သြတစ်(စ)တစ် (Autistic) ကလေးများစားသင့်သောအစာများ (၁)

သြတစ်(စ)တစ် ကလေးများရောဂါသက်သာစေဖို့ အထောက်အကူပြု အစားအသောက်နှင့် ကုသချက်များ – သြတစ်(စ)တစ်ရောဂါဖြစ်သောကလေးများသည် ဂလူတင် (Gluten) နှင့် ကစင်း (Casein) ပါသောအစာများမှထွက်သောဓာတ်နှင့် မတည့်၍ ရာဂါ ပိုဆိုးစေနိုင်သည်။ ဂလူတင်နှင့် ကစင်းပါဝင်သောအစားအစာများမှ မကျေညက်သည့် အစာများမှထွက်သည့် ဓာတ်တစ်မျိုးသည် အူမှတစ်ဆင့် သွးထဲရောက်ရှိပြီးကလေးဦးနှောက်အတွင်းရှိမှိန်းစေနိုင်သောလက်ခံပစ္စည်း (Opiate Accepter)နဲ့ ပါင်းပြီးကလေးများကိုဆေးစွဲသကဲ့သို့ ဖစ်စေနိုင်သောကြောင့် ၄င်းဂလူတင်နှင့် ကစင်းပါသောအစာများစားက သြတစ်(စ)တစ်ကလေးများဘိန်းမှိန်းသကဲ့သို့ ငြိမ်သက်ကာသူတို့ ကမ္ဘာထဲယစ်မူးနေတတ်သည်။ ကလေးသဘာဝသွက်လက်မှုမရှိ၊ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပတ်နေတတ်ပါသည်။ ထို့ကြောင့် သြတစ်(စ)တစ်ရောဂါဖြစ်နေသောကလေးများသည် ဂလူတင်နှင့် ကစင်းပါသောအစာများမစားသင့်ပါ။ ဂလူတင် (Gluten) ပါဝင်သောစားစရာများမှာ (၁) အစေ့အဆန် အစာအုပ်စုဖြစ်တဲ့ ဂျုံ၊ အုတ် (Oak)၊ဘာလီတို့နှင့် ပုလုပ်ထားသောစားစရာ၊ ဥပမာ – ဂျုံနှင့် လုပ်ထားသည့် ပါင်မုန့်၊ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၀)

1. Whiteberbe Lay ဒေါက်တာရှင့် အိမ်ကတူလေးက ၆ လပြည့်ပါပြီ။ သွားက အံသွားကနေစပြီးပေါက်တာ ကောင်းပါသလားရှင့်။ သွားပေါက်ခြင်းဟာ ကလေးတစ်ယောက်နဲ့ တစ်ယောက် တူညီမှာ မဟုတ်ပါဘူး… ယေဘုယျအားဖြင့် စိတ်မပူရပါဘူး… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 2. Zin Lay Zin Lay ဆရာရယ် သားလေးက ၁နှစ်၂လပါ။ Ovaltine နဲ့မတည့်လို့ ဘာတိုက်ရမလဲ။ ချွဲထလို့ပါ။ တခြား ရွေးချယ်စရာ အစားအစာ များစွာ ရှိပါတယ်… ကလေးနှစ်သက်မယ့် အစာ၊ အာဟာရ ပြည့်ဝစေမယ့် ကျန်းမာစေတဲ့ အစားအစာ အကုန် ကျွေးပေးနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 3. Hnin Hnin ဆရာရှင့် သမီးက ၂နှစ်နှစ်၆လပါ။ ခြေထောက်လေးက […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၀၉)

1. Wint Phant Phant Wah ဆရာရှင့် မွေးကာစကလေးကို ဘယ်အရွယ်လောက်မှ စတင်ရေချိုးခေါင်းလျှော်ပေးလို့ရပါလဲရှင့်။ ရေချိုး ခေါင်းလျှော်ပေးလို့ရပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 2. Htate Hter Thakhin ဆရာရှင့် သားသားက ၆လပါ။ ဘယ်အသီးတွေကျွေးလို့ရပီး၊ ဘယ်အသီးတွေကျွေးလို့မရဘူးလဲရှင့်။ ပြီးတော့ ဒိန်ချဉ်ကောကျွေးလို့ရပီလားရှင့်၊ သားသားကို နက်စ်လေ စီးရီးလက် ဆန်နှင့်ပဲကျွေးနေပါတယ်။ အစကတော့စားတယ်။ ခုနောက်ပိုငိးသိပ်မစားတော့ဘူး၊ နို့လည်း သိပ်မစို့ဘူး။ နည်းနည်းနဲ့ ခဏခဏစို့တယ်။ အားဆေးလေးလည်း တိုက်ချင်လို့ ဘယ်ဟာကောင်းလဲညွှန်ပေးပါဦး။ အစာအာဟာရက စုံလင်အောင် ကျွေးပေးလို့ရပါတယ်… ဒိန်ချဉ်လည်း ကျွေးနိုင်ပါတယ်… အားဆေးအနေနဲ့ကတော့ အစားစားချင်စိတ် ပိုများအောင် Lysine ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 3. Lin […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၀၈)

1. Shinazz Zin ဆရာရှင့် သားက တနှစ်2လပါ။ ဝမ်းတနေ့ ၃ ခါလောက်သွားပါတယ်။ အစားနဲနဲမှားတာနဲ့ဝမ်းအရမ်းသွားလို့ ရေဓါတ်ခမ်း ဆေးရုံတင်ရတာ၂ခါရှိပါပြီ။ တနေ့ကိုပုံမှန်ဝမ်းတကြိမ်ပဲ သွားစေချင်ပါတယ်။ သားကခုမှ ပေါင်၂၀ပဲရှိပါတယ်။ အရမ်းပိန်ပါတယ်။ ဘာအားဆေးတိုက်ရမယ်မသိရှင့်။ folic acid တော့ တနေ့တလုံးတိုက်ပါတယ်ရှင့်။ ဝမ်းနဲစေမည့်ဆေးလေရှီရင် ညွန်ကြားပေးပါရှင့်။ ကျေးဇူးပါ။ ကလေးကို စနစ်တကျ သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်… ဝမ်းနဲ့ပတ်သက်တဲ့ ပြဿနာ ရှိမရှိ၊ အစာအူလမ်းကြောင်းဆိုင်ရာ ပြဿနာ ရှိမရှိ စစ်ဆေးဖို့ပါ… အဲလိုစစ်ဆေးပြီး လိုအပ်မှသာ ဆေးအသုံးပြုသင့်ပါတယ်… အားဆေးကတော့ ဗီတာမင်စုံလင်တဲ့ အားဆေးတစ်မျိုးမျိုးတိုက်ကျွေးပေးရင် ရပါတယ်… အဓိက က အားဆေးထက် အစားအစာအာဟာရ ပြည့်စုံမျှတအောင် ကျွေးပေးပါ… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 2. ကေဖိုက် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၀၇)

1. Gae Gae နို့ထွက်အရမ်းကိုနည်းလို့ပါ အရင်ကထွက်ပါတယ်အခုနို့ကတဖြေးဖြေးနည်းနည်းလာလို့ပါ နှိုဘူးချည်မတိုက်ချင်လို့ပါဆရာ ကူညီပီးဖြေကြာပေးပါရှင့် နို့မလောက်မှာစိုးလို့ နို့ဗူးကူရင် ကလေးက အလွယ်ရတဲ့ နို့ဗူးဖက်ကို ပိုအားသန်သွားတတ်ပါတယ်… မိခင်နို့ထွက်များစေဖို့က မိခင်နို့တစ်မျိုးတည်းသာ ဆက်တိုက်ပါ… နို့တိုက်နည်း မှန်ကန်စေဖို့ စနစ်တကျ သင်ယူပါ… အကြိမ်ရေ စိပ်စိပ်တိုက်ကျွေးခြင်းကလည်း ကလေးစုပ်ယူမှုကြောင့် မိခင်နို့ပိုထွက်စေဖို့ အထောက်အကူဖြစ်စေပါတယ်… မိခင်က ရေများများသောက် အစားအစာ အာဟာရ ပြည့်ဝအောင်စားပါ… ကောင်းစွာ အနားယူပါ… စိတ်ဖိစီးမှုတွေ မများအောင် ပြုမူနေထိုင်ပါ… တဖြည်းဖြည်း ကလေးအတွက် နို့အလုံအလောက် ထွက်လာပါလိမ့်မယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 2. Myomin Myomin သမီးလေးက. တစ်နှစ်ပါ ဆရာ သွားတေကအပေါ် လေးချောင်း အောက်မှာ လေးချောင်း ပေါက်နေပါပီ နို့ ကိုအရမ်းကိုက်ပါတယ် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၀၆)

1. Thu Zar Aung ဆရာရှင့် ကလေးက ၄နှစ်ပါ ဝမ်းချုပ်နေလို့ ကလေးဆရာဝန်နဲ့ပြပါတယ် ကလေးက ဝမ်းချုပ်ပေမယ့် ဗိုက်ကမပူ မဖောင်း မမာပဲ အစားလဲစား ဆော့လဲဆော့ ဖျားခြင်း အန်ခြင်းမရှိလို့ ဝမ်းဗိုက်ထဲက အူမကြီးကြွက်သား အားနဲတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ် လေ့ကျင့်ခန်းလုပ်ပေးရမယ်တဲ့ ဆရာဝန်နဲ့ ဆက်ပြဖို့ ဆရာဝန်က ဆေးခန်းမထိုင်တော့လို့ ဘယ်လိုလေ့ကျင့်ခန်း လုပ်ပေးရမလဲရှင့် ကလေးက ကွမ်းရိုးနဲ့ ချူပေးတာနဲ့ ဝမ်းသွားပါတယ် ဝမ်းဗိုက်ထဲမှာ တစ်ခုခုဖြစ်ရင် ဘယ်လို လဏ္ခာပြပါသလဲရှင့် ရောဂါပုံစံကို သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်… တခြား ကလေးအထူးကု ဆရာဝန်ကို ယခင်ပြသထားတဲ့ ဆေးမှတ်တမ်းတွေ ယူပြီး ပြန်လည်ပြသကြည့်ပေးပါ… ဝမ်းချုပ်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေနိုင်ပါတယ်… ဝမ်းမှန်မှန်သွားစေတဲ့ အပြုအမူတွေက ရေများများသောက်ခြင်း၊ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၀၅)

1. လ ရိပ် ဆရာရှင့် သားလေးက၈လပြည့်ဖို့၆ရက်ပဲလိုပါတော့တယ်။ ဖြည့်စွတ်စာကျွေးလဲမစား၊ ထမင်းကျွေးလဲမစား၊ ဆန်မှုန့်ကျွေးလဲမစားပါဘူး။ နို့နဲ့ရေပဲသောက်ပါတယ်။ အားဆေးတိုက်တော့လဲမရဘူး။ ဆေးကိုအားဆေးမှမဟုတ်ဘူးဘာဆေးတိုက်တိုက်သောက်ပါတယ်၊ သောက်ပြီးလို့၁နာရီ၂နာရီကြာလဲပြန်အန်ပါတယ်၊ အိပ်ယာကတရေးနိုးလဲပြန်အန်ပါတယ်ဆရာ။ ပြီးတော့ချိုတာ ဘာမှကျွေးမရတိုက်မရဘူး ပြန်ပြန်အန်ပါတယ်။ အဲ့ဒါစိုးရိမ်ရလားဆရာ… Lysine ပါဝင်တဲ့ အားဆေးတိုက်ကျွေးနိုင်ပါတယ်… ဆေးတိုက်ကျွေးပြီး ၁ နာရီကျော်လောက်မှ အန်တာဆိုရင် ဆေးအာနိသင် ရရှိပါတယ်… ဆေးဖြစ်စေ၊ အစားအစာဖြစ်စေ နည်းနည်းချင်းစီသာ တိုက်ကျွေးပါ… အစာအိမ်က လက်ခံနိုင်တဲ့ ပမာဏထက် ပိုများရင်ဖြစ်စေ၊ လေမထုတ်ရင်ဖြစ်စေ ကလေးအန်တတ်ပါတယ်… ဒါ့အပြင် ထူးခြားတဲ့ လက္ခဏာတွေပါ ရှိသေးရင် ကလေးကို ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်သင့်ပါတယ်… ——————————— 2. May Myat Noe Thu ဆရာရာရှင့်ကျွန်မသားက၇လပြည့်ပါပြီရှင့်၆လပြည့်တုန်းကအာဟာရမုန့်စကျွေးတာစားတယ်ရှင့်…၇လပြည့်ဖို့၁ပတ်အလိုက်စပြီးအာဟာရမှုန့်ကျွေးရင်ငိုတယ်ရှင့်အစားကောင်းကောင်းလဲမစားတော့ဘူး..ဆရာအကြံညဏ်လေးပေးပါအုံးရှင့်.စာရှည်သွားလို့တောင်းပန်ပါတယ်ဆရာ အလေ့အကျင့်ပါပဲ… သူကြိုက်တတ်တဲ့ အစားအစာနဲ့ အာဟာရဖြစ်အောင် ချော့မော့ကျွေးပြီး […]

Read More

ကလေးများ နှာခေါင်းသွေးယိုခြင်း (၂)

မေး – နှာခေါင်းသွေး ခဏခဏထွက်နေရင် ၊ သွေးမတိတ်ရင် ဘာဆက်လုပ်ရပါမလဲ။ ဖြေ – အထက်ပါနည်းတွေလုပ်ပြီး နှာခေါင်းသွေးမတိတ်ရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများနဲ့ ပြသသင့်ပါတယ်။ နှာခေါင်းကင်ဆာ၊ နှာခေါင်းသွေးကြောမျှင်အကျိတ်၊ နှာခေါင်းလေအိပ် (paranasal sinuses) ကင်ဆာတို့ကြောင့်လည်း နှာခေါင်းသွေး လျှံတက်ပါတယ်။ ခဏခဏ နှာခေါင်းသွေးလျှံရင်၊ မျိုးရိုးကြောင့် မဟုတ်ရင်တော့ သွေးရောဂါအထူးကု ဆရာဝန်များနဲ့ ပြသပြီး သွေးစစ်ဆေးကြည့်ဖို့ လိုပါတယ်။ သွေးကင်ဆာ၊ သွေးရောဂါ၊ ရိုးတွင်းခြင်ဆီခန်းရောဂါ (Hypoplastic Anaemia) ၊ သွေးခဲပစ္စည်းလျော့နည်းခြင်း၊ သွေးမတိတ်နာ (Haemophilia)၊ သွေးတိုးရောဂါ ရှိ၊ မရှိတို့ကို စစ်ဆေးကြည့်ဖို့လိုပါတယ်။ နှာခေါင်းတွင်း အနာ၊ ဒဏ်ရာ၊ ပြင်ပမှပစ္စည်းဝင်နေခြင်း ရှိ၊ မရှိ တို့ကိုလည်း စစ်ဆေးကြည့်ဖို့ လိုပါတယ်။ […]

Read More

ကလေးများ နှာခေါင်းသွေးယိုခြင်း (၁)

မေး- ကလေးတွေ ဘာကြောင့် နှာခေါင်းသွေးယိုပါသလဲ။ ဖြေ- ကလေးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် နှာခေါင်းသွေးယိုနိုင်ပါတယ်။ သာမန်နှာခေါင်းသွေးယိုခြင်း -နှာခေါင်းထဲ လက်နဲ့ ခဏခဏကလော်တတ်တဲ့ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။နှာခေါင်းတွင်းမှ သွေးကြောလေးတွေ ပေါက်သွားလို့ ဖြစ်ပါတယ်။ -ခဏခဏ နှာစေးတတ်တဲ့ ကလေးတွေမှာ နှပ်ချေးခြောက်ပြီး ယားယံလို့ နှာခေါင်းကလော်ရာမှ သွေးကြောတွေ ပေါက်သွားတတ်ပါတယ်။ -လေအေးစက် တစ်နေကုန်ဖွင့်ထားတဲ့အခန်းမှာ အကြာကြီးနေရင်၊ရာသီဥတုအရမ်းအေးရင် နှပ်ချေးဖတ်များ ခြောက်သွေ့ယားယံပြီး ကလော်ရာမှ သွေးယိုတတ်ပါတယ်။ -တချို့ သွေးကြောလေးများ ပါးတဲ့သူဆို ရာသီဥတုအပြောင်းအလဲ၊ ပူရာမှအေး၊အေးရာမှပူရင်၊ရုတ်တရက် လေဖိအားလျော့သွားရင်၊ဥပမာ မြေပြန့်မှ တောင်ပေါ်တက်ရင်၊လေယာဉ်အမြင့်တက်ရင် သွေးကြောလေးများ ပေါက်ပြီး နှာခေါင်းသွေးယိုတတ်ပါတယ်။ အခြားအကြောင်းများကြောင့် နှာခေါင်းသွေးယိုခြင်း -နှာခေါင်းပတ်ဝန်းကျင် ထိခိုက်ဒဏ်ရာရ၍ နှာခေါင်းသွေးယိုခြင်း။ -နှာခေါင်းအတွင်း အနာဖြစ်ခြင်း၊နှာခေါင်းအတွင်း ပစ္စည်းတစ်ခုခု ၀င်သွားပြီးထိခိုက်မိခြင်းတို့ကြောင့် သွေးယိုခြင်း။ -ပြင်းထန်စွာ နှာစေးချောင်းဆိုးဖြစ်ပြီး တအားနှာညှစ်၊ချောင်းဆိုး၍ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၀၄)

1. ရွှေပိုး မေ ဆရာရှင့်သားလေးက၈လရှိပီဘာအားဆေးတိုက်ရင်ကောင်းမလဲလို့သိချင်လို့ပါရှင့်။ Nang Seng Shwe ဆရာရှင့်ကျမမြေးလေး၆လရှိပါပြီဘာအားဆေးတိုက်ရင်ကောင်းမလဲရှင့် အားဆေးထက် ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးပေးဖို့ လိုအပ်ပါတယ်… ဆန်၊ ဂျုံ အာလူး အသီးအရွက် အသားငါး စသဖြင့် စုံလင်အောင် ကျွေးပေးပါ… သူကြိုက်နှစ်သက်မယ့် အစားအစာနဲ့ အာဟာရဖြစ်စေမယ့် အစားအစာ ရောပြီး ချော့ကျွေးပေးဖို့ လိုအပ်ပါတယ်… အစားနည်းရင် အစာပိုစားအောင် Lysine နဲ့ ဗီတာမင် စုံလင်တဲ့ အားဆေးတမျိုးမျိုး တိုက်ကျွေးပေးနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————— 2. Nilar San Lwin ဆရာရှင့်နို့ချောင်းပိတ်နေတာဘယ်လိုလုပ်ရလဲရှင့် မိမိရဲ့ သားမြတ်(ရင်သား) မှာ နို့တွေ တင်းနေသေးရင်တော့ ညှစ်ထုတ်လို့ရပါတယ်… ဒီလို တင်းနေတာမျိုး မရှိရင်တော့ ရပါတယ်… […]

Read More
To Top