ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၇)

1. Snow Snow ဆရာရှင့် သမီးလေးကတစ်လခွဲပါ။ မျက်နာမှာ ချွေးမိတ်ပုံစံအများကြီးထွက်နေပါတယ်ရှင့်။ ဘယ်လိုလုပ်ပေးရမလဲ မသိလို့ပါရှင့်။ ပူပြင်းလွန်းတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်… မိတ်ဖုလေးတွေ အများကြီး ထွက်လာတဲ့အခါ ယားယံတတ်ပြီး သက်သာစေဖို့က Calamine Lotion လေး ဖြစ်စေ၊ အအေး Cool Pad ကပ်ခြင်းဖြစ်စေ ပြုလုပ်နိုင်ပါတယ်… ကလေးကို ရေချိုးပေးခြင်း၊ အခန်းအပူချိန်ကို လျော့ကျစေခြင်းကလည်း မိတ်ထွက်ခြင်းကို သက်သာစေနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Pann Pann ဆရာရှင့် သားသားက နှစ်လပါ။ ချွဲတွေထနေလို့ ဘာဆေးသောက်ရမလည်း ပြောပြပေးပါ။ စိုးရိမ်ရလားရှင့်။ စမ်းသပ်စစ်ဆေးမှု မပါဘဲ ဆေးဝါးညွှန်းဆိုပေးလို့ မရပါဘူး… ကလေး ချွဲထနေတာ ဆိုရင် ကလေးရင်ဘတ်ကို နွေးနွေးထွေးထွေး ထားပေးပါ… […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၆)

1. Nway Thaw ၈လပါ။ သားသားလေးပါ။ ကောင်းကောင်းမထိုင်နိုင်သေးဘူး။ လေးဘက်မကုန်းဘူး။ တွားယားမသွား ဘယ်လိုလုပ်လုပ်ပေးရမလဲ ပြောပြပေးပါရှင့်။ နေအရမ်းပူတော့ ချွေးအရမ်းထွက်ပါတယ် ကလေးဓာတ်ဆားရေ တိုက်လို့ရပါ့သလားရှင့်။ ချွေးထွက်များလွန်းတဲ့အခါတွေမှာ ဓါတ်ဆားရည် တိုက်ကျွေးပေးနိုင်ပါတယ်… ကလေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်လို့ကတော့ တခြားရွယ်တူ ကလေးငယ်တွေနဲ့ ဖွံ့ဖြိုးမှု အရပ်ရပ်ကို နှိုင်းယှဉ်ကြည့်ပါ… အနည်းငယ်နောက်ကျနေရင်တော့ ကလေးရဲ့ ကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Thuzar Nwe ဆရာသမီးခလေးက 6 လကျော်ပါပြီ။ အခုလက်တွေခေါင်းတွေမှာ အနီအစက်လေးတွေ ပေါက်နေပါတယ်ဆရာ။ အဲဒါဘာဖြစ်လိုပါလဲ။ ဖြစ်ပွားတဲ့ ပုံစံကို သေချာ စစ်ဆေးကြည့်ရှုဖို့ လိုအပ်ပါတယ်… ဖြစ်တာ ကြာနေပြီး ကလေးလည်း သိပ်နေမကောင်းပုံရနေရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်… ကလေးယားယံနေပုံရရင် အယားသက်သာစေဖို့ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင်(အပိုင်း-၂၇)

မေး။   ။ ရက်သားအရွယ် (တစ်လအောက်) ကလေးငယ် တစ်နေ့ ၄-၅ ကြိမ် ဝမ်းသွားလျှင် ဘာဖြစ်တတ်ပါသလဲ။ ဖြေ။   ။ မိခင်နို့တစ်မျိုးတည်း တိုက်နေတဲ့ကလေးဟာ တစ်နေ့လျှင် ၄-၅ ကြိမ်ကနေ ၈-၁ဝ ကြိမ်လောက်အထိ ပုံမှန်ဝမ်းပျော့ပျော့ သွားနိုင်ပါတယ်။ အရည်မပါရင် စိုးရိမ်စရာမရှိပါဘူး။ ဝမ်းမှာ အရည်များပြီး အမြှုပ်ပါရင်၊ လေလည်တိုင်း ဝမ်းအရည်ထွက်ရင်၊ အကြိမ်အရေအတွက် (၁ဝ)ခါထက်များရင်တော့ ကလေးဝမ်းပျက်နေပြီလို့ ပြောလို့ရပါတယ်။   မေး။   ။ ကလေးဝမ်းပျက်လျှင် အမေ အစားရှောင်ဖို့ လိုပါသလား။ ဖြေ။   ။ နို့တိုက်မိခင်အနေဖြင့် ပုံမှန်စားနေကျ အစာစားလို့ရပါတယ်။ အပူ၊ အစပ်၊ ငရုတ်သီး၊ အသုပ်၊ မုန့်ဟင်းခါးတို့ကိုတော့ ရှောင်နိုင်ရင် ကောင်းပါတယ်။ မိခင်ကိုယ်တိုင် ဝမ်းပျက်လျှင် ကလေးငယ်ဆီ ကူးမှာစိုးလို့ပါ။ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၅)

1. ယွန်းကဗျာ လင်း ကလေးက ၄ လပါဆရာ။ ၈ ပေါင်ခွဲပဲရှိလို့ပါ။ ကလေးအသက် ၄ လမှာ ၈ပေါင်ခွဲဆိုရင် သတ်မှတ်အလေးချိန်ထက် လျော့နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်… ကလေးကို ကျန်းမာရေး စစ်ဆေးဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. ချစ် သ မီးလေး ဆရာရှင့် သမီးက ၅ လနဲ့ ၇ ရက်ပါ။ ဖြည့်စွက်စာကျွေးနေပါပြီ။ အရင်က ဝမ်း ၂ ရက် ၃ ရက်နေမှ သွားပါတယ်။ အခုတစ်ရက်ထဲ ၅ ခါ ၆ ခါ ဝမ်းအစိမ်းတွေသွားပါတယ်။ အများကြီးမဟုတ်ပဲ နည်းနည်းစီ လေလည်တာနဲ့ ဝမ်းပါပါလာတယ်။ ချွဲတွေပါပါတယ်။ ကလေးကလန်းတယ်။ အစာလည်းစားတယ်။ […]

Read More

ဝမ်းလျှောနေသောကလေးငယ်အား ပြုစုစောင့်ရှောက်နည်း

အရေးကြီးဆုံးမှာ ကလေးခန္ဓာကိုယ်၌ အရည်ဓာတ်မဆုံးရှုံးစေရန်ဖြစ်သည်။ အကယ်၍ ကလေးသည် မအန်ပါက မိခင်နို့ (သို့) နို့မှုန့်ကို ဆက်လက်တိုက်ပါ။ ကလေးငယ်သည် ပျို့အန်ချင်လာပါက ကလေးဆရာဝန်အား ပြသလျှင် ဆရာဝန်က ဓာတ်ဆားရည်များပေးပါမည်။ ကလေးကြိုက်သော ရနံ့ပါသည့် ဓာတ်ဆားဖြစ်ရန် အရေးကြီးပါသည်။ (ကလေးငယ်အား တိုက်ကျွေးသည့်အခါ လွယ်ကူရန်နှင့် မပျို့အန်ရန်အတွက် ဖြစ်ပါသည်။) ဆိုဒါပါသည့် အချိုရည်များ၊ ရိုးရိုးသကြားရည်များ၊ အသီးအနှံ့ဖျော်ရည်များကို လုံးဝရှောင်ပါ။ ၄င်းတို့တွင် ပါဝင်သော သကြားကြောင့် အစာအိမ်အတွင်းမှ အရည်ဓာတ်ကို ပိုမိုဆွဲထုတ်ယူ၍ ဝမ်းလျှောခြင်းကို ဆိုးရွားစေပါသည်။ အကယ်၍ မိခင်သည် အသီးအနှံ့နှင့် အချိုရည်များနှင့် အသီးအနှံ့ကျွေးခြင်းကို အလျင်အမြန်ရပ်တန့်လိုက်ပါ။ ကလေးဆရာဝန်မှ ဝမ်းလျှောပျောက်ဆေးများ မညွှန်ကြားမချင်း ကလေးကို မိမိသဘောနှင့် မိမိဆေး မတိုက်ကျွေးရပါ။ ယခုခေတ်၌ ကလေးဆရာဝန်များသည် ဝမ်းလျှောသောအခါ၌ အစာအမာများ […]

Read More

ဝမ်းပျက်၊ ဝမ်းလျှောခြင်း၏ အန္တရာယ်လက္ခဏာများ

ဒေါက်တာ အိအိခင်(ကလေး) – အဖျားကြီးလျှင် – ရေအလွန်ငတ်လျှင် – အလွန်အမင်းအန်လျှင် – မည်သည့်အစာမျှ မစားနိုင်လျှင် – အရည်အများကြီးဝမ်းသွားလျှင် – ဝမ်းတွင် သွေးပါလျှင်   ဝမ်းပျက်၊ ဝမ်းလျှောမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ – နို့စို့အရွယ် ကလေးငယ်ကို မိခင်နို့တိုက်ပါ။ – နို့ဘူး မတိုက်ပါနှင့်။ – တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုပါ။ ခြေသည်း၊ လက်သည်း တစ်ပတ်တစ်ခါညှပ်ပါ။ – လက်များကို သန့်ရှင်းအောင်ထားပါ။ – အစာမစားမီ ယင်၊ ပိုးဟပ် လုံအောင်ထားပါ။ – ရေတွင်း ရေကန် သန့်ရှင်းပါ။ – ရေကို ကျိုချက်သောက်ပါ။ – အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးပါ။ – သန်မှန်မှန်ချပါ။ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၄)

1. Kay Zin ဆရာရှင့် သမီးလေးက 3 လထဲက ဝမ်းယားမှောက်တာပါ။ ခုက 5 လထဲမှာပါ။ ညဘက်တွေအိပ်ရင် ပက်လက်သိပ်လို့မရဘူးဆရာ။ ဝမ်းလျားမှောက်ပဲအိပ်တယ်။ ပြီးတော့ ကလေးတွေက လေးဘက်သွားပြီးမှထိုင်တာလားဆရာ။ ကလေးက လေးဘက်မသွားဘဲ ဝမ်းလျားမှောက်ပြီး တန်းထိုင်တာ။ ကလေးဖွံ့ဖြိုးမှုကို ထိခိုက်တာရှိလားဆရာ။ တချို့ ကလေးတွေက လေးဖက်မသွားဘဲ တန်းထိုင်တာမျိုး ရှိတတ်ပါတယ်… ဒါဟာ ဖွံ့ဖြိုးမှုကို ထိခိုက်မှု မရှိပါဘူး… ဖြစ်တတ် တွေ့ရတတ်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Daw Daw Pyae မင်္ဂလာပါ သားလေးက၉လပါ။ ဘာစကားမှမပြောတတ်သေးလို့စိုးရိမ်ရလားရှင့်။ ဒီအရွယ်မှာ စကားမပြောတတ်သေးတာ ပြဿနာ မရှိသေးပါဘူး… ၆ လမှ ၉ လလောက်ထိမှာ “ဒါဒါ…ဂါဂါ” စသဖြင့် အသံမျိုးသာ […]

Read More

ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ

  * ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ရသည့် အကြောင်းအရင်း… ဝမ်းပျက်ခြင်းသည် (Rota Vivus) ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် အဖြစ်များပါသည်။ ၄င်းဗိုင်းရပ်စ်ကြောင့် မိုးအကုန် ဆောင်းအကူးနှင့် မိုးဦးကျတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များပါသည်။ * အထက်လှန် အောက်လျှောဆိုတာ ဘာလဲ… လူနာသည် စားသမျှအန်မည်။ ဝမ်းလည်း (၃)ကြိမ်အထက် အရည်သွားလျှင် အထက်လှန် အောက်လျှောဟု ခေါ်ဝေါ်သည်။ * ဝမ်းပျက်၊ ဝမ်းလျှောခြင်းဆိုတာ ဘာလဲ… ဝမ်းပျက်၊ ဝမ်းလျှောဆိုသည်မှာ ဝမ်းသွားသည့် အကြိမ်ရေ တစ်နေ့လျှင် (၃)ကြိမ်ထက်များခြင်း၊ ဝမ်းတွင် အရည်များခြင်းတို့ဖြစ်သည်။ * ဝမ်းကိုက်ခြင်းဆိုတာ ဘာလဲ… ဝမ်းသွားလျှင် ဝမ်းတွင် သွေး၊ ချွဲပါပြီး ဗိုက်နာကာ ဝမ်းရစ်ရစ်ပြီးသွားတတ်ပါသည်။ ဝမ်းကိုက်ပိုး (Enamoeba Histolytica) ကြောင့် ဖြစ်ပါသည်။ * နို့နှင့်မတည့်၍ […]

Read More

ကလေးအဖျားကြီး၍ တက်ခြင်း

ကလေးတက်လျှင် မိဘတိုင်း အရမ်းစိတ်ပူကြသည်။ ဘယ်လိုလုပ်ရမှန်းမသိ၍ ခြေထောက်နှိပ်၊ ခေါင်းမှုတ်ဖြင့် အသက်အန္တရာယ်ဖြစ်သည်အထိ အန္တရာယ်ရှိသည်။ အများအားဖြင့် အဖျားကြီးပြီး တက်သွားတတ်ကြသည်။ ဖျားလျှင် မိဘများက အအေးမိလို့ဆိုပြီး နွေးထွေးအောင် အင်္ကျီထူတွေ အများကြီးဝတ်ပေးတတ်သည်။ တစ်ခါတရံ ချွေးထွက်အောင် ချွေးအောင်းပေးသည့်အနေဖြင့် အင်္ကျီထူထူဝတ်ပေးပြီး စောင်ခြုံ၊ ပြတင်းပေါက်အကုန်ပိတ်ထားတတ်သည်။ လေစိမ်းမိလျှင် ပိုဖျားမှာစိုးရိမ်ပြီး လုပ်ကြခြင်းဖြစ်သည်။ အလွန်မှားယွင်းသော ရှေးအယူအဆတစ်ခုပါ။ အဖျားတက်နေလျှင် ထွေးထားပါက အဖျားပိုကြီးလာပြီး တက်တတ်ပါသည်။ ကလေးအများစု အဖျားကြီးတတ်ခြင်းသည် ၆ လမှ ၅ နှစ်အတွင်းမှာ အဖြစ်များသည်။ အများဆုံး တစ်နှစ်၊ တစ်နှစ်ခွဲမှာ ဖြစ်တတ်ပါတယ်။ မိဘမောင်နှမများထဲ၌ဖျားလျှင် တက်တတ်သူရှိသော ကလေးများမှာ ပိုဖြစ်တတ်သည်။ ယောက်ျားကလေးမှာ အဖြစ်များသည်။ ၂၄ နာရီအတွင်းမှာ တက်တတ်ပြီး အပူချိန်အမြင့်ဆုံးအချိန်မှာ တက်သည်။ ကလေးငယ်များ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ(အပိုင်း – ၁၄၃)

1. Waiwai Hnin ကလေးက အမေနို့ရောနို့မှုန့်ရောတိုက်ပါတယ် အခုနို့ဗူးကိုမစို့ပဲလျှာနဲ့တွန်းထုတ်တယ် အမေနို့ပဲစို့တယ် အမေနို့က မလုံလောက်လို့လားမသိ ညဘက်ဆိုခဏအိပ်လိုက်ပြန်နိုးလိုက်နဲ့အမေနို့စို့လိုက်နဲ့ မနက်မှကြာကြာအိပ်တယ် ဘာဖြစ်လို့ပါလဲရှင့်။ မိခင်နို့ လုံလောက် မလောက်ဆိုတာ မိခင်ရဲ့ နို့ထွက်နှုန်း၊ ကလေးပုံမှန် သောက်နေကျ အခြေအနေစသဖြင့် သိရှိဖို့ လိုအပ်ပါတယ်… ကလေး ဆာတိုင်း တိုက်ကျွေးခြင်းက မိခင်နို့ ပိုမိုထွက်လာစေဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်… ကလေး ကောင်းကောင်း မအိပ်တာကတော့ ဖြစ်နိုင်တဲ့ အကြောင်းအရာတွေ အများကြီးပါပဲ… ကလေးမိခင် အနေနဲ့ ကလေးရဲ့ ထူးခြားတဲ့ အခြေအနေတွေကို စောင့်ကြည့်ပေးပါ… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Moh Moh Nyein ဆရာရှင့် ကလေးက၂လပါ နို့စို့ရင် ခေါင်းရော လက်တွေခြေထောက်တွေရောချွေးတွေထွက်ပါတယ် ခေါင်းက ချီထားရင်လည်း […]

Read More
To Top