ဘယ်အရွယ်ထိ တိုက်လို့ရပါသလဲရှင့်။ ၂နှစ်ကျော်ထိ နို့မဖြတ်ရင် သွားပိုးစားမှာကြောက်လို့ပါ။ သွားပိုးမစားအောင် ဘယ်လိုလုပ်လို့ရပါသလဲ။ လူခွဲမရှိတော့ နို့ဖြတ်ဖို့အဆင်မပြေလို့ပါ။ ၂နှစ်ကျော်သွားရင်ရော ဆက်တိုက်လို့ရပါသလားရှင်။ ပေးထားတဲ့ Link က ဆောင်းပါးလေးကို ဖတ်ရှုပေးပါ… သွားပိုး မစားအောင် သွားကို စနစ်တကျနဲ့ ပုံမှန်တိုက်ပေးပါ… အချို ကျွေးပြီးတိုင်း ပလုပ်ကျင်းပေးပါ… ဘယ်အချိန်မှာ မိခင်နို့တိုက်ကျွေးခြင်းကို ရပ်တန့်မလဲ? ———————– 2. Khet Aye ဆရာရှင် သားက၉လပါ။ ၂လသားလောက်ထဲက ရင်ကြပ်တာ မပျောက်ဘူးရှင့်။ အမြဲတမ်းစိတ်ပူမိပါတယ်။ ဘယ်လိုလုပ်ရမလဲ ဘယ်လိုကြောင့်များလဲဆိုတာ ပြောပြပေးပါဆရာရှင့်။ ရင်ကြပ်ခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းများစွာ ရှိပါတယ်… ဒီလို ရင်ကြပ်တဲ့ ကလေးတွေမှာ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၂)

1. Ko Zar Myo ဆရာ တစ်ခုလောက်မေးချင်ပါတယ်။ ကလေးကချွဲနဲနဲကပ်နေလို့ ဘယ်လိုလုပ်ရပါမလဲ သိချင်ပါတယ်ဆရာ။ ချွဲရှိတယ် မရှိဘူးဆိုတာ စနစ်တကျ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်… ကလေးကို အအေးမမိအောင် ဂရုပြုပါ… မိခင်နို့များများ ပိုတိုက်ပေးပါ… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 2. Phu Thet Ngon သားသားက ၅၈ ရက်‌ပါ။ ဇာတ်‌က အ‌နောက်‌ကိုလန်‌နေလို့ ဆရာ။ ဘာဖြစ်‌တာလဲ။ ဘာလုပ်‌ပေးကမလဲရှင့်‌။ ဇက်မှာ ရှိတဲ့ ကြွက်သားတွေ မသန်မာသေးလို့ ဖြစ်ပါတယ်… အထွေအထူး ဘာမှ လုပ်စရာ မလိုပါဘူး… ကလေးကို မချီတဲ့အခါ ဇက်လေးကို လက်နဲ့ ထိန်းထားပေးပါ… ကလေးကြီးလာတာနဲ့ အမျှ ကြွက်သားတွေ သန်မာလာပြီး ဇက်ခိုင်လာပါလိမ့်မယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၁)

1. Z Z Zar Zar ဆရာရှင့် ကလေးက တစ်ပတ်ကျော်ရှိပါပြီ။ ကလေးဦးခေါင်းနောက်မှာ လက်နဲ့စမ်းကြည့်လိုက်ရင် ဦးခေါင်းခွံက မညီဘူး ဖြစ်နေပါတယ်။ စိုးရိမ်ရလားရှင့်။ ကလေးမှာ တခြား ထူးခြားတဲ့ လက္ခဏာ မရှိရင် မစိုးရိမ်ရပါဘူး… ဒီအရွယ်မှာ မညီတာမျိုးက ဖြစ်တတ်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 2. Ei Ei Khine ဆရာရှင့် နို့တိုက်မိခင် Bp1 ဆေးသောက်လို့ရပါသလားရှင့်။ lady plus နဲ့တွဲသောက်နေလို့ပါရှင့်။ အားဆေးဆိုရင် အများအားဖြင့် သောက်သုံးလို့ ရပါတယ်… ဒါပေမဲ့ နို့တိုက်မိခင်ဖြစ်နေတဲ့အတွက် ဘယ်ဆေးမဆို လိုအပ်မှသာ သောက်သုံးတာက ပိုကောင်းပါတယ်… မလိုအပ်ဘဲ ဆေးမသောက်သင့်ပါဘူး… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 3. Su Wah […]

Read More

ကလေးငယ်နှင့် ခေါင်းချွေးထွက်ခြင်းအကြောင်း သိကောင်းစရာ

ကလေးမိခင်တွေဆီက မကြာခဏ ဆိုသလို အမေးများလွန်းတဲ့ မေးခွန်းက "ကလေး ခေါင်းချွေးအထွက်များလွန်းလို့ စိုးရိမ်ရသလား?" ဆိုတာပဲဖြစ်ပါတယ်… ကလေးတွေမှာ ဦးခေါင်း ချွေးထွက်များခြင်း ဘာကြောင့် ဖစ်သလဲဆိုတာ ကြည့်ကြရအောင်… ကလေးငယ်ရဲ့ ချွေးထွက် ဂလင်းအလုပ်လုပ်ပုံ ———————————————— ကလေးငယ်လေးတွေကို လေ့လာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ချွေးထွက်ခြင်းဟာ ဦးခေါင်းပိုင်း (နဖူးနှင့် နားထင်) မှာ စတင်တတ်တာကို တွေ့ရှိရပါတယ်… ဒါဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ချွေးထွက်ဂလင်း အများစုဟာ အလုပ်မလုပ်သေးဘဲ ဦးခေါင်းမှာ ရှိတဲ့ ဂလင်းတွေက စတင်အလုပ်လုပ်ခြင်းကြောင့် ဖစ်ရတယ်လို့ ယူဆကြပါတယ်… ကလေးငယ်ရဲ့ ကိုယ်ခန္ဓာက ပတ်ဝန်းကျင်ကို ပူတယ်လို့ ခံစားရချိန်မှာ တုံ့ပြန်မှုအနေနဲ့ ချွေးထွက်ပါတယ်… ဒါပေမဲ့ လူကြီးတွေလို တစ်ကိုယ်လုံးမှာ ရှိတဲ့ ချွေးဂလင်းတွေ အလုပ်မလုပ်သေးတာကြောင့် active […]

Read More

မိုးရာသီမှာ ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုထိန်းသိမ်းကာကွယ်ကြမလဲ

မိုးရာသီမှာ ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာများ – ကလေးအသားအရေ အနီကွက်ဖြစ်လာခြင်းကို ဘယ်လိုဂရုစိုက်မလဲ။   မိုးရွာလာရင် အနားယူခြင်း၊ ကျန်းမာအောင် စားသောက်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့လိုပဲ သင့်အသားအရေ ကျန်းမာရေးကို ဂရုစိုက်ခြင်းကလည်း အရေးကြီးလာပါပြီ။ အထူးသဖြင့် မိုးရာသီမှာ လေထုစိုထိုင်းဆ မြင့်မားတာကြောင့် ရောဂါပိုး ပေါက်ပွားလွယ်ပြီး ကလေးတွေမှာ အရေပြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။   မိုးရာသီမှာ ဖြစ်လေ့ရှိသော ကလေးအရေပြားပြဿနာ လေးခု ၁။ အရေပြားမှိုတက်ခြင်း မိုးရာသီမှာ အဖြစ်များပါတယ်။ အထူးသဖြင့် Sensitive အရေပြားပိုင်ဆိုင်တဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ခြောက်သွေ့ခြင်းမရှိတဲ့ အဝတ်အစား၊ ခြေအိတ်၊ ဖိနပ်များ ဝတ်ဆင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ၂။ သေးခံလောင်ခြင်း အဓိက စိုထိုင်းမှုကြောင့် ဖြစ်တာပါ။ ပေါင်ရင်းနှင့် တင်ပါးတစ်ဝိုက်အရေပြားမှာ […]

Read More

လက်ချောင်းစုပ်ခြင်း အမူအကျင့်ကြောင့် ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်မလဲ

လက်ချောင်းစုပ်ခြင်းကို ခွင့်ပြုသင့်သလား။ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ။ ကလေးတွေ လက်ချောင်းစုပ်ခြင်းဆိုတာ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကတည်းက ရရှိလာတဲ့ အလေ့အကျင့်တစ်ခုပါ။ လက်ချောင်းစုပ်ခြင်းနှင့် ပါးစပ်ထဲ လက်ထည့်တဲ့ အလေ့အကျင့်ဟာ တစ်နှစ်အရွယ်အထိ ပုံမှန်အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအလေ့အကျင့်က နည်းပါးပျောက်ကွယ်သွားရမှာပါ။ ဒါပေမယ့် တချို့ကလေးတွေက မအိပ်ခင်မှာ လက်ချောင်းစုပ်တဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။   ဘာကြောင့်ကလေးတွေက လက်ချောင်းစုပ်ရတာကို ကြိုက်နှစ်သက်တာလဲ။ သူတို့ရဲ့ လက်ချောင်းတွေကို စပ်စုတဲ့သဘာဝပါပါတယ်။ သွားပေါက်တော့မှာဖြစ်လို့ သွားဖုံးယားယံခြင်းကြောင့်လည်း စုပ်တတ်ပါတယ်။ စိတ်သက်သောင့်သက်သာ ရှိစေပါတယ်။ စိတ်မသက်မသာ ခံစားချက်ရှိနေသောကြောင့်လည်း စုပ်တတ်ပါတယ်။ ဗိုက်ဆာချိန်မှာလည်း စုပ်တတ်ပါတယ်။ အိပ်ခါနီး စိတ်လက်ပေါ့ပါးလာအောင် လုပ်တဲ့အနေနဲ့လည်း စုပ်တတ်ပါတယ်။   လက်ချောင်းစုပ်ခြင်းက မကောင်းတဲ့အချက်တွေရှိလား။ ၁။ မွေးကင်းစအရွယ်မှာ ကလေးတွေက မတော်တဆ လက်ချောင်းစုပ်မိပါတယ်။ […]

Read More

Influenza A ရောဂါဆိုတာဘာလဲ….ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

လက်ရှိမှာ တုပ်ကွေးရောဂါ အဖြစ်များတာကြောင့် ကျောင်းတွေပိတ်နေရတဲ့ အနေအထားမျိုးကို တွေ့နေရပါတယ်။ ကလေးအများစုဟာ သူငယ်ချင်းများနဲ့အတူ ဖျားနာကြပါတယ်။ တုပ်ကွေးရဲ့ လက္ခဏာကတော့ ဖျားနာမယ်။ ပြီးရင် အသက်ရှူလမ်းကြောင်း လက္ခဏာတွေပေါ်လာမယ်။ ဥပမာ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နာကျင်ခြင်း၊ တစ်ခါတလေမှာ ဝမ်းလျောခြင်း၊ ပျို့အန်ခြင်းတွေပါ ဖြစ်တတ်ပါတယ်။   တုပ်ကွေး ဘယ်နှမျိုးရှိသလဲ။ တုပ်ကွေးအမျိုးမျိုးရှိပါတယ်။ အုပ်စုအနေနဲ့ ၃ ခုခွဲပြလို့ရပါတယ်။ ၁၊ Influenza A, H1N1 and H3N2 ၂၊ Influenza B ၃၊ Influenza C   ယခုနှစ်အစပိုင်းမှာ ရရှိသော အချက်အလက်များအရ H3N2 က အတွေ့ရအများဆုံး တုပ်ကွေးအမျိုးအစားဖြစ်ပါတယ်။ Influenza B ကို တွေ့ရနည်းပြီး […]

Read More
To Top