အာဟာရပြည့်ဝစွာ မစားသုံးတတ်သဖြင့် အာဟာရချို့တဲ့မှုအမျိုးမျိုးကို အထူးသဖြင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အများဆုံးခံစားရပြီး အသက်ပါဆုံးရှုံးသည်အထိ အန္တရာယ်ရနိုင်သည်။ သာမန်အမျီုးသမီးတစ်ဦးအတွက် တစ်နေ့ အင်အားဓာတ် ၂၁ဝဝ ကယ်လိုရီ၊ ကြီးထွားဓာတ် ၆ဝ ဂရမ်၊ သံဓာတ် ၁ဝ မီလီဂရမ်နှင့် ဗီတာမင်အေဓာတ် ၅ဝဝဝ IU လိုအပ်သည်။ ကိုယ်ဝန်ဆောင်စဉ် ပို၍လိုအပ်သော အာဟာရများမှာ ကယ်လိုရီ ၂ဝဝ၊ ကြီးထွားဓာတ် ၂ဝ ဂရမ်၊ သံဓာတ် ၅ မီလီဂရမ်နဲ့ ဗီတာမင်အေ ၁ဝဝဝ IU တို့ဖြစ်သည်။ နို့တိုက်မိခင်တစ်ယောက်သည် ကိုယ်ဝန်ဆောင်မိခင်ထက် အာဟာရဓာတ် ပိုမိုလိုအပ်သည်။ ကယ်လိုရီ ၁ဝဝဝ၊ ပရိုတင်း ၄ဝ ဂရမ်၊ သံဓာတ် ၁ဝ မီလီဂရမ်၊ ဗီတာမင်အေ ၁ဝဝဝ IU […]
1. Phyo Phyo ဆရာရှင့် ကလေးက ၅ လပါ။ အရင်ကလို နို့ထွက်မကောင်းလို့ ဘာသောက်သင့်ပါသလဲ။ မိခင်နို့ထွက်များစေဖို့ မိခင်နို့တစ်မျိုးတည်းသာ ဆက်တိုက်ပါ… နှစ်ဖက်လုံးနဲ့ နို့တိုက်ကျွေးပါ… အကြိမ်ရေ စိပ်စိပ်တိုက်ကျွေးခြင်းကလည်း ကလေးစုပ်ယူမှုကြောင့် မိခင်နို့ပိုထွက်စေဖို့ အထောက်အကူဖြစ်စေပါတယ်… မိခင်က ရေများများသောက် အစားအစာ အာဟာရ ပြည့်ဝအောင်စားပါ… တဖြည်းဖြည်း ကလေးအတွက် နို့အလုံအလောက် ထွက်လာပါလိမ့်မယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Ei KS ဆရာ သားသားက ၂၂ရက်သားရပါပြီ။ ချက်ကနည်းနည်းစိုနေသေးလို့ ရေတစ်ခါပဲချိုးပေးရသေးပါတယ်။ ချက်လေးစိုနေတာ ဘာတွေသုံးရမလဲသိချင်ပါတယ်ရှင့်။ ဝါဂွမ်းသန့်သန့်လေးကို ရေနွေးလေးနဲ့ စွတ်ပြီး သန့်ရှင်းရေး ပြုလုပ်ပေးနိုင်ပါတယ်… သန့်ရှင်းရေး ပြုလုပ်ပြီးတဲ့အခါ ချက်ကလေးကို ခြောက်သွေ့အောင် ပြန်သုတ်ပေးရပါမယ်… အောက်က Link မှာ […]
မေး။ ။ ကလေးအစာစားအောင် ဘယ်လိုကျွေးရမလဲ။ ဖြေ။ ။ ကလေးတွေကို အစာစကျွေးစမှာ ဇွန်းနှင့် ခွံ့ကျွေးရပါမယ်။ ဝါးကျွေးတာ မကောင်းပါဘူး။ ဝါးသူရဲ့ ပါးစပ်က အညစ်အကြေး၊ ပိုးမွှားတွေပါတတ်ပါတယ်။ ပိတ်စိမ်းပါးနှင့် တိုက်ကျွေးရာမှာလည်း ပိတ်စိမ်းပါးကို လှမ်းတဲ့အခါ ယင်ကောင်နားနိုင်လို့ မသန့်ပါ။ ဇွန်းနှင့် အစာကိုချေပြီး အထက်ဖော်ပြပါအတိုင်း အရသာရှိအောင် ပြင်ဆင်ကျွေးစေချင်ပါတယ်။ ကလေးတွေကို ကျွေးရာမှာ ဇွန်းနှင့် ပါးစပ်ဖျားတွင် ထည့်ကျွေးပါက ထွေးထုတ်တတ်ပါတယ်။ လျှာအလယ်နားရောက်အောင်ထည့်ကာ ထွေးထုတ်ဖို့ခက်ပါတယ်။ လူကြီးတွေက ကလေးကို ပတ်လက်ပွေ့ထားပြီး သို့မဟုတ် ခြေဆင်းပြီး ကလေးကို လူကြီးခြေအစုံပေါ်တင်ထားပြီး ခေါင်းကို လူကြီးဘက်လှည့်ထားပြီး ကျွေးတတ်ပါတယ်။ အဲဒါလည်း ကလေးရဲ့ လျှာအနောက်ပိုင်းကို တစ်ခါတည်း ထည့်ပေးလိုက်တဲ့ သဘောပါပဲ။ ဒါတောင် တစ်ခါတစ်လေ အော့ထုတ်တတ်ပါတယ်။ ကျွေးတဲ့သူက […]
1. ဆောင်းနှင်း စံပယ် ဆရာရှင့်သားလေးက ၅ လကျော်ပါ။ မျက်စိအရအ်းကြောက်ပါတယ်။ သူ့ရှေ့လက်ခုတ်တီးရင် မျက်စိပုတ်ခတ်ပုတ်ခတ်လုပ်ပါတယ်။ ပျောက်ပါ့မလား စိုးရိမ်လို့ပါရှင့်။ လက်ခုပ်တီးလို့ မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်တာဟာ ပုံမှန် တုံ့ပြန်မှုဖြစ်ပါတယ်… စိတ်ပူစရာ မဟုတ်ပါဘူး… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Myo Lay ဆရာရှင့် ညီမသားသားက ၈ လပါ။ ည ၉ နာရီကနေ မနက် ၆ နာရီလောက်ထိကို ဆီး ၆ ခါလောက် ညတိုင်းသွားပါတယ်။ သိပ်လည်းမအိပ်ပါဘူး စိုးရိမ်ရလားဆရာ။ ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး ထူးခြားတဲ့ လက္ခဏာတွေ မရှိရင်တော့ စိတ်ပူစရာ မရှိပါဘူး… တကယ်လို့ ကလေးဖျားတာ၊ ချမ်းတုန်တာ၊ အီတာ စတာတွေ ရှိရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်… […]
မေး။ ။ ဖြည့်စွက်စာကျွေးတဲ့အခါ ဘာတွေကျွေးရပါမလဲ။ ဖြေ။ ။ ဖြည့်စွက်စာကျွေးတဲ့အချိန် အသက်(၆)လမှာ သွားငုတ်တုတ် လူငုတ်တုတ်ဖြစ်၍ သွားလေးချောင်း၊ နှစ်ချောင်း ပေါက်ပါတယ်။ ဒါကြောင့် ပျော့ပျော့နှင့် အစာကြေလွယ်သော အစာကို ကျွေးရပါမယ်။ ထမင်းရည်ပျစ်ပျစ် စကျွေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကျွေးလို့ရပါတယ်။ ဆား၊ သကြားနည်းနည်းနှင့် နို့မှုန့်ရောပြီး ကျွေးလို့ရပါတယ်။ နို့လိုမျိုး ရှောရှောရှုရှု မျိုလို့မလွယ်တာကြောင့် ကလေးတွေ ထွေးထုတ်တတ်ပါတယ်။ ကြိုးစားပြီး ချော့မော့ကျွေးပါ။ အချိန်ပေးပြီး စိတ်ရှည်စွာ ကျွေးဖို့ လိုပါတယ်။ ဒီအချိန်မှာ ထမင်းရည်ပျစ်ပျစ် သောက်ရမယ်ဆိုတာ သိသွားဖို့ပါ။ လျှာဖျားလေးပေါ်တင်ပြီး ကျွေးရင် ထွေးထုတ်ရလွယ်တာကြောင့် လျှာအလယ်နားရောက်အောင် ကျွေးသင့်ပါတယ်။ ထမင်းရည်ပျစ်ပျစ်ကနေ ဆန်ပြုတ်ကျဲကျဲနှင့် ပဲနီကလေး၊ ပဲဝါကလေးရောပြုတ် သို့မဟုတ် ငါးဆန်ပြုတ်၊ အသားဆန်ပြုတ် တစ်မျိုးပြီး […]
1. Htoo Khant Lin ဆရာရှင့် သားလေးက ၁ နှစ်နဲ့ ၉ လပါ။ သန်ချဆေးတိုက်လို့ရပါလားရှင့်။ ဘယ်လိုဆေးမျိုးတိုက်ရမလဲဆိုတာကို ညွှန်ပြပေးပါအုံးနော်။ ဖြစ်ပွားတဲ့ သန်ကောင် အမျိုးအစားပေါ် မူတည်ပြီး ဆေးတိုက်ပုံမတူညီပါဘူး… အဖြစ်များတဲ့ သန်လုံးကောင် Roundworm အတွက်သန်ချတဲ့အခါ အသက် ၁ နှစ်ကျော် ကလေးအတွက် Mebendazole 100 mg ကို တစ်နေ့ ၂ ကြိမ်နဲ့ ၃ ရက် တိုက်ကျွေးနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Ei Phyu သမီးက ၁ နှစ်ခွဲရှိပါပြီ။ နို့ပွေးပေါက်တာ ၈ လလောက်ထဲက ခုထိမပျောက်ဘူးဆရာ။ ဆေးလိမ်ရင်ခဏတော့ ပျောက်တယ်။ ၁ ရက် ၂ ရက်နေရင် […]
1. ကောင်းခန့် ကျော် ဆရာ ခင်ဗျ။ သားလေးက ၁နှစ်နဲ့၆လပါ။ ကျန်းမာရေးကောင်းပြီ။ ၀ပါတယ်။ ညာဘက် မျက်စိလေးတစ်ဘက်က အတွင်းဘက် တခါတခါ ကပ်ဝင်နေ့လို့. လမ်းညွှန်ပေးကြပါခင်ဗျ။ မျက်စိလို အရေးကြီး အင်္ဂါ အစိတ်အပိုင်းဖြစ်တာကြောင့် စနစ်တကျ စမ်းသပ် စစ်ဆေးဖို့ လိုအပ်ပါတယ်… ပြောတဲ့ ပုံစံအရ ကလေးကို ဆရာဝန်နဲ့ မြန်မြန် သွားရောက် ပြသဖို့ တိုက်တွန်းလိုပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Sann Myat Seim ဆရာရှင့် သမီးလေးက၂လကျော်ပါပြီ။ ခေါင်းမှာ ဂျပ်တည်နေတာ ယားတယ်နဲ့တူပါတယ်။ ကုတ်ကုတ်နေလို့ ဘာဆေးလိမ်ပေးရမလဲရှင့်။ ယားယံနေရင် Calamine Lotion လေးလိမ်းပေးနိုင်ပါတယ်… ဖြစ်တဲ့ ပြဿနာ ပိုတိတိကျကျသိဖို့နဲ့ ကလေးမြန်မြန် သက်သာအောင် အရေပြားအထူးကု […]
1. Mi Thu မင်္ဂလာပါဆရာ သမီးလေးက ရက်က ၁၇ ရက်သားပဲရှိသေးတယ်။ အမေနို့သီးခေါင်းက မရှိတော့ နို့ကိုညှစ်ညှစ်ပီးတိုက်နေရတယ်။ နို့က သိပ်မလိုက်ချင်တော့လို့ နို့မှုန့်ကူ ချင်လို့ ရပါသလား။ ဘယ်လိုနို့မှုန့် အမျိုးအစားကို တိုက်သင့်ပါသလဲဆရာ။ နို့မှုန့်ထက် မိခင်နို့က ပိုကောင်းပါတယ်… ဒါကြောင့် တတ်နိုင်သမျှ မိခင်နို့ကိုပဲ တိုက်ကျွေးဖို့ ကြိုးစားကြည့်ပါ… Flat Nipple ဖြစ်စေ၊ Inverted Nipple ဖြစ်စေ ကလေးကို စမ်းသပ်တိုက်ကျွေးကြည့်ပါ… အများအားဖြင့် ဒီလိုဖြစ်နေတဲ့ အမျိုးသမီးတွေဟာ ကလေးကို မိခင်နို့ တိုက်ကျွေးရာမှာ အဆင်ပြေကြတာကို တွေ့ရပါတယ်… တိုက်ကျွေးတဲ့အခါ မိခင်နို့သီးခေါင်းရဲ့ အပြင်ဖက် Areola ထိ ကလေးရဲ့ ပါးစပ်ထဲကို ရောက်အောင် ပြုလုပ်ပေးပါ… နို့သီးခေါင်း အနည်းငယ် စို့ရလွယ်အောင် […]
၅.၁၂.၁၈ 1. Khin Lay ဆရာကလေးက ၆ နှစ်ကျော်သွားပြီ။ အဆုတ်အားနည်းတယ်။ ရင်ကြပ်လည်းရှိတယ်။ ဘာအားဆေးတိုက်ရမလဲ အလင်းပြပေးပါဆရာ။ စနစ်တကျ စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်ပါတယ်… ဒါတွေမပါဘဲ ဆေးဝါးညွှန်းဆို ကုသလို့ အဆင်မပြေပါဘူး… ရင်ကြပ်ရှိတတ်ရင် ကလေးနဲ့ ဓါတ်မတည့်တဲ့ အစားအစာ၊ အနံ့အသက်စတာတွေကို လေ့လာမှတ်သားပြီး ဒါတွေနဲ့ တတ်နိုင်သမျှ ထိတွေ့မှု မရှိအောင် ဂရုပြုပေးသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Chit Sone ၂ လခွဲကလေးက တစ်နေ့ ဝမ်းဘယ်နှစ်ကြိမ်သွားရင် ပုံမှန်လဲ ဆရာ။ ဝမ်းက အရည်များများနဲ့သွားတာကော ပုံမှန်လား သိချင်ပါတယ်ဆရာ။ ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… အထူးသဖြင့် ၆ လအောက် ကလေးငယ်တွေမှာ ဝမ်းသွားပုံက […]
25.11.18 1. Hla Swe သမီးက ၂ လပါဆရာ။ လျှာမှာ တော်တော်ထူတဲ့အဖြူကွက်ရှိနေပါတယ်။ တချို့က မှတ်ခရုလို့ပြောပါတယ်ဆရာ။ နို့ကောင်းကောင်းမစို့ပါဘူးရှင်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ လျှာမှာ အဖြူတွေ ကပ်နေတာမျိုးရှိရင် သွားပွတ်တံ နုနုလေးနဲ့ (သို့) အဝတ်ကို ရေနွေးနွေးနဲ့ စွတ်ပြီး သန့်ရှင်းပေးပါ… မိခင်နို့ကြောင့် ဖြစ်တတ်တဲ့ အဖြူဖတ်တွေဆို အလွယ်တကူ ဖယ်ရှားလို့ရပါတယ်… တကယ်လို့ အလွယ်တကူ ဖယ်ရှားမရဘဲ ကပ်နေရင်တော့ အတင်းမခွာပါနဲ့… မှိုကြောင့်ဖြစ်တတ်တဲ့ မက္ခရုလို အရာဖြစ်နိုင်ပါတယ်… ဒါဆိုရင်တော့ လိမ်းဆေးလိမ်းပေးရမှာ ဖြစ်တဲ့အတွက် ရောဂါသေချာစေဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး အကြံဥာဏ် ရယူပါ… နို့ကောင်းကောင်း မစို့တာက အဲဒီ အဖြူကွက်တွေကြောင့် ဖြစ်နိုင်ပါတယ်… —————————– 2. မောင် ဖြိုး ဆရာရှင့် […]