အနံ့အာရုံကို ကောင်းမွန်အောင် ဘယ်လိုရနံ့ကုထုံးပြုလုပ်ကြမလဲ

အနံ့ခံခြင်းဆိုတာ အာရုံ တစ်ပါးဖြစ်ပါတယ်။ ကိုယ်ဝန်အတွင်းမှာ ကလေးရဲ့ အနံ့အာရုံက ကိုယ်ဝန်နောက်ဆုံး ၃ လမှာ ဖွံ့ဖြိုးပါတယ်။ မွေးဖွားပြီးချိန်မှာတော့ ကိုယ်ဝန်ထဲမှ ရင်းနှီးလာသော ရနံ့များကို မှတ်မိပါတယ်။ ဥပမာ အမေရဲ့ ရနံ့၊ သင့်အ၀တ်အစားအနံ့။ ရင်းနှီးနေသော ရနံ့ရရှိခြင်းဟာ ကလေးအတွက် ပတ်ဝန်းကျင်နှင့် နေသားကျစေပြီး ပိုမိုကောင်းမွန်သော ကြီးထွားမှုကို ရရှိစေပါတယ်။ မိဘတွေက ကလေးတွေ ဖွံ့ဖြိုးမှုကို အနံ့အာရုံကတဆင့် ကူညီပေးလို့ရပါတယ်။ ပန်းခြံထဲမှာ ကလေးကို လှမ်းလျောက်ခေါ်သွားပြီး ပန်းရနံ့ရှုရှိုက်ခိုင်းတာမျိုး၊ ဒါမှမဟုတ် ပန်းအိုးထဲမှ ပန်းရနံ့ကို ခံစားခိုင်းတာမျိုးပြုလုပ်ပေးလို့ရပါတယ်။ ဒါ့အပြင် ကလေးသုံးပစ္စည်းများထဲမှ သဘာဝရနံ့ပါသော ပေါင်ဒါတို့ကို သုံးပေးခြင်းအားဖြင့် ကလေးရဲ့ အသားအရေကို ချောမွတ်စေသလို ကလေးစိတ်ကို သက်တောင့်သက်သာရှိစေတာကြောင့် အချိန်ကြာကြာပို အိပ်စေပါတယ်။ အကြံပေးချက်။ မေမေ ခရီးသွားမယ်ဆိုရင် […]

Read More

နွေရာသီမှာဖြစ်ပေါ်တတ်တဲ့ အရေပြားပေါ်က အနီကွက်တွေကို ဘယ်လိုကာကွယ်ကြမလဲ

နွေရာသီရောက်ပါပြီ။ ဧပြီလရောက်ပြီဖြစ်လို့ ရာသီဥတုကလည်း ပူလောင်ပါတယ်။ ဒီလိုအချိန်ဆို ချွေးကြောင့်ဖြစ်တဲ့ မိတ်ကွက်တွေ ပေါ်လာပါပြီ။ ခန္ဓာကိုယ်ပေါ်မှာ ချွေးပေါက်များစွာရှိပါတယ်။ ချွေးပေါက်များမှ ချွေးထွက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို အေးမြစေပါတယ်။ ခန္ဓာကိုယ်အပူချိန်များစေတဲ့အချိန်များ ဥပမာ ပြေးခြင်း၊ ခုန်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့မှာ ချွေးတွေ ထွက်လာစေပါတယ်။ ချွေးပေါက်ပိတ်ပြီး ခန္ဓာကိုယ်မှ အပူချိန်မထွက်နိုင်တဲ့အခါမှာ Miliaria rubra တွေ ဖြစ်ပေါ်လာပါတယ်။ မိတ်ဖုလေးတွေကို နဖူး၊ လည်ပင်း၊ နောက်ကျောနှင့် တစ်တောင်ဆစ်ကွေးနေရာနေမှာ ဖြစ်တတ်ပါတယ်။ အကြံပေးချက် တကယ်လို့ သင့်ကလေး မိတ်ဖုတွေထွက်လာတယ်ဆိုရင် ထွက်နေတဲ့နေရာကို တာဝါအစိုလေးနဲ့ အသာလေး ဖိထားလိုက်ပြီး လေ၀င်လေထွက်ကောင်းတဲ့နေရာမှာထားပါ။ အင်္ကျီကိုလည်း လေ၀င်လေထွက်ကောင်းစေတဲ့ ချည်သား အ၀တ်အစားတွေ ၀တ်ဆင်ပေးပါ။ နိုင်လွန်ပိတ်စအင်္ကျီတွေကို မ၀တ်ပေးပါနဲ့။ ပုံမှန်အားဖြင့် မိတ်ဖုများက ၁ ပတ် ၂ […]

Read More

ကလေးတွေကျန်းမာဖွံ့ဖြိုးဖို့ မေမေတို့ဘာတွေလုပ်ကြမလဲ

မေမေရဲ့ မေတ္တာအထိအတွေ့ သင့်ကလေးကျန်းမာရေးဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုတဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။ စကားပြောခြင်း၊ မျက်လုံးခြင်းဆုံပြီး ကြည့်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ ပြုံးပြခြင်းနှင့် နှိပ်ပေးခြင်းတို့က ကလေးတွေကို ခံစားချက် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် မိဘရဲ့အထိအတွေ့က သံယောဇဉ်ကို ပိုမိုခိုင်မာစေတဲ့အပြင် ကြွက်သားတွေကို ဖိအားလျော့ကျစေပြီး သွေးလည်ပတ်မှုကို တိုးတက်စေပါတယ်။ ကလေးကို နှိပ်ပေးခြင်းက ကလေးပျော်ရွှင်နေချိန်မှာ အကောင်းဆုံး ရလာဒ်ကို ပေးပါတယ်။ ကလေးကို ရေချိုးပြီးချိန်မှာ ပျော့ပြောင်းတဲ့ အိပ်ယာပေါ်တင်ပြီး နှိပ်ပေးလို့ရပါတယ်။ ကလေးဗိုက်ဆာနေချိန် ဒါမှမဟုတ် အစားစားပြီးချိန်မှာတော့ မလုပ်သင့်ပါဘူး။ ကလေး အစာလမ်းကြောင်း ပိတ်စို့သွားတတ်ပါတယ်။ နှိပ်ရာမှာ ဘေဘီပေါင်ဒါ ဒါမှမဟုတ် ဘေဘီ Oil ကို အသုံးပြုသင့်ပါတယ်။ တစ်ရက်ကို ၂ မိနစ် ၃ မိနစ်ခန့် နှိပ်ပေးခြင်းက စတင်နှိပ်ပေးခြင်းအတွက် […]

Read More

ွအရေပြားပေါ်မှာ ဓာတ်မတည့်တာတွေဖြစ်ပြီး အနီကွက်တွေထလာရင် ဘာလုပ်ကြမလဲ

ကလေးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အရေပြားပေါ်မှာ အနီကွက်များ ပေါ်လာတတ်ပါတယ်။ အကြောင်းရင်းများ။ အချို့သော သဘာဝထုတ်ကုန်မဟုတ်သည့် ပိတ်စများဖြင့် ချုပ်လုပ်ထားသည့် အ၀တ်အစားများ ၀တ်စားခြင်းဖြင့်လည်း ဖြစ်တတ်ပါတယ်။ သိုးမွှေးကလည်း တစ်ခါတစ်ရံအရေပြားကို နိုးဆွတတ်ပါတယ်။ ဒါ့အပြင် အ၀တ်လျော်ရာမှာအသုံးပြုတဲ့ သန့်စင်ရေးပစ္စည်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။ အ၀တ်ပျော့စေတဲ့အရည်မှာ ကမ်မီကယ်များနှင့် ရေမွှေးများ ပါဝင်တတ်ပါတယ်။ ဒါကြောင့် ထိခိုက်လွယ်တဲ့ ကလေးအရေပြားနဲ့ မတည့်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုမတည့်မှုတွေကနေ ဘယ်လိုကာကွယ်ကြမလဲ။ ၁. ရာနှုန်းပြည့် ချည်ထည်အ၀တ်အစားများကိုသာ ၀တ်ဆင်ပါ။ ၂. သင့်အရေပြားကို နိုးဆွနိုင်တဲ့ အ၀တ်အစားများကို ရှောင်ကျဉ်ပါ။ ၃. သန့်စင်ပစ္စည်းများကို သေချာဂရုစိုက်သုံးစွဲပါ။ ရေမွှေးနှင့် ကမ်မီကယ်မပါဝင်သော သန့်စင်ပစ္စည်းများကို ရွေးခြယ်ခြင်းအားဖြင့် အရေပြားကို နိုးဆွမှု သက်သာစေပါတယ်။ ကလေးနှင့် ကလေးအရေပြားအတွက် အန္တရာယ်ကင်းကြောင်း ထောက်ခံချက်ပါတဲ့ပစ္စည်းများကို အသုံးပြုပါ။

Read More

အဆုတ်အအေးပတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ

အဆုတ်အအေးပတ်ခြင်းဟာ သတိမထားမိရင် ကလေးတွေမှာ ဖြစ်လွယ်ပါတယ်။ ကလေးတွေ သက်တောင့်သက်သာမရှိပဲ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း စတာတွေဖြစ်လာရင် အဆုတ်အအေးပတ်တာ ဒါမှမဟုတ် အသက်ရှုလမ်းကြောင်း ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ ခုခံအားကျဆင်းနေချိန်မှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ပိုးဝင်ခြင်း။ မှိုရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆေးသောက်ပြီး နားနားနေနေနေလိုက်ရင် ရောဂါလက္ခဏာတွေက သူ့ဖာသာသူ သက်သာလာပါမယ်။ ကလေးများမှာ အဆုတ်အအေးပတ်ခြင်း။ ကလေးအဖျားကြီးနေရင်၊ အသက်ရှုနှုန်းမြန်နေရင်၊ ပင်ပမ်းမှုမရှိပဲ အသက်ရှုမ၀ဖြစ်နေရင်၊ အားစိုက်ပြီး အသက်ရှုနေရရင် (နံရိုးချိုင့်ဝင်သည်အထိ အားစိုက်နေရရင်)၊ ထမင်းစားနည်းလာရင်၊ နို့မစို့တော့ရင် အဆုတ်အအေးပတ်တာ ဖြစ်နိုင်တယ်ဆိုတာ သိရပါမယ်။ ကုသမှု ဆရာဝန်နဲ့ ပြသပါ။ တကယ်လို့ လက္ခဏာတွေက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ဆေးရုံတင်စရာမလိုပါဘူး။ ရောဂါလက္ခဏာအားလုံး သက်သာသွားတဲ့အထိ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ တကယ်လို့ […]

Read More

ကလေးက လေးဖက်ထောက်ရမယ့်အရွယ်ရောက်နေသော်လည်း လေးဖက်ထောက်မသွားရင် ဘယ်လိုနည်းလမ်းလေးတွေသုံးသင့်မလဲ

လေးဖက်ထောက်သွားဖို့ ကြွက်သား ဖွံ့ဖြိုးမှု ပုံမှန်အားဖြင့် ၂ လအရွယ်ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှုက သူ့ရဲ့ ခေါင်းကို ထောင်နိုင်အောင် သန်မာလာပါပြီ။ ကလေး ၆ လအရွယ်ရောက်လာရင်တော့ ကလေးက သူ့ဖာသာ မှောက်နိုင်ပါပြီ။ အသက် ၈ လ ၉ လအရွယ်ရောက်ရင်တော့ ခြေလက်တွေ သန်မာလာပါပြီ။ ကလေးက ထိုင်နိုင်ခြင်း၊ ကိုယ်ခန္ဓာကိုယ် မထားနိုင်ခြင်း၊ ခြေထောက်နဲ့ကန်ပြီး ရှေ့တိုးသွားနိုင်ခြင်းတွေ ပြုလုပ်လာနိုင်ပါပြီ။ ပထမစစခြင်းမှာ ကလေးက လေးဖက်ထောက်ပြီး ဖြည်းဖြည်းသွားပါတယ်။ လက်မောင်းတွေ သန်မာလာချိန်မှာ လေးဖက်လျောက်သွားပြီး တစ်စုံတစ်ခုကို မှီတွယ်ကာ မတ်တပ်ရပ်ဖို့ စတင်ကြိုးစားပါတယ်။ ၁ နှစ်အရွယ်မှာတော့ တစ်ခုခုကို ကိုင်တွယ်ပြီး လမ်းစလျောက်ပါပြီ။   ကလေးက လေးဖက်ထောက်သွားရမည့်အရွယ်မှာ ဘာလို့ မသွားတာလဲ။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာတွေကတော့ . […]

Read More

နှာခေါင်းဆေးပေးခြင်းမှ ဖြစ်ပေါ်လာတတ်တဲ့ အအေးမိခြင်းနှင့်မတည့်ခြင်းတွေကို ဘယ်လိုကာကွယ်ကြမလဲ

သင့်ကလေးကို နှာခေါင်းဆေးပေးခြင်းဖြင့် အအေးမိခြင်းနှင့် မတည့်ခြင်းတွေ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပါ။ ရာသီဥတု ပြောင်းလဲရင် ကလေးတွေမှာ အအေးမိတာတွေ မတည့်တာတွေ ဖြစ်ပေါ်လွယ်ပါတယ်။ နှာခေါင်းဆေးပေးခြင်းက ကောင်းကျိုးများစွာ ပေးပါတယ်။ နှာခေါင်းခေါင်းပေါက်အတွင်းမှ ချွဲသလိပ်များ၊ ပြည်များ နှင့် အခြား အညစ်အကြေးများကိုပါ သန့်စင်ပေးပြီး နှာခေါင်းပိတ်ခြင်းကို ဆေးမသုံးပဲ ပျောက်ကင်းစေပါတယ်။   နှာခေါင်းဆေးပေးခြင်းက အအေးမိခြင်းကို ဘယ်လိုကာကွယ်ပေးတာလဲ။ နှာခေါင်းဆေးပေးခြင်းက စေးကပ်သော အစိမ်းရော ချွဲသလိပ်တွေကို ဖယ်ရှားပေးပါတယ်။ ဒါတွေက ကလေးကိုယ်တိုင် မဖယ်ရှားနိုင်ပါဘူး။ ဒါ့အပြင် နှာခေါင်းပိတ်တာကို ပျောက်ကင်းစေပြီး သင့်ကလေးကို ကောင်းကောင်း အသက်ရှုလို့ရ စေပါတယ်။ တာရှည်အအေးမိခြင်း၊ ရောဂါပိုးမွှားများ၊ မတည့်စေတဲ့ ပစ္စည်းများနှင့် နှာခေါင်းခေါင်းပေါက်အတွင်း အစိုဓါတ်ကိုလည်း လျော့ချပေးပါတယ်။ ဘယ်လိုကလေးတွေက နှာခေါင်းဆေးဖို့ လိုအပ်တာလဲ။ အအေးမိပြီး […]

Read More

ကလေးရဲ့မျက်လုံးတွေက စိုပြီး စေးကပ်နေပါက ဘာလုပ်သင့်သလဲ

သင့်ကလေးဟာ အရမ်းငိုကျွေးခြင်းမရှိပဲ မျက်လုံးတွေ စိုနေရင် ဒါမှမဟုတ် စေးကပ်နေရင် မိခင်တွေက စိတ်ပူတတ်ကြပါတယ်။ ဒီတော့ ဒီလိုအခြေအနေမျိုးကြုံလာရင် ဘာလုပ်ရမလဲ။ ကလေးတွေမှာ စိုစွတ်ပြီး စေးကပ်တဲ့ မျက်လုံးဖြစ်စေတဲ့အကြောင်းအရင်းများ ကလေးတွေမှာ မျက်ခွံယောင်ခြင်း၊ မျက်လုံးနီခြင်း နှင့် မျက်လုံးတွေ စေးကပ်နေခြင်းတွေဖြစ်ရခြင်းက မျက်လုံး inflammation ဖြစ်တာကြောင့်ဖြစ်ပါတယ်။ မွေးကင်းစတွေမှာ ပထမလအတွင်းဖြစ်တတ်ပြီး ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ပြင်းထန်ပြီး မျက်လုံးကန်းသည်အထိဖြစ်တတ်တဲ့ ပိုးဝင်မှုကတော့ အမေရဲ့ မွေးလမ်းကြောင်းမှ Gonorrhea နှင့် Pseudogonorrhea ရောဂါတို့ကြောင့် ဖြစ်ပါတယ်။ ဒီရောဂါကို နည်းလမ်းမျိုးစုံနဲ့ ကာကွယ်လို့ရပါတယ်။ ဥပမာ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါများကာကွယ်ခြင်း၊ မွေးကင်းစကလေးမျက်စိကို ပိုးဝင်ပြီး မျက်ကြည်လွှာမယောင်အောင် မျက်စင်းခပ်ပေးခြင်း။ ကလေးမှာဖြစ်တတ်တဲ့ မျက်လုံးစေးကပ်မှု လက္ခဏာများ။ ကလေးဟာ မျက်ရည်ထွက်နေမယ်။ မျက်လုံးစိုစွတ်နေမယ်။ […]

Read More

ကလေးရဲ့ အရေပြားကို ဘယ်လို ဂရုစိုက် ကာကွယ်ကြမလဲ

ဆောင်းရာသီရဲ့နေရောင်က သင်ထင်ထားတာထက်ပိုပြီး ဆိုးကျိုးပေးနိုင်ပါတယ်။ ဒီတော့ သင့်ကလေးရဲ့ အရေပြားကို ဘယ်လို ဂရုစိုက် ကာကွယ်ကြမလဲ။ ဆောင်းရာသီက လေတိုက်တာများပါတယ်။ ဒါ့အပြင် ကောင်းကင်မှာလည်း တိမ်နည်းတာကြောင့် နေရောင်ခြည်က သင်နှင့် သင့်ကလေးအရေပြားပေါ်ကို ပိုပြီး ကျရောက်နိုင်ပါတယ်။ ဒါပေမယ့် ဆောင်းရာသီမှာလည်း သင်ဟာ သင့်ကလေးတွေနဲ့အတူ အားလပ်ရက်တွေမှာ အပြင်ထွက်လည်ပတ်တာတွေ ပြုလုပ်လို့ရပါတယ်။   အပြင်ထွက်တော့မယ်ဆိုရင် . . . တကယ်လို့ သင်က သင့်ကလေးတွေနဲ့အတူ ရေသွားကူးမယ်ဆိုပါစို့။ အထူးသဖြင့် နံနက် ၁၀ နာရီခွဲကနေ ညနေ ၄ နာရီ ခွဲအတွင်းမှာဆိုရင် အောက်ပါ အချက်လေးတွေက သင့်ကလေးရဲ့ နူးညံ့တဲ့ အရေပြားကို နေရောင်ခြည်ကနေ ကာကွယ်ပေးပါလိမ့်မယ်။ အင်္ကျီလက်ရှည်ဝတ်ပေးပါ။ ထီးဆောင်းပါ။ ဦးထုပ်ဆောင်းပေးပါ။ နေလောင်ခံကာကွယ်ပစ္စည်း လိမ်းပေးပါ။ […]

Read More

သြတစ်(စ)တစ် (Autistic) ကလေးများစားသင့်သောအစာများ (၂)

သြတစ်(စ)တစ်ကလေးများအတွက် ရွေးချယ်ဝယ်ယူသင့်သောပစ္စည်းများမှာ – – ပဲပိစပ်၊ပြောင်းမှထုတ်သောအစားအစာ၊ ဥပမာ Malt သို့မဟုတ် Malt Flavour – ဆန်မှုန့်၊ ပာင်းဖူးမှုန့်၊ အာလူးမှုန့်၊ ပဲပိစပ်မှုန့်တို့မှထုတ်သောအမှုန့် (Flour) သို့မဟုတ် Cereal – ပီလောပီနံ ၊ ပာင်း၊ အာလူးတို့မှ ထုတ်သောကော်မှုန့်နှင့် က်ာနှင့်လုပ်ထားသောမုန့် – တို့ဟူးမှုန့်၊ တို့ဟူးလုံး (ဂျုံမပါဝင်ရပါ) – ရှာလကာရည်အဖြူ – မုန်လာဥနီ၊ အာလူးတို့ကို ကြိုက်သလောက် စားနိုင်သည်။ ဂလူတင် မပါသောပစ္စည်းနှင့် အစားအသောက်များမှာ – (၁)့ နှင့် ထွက်ပစ္စည်း- အဆီထုတ်ထားသောနို့ (Skin Milk)၊ ၄င်းနို့မှ ထုတ်ထားသော ထာပတ်၊ ခရမ် (Cream) ၊ Cheese ၊ ဆွပ်ချိ […]

Read More
To Top