Choking (ရုတ်တရက် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း)

Choking ဆိုတာ အသက်ရှူလမ်းကြောင်းအတွင်းပိုင်း (Trachea, pharynx, etc.) တစ်နေရာရာမှာ ပစ္စည်းတစ်ခုခုပိတ်ဆို့ခြင်း၊ တစ်ဆို့ခြင်းကို ခေါ်ပါတယ်… အဲလို တစ်ဆို့ခြင်းကြောင့် ရုတ်တရက် Oxygen ပြတ်လပ်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်တတ်ပါတယ်… Choking ဟာ ၃နှစ်နှင့် ၃နှစ်အောက် ကလေးတွေမှာ အတွေ့များတတ်တဲ့ ပြဿနာ တစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် အစားအစာ၊ အကြွေစေ့၊ ပူဖောင်း၊ ကစားစရာတွေကြောင့် အဖြစ်များတတ်ပါတယ်… အဲဒီအရွယ် ကလေးတွေမှာ အသက်ရှူလမ်းကြောင်းဟာ ပြည့်စုံစွာ မဖွံဖြိုးသေးတာရယ်၊ အစားအစာကို ကြေညက်အောင် မဝါးစားတတ်သေးတာရယ်၊ အစာမျိုချခြင်းကို သင်ယူနေတုန်းအရွယ် ဖြစ်တာရယ်ကြောင့်လည်း ဒီကလေးတွေမှာ Choking ပိုဖြစ်တတ်တာပါ… ဒီထက်ပိုအရေးကြီးတာကတော့ mouthing ခေါ် တွေ့သမျှအရာကို ပါးစပ်ထဲထည့်တတ်တဲ့ ကလေးတွေအားလုံးရဲ့ အကျင့်ကြောင့်ပါပဲ…   Choking ဖြစ်စေနိုင်သည့် […]

Read More

စူးစမ်းလိုစိတ်ကို မြင့်တင်ပေးပါ

ကလေးဟာ မိမိပြောချင်တာ၊ မေးချင်တာ၊ လုပ်ချင်တာကို လုပ်ရမှ၊ မေးရမှ ပြောရမှ ကျေနပ်ကြတာ ဓမ္မတာပါ။ ကလေးတွေ လုပ်ချင်တာ မှန်သမျှ အန္တရာယ်ကင်းရင် သူများအနှောက်အယှက် မဖြစ်ဘူးဆိုရင် မပိတ်ပင်ရ။ မိဘတွေဟာ စိတ်ရှည်စွာဖြင့် မှန်မှန်ကန်ကန် အကျိုးနှင့် အကြောင်းနှင့် ပြောတတ်ဆိုတတ်သည့် ဆီသို့ ဦးတည်ပေးရမည်။ မေးသမျှကို လည်း  သူတို့နားလည်သည့်အဆင့်ဖြင့်ရှင်းပြရမည်။ ထို့အတူ ကလေးများ လုပ်ချင်သည်ကို ပိတ်ပင်မည့်အစား မှနှ်မှန် ကန်ကန်နဲ့ အန္တရာယ်ကင်းစွာလုပ်ဆောင်တတ်အောင် တည့်မတ်သင်ပေးဖို့လိုပါတယ်။ ကလေးဆန္ဒမရှိတာကို မိဘလုပ် ချင်သည့်ဆန္ဒဘက်ဆီသို့ အတင်းဦးတည် ခိုင်းစေတာမျိုးဟာ လုံးဝမဖြစ်သင့်ပေ။ ကလေးရဲ့ စိတ်ကူး စိတ်သန်း ပုံဖော်လာ အောင် လှုံဆော်ရပါမယ်။ ပွင့်လန်းလာအောင် ရေလောင်းရပါမယ်။ မြေဩဇာကြွေးပါ။ ပြီးတော့ မိဘများကိုယ်တိုင်လည်း ပါဝင် အကောင်ထည်ဖော်ဖို့လိုပါတယ်။ မိဘပါဝင်လာတာဟာ […]

Read More

ကလေးရဲ့ စိတ်ဆိုး စိတ်ကောက်တတ်တဲ့ အကျင့်ကိုဖျောက်နည်း

တစ်နှစ်သား အရွယ် ကလေး ငယ်လေးတွေဟာ မိမိရဲ့ အလိုပြည့်ဖို့ကိုပဲ ကြည့်တတ်ကြပါတယ်။ မိမိလိုချင်တာချက်ချင်း မရရင် ဒါမှမဟုတ် တစ်စုံတစ်ခုကို လိုချင်နေရင် ဒေါသပေါက်ကွဲ တတ်ကြပါတယ်။ သင့်ရဲ့ချစ်စရာကောင်းတဲ့ ဖော်ရွေတတ်တဲ့ အေးဆေးဟန်ရှိတဲ့ ကလေးဟာ ချက်ချင်းဗြုန်းခနဲပဲ ထိန်းမနိုင် သိမ်းမရ ဒေါသ ထွက်နေတဲ့ ပြောရဆိုရ ခက်တဲ့ ကလေးတစ်ဦး အဖြစ် ပြောင်းသွား တတ်ပါတယ်။ သူ့ဘက်က မရပ်တည်သူမှန်သမျှကိုလည်း သည်းခံတော့မှာ မဟုတ်ပါဘူး။ အများအားဖြင့် ကလေးတွေဟာ သူတို့ စိတ်ကျေနပ်ပျော့ပျောင်းနေချိန်မှာ ကလေးဆိုးလေးတွေ မဟုတ်ပေမယ့် သူရဲ့လိုဘမပြည့်မှုဟာ ရေဆူမှတ်ကို ရောက်သွားရင်တော့ စိတ်ဆိုးစိတ်ကောက် ဒေါသူပုန် ထမှုဟာ သူရဲ့ စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ပြတဲ့ နည်းလမ်းတခု ဖြစ်နေပါလိမ့်မယ်။ အဲဒီ့အကျင့်ကို ပျောက်သွားအောင် ထိန်းချုပ်လေ့ကျင့်ပေးဖို့ရာ ပထမ အဆင့်ကတော့ […]

Read More

လူစိမ်းတို့ရဲ့ အန္တရာယ်ကို ကာကွယ်တတ်အောင်

မိမိရဲ့ ကလေးဟာ အိမ်ကနေ အပြင်ထွက်ပြီး မူကြိုကျောင်းလိုက်ဖို့ သူ့ကိုယ်သူ ယုံကြည်စိတ် ရှိလာတဲ့ အချိန်မှာ ဒါကို သင် နှစ်ခြိုက် သဘောကျမိမှာ အမှန်ပါပဲ ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကလေးအား သူစိမ်း လူကြီးတွေရဲ့အန္တရာယ်တွေကို သတိ ရှိအောင်လည်း လုပ်ပေးရပါလိမ့်မယ်။ ကလေးရဲ့ ယုံကြည်စိတ်က မြင့်တက်နေသလို သင့်အနေနဲ့ကလေးကို တခြား သူစိမ်းလူကြီးတွေက အန္တရာယ် ပေးနိုင်ကြောင်း ပြောပြရဦးမယ် ဆိုတဲ့ စိတ်သောကကလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ။ ဒီနေရာမှာ သင်ကြုံတွေ့ရမယ့် စိမ်ခေါ်မှုကတော့ ကလေးကို တခြား သူစိမ်းတွေ အပေါ် ချင့်ချင့်ချိန်ချိန် သတိထားတတ်အောင် ဘယ်လိုပြောပြပေးရမယ် ဆိုတာရယ် ၊ တစ်ဖက်ကလည်း သူစိမ်းတွေ အပေါ် ယုံမှားလွန်စိတ် ၊ အကြောက်လွန်စိတ် ဖြစ်မသွားအောင် […]

Read More

ဘေဘီလေးတို့အရေးဆွေးနွေးရအောင် ( အပိုင်း- ၂ )

မေး။    ။ဆရာမရှင့် ကလေးငယ်တွေကိုကာကွယ်ဆေးထိုးပေးခြင်းနဲ့ ကာကွယ်ဆေးရဲ့ အရေးပါပုံလေးသိပါရစေ။ ဖြေ။    ။ကလေးတွေအတွက် ရောဂါခြောက်မျိုးကာကွယ်ဆေးကိုအသက်တစ်နှစ်အောက်မှာထိုးပေးရမယ်။ အဲဒီရောဂါတွေကတီဘီ (BCG)၊ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် (DPT)၊ ပိုလီယိုနဲ့ ဝက်သက်ကာကွယ်ဆေးတို့ ဖြစ်ပါတယ်။ ၁ နှစ်အောက်ကလေးတွေမှာဒီရောဂါဖြစ်ပွားခဲ့ရင် အသေအပျောက်များတတ်တယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပေးထားဖို့ အထူးလိုအပ်ပါတယ်။ တီဘီကာကွယ်ဆေးကိုတစ်လခွဲအရွယ်၊ မေးခိုင်နဲ့ ပိုလီယိုကိုတစ်လခွဲ၊ နှစ်လခွဲ၊ သုံးလခွဲအရွယ်မှာထိုးပြီးဝက်သက်ကာကွယ်ဆေးကိုတော့ ကိုးလ၊ ဆယ်လအရွယ်မှာထိုးပါတယ်။   မေး။    ။ဆရာမရှင့် ကျွန်မကလေးကိုအသည်းရောင်အသားဝါ (ဘီ)၊ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးပါးရောင် ထိုးပြီးပါပြီ။ သူ့ရဲ့ Dose ပျက်ခဲ့ရင်၊ နောက်ကျခဲ့ရင် ဘယ်လိုအန္တရာယ်ဖြစ်နိုင်ပါသလဲ။ ဖြေ။    ။အသည်းရောင်ဘီကာကွယ်ဆေးကိုမွေးပြီးပြီးချင်းပထမအကြိမ်ထိုးပြီးရင် ဒုတိယအကြိမ်ကိုတစ်လမှာထိုးရပါမယ်။ ဒုတိယအကြိမ်ကိုလအများကြီးခြားပြီးမှ ထိုးဖြစ်ရင် အစကနေပြန်ထိုးသင့်တယ်။ ဒုတိယနှင့် တတိယအကြိမ်က ၅ လခြားပြီးထိုးရမယ်။ […]

Read More

ဘေဘီလေးတို့အရေးဆွေးနွေးရအောင် (အပိုင်း- ၁)

မေး။    ။ဆရာမရှင့် ကျွန်မကလေးရဲ့သွားဖုံးမှာအရည်ကြည်ဖုလေးတွေ ပေါက်နေပါတယ်။ ဘယ်လိုကုသရမလဲ။ ဖြေ။    ။သွားဖုံးမှာအရည်ကြည်ဖုပေါက်ခဲပါတယ်။ ပါးစပ်မသန့်ရှင်းလို့ဖြစ်မယ်။ သွားပိုးစားထားတဲ့ ကလေးဆိုလျှင် သွားချေမှာ ပြည်တည်နာဖြစ်လို့ အဖုလေးစဖြစ်ပြီး ပြည်ထွက်တတ်ပါတယ်။ သွားမပေါက်သေးတဲ့ကလေးဆိုပါးစပ်ကိုနံနက်တိုင်းသန့်ရှင်းရေးလုပ်ပါ။ သွားပေါက်တဲ့ အရွယ်ဆိုအစာစားပြီးတိုင်းပလုတ်ကျင်းပါ။ တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ ရေများများသောက်ပါစေ၊ ဝမ်းချုပ်ရင် ပိုဆိုးတတ်လို့ပါ။ အခုပြောတာကကာကွယ်နည်းပါ။ ဖြစ်လာရင်တော့ သွားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။   မေး။    ။လိုင်စင်းဓါတ်ချို့တဲ့ရင် ဘာတွေဖြစ်တတ်သလဲဆိုတာကိုရှင်းပြပေးပါ။ ဖြေ။    ။လိုင်စင်းဓါတ်တစ်မျိုးတည်းချို့တဲ့တာမျိုးက ဖြစ်ခဲပါတယ်။ တခြားအမိုင်နိုအက်ဆစ်တွေနဲ့ပေါင်းပြီးချို့တဲ့တာမျိုးပဲ ဖြစ်တတ်ပါတယ်။ လွယ်ကူစွာပြောပြဖို့တော့ ခက်ခဲပါတယ်။   မေး။    ။ ကျွန်မကလေးကိုနေမကောင်းဖြစ်ရာကနေပိုးသတ်ဆေး (ပဋိဇီဝဆေး)တွေ တိုက်တာများနေလို့ သက်သာနေရင် ရပ်လို့ရပါသလား။ ဖြေ။    ။ကလေးနေမကောင်းလို့ ပိုးသတ်ဆေး (ပဋိဇီဝဆေး) တိုက်ထားတယ်ဆိုရင် သူ့ဆေးပတ်ပြည့်အောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း […]

Read More

အာဟာရမျှတစေရန် စားသင့်သော အစားအစာများ

အာဟာရဓါတ်များကိုအုပ်စုအားဖြင့် (၃)စုခွဲထားပါတယ်။ အာဟာရမျှတစေရန် အစာအုပ်စု (၃)ခုလုံးပါဝင်အောင်စားပါ။ အခြေခံစာထမင်း ၁။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစာများအုပ်စု ၎င်းအစာအုပ်စုသည် – ပရိုတင်း(ခေါ်)အသားဓါတ်ဖြစ်သည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားရန်နှင့် ဥာဏ်ရည်ဖွံ့ဖြိုးရန်အတွက် အရေးကြီးသည်။ အထူးသဖြင့် နို့စို့အရွယ်၊ မူကြိုအရွယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် အရေးကြီးသည်။ (က) တိရစ္ဆာန်မှ ရသောအသားဓါတ် -အမဲသား၊ ကြက်သား၊ ဘဲသား၊ ဝက်သား၊ ဆိတ်သား၊ -ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ -ငါးအမျိုးမျိုး၊ ပုဇွန်တုပ်၊ ပုဇွန်ဆိတ်၊ -ဘဲသွေး၊ အသည်း -နို့ -ငါးခြောက်၊ ပုဇွန်ခြောက်၊ (ခ) ပဲမှရသောအသားဓါတ် – ပဲပုတ်၊ ပဲနို့၊ ပဲလွန်း၊ မတ်ပဲ၊ ပဲပိစပ်၊ – ပဲကြီး၊ ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ – မြေပဲ၊ […]

Read More

Activities Improves Mind

Roin bibendum nibhsds. Nuncsdsd fermdada msit ametadasd consequat. Praes porr nulla sit amet dui lobortis, id venenatis nibh accums. Proin lobortis tempus odio eget venenatis. Proin fermentum ut massa at bibendum. Proin bibendum non est quis egestas. Pellentesque at enim id enim tempus placerat. Etiam tempus gravida leo, et gravida justo bibendum non. Suspendisse vitae […]

Read More

Weekly Reader Zone

Roin bibendum nibhsds. Nuncsdsd fermdada msit ametadasd consequat. Praes porr nulla sit amet dui lobortis, id venenatis nibh accums. Proin lobortis tempus odio eget venenatis. Proin fermentum ut massa at bibendum. Proin bibendum non est quis egestas. Pellentesque at enim id enim tempus placerat. Etiam tempus gravida leo, et gravida justo bibendum non. Suspendisse vitae […]

Read More
To Top