သင့်ကလေး လည်ပင်းမှာတစ်ခုခု တစ်စို့နေပါက ပြုလုပ်ရမည့် အရေးပေါ်အသက်ကယ်နည်း

လည်ပင်းမှာ တစ်ခုခု တစ်စို့ခြင်းဆိုတာ အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေဖြစ်ပါတယ်။ မကြာခဏလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါကို မြန်ဆန်ထိရောက်စွာ မကယ်တင်နိုင်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိပါတယ်။ ချက်ချင်းမကယ်နိုင်ရင် အချိန်တိုအတွင်း သေဆုံးနိုင်ပါတယ်။   ကလေးကစားနေချိန်မှာ ကစားစရာတစ်ခုခုဖြစ်ဖြစ်၊ အစားစားနေချိန်မှာ အစားအစာတစ်ခုခု ဥပမာ မြေပဲ စသဖြင့် ကလေးရဲ့ လည်ပင်းကို ဝင်ရောက်တစ်စို့နေတတ်ပါတယ်။ လည်ပင်းမှာ တစ်စို့နေပြီး အသက်မရှူနိုင်ခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ပေါ်လာပါတယ်။ ပြင်းထန်မှုက တစ်နေတဲ့ ပစ္စည်းအရွယ်အစားနဲ့ အမျိုးအစားပေါ် မူတည်ပါတယ်။ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းက သေးငယ်ပါတယ်။ ဒါကြောင့် အနည်းငယ်ပိတ်စို့မှုက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။   တကယ်လို့ သင့်ကလေးဟာ ပစ္စည်းတစ်ခုခု တစ်စို့နေရင် မိဘအနေနဲ့ ပြာယာမခပ်ပါနဲ့။ ကလေးရဲ့ လည်ပင်းထဲက ပစ္စည်းကို လက်နဲ့ ကော်ထုတ်ဖို့ […]

Read More

ကလေးတွေ ကျောင်းကနေ ရောဂါပိုးမကူးစက်လာအောင် ဘယ်လိုသတိထားကာကွယ်ကြမလဲ

ကျောင်းတွေ ဖွင့်ပြီဆိုတာနဲ့ ကလေးတွေ ကျောင်းပြန်တက်ရပါပြီ။ ကျောင်းတက်ပြီး တစ်ပတ်လောက်မှာ ကျောင်းကနေ နှာစေး၊ ချောင်းဆိုးတွေ ပါလာတတ်ပါတယ်။ ကျောင်းမှာ ကူးစက်လေ့ရှိတဲ့ ရောဂါတွေကတော့ ၁။ အရေပြားပိုးဝင်ခြင်းရောဂါများ ဝက်သက်ပေါက်ခြင်း၊ ၂ နှစ်မှ ၈ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်တဲ့ကလေးဟာ ကိုယ်အနည်းငယ်ပူခြင်း၊ အားမရှိခြင်း၊ အရေပြားပေါ် အနီကွက်များပေါ်ခြင်းများ ဖြစ်ပေါ်ပြီး နောက်ပိုင်းမှာ ရေကြည်ဖုလေးတွေ ဖြစ်လာပါတယ်။ ယားယံလာပါတယ်။ ထပ်အချိန်ကြာလာရင်တော့ ပြည်တည်လာပြီး နောက်ဆုံးအရေခွံကွာသွားပါတယ်။ လက်၊ ခြေထောက်မှ ပါးစပ်သို့ ကူးစက်တဲ့ရောဂါ။ ၅ နှစ်အောက်ကလေးတွေမှာ အတွေ့များပါတယ်။ လက္ခဏာတွေကတော့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အရေပြားပေါ် အနီကွက်များထခြင်း၊ လက်ဖဝါး၊ ခြေဖဝါးမှာ ရေကြည်ဖုများ ပေါက်ခြင်း၊ ပါးစပ်နှုတ်ခမ်းမှာ အနာဖြစ်ခြင်းတို့ ဖြစ်ပါတယ်။   ၂။ […]

Read More

ကလေးတစ်ယောက် ဖျားနာနေပြီဆို ဘယ်လိုအချက်တွေပြသမလဲ

ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းအရည်သွားခြင်းနှင့် အရေပြားပေါ် နီရဲလာခြင်းများက သင့်ကလေး ဖျားနာနေပြီဆိုတာကို ပြသပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ်စနစ်ပေါ်မူတည်ပြီး လက္ခဏာများ ပြသပါတယ်။ ဥပမာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းက အသက်ရှူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်တာကို ပြသပါတယ်။ အန်ခြင်းနှင့် ဝမ်းအရည်သွားခြင်းက အစာလမ်းကြောင်း ယောင်ယမ်းတာကို ပြသပါတယ်။ အရွယ်ကြီးတဲ့ ကလေးတွေက သူတို့ခံစားနေရတာတွေကို မိဘတွေကို ပြောပြပြီး ဆရာဝန်ပြသနိုင်ကြပါတယ်။ ကလေးက ငယ်လွန်းပြီး မပြောပြသေးဘူးဆိုရင်တော့ ကလေးတက်ကြွမှုမရှိခြင်း၊ အစားနည်းသွားခြင်း၊ ဂျီကျခြင်း၊ စဉ်ဆက်မပြတ် ငိုနေခြင်း၊ မအိပ်ခြင်းနှင့် ကိုယ်ပူခြင်းတို့က ကလေးဖျားနာနေတာကို ပြသပါတယ်။   သင့်ကလေးမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပြနေပြီဆိုရင်တော့ ဆရာဝန်ဆီ အမြန်ဆုံးခေါ်သွားပါ။ အထူးသဖြင့် […]

Read More

အအေးမိခြင်းနှင့် ပါးရိုးအတွင်းရှိ အခေါင်းပေါက်များသို့ ရောဂါပိုးဝင်ခြင်းကို ဘယ်လိုခွဲခြားကြမလဲ

အအေးမိတဲ့ လူနာတွေမှာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းစတာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားပါတယ်။ တကယ်လို့ မသက်သာဘဲ ပိုဆိုးလာတဲ့အပြင် အဝါရောင်သလိပ်တွေ ထွက်တယ်ဆိုရင်တော့ ပါးရိုးအတွင်းရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။   ဓာတ်မတည့်သူများ (သို့မဟုတ်) ဓာတ်မတည့်မှုကြောင့်ဖြစ်သော နှာမွေသူများ (Allergic Rhinitis) မှာတော့ နှာချေခြင်း၊ သလိပ်အကြည်ထွက်ခြင်း၊ နှာရည်ယိုခြင်းနှင့် နှာခေါင်း၊ မျက်စိ ယားယံခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ သူကတော့ တစ်နှစ်ပတ်လုံး ဖြစ်ပေါ်တတ်ပြီး ကာလအတန်ငယ်လည်း ကြာတတ်ပါတယ်။ ပြန်ကောင်းလိုက် ပြန်ဖြစ်လိုက်နဲ့ ဖြစ်တတ်ပါတယ်။ မိုးရာသီ၊ ဆောင်းရာသီနဲ့ ညဘက်တွေမှာ ရောဂါလက္ခဏာတွေက ပိုပြီးသိသာစွာ ဖြစ်ပေါ်ပါတယ်။ Allergic Rhinitis ဓာတ်မတည့်မှုကြောင့် နှာမွှန်ခြင်းဆိုတာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်ပြီး အဲဒီအကြောင်းရင်းကြောင့် သင့်ကို အအေးမိလွယ်စေပါတယ်။   […]

Read More

ကလေးတွေ ဝမ်းချုပ်တဲ့အခါမှာ ဝမ်းချူဖို့ (သို့မဟုတ်) ဝမ်းနှုတ်ဆေးတိုက်ဖို့ လိုပါသလား

ကလေးတွေ တစ်ပတ်အတွင်း ဝမ်းသွားတာ သုံးကြိမ်ထက် နည်းနေရင်၊ ဝမ်းသွားရာမှာလည်း ခက်ခဲပြီး အချိန်ကြာနေရင် ဝမ်းချုပ်တယ်လို့ ယူဆပါတယ်။ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ အစားအသောက် အလေ့အကျင့် မှားယွင်းခြင်း၊ အမျှင်ဓာတ်စာသုံးမှုနည်းခြင်း၊ ရေသောက်သုံးမှုနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အစာလမ်းကြောင်းရောဂါရှိခြင်း၊ အစာဟောင်းအိမ်နှင့် စအိုသို့သွားသော အာရုံကြောအားနည်းခြင်း စသဖြင့် အကြောင်းရင်းများ ပါဝင်ပါတယ်။ ဝမ်းချုပ်ခြင်းကို scleroderma, Parkinson ရောဂါများနှင့် ကျောရိုးဒဏ်ရာရရှိဖူးသူတွေမှာလည်း တွေ့ရပါတယ်။ ဟော်မုန်းကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။ ဥပမာ ဆီးချိုလူနာတစ်ယောက်ဟာ Thyroid Gland ပုံမှန်အလုပ်မလုပ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အတွင်းဖိအားကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် အစာဟောင်းအိမ်ကင်ဆာကို ကုသရာမှာလည်း ဆေးဝါးတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ လေငမ်းရောဂါသည်တွေမှာလည်း ဝမ်းချုပ်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။   သင့်ကလေး ဝမ်းချုပ်နေရင် ဝမ်းချူခြင်း (သို့မဟုတ်) ဝမ်းနှုတ်ဆေးတိုက်ခြင်းတို့ကို […]

Read More

ဆပ်ပြာခဲ (သို့မဟုတ်) ဆပ်ပြာရည်ကို မတော်တဆ စားမိသွားတဲ့အခါ ဘာလုပ်ရမလဲ

ကလေးတွေကို တစ်ယောက်ထဲထားလိုက်ရင် ဖြစ်တတ်တဲ့ မတော်တဆမှုတွေကတော့ အမြင့်မှ ပြုတ်ကျခြင်း၊ အဆိပ်ရှိသော အရာဝတ္တုများကို ကိုင်တွယ်ခြင်း၊ တစ်ခုခုကို မြိုချပြီး အသက်ရှုလမ်းကြောင်းပိတ်ခြင်း နှင့် ကားမတော်စဆမှုတို့ ဖြစ်ပါတယ်။ ဒါပေမယ့် မသိမလွတ်သင့်တဲ့ မတော်တဆမှုတစ်ခုကတော့ ကလေးလက်တွေ စတင် စုတ်ကိုင်နိုင်ချိန်မှာ သူတို့ပတ်ဝန်းကျင်မှာရှိသမျှအရာတွေကို ကိုင်ပြီး ပါးစပ်ထဲ ထည့်တာပါပဲ။ တစ်ခါတစ်လေမှာ အရာဝတ္တုတွေက အန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ အရုပ်ဘထ္ထရီများ။ ဒါက ရေချိုးတဲ့ အချိန်မှာလဲ တူတူပါပဲ။ ကလေးကို ရေချိုးပေးချိန်မှာ ဂရုစိုက်ကြည့်ရှုနေဖို့လိုပါတယ်။ မဟုတ်ရင် ရေနှစ်ခြင်းကဲ့သို့ မတော်တဆမှုများဖြစ်တတ်သလို ချော်သော ရေချိုးခန်းကြမ်းပြင်ကြောင့် ချောလဲပြီး ခေါင်းကို ထိခိုက်မိနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးက ဆပ်ပြာခဲ (သို့မဟုတ်) ဆပ်ပြာရည် အနည်းငယ်ကို စားမိသွားရင် ထိခိုက်မှုများစွာ မရှိပါဘူး။ ကလေးက […]

Read More

သဘာဝတရားနဲ့ ကလေးတွေကို ထိတွေ့ခွင့်ရအောင် ဘယ်လိုဖန်တီးပေးကြမလဲ

သဘာဝတရားက ကလေးဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါတယ်။ သဘာဝတရားနဲ့ ကလေးဖွံ့ဖြိုးမှုကို စဉ်းစားကြည့်မယ်ဆိုရင် သဘာဝတရားက ကလေးတွေအတွက် အထောက်အပံ့များစွာ ပေးတယ်ဆိုတာ ငြင်းဆိုလို့မရပါဘူး။ ဥပမာ Gross Motor ဖွံ့ဖြိုးမှုအတွက်  ပြင်ပရုပ်သွင်ဖွံ့ဖြိုးစေဖို့အတွက် လမ်းလျောက်ခြင်း၊ ပြေးလွှားခြင်း၊ မတ်တပ်ရပ်ခြင်း၊ ခုန်ခြင်း၊ အမြင့်တက်ခြင်း နှင့် ရေကူးခြင်း။ Fine Motor ဖွံ့ဖြိုးမှုအတွက် အရာဝတ္တုကို လက်ညှိုးထိုးခြင်း၊ ပစ္စည်းကောက်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် အုပ်စုခွဲခြင်း၊ စာရွက်ခေါက်ခြင်း၊ ပုံဆွဲခြင်း၊ စုတ်ကိုင်ခြင်းနှင့် အရွက်များကို ဖြန့်ခြင်း။ ဒါ့အပြင် အာရုံဖွံ့ဖြိုးမှုအနေနဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာနှင့် ခံစားချက်စွမ်းရည်တို့လည်း ပါဝင်ပါတယ်။ ထို့အပြင် စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးနှင့် စိတ်ဓါတ်ရေးရာပိုင်း ဖွံ့ဖြိုးမှုတွေလည်း ပါဝင်ပါတယ်။ သဘာဝတရားက ကလေးတွေကို သဘာဝတရားနှင့် တစ်သားထဲကျစေဖို့ သင်ကြားပေးပါတယ်။ […]

Read More

ကလေးငယ်လေးတွေကို ဘယ်လိုဆေးတိုက်ကြမလဲ

ကလေးတွေကို ဆေးတိုက်ရတာ ခက်ခဲပါတယ်။ ကလေးငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ဆေးတိုက်ရတဲ့ အခက်အခဲက မိဘတိုင်းမှာ ရှိနေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ပိုပြီး ခက်ခဲပါတယ်။ ကလေးက စကားမပြောနိုင်သေးတာကြောင့် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ကလေးတွေကို ဆေးတိုက်ခြင်းက သေချာ ဂရုစိုက်ပြုလုပ်သင့်တဲ့အရာပါ။   ကလေးတွေ ဆေးသောက်ပြီးရင် ဘာလို့အန်တာလဲ။ ဆေးရဲ့ အရသာနဲ့ အနံ့ကို မကြိုက်လို့ပါ။ ဆေးတိုက်ကျွေးတဲ့ပုံစံ မမှန်လို့ပါ။ မိဘက ဇွတ်အတင်း ဆေးသောက်ခိုင်းလို့ပါ။ တကယ်လို့ ကလေးက ဆေးသောက်ပြီး အန်တယ်ဆိုရင် ကလေးကို ဆေးပြန်တိုက်ဖို့ လိုမလား။ နမူနာ (၁) – တယယ်လို့ ကလေးက ဆေးတိုက်ပြီး မိနစ် ၃၀ လောက်နေမှ အန်တယ်ဆိုရင် (ဆေးကို ခန္ဓာကိုယ်က စုပ်ယူသွားပြီဖြစ်တဲ့အတွက်) ဆေးပြန်တိုက်ဖို့ […]

Read More

ကလေးတွေကို မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုသင်ကြားပေးမလဲ

မိမိကိုယ်ယုံကြည်မှုရှိခြင်းဆိုတာ ကလေးတွေကို မွေးကင်းစကတည်းက လေ့ကျင့်ပေးသင့်တဲ့ မရှိမဖြစ် စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို စိတ်ဓါတ်စွမ်းရည်က ဘ၀တစ်လျောက် ပျော်ရွှင်မှုနှင့် အောင်မြင်မှု ရရှိမှုပေါ်မှာ များစွာလွမ်းမိုးမှုရှိနေပါတယ်။ မေမေအများစုရဲ့ အကြံပေးချက်ကတော့ ကလေးတွေကို မွေးကင်းစကတည်းက မေတ္တာတရားနဲ့ ဂရုစိုက်မှုတို့ကို ပြည့်ဝစွာပေးထားခြင်းက ကလေးတွေကို ယုံကြည်မှုအခြေခံ ခိုင်မာစေပါတယ်။ ယုံကြည်မှုရှိခြင်းက ရှင်သန်ဖို့အတွက်သာအရေးကြီးတာမဟုတ်ပါဘူး။ ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးပါတယ်။ မေတ္တာနှင့် ဂရုစိုက်ခြင်းက ကလေးတွေကို သူတို့ရဲ့ မိဘ သို့မဟုတ် အုပ်ထိန်းသူကိုသာမက လောကကြီးကိုပါ ယုံကြည်မှုတွေ တိုးလာစေပါတယ်။ လောကကြီးကို ယုံကြည်လာခြင်းက လောကကြီးကို လေ့လာချင်စိတ် ပြင်းထန်စေပါတယ်။ ထို့အတူပဲ မိဘတွေဟာ ဘယ်လိုအခြေအနေမှာမဆို ကိုယ့်ဖက်မှာ ရှိနေမယ်ဆိုတဲ့ ယုံကြည်ချက်က ကလေးတွေကို ကြိုးစားချင်စိတ်နဲ့ မှားယွင်းမှာကို မကြောက်တဲ့စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။ လေ့လာရန် […]

Read More

မျက်စိယားယံခြင်းကို ဘယ်လိုကုသကြမလဲ

ဓာတ်မတည်ြ့ခင်းဟာ မျက်စိမှာလဲ ဖြစ်တတ်ပါတယ်။ မျက်စိမှာ မတည့်ခြင်းဖြစ်ပေါ်ခြင်းက နွေရာသီ အထူးသဖြင့် ဧပြီလမှာ ဖြစ်တတ်ပါတယ်။ မတည့်စေတဲ့အရာတွေ ဥပမာ – ပန်းဝတ်မှုန်များ နှင့် ထိတွေ့ရင် ဖြစ်ပေါ်တတ်ပါတယ်။ ကလေးတွေမှာ မတည့်တဲ့အရာတွေနဲ့ထိတွေ့မိရင် မျက်စိ ယားယံခြင်း ဖြစ်ပေါ်တတ်ပါတယ်။ မျက်စိယားယံခြင်း လက္ခဏာများ ပုံမှန်အားဖြင့် ဘယ်အရာကြောင့် မတည့်ခြင်းဖြစ်ပေါ်တယ်ဆိုတာ သိဖို့ခက်ပါတယ်။ ဖုန့်မှုန့်နှင့်ထိတွေ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိသားစုထဲမှာ မတည့်တဲ့အရာတစ်ခုကြောင့် ယားယံခြင်း၊ ရင်ကြပ်ချင်း နှင့် အရေပြားအနီဖုများထခြင်း စတဲ့ မှတ်တမ်းတွေရှိရင်တော့ ဘယ်အရာကို မတည့်တာလဲဆိုတာကို စုံစမ်းရ လွယ်ကူပါတယ်။ မျက်စိမှာ မတည့်ခြင်းဖြစ်ပေါ်ခြင်းက မျက်ခမ်းတစ်လျောက်မှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ မျက်စိ ယားယံတတ်သူဆိုပါက မတည့်ခြင်းဖြစ်စေတဲ့အရာတွေဖြစ်တဲ့ ပန်းဝတ်မှုန်၊ ဖုန့်မှုန့်၊ ငှက်မွှေးများ နှင့် တိစ္ဆာန်အမွှေးအမျှင်များကို ရှောင်ကျဉ်သင့်ပါတယ်။ […]

Read More
To Top