ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၃)

1. Thet Thanzin Phyo သမီးလေးက ၂ လပါရှင့်။ နှာခေါင်းထဲမှာ နှပ်ချီးခြောက်တေရောက်လာရင် မအိပ်နိုင် နို့မစို့နိုင်ဖစ်လာလို့ပါ။ Burmetonလည်းတိုက်ပါတယ်။ နှာခေါင်းထဲလည်း N.s အစက်ချဆေးလည်းထည့်ပါတယ်။ မသက်သာလို့ပါ။ နှပ်ချီးခြောက်တေကို ဘယ်လိုများဖယ်ရှားပေးသင့်ပါသလဲရှင်။ ပတ်ဝန်းကျင်မှာ ရေဓါတ်နည်းနေတဲ့အခါမျိုး၊ ကလေးရဲ့ နှာခေါင်းအတွင်းမှာ ရေဓါတ်နည်းနေတဲ့အခါမျိုး စသဖြင့် အခြေအနေတွေမှာ ဖော်ပြပါ အခြေအနေမျိုး ဖြစ်တတ်ပါတယ်… ဒါကြောင့် ကလေး နေတဲ့၊ အိပ်စက်တဲ့ ပတ်ဝန်းကျင်မှာ ရေငွေ့ ထုတ်လွှတ်ပေးတဲ့ Humidifier မျိုးလေး ထားပေးပါ… ဒါဆိုရင် ဒီလို ပြဿနာက သက်သာလာပါလိမ့်မယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ———————————————- 2. Thae Su Su Aung မိခင်က ကော်ဖီသောက်ထားရင် ကလေးကမျက်စိကြောင်တတ်တယ်ဆိုတာ ဟုတ်ပါသလားရှင့်။ မိခင်နို့ဟာ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၂)

1. Ma Ma ဆရာ သမီးလေးက ၉ လပါ။ နားထဲကို လက်အမြဲထည့်ပြီး ပွတ်ပွတ်နေပါတယ်။ ၂ လလောက်က နားရွက်ကိုဆွဲတာ အရမ်းဖြစ်ပေမဲ့ အခုတော့ လက်ထည့်နေလို့ပါ။ ဘာလုပ်ရမလဲရှင့်။ နားအတွင်းပိုင်းကို သေချာ စစ်ဆေးသင့်ပါတယ်… နားအတွင်း အနာရှိမရှိ၊ အခြား ပြဿနာ ရှိမရှိ သေချာစေဖို့ပါ… နားထဲက အနံ့ထွက်တာ၊ အရည်ထွက်တာ စသဖြင့် ရှိနေရင် ဆရာဝန်နဲ့ အမြန် ပြသသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ———————————————- 2. သဲတုန် ဖေဖေ သမီးလေးက ၂ နှစ် ၅ လပါ။ ရေမှန်မှန်လည်းချိုး ပေးပါတယ်။ အပူနာတွေပေါက်ပြီး မိတ်တွေလည်းထွက်ပါတယ်ဆရာ။ ဝမ်းလည်းချူပ်ပါတယ်။ ဘာလုပ်ပေးသင့်လည်းဆရာ။ ဝမ်းမှန်မှန်သွားစေတဲ့ အပြုအမူတွေက ရေများများသောက်ခြင်း၊ ပုံမှန်ကိုယ်လက် […]

Read More

တုပ်ကွေးအန္တရာယ် သိမှတ်ဖွယ် (၂)

မေး။   ။ ကလေးတုပ်ကွေးဖျားရင် ဘာတွေစောင့်ကြည့်ရမလဲ။ ဖြေ ။   ။ ကလေးတစ်ယောက် မိုးရာသီမှာ ဖျားရင် သွေးလွန်တုပ်ကွေးရောဂါကို ခေါင်းထဲမှာ အမြဲထားရမှာဖြစ်ပါတယ်။ တုပ်ကွေးဖျားတဲ့ကလေးတွေဟာ လူကြီးတွေလိုပဲ ကိုယ်လက်တွေ နာပါတယ်။ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ – အဖျားကြီးပြီး မှိန်းလာသလား။ – အန်ရင် ကော်ဖီနှစ်ရောင်ပါသလား။ – ဝမ်းသွားရင် အမည်းရောင်ပျော့ပျော့ သွားသလား။ – ဗိုက်အောင့်သလား။ – အရည်မသောက်ခြင်း၊ အစာလုံးဝမစားခြင်း။ – ခြေသလုံး၊ လက်မောင်း အေးစက်ခြင်း။ – ကလေး ဂနာမငြိမ်ဖြစ်ခြင်း။ – ခြေလက်များတွင် သွေးခြည်ကလေးများ ထွက်ခြင်း။   မေး။   ။ တုပ်ကွေးဖျားနေတဲ့ ကလေးကို ဘယ်လိုပြုစုရမလဲ။ ဖြေ ။   ။ တုပ်ကွေးဖျားနေတဲ့ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၁)

1. Sumon Lay ဆရာရှင် သမီးလေးက ၈ လပြည့်ပြီးပါပြီ။ သွားတစ်ချောင်းမှ မပေါက်သေးလို့ ဘာလုပ်ရမလဲရှင်။ သွားမပေါက်သေးတာ စိုးရိမ်စရာ မရှိပါဘူး… သွားပေါက်ခြင်းဟာ ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး… တချို့ကလေးတွေမှာ တစ်နှစ်ကျော်တဲ့အထိ သွားမပေါက်သေးတာမျိုးတောင် ရှိတတ်ပါတယ်… စိတ်အရမ်းမပူပါနဲ့… မိဘအတော်များများက ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို စိတ်စောတတ်ကြပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ———————————————- 2. Chit Su ကလေးက တစ်နှစ်သုးံလရှိပြီ။ သူကိုယ်သူမရပ်နိုင်သေးဘူး။ အကိုင်အတွယ် အမှီရှိရပ်တယ်။ လမ်းလျောက်နိုင်တယ်။ ကိုယ်တိုင်ရပ်နိုင်အောင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ ကျေးဇူးပြု အကြံပေးပါခင်ဗျာ။ စိတ်မစောပါနဲ့… ကလေးရဲ့ ကျန်းမာရေး ပုံမှန်ကောင်းမွန်နေရင် (နာတာရှည်ရောဂါ မရှိရင်) ဖွံ့ဖြိုးမှုမှာ ပြဿနာ ရှိခဲလှပါတယ်… တဖြည်းဖြည်း ဖွံ့ဖြိုးလာပါလိမ့်မယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild […]

Read More

အရေပြား၏ လုပ်ငန်းများ

အရေပြားဆိုတာ ခန္ဓာတစ်ခုလုံးကို ဖုံးထားတယ်။ အရေပြားဟာ တစ်ချိန်လုံး အဆက်မပြတ် လှုပ်ရှားအလုပ်တွေ အများကြီးလုပ်နေတယ်။ ပြောင်းလဲနေတတ်တယ်။ အရေပြားအလုပ်တွေ အကြောင်းကို နားလည်စေချင်ပါတယ်။   (ထိခိုက်ဒဏ်ရာမှ ကာကွယ်ပေးခြင်း) အရေပြားမှာရှိတဲ့ ဆဲလ်လေးတွေ တစ်ခုနဲ့တစ်ခု ထိကပ်ပူးပေါင်းဖွဲ့စည်းထားတယ်။ ဒါကြောင့် အရေပြားကို ဖိမိ၊ ထိမိ၊ ပွတ်မိရုံနဲ့ အရေပြားက ပျက်စီးမသွားနိုင်ဘူး။ အရေပြားအောက်က အဆီထုက ကာကွယ်ပေးထားပါတယ်။ (ရေမဝင်အောင် ကာကွယ်ပေးခြင်း) Keratinocyte လို့ခေါ်တဲ့ အရေပြားဆဲလ်လေးတွေက ဆက်ပြီး၊ အလွှာအချပ်လေးတွေနဲ့ အဆီကျိတ်တွေက ထွက်တဲ့ အဆီလွှာလေးကလည်း ရေဖောက်မဝင်နိုင်အောင် ကာကွယ်ထားတယ်။ ဒီလိုပဲ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို မဆုံးရှုံးအောင် ကာကွယ်နိုင်စွမ်းလည်းရှိတယ်။ ခန္ဓာကိုယ်ထဲက ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ပါတယ်။ (ခန္ဓာကိုယ် ဆန့်နိုင်၊ ကျုံနိုင်ခြင်း) အရေပြားမှာရှိတဲ့ ကော်လဂျင်လို့ခေါ်တဲ့ အမျှင်လေးတွေနဲ့ […]

Read More

တုပ်ကွေးအန္တရာယ် သိမှတ်ဖွယ်(၁)

မေး။ ။ ကျွန်မကလေးဖျားတာ စ်ရက်ရှိပြီ။ သွးလွန်တုပ်ကွေးလား မသိဘူး။ ဖြေ။ ။ ကလေးငယ်များ ဖျားတိုင်း သွးလွန်တုပ်ကွေး မဟုတ်ပါဘူး။ ရိုးရိုးတုပ်ကွေးလည်း ဖစ်နိုင်ပါတယ်။ မေး။ ။ တုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်ပါသလဲ။ ဘယ်လိုဖြစ်ပါသလဲ။ ဖြေ။ ။ တုပ်ကွေးရောဂါဟာ (Virus) ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖစ်တာပါ။ ရိုးရိုးတုပ်ကွေးကတော့ အဖျားကြီးတတ်တာက လွဲပြီးအန္တရာယ်မရှိပါဘူး။ တစ်ပတ်နေရင် ကာင်းသွားတာများပါတယ်။ အဖျားကြီးပြီး တက်တတ်တဲ့ ကလေးသာ မတက်အောင် ကာကွယ်ရမှာ ဖစ်ပါတယ်။ မေး။ ။ သွးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုဖြစ်ပါသလဲ။ ဖြေ။ ။ သွးလွန်တုပ်ကွေးကတော့ (Dengue Virus) ပိုးကြောင့် ဖစ်ပါတယ်။ (Dengue Virus) ပိုး သယ်ဆောင်ထားတဲ့ ခင်ကျားကိုက်ရာမှ (Virus)ပိုး ကိုယ်ထဲဝင်သွားပြီး […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၅၀)

1. Latt Latt သမီးလေးက ၅ နှစ်ထဲမှာပါ။ သူများထက်ညှပ်နေတယ်။ ဘာလုပ်ပေးသင့်လဲရှင့်။ ကလေးအာဟာရ ပြည့်ဝ မျှတအောင် ကျွေးပေးဖို့ အဓိက ကျပါတယ်… ကိုယ်ခန္ဓာ ဖွံ့ဖြိုးဖို့ ဥာဏ်ဖို့ဖြိုးဖို့က နေ့စဉ်စားသုံးတဲ့ အာဟာရက အဓိက ပါ… ကလေး စားချင်စိတ် နည်းနေရင် Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးနိုင်ပါတယ်… ပိုကောင်းသွားအောင် ကလေးကို ကျန်းမာရေးလည်း စစ်ဆေးပေးသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ———————————————- 2. Ngwe Soe Thu Dr.ကလေးအသက် ၁ လခွဲကို မနက်နဲ့ညနေ ၂ ကြိမ် ရေချိုးပေးလို့ရပါသလားရှင့်။ ချိုးပေးလို့ရပါတယ်… ရေချိုးပေးတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို သတိပြုပါ… ဥပမာ – အရမ်းပူနေချိန်မှာ ရေအေးချိုးပေးတာမျိုးဟာ […]

Read More

နှာစေးခြင်းနှင့် ချောင်းဆိုးခြင်း

မေး။   ။ နှာစေးခြင်း၊ နှာချေခြင်း ဘာကြောင့်ဖြစ်ရသလဲ။ ဖြေ။   ။ နှာစေးခြင်း၊ နှာချေခြင်းသည် အအေးမိသောအခါ၌ ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံတွင် အနံ့တစ်ခုခုနှင့် မတည့်ခြင်း၊ အစာတစ်ခုခုနှင့် မတည့်ခြင်းတို့၌လည်း ဖြစ်တတ်သည်။ ဖုန်မှုန့်ရှူမိခြင်း၊ လေအေးရှူမိခြင်း၊ နေရောင်ခြည်နှင့် တွေ့မိလျှင် တချို့လူများသည် နှာချေတတ်ပြီး ချက်ခြင်းနှာရည်ကျလာတတ်ပါသည်။ (Vasomotor Rhirilis) မေး။   ။ ချောင်းဆိုးခြင်း ဘာကြောင့်ဖြစ်ရသလဲ။ ဖြေ။   ။ (၁) အအေးမိသောအခါ၌ ချောင်းဆိုးတတ်ပါသည်။ လည်ချောင်းယားပြီး ချောင်းဆိုးတတ်ပါသည်။ (၂) နှာစေးပြီးနောက် ချောင်းပါလိုက်ဆိုးလာတတ်ပါသည်။ နှာရည် နှာခေါင်းအနောက်ပိုင်းမှ လည်ချောင်းထဲ စီးဆင်းလာရာမှ (Post nasal discharge) ချောင်းဆိုးလာတတ်ပါသည်။ (၃) မတည့်သောအစာနှင့် ဆေးများကြောင့်လည်း ချောင်းဆိုးတတ်ပါသည်။ (၄) အစာနှင့် ပစ္စည်းတစ်ခုခု […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၉)

1. Hnineilay သမီးလေးက၇လထဲမှာပါဆရာသမီးကခေါင်းချွေးအရမ်းထွက်ပါတယ်စိုးရိမ်ရလားဆရာ။ ချွေးထွက်များတဲ့ အခါမျိုးမှာ အရည်ဓါတ် ပြန်လည် ဖြည့်တင်းပေးရပါမယ်… ရေများများတိုက်ပေးပါ… ခေါင်းချွေးထွက်တာ အပြင် တခြား ဘာလက္ခဏာမှာ မရှိရင်တော့ အထွေအထူး စိုးရိမ်စရာ မရှိပါဘူး… ချွေးထွက်တာက အရမ်းများလွန်းနေတဲ့အပြင် ပိန်သွားတာမျိုး၊ ညနေဖက် ကိုယ်နွေးတာမျိုး ရှိနေရင်တော့ ကျန်းမာရေး စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်… ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ကြည့်သင့်ပါတယ်… ကလေးငယ်နှင့် ခေါင်းချွေးထွက်ခြင်း ဆောင်းပါးကို အောက်က ပေးထားတဲ့ Link မှာ ဖတ်ရှုပေးပါ… ကလေးငယ်နှင့် ခေါင်းချွေးထွက်ခြင်းအကြောင်း သိကောင်းစရာ ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ———————————————- 2. Cherry Lay ဆရာရှင့်သမီးက 9 လပါ။ ချွေးအရမ်းထွက်ပါတယ်။ နို့စိုရင်းလဲအရမ်းထွက်တယ်။ ညဘက်အိပ်ရင်တောင် ၃ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၈)

1. ရှက် တယ် သားလေးဝမ်းသွားနည်းနေပါတယ်သုံးရက်မှတခါလောက်ပဲသွားတယ်ရှင့် လေးလရှိနေပါpဘယ်လိုလုပ်ရမလဲရှင့်။ ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… တချို့တလေက ဒီလိုပဲ ၃ ရက်လောက်နေမှ တစ်ခါသွားတာမျိုးရှိတတ်ပါတယ်… အထူးသဖြင့် မိခင်နို့တစ်မျိုးတည်း စို့ရတဲ့ ၆ လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံက ပိုပြောရခက်ပါတယ်… ကလေးရဲ့ ဝမ်းသွားပုံ အလေ့အထကို စောင့်ကြည့်မှတ်သားပါ… ဒီအလေ့အထကနေ ကွဲလွဲတာမျိုးရှိရင်တော့ ဝမ်းချုပ်၊ ဝမ်းပျက်တယ်လို့ ဆိုနိုင်ပါတယ်… ဒါမှမဟုတ် ဝမ်းကမာနေမယ်… ဗိုက်မအီမသာဖြစ်တဲ့ လက္ခဏာရှိနေမယ်… ဝမ်းဗိုက်ကလေး စမ်းကြည့်ရင် တောင့်နေတာမျိုးရှိရင်လည်း ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်… ဒီလိုအခြေအနေမျိုးမှာတော့ ကလေးရဲ့ Rectal Stimulation အတွက် ဂွမ်းစ (သို့) ကွမ်းရိုးနုနုလေးကို အသုံးပြုပြီး ဝမ်းချူတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်… ဒါမှမဟုတ် ဝမ်းချူတောင့်လို ဟာမျိုးလည်း […]

Read More
To Top