ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၇)

1. AungNyeinChan ဆရာခင်ဗျာရက်သားအရွယ်ကလေးတယောက်ရဲ့ ရှိသင်တဲ့ အပူချိန်လေးဖြေပေးပါ့လား။ ၁၅ ရက်သားကိုအပူချိန် ၉၉, ၁၀၀ ရှိတယ်ဆိုရင် အဖျားရှိတယ်လို့ ခေါ်နိုင်လားဆရာ။   ဆရာဝန်အများစုရဲ့သတ်မှတ်ချက်ကတော့ကလေးရဲ့ကိုယ်အပူချိန် 38’C (100.4’F) ကျော်ရင်ဖျားတယ်လို့သတ်မှတ်ပါတယ်…ဒါပေမယ့်ဖျားတယ်လို့သတ်မှတ်တဲ့နေရာမှာကလေးတစ်ယောက်နဲ့တစ်ယောက်အနည်းငယ်ကွာခြားနိုင်ပါတယ်…တချို့ကလေးကဒီအပူချိန်လောက်မရှိဘဲလည်းနေမကောင်းဖြစ်နေတတ်ပါတယ်…ဒါကြောင့်ကိုယ့်ကလေးငယ်ရဲ့ပုံမှန်ရှိနေတတ်တဲ့အပူချိန်ကိုမိဘတွေအနေနဲ့သိထားသင့်ပါတယ်…ကလေးနေမကောင်းပုံရရင်၊ပုံမှန်အပူချိန်ထက်များလာတယ်လို့ယူဆရင်ဆရာဝန်နဲ့ ပြသကြည့်တာမမှားပါဘူး…   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 2. Athellay က​လေးက ၁ နှစ်​နဲ့ ၃ လပါဆရာ။ ထမင်းကိုအရင်​က​ အ​စေ့တိုင်းစားပါတယ်​။ ​နောက်​ပိုင်းအ​စေ့ဆိုမစားဘူး။ blander နဲ့ ကြိတ်​​ပေးမှစားလာပါတယ်​။ ဒါလည်း နည်းနည်းပဲစားတယ်​။ နည်းနည်းများတာနဲ့ အန်​ထုပ်​လိုက်​တယ်​။ ​နေ​ကောင်း​ကောင်းပါတယ်​။ ပေါင်​ကြိမ်​က ၁၉ ​ပေါင်​ပါ။ အ​မေနို့ ပဲ​မွေးထဲက​သောက်​တာပါ။ အခုpediasure​လေးတိုက်ချင့်​လို့ တိုက်​လို့ ရပါလား။ ဘယ်​ချိန်​တိုက်​ရမလဲ။ အ​မေနို့ ​သောက်​တဲ့ က​လေးကpediasureတိုက်​လို့ရလားဆရာ။ ထမင်းကို အ​စေ့စား​အောင်​ဘယ်​လိုလုပ်​ရမလဲ။ ကြိတ်​ထားတာပဲ​ကျွေးလို့​ရောရလားရှင်​အား​ဆေးရောတိုက်​ဖို့လိုပါလားဆရာ။ […]

Read More

ကလေးတုပ်ကွေးဖျားရင် ဘာတွေစောင့်ကြည့်ရမလဲ။

ကလေးတစ်ယောက် မိုးရာသီမှာဖျားရင် သွေးလွန်တုပ်ကွေးရောဂါကိုခေါင်းထဲမှာအမြဲထားရမှာဖြစ်ပါတယ်။ တုပ်ကွေးဖျားတဲ့ ကလေးတွေဟာလူကြီးတွေလိုပဲကိုယ်လက်တွေ နာပါတယ်။ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ –   အဖျားကြီးပြီးမှိန်းလာသလား၊ အန်ရင် ကော်ဖီနှစ်ရောင်ပါသလား၊ ဝမ်းသွားရင် အမည်းရောင်ပျော့ပျော့ သွားသလား၊ ဗိုက်အောင့်သလား၊ အရည်မသောက်ခြင်း၊ အစာလုံးဝမစားခြင်း၊ ခြေသလုံး၊ လက်မောင်းအေးစက်ခြင်း၊ ကလေးဂနာမငြိမ်ဖြစ်ခြင်း၊ ခြေလက်များတွင် သွေးခြည်ကလေးများထွက်ခြင်း၊   တုပ်ကွေးဖျားနေတဲ့ ကလေးကိုဘယ်လိုပြုစုရမလဲ။ တုပ်ကွေးဖျားနေတဲ့ ကလေးကို –   ပါရာဆီတမောတိုက်ပါ၊ အရည်များများတိုက်ပါ၊ ဓာတ်ဆားရည်တိုက်ပါ၊ အညိုရောင်အစာမကျွေးရ၊ အဖျားကြီးရင် ရေဖတ်သုတ်ပါ၊ အဖျား ၁ဝ၂ ဒီဂရီရှိရင် စအိုမှ (paracetamol) ဆေးတောင့် ထည့်လို့ရပါတယ်၊ အရမ်းထူသောသိုးမွေးအဝတ်၊ နိုင်လွန်အင်္ကျီထူများမဝတ်ရ၊ ချည်ထည်အင်္ကျီများဝတ်ပေးပါ၊ ကြေလွယ်သောအစာများကိုနည်းနည်းချင်းခဏခဏကျွေးပါ၊ မက်ကလောင် မဖောက်ရ၊ အဖျားတက်နေသောကလေးရဲ့ ပတ်ဝန်းကျင်ကိုအေးအောင်၊ လေဝင်လေထွက်ကောင်းအောင် ထားပေးပါ။   […]

Read More

ဗိုက်နာနေတဲ့ကလေးမှာ အခြား ဘာရောဂါဖြစ်နေသလဲ

ကလေး ‘ချောင်းဆိုး’ နရင် ချာင်းဆိုးလို့ ဗိုက်က ကြွက်သားတွေ နာတတ်ပါတယ်။ တစ်ခါတစ်ရံ ချာင်းဆိုးပြီး အဆုတ်ရောင်ရင် ဗိုက်လည်း နာတတ်ပါတယ်။ Refer Pain လို့ ခ်ါပါတယ်။ ကလေးဟာ ဖျားလည်းဖျားပြီး ဗိုက်ပါနာရင် အသည်းကြီးလာလို့ ဗိုက်နာတာ ဖစ်နိုင်ပါတယ်။ ဥပမာ – သွးလွန်တုပ်ကွေးမှာ အသည်းကြီးတတ်ပါတယ်။ အသားရောင် အသည်းဝါရောဂါမှာလည်း အသည်းကြီးနိုင်ပါတယ်။ အသည်းထဲ ဝမ်းကိုက်ပိုးဝင်၊ အသည်းထဲ သန်ကောင်ဝင်၊ အသည်းမှာ ပည်တည်နာဖြစ်ရင် သည်းခြေအိတ် ကျာက်တည်၊ သည်းခြေအိတ်ပိတ်ရင်လည်း ဗိုက်နာတတ်ပါတယ်။ အစာမကြေရင်လည်း ကလေးတွေ ဗိုက်နာတတ်ပါတယ်။ ကလေးတွေ ဗိုက်နာတယ်လို့ မကြာမကြာ ပာတတ်ပါတယ်။ အလကားပြောတာလို့ ပါ့ပေါ့မတွေးဘဲ ဆရာဝန်နှင့် သသေချာချာ ပသသင့်ပါတယ်။ အထက်ဖော်ပြပါ အချက်များကို သတိပြုဖို့ လိုပါတယ်။ […]

Read More

ကလေးဗိုက်နာနေပါတယ်

ကလေးငယ်များဟာ အကြောင်းအမျိုးမျိုးကြောင့် ဗိုက်နာတတ်ပါတယ်။ ဗိုက်မနာဖူးတဲ့ကလေးဟာ မရှိသလောက်ရှားပါတယ်။   မေး။   ။ ကျွန်မကလေး ကော့ကော့ထိုးပြီး ငိုနေတယ်။ ဖြေ။   ။ ကလေးအသက် ဘယ်လောက်ရှိပြီလဲ သိဖို့လိုပါတယ်။ ကလေးအသက် ၁ လမှ ၆ လအရွယ် နို့စို့အရွယ်ကလေးဆို လေထိုးတာ (Wind Colic) ဖြစ်တတ်ပါတယ်။ ဒီအရွယ်ကလေးတွေက စကားမပြောတတ်တော့ ငိုပဲငိုပါတယ်။ Wind Colic က အချိန်မှန်မှန် ငိုတတ်တယ်။ ဥပမာ – ညနေ ၄ နာရီလောက်မှာငိုရင် နေ့စဉ် ဒီအချိန်မှာ ငိုပါတယ်။ ကော့ကော့ထိုးပြီး ငိုပါတယ်။ နို့မစို့နိုင်ပါ။ ချော့လို့မရဘဲ အချိန်တော်တော်ကြာ ငိုတတ်ပါတယ်။ မိခင်တွေ အတော်စိတ်ညစ်ရပါတယ်။ Wind Colic မဖြစ်အောင် ကလေးငယ်ကို နို့တိုက်ပြီးတိုင်း […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၆)

1. မီးမီးငယ် မီးမီးငယ် မင်္ဂလာပါဆရာ သမီး​လေးက ၉ လခွဲပါဆရာ။ သမီး​လေးရဲ့ပါးစပ်​ထဲက အဖြူ​ရောင်​လိုအစက်​က​လေး​တွေဖြစ်​​နေပါတယ်​။ အာ​ဂေါင်​နဲ့ လျှာပါး​ဇောင်​တ​နေရာပြီးတ​နေရာဖြစ်​​နေပါတယ်​။ အဲ့လိုဖြစ်​ပြီဆိုရင်​ သမီး​လေးက ထမင်းနဲနဲဘဲစားပါ​တော့တယ်​။ သွားရည်​​တွေလဲကျပါတယ်​။ ဘာ​ဖြစ်​တာလဲသိချင်​ပါတယ်​ဆရာ​ ဖြေကြား​ပေးပါဦးရှင့်​။   ကလေးကို အဝတ်နုနုသန့်သန့်လေးကို ရေနွေးလေးစွတ်ပြီး လျှာကို သန့်ရှင်းရေး ပြုလုပ်ပေးပါ… အလွယ်တကူ သန့်ရှင်းပေးလို့ရရင် စိုးရိမ်စရာ မရှိပါဘူး… အလွယ်တကူ မသန့်ရှင်းဘဲ ကပ်နေတာ၊ လျှာကနေ သွေးထွက်တာ စတာတွေရှိခဲ့ရင်တော့ မှိုရောဂါ တစ်မျိုး ဖြစ်နိုင်တာကြောင့် ကလေးအထူးကု ဆရာဝန်နဲ့ သေချာအောင် ပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်…   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 2. ခေတ် ဆရာရှင့်​ သမီး​လေးက ခုမှ ၁ လနဲ့ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၅)

1. Ye Lay ဆရာသမီးက ၂၅ လစကားပြောတာ မပိသိလိုဘာလုပ်​ရမလဲဆရာ။   ပြောတော့ ပြောနေပြီး မပီသတာ ဆိုရင် ပြဿနာ မရှိပါဘူး… မပီသမှုက အရမ်းသိသိသာသာ ဖြစ်နေရင်တော့ ကလေးရဲ့ စကားပြော အင်္ဂါ အဖွဲ့အစည်းတွေကို စစ်ဆေးကြည့်သင့်ပါတယ်…   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 2. အမုန်း နတ်သား ဆရာရှင့်သမီးလေးက ၁ နှစ်နဲ့ ၁၁ လပါ။ ပထမက လည်ပင်းထောင့်မှာ အကြိတ်လေးထွက်ပါတယ်။ ကလေးဆရာဝန်ပြတော့ အကြိတ်တွေထပ်ထွက်လာရင် တီဗွီဓါတ်မှန်ရိုက်ရမယ်ပြောပါတယ်။ နောက်ခုနားနောက်မှာ အကြိတ်ဖု ထပ်ထွက်လာပါတယ်ဆရာ။ ဆရာဝန်ကတော့ ကလေးလန်းနေရင်မစိုရိမ်းဖို့ ပြောပါတယ်။ ကျွန်မသိချင်တာ အခုထွက်တဲ့အကြိတ်လေးတွေက တီဗွီအကြိတ်မဟုတ်ရင်ရော စိုရိမ်းစရာရှိလား။ သိချင်လို့ပါဆရာ။   ကလေးတွေမှာ အကျိတ်တွေက တွေ့ရတတ်ပါတယ်… […]

Read More

သွေးအားနည်းနေသောကလေးငယ်အားမည်ကဲ့သို့ ပြုစုကုသရမည်နည်း

ရင်သွေးအသက်အရွယ်ကိုလိုက်၍ သံဓာတ် (Iron) ပြည့်ဝသည့် ဖြည့်စွက်စာများ၊ အသားနှင့် ပဲအမျိုးမျိုးကိုကျွေးပါ။ သင့်ရင်သွေးသည် အသက် (၆) လအောက်ဖြစ်ပါကမိခင်နို့သည် အကောင်းဆုံးဖြစ်၍ မိခင်နို့ကိုတစ်နေ့လျှင် အနည်းဆုံး (၈) ကြိမ်တိုက်ပါ။ မိခင်သည် သံဓာတ် (Iron) လုံလောက်ပိုလျှံစွာစားသောက်ပါ။ သံဓာတ်ပြည့်ဝစွာပါသော နို့မှုန့်ကိုရံဖန်ရံခါ ဖြည့်စွက်စာအဖြစ် တိုက်ပါ။ အသက် (၆)လကျော်လျှင် မိခင်နို့တစ်မျိုးတည်းကိုသာမတိုက်ရပါ။ (၆)လအထက်ရှိသောကလေးငယ်အားမိခင်နို့ + သံဓာတ် (Iron) ဖြည့်စွက်စာပါသော နို့မှုန့် + ဖြည့်စွက်စာဂျုံမှုန့်၊ ဆန်မှုန့်နှင့် နီသောအသား၊ ပဲအမျိုးမျိုးကိုကျိတ်ချေ၍ ကျွေးပေးပါ။ အသက် (၁၂) လအောက် ကလေးများကို နွားနို့၊ ဆိတ်နို့နှင့် ပဲနို့များမတိုက်ရန် (The American Academy of Pediatrics) မှ အဆိုပြုထားပါသည်။

Read More

အဝလွန်သောကလေးငယ်နှင့် အန္တရာယ်

မေး။    ။ ကျွန်မကလေးအဝလွန်နေလား။ ဖြေ။     ။ အဝတကယ်လွန်၊ မလွန်ကိုအမြင်နဲ့ကြည့်ပြီးပြောရခက်ပါတယ်။ ကလေးတွေကို ၂ နှစ်အောက်နှင့် ၂ နှစ်အထက် ယောက်ျားလေး၊ မိန်းကလေးအတွက် ကိုယ်ခန္ဓာစံညွှန်း (BMI) တွက်ပြီး Graph ထဲထည့်ပြီးမှပြောတာပိုကောင်းပါတယ်။ အကြမ်းအားဖြင့် ကလေးတစ်ယောက် အသက်အလိုက်ရှိရမယ့် ပုံမှန်အလေးချိန်ထက် ၂ဝ % ပိုနေလျှင် “ဝ”နေပြီလို့ ပြောလို့ရပါတယ်။ ကလေးတစ်ယောက်အတွက် ပုံမှန်အလေးချိန်ကတော့ – ၆ လ    – မွေးစအလေးချိန်၏ ၂ ဆ ၁ နှစ်   – မွေးစအလေးချိန်၏ ၃ ဆ ၂ နှစ်   – မွေးစအလေးချိန်၏ ၄ ဆ ၃ နှစ်   – မွေးစအလေးချိန်၏ ၅ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၄)

1. Chit Su ကလေး ၃ နှစ် လက်နဲ့ခြေထောက်မှာ အရေခွံတွေတအားကွာနေတယ်။ ဘာဖြစ်တာလဲရှင့်။ ဓါတ်တစ်ခုခုချိ့တဲ့လို့လား ပိုနေလို့လားရှင့်။ စနစ်တကျ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်… ဓါတ်ချွတ်ယွင်းခြင်းထက် အရေပြားဆိုင်ရာ ပြဿနာ တစ်ခုခု (ဥပမာ ပိုးဝင်ခြင်း၊ ဓါတ်မတည့်ခြင်း၊ မှိုပြဿနာ) စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်… ဒါကြောင့် ဖြစ်နေတာ ကြာပြီဆိုရင် အရေပြားအထူးကု ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းအကြံပေးလိုပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ———————————————- 2. မီးအိမ် ရှင်လေး ဆရာရှင့်သားလေး ၆ လထဲမှာပါ။ နေ့ကော ညကော မအိပ်လို့ပါ။ အားဆေးလည်းတိုက်ပါတယ်ရှင့်။ သားလေးအိပ်အောင် ဘယ်လိုလုပ်ရမလဲရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါနော် ကျေးဇူးတင်ပါတယ်ရှင့်။ ၆လမှ ၉ လအထိ ကလေးအိပ်စက်ခြင်းဆိုင်ရာ ဆောင်းပါးလေးကို အောက်က […]

Read More

သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

 သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။ ဖြေ ။ ။ နေ့ဘက်ကိုက်သော ခြင်ကြားမှတစ်ဆင့် သွေးလွန်တုပ်ကွေးဖြစ်သောကြောင့် ခြင်ကြားမပေါက်အောင် ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ခြင်ကြားကရေကြည်ရေသန့်မှာပေါက်ပွားလေ့ရှိပါတယ်။ ခြင်ကြားမပေါက်ပွားနိုင်အောင် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်ရမှာဖြစ်ပါတယ်။ ဖုံး – ရေစည်၊ ရေအိုးများကို ‘ဖုံး’ အုပ်ထားပါ။ သွန် – ရေစည်၊ ရေအိုးမှ ရေများကို ၃ ရက်တစ်ခါ ဆေးကြော ‘သွန်’ လောင်းပါ။ စစ် – ရေစည်၊ ရေအိုးထဲရေအသစ်ထည့်လျှင် ပိုးလောက်လန်းကင်းစေရန် ရေ ‘စစ်’ ပြီးမှထည့်ပါ။ လောင်း – ကြောင်အိမ်အောက်ခံရေခွက်များထဲသို့ စက်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီ၊ ဆားတစ်ခုခုနည်းနည်း ‘လောင်း’ ထည့်ထားပါ။ မှုတ် – ခြင်နှင့် ပိုးဟပ်နှိမ်နင်းရန် ဆေးဖျန်း၊ ဆေး ‘မှုတ်’ […]

Read More
To Top