ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၉)

1. Moe Nge မင်္ဂလာပါရှင့် သားလေးက ၄ နှစ်ပြည့်ပါတော့မယ်။ မျက်စိက ခဏခဏမှိတ်နေလို့ စိုးရိမ်ရလားရှင် သိပါရစေရှင့် ကျေးဇူးပါ။ အကြောလိုက်သလိုမျိုး ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်… ကလေးကို ဖုန်းအကြာကြီး ပေးဆော့တာ၊ TV အကြာကြီး ပေးကြည့်တာမျိုး ရှောင်ရှားပေးပါ… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Kay Thi 5 လသားလေးအရမ်းချောင်းဆိုးနေတာ ဘာဆေးသောက်သင့်ပါလဲဒေါက်တာ။ ကျေးဇူးပြူ၍ ဖြေပေးစေလိုပါတယ်ရှင့်။ စမ်းသပ်စစ်ဆေးမှု မပါဘဲ ဆေးဝါး ညွှန်းဆို ကုသပေးလို့ မရပါဘူး… ကလေးကို ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်… ပြုလုပ်ပေးနိုင်တဲ့ အရာတွေကတော့ မိခင်နို့ကိုပိုများများ တိုက်ပေးပါ… အအေးမပတ်အောင် ဂရုစိုက်ပေးပါ… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 3. အရိပ် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၈)

1. Athellay 6 လကျော်ကလေးဖျားတဲ့အခါ ဂြိုလ်တုဆောင်ထားချင်လို့ ဘယ်လိုဟာဝယ်ရမလဲရှင်။ အဖျား ကြီးလွန်းတဲ့ အခါ Paracetamol Suppositories လေးတွေ ထည့်ပေးလို့ရပါတယ်… Paracetamol suppositories 125 mg , 250 mg စသဖြင့် ဆောင်ထားနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Athellay ကလေးရင်ကြပ်တပ်လို့ အသီး puree လုပ်ကျွေးတဲ့အခါ ဘယ်အသီးတွေကျွေးလို့ရလဲရှင်။ ရင်ကြပ်နိုင်တဲ့ အစားစာလေးတွေပြောပြပေးပါ Dr။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဓါတ်မတည့်တဲ့ အစားအစာ မတူညီနိုင်ပါဘူး… ကလေး ပုံမှန် စားနေကျ အစားအစာတွေကို စောင့်ကြည့်ပြီး သူနဲ့ ဓါတ်မတည့်တဲ့ အစားအစာ ရင်ကြပ်တတ်တဲ့ အစားအစာတွေကို မှတ်သားထားတာ အကောင်းဆုံး ဖြစ်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၂၁)

မေး။   ။ ကလေးဟာ (၃) နှစ်ရှိတာတောင် နို့စို့နေတုန်းပဲ။ ဒါဟာ ကျန်းမာရေးအတွက် ကောင်းပါ့မလား။ ဖြေ။   ။ နို့မကြာခဏစို့လေ့ရှိသလား။ ဘယ်လောက်ကြာအောင် စို့တတ်သလဲ။ ခဏပဲ စို့တယ်၊ အိပ်ခါနီးအချိန်မှာပဲ နို့စို့တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ တကယ်လို့ ကလေးငယ်ဟာ တစ်နေ့လယ်လုံး မကြာမကြာနို့စို့နေတတ်ပြီး အစာလည်း သိပ်မစား၊ တခြားအရည်လည်း ဘာမှမသောက်ဘူးဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက်(၃)နှစ်အရွယ် ကလေးငယ်ဟာ နို့၊ အချိုရည် စတဲ့ အရည်တွေကို ခွက်နဲ့ကိုင်ပြီး သောက်တတ်နေပါပြီ။ အိမ်သားတွေစားတဲ့ အစားအစာတွေကိုလည်း စားနိုင်နေပါပြီ (ကလေးစားနိုင်တဲ့အရွယ် ကလေးတွေဖြစ်ဖို့တော့ လိုပါတယ်။) နို့ဟာ ကလေးအတွက် အဓိကဖြစ်ပေမယ့် ရေ၊ အချိုရည်လို အခြား အရည်တွေကိုလည်း နေ့စဉ်သောက်သင့်ပါတယ်။ အသား၊ ဥ၊ အသီးအရွက်၊ သစ်သီး၊ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၇)

1. Athellay Dr. ၆ လကာကွယ်ဆေးထိုးရင် ဘိုင်အိုဂျက်စစ် အရည်နဲ့ ဆာရာဆိုတဲ့ ဆေးရည်ဘယ်ဟာတိုက်ရမလဲရှင်။ ပြီးတော့ အများအတွက်မေးပေးတာပါ။ ကလေးမတက်အောင် ဘယ်လိုကာကွယ်ရမလဲ၊ တက်ရင်ရော ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာ ကျေးဇူးပြုပြီး ဖြေပေးပါဆရာရှင်။ ကလေးတွေ ဖျားတဲ့အခါ Paracetamol အရည်ကို ဘယ်တံဆိပ်ဖြစ်စေ သင့်တော်သလို တိုက်ကျွေးနိုင်ပါတယ်… ဈေးကွက်ထဲမှာ Paracetamol တံဆိပ်အမျိုးမျိုး ရှိပါတယ်… ကလေး အပူကြီးပြီး မတက်စေဖို့ အတွက် ကလေးကိုယ်အပူချိန် များလွန်းနေရင် ရေစိုဝတ်လေးနဲ့ ရေပတ်တိုက်ပေးပါ… အထူးသဖြင့် ချိုင်း၊ ပေါင်ခြံ၊ လည်ပင်းစတဲ့ နေရာတွေကို တိုက်ပေးပါ… အင်္ကျီပွပွချောင်ချောင်လေးတွေ ဝတ်ပေးပါ… အဖျားရက်တာရှည်ရင်တော့ ကလေးကို စနစ်တကျ စမ်းသပ်စစ်ဆေးဖို့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. […]

Read More

ချက်ကြိုးအကြောင်းသိကောင်းစရာ

ချက်ကြိုးဆိုတာဘာလဲ ? သန္ဓေသားလေးဟာမိခင်ဝမ်းအတွင်းရှိနေစဉ်မှာသူ့အတွက်လိုအပ်တဲ့အာဟာရနဲ့အောက်စီဂျင်တွေကို မိခင်ရဲ့အချင်းမှတစ်ဆင့်ရရှိပါတယ်…အဲဒီလိုမိခင်ရဲ့အချင်းနဲ့ကလေးကိုဆက်သွယ်ပေးထားတဲ့အဓိကအရာ ကတော့ချက်ကြိုးပါပဲ…အဆိုပါချက်ကြိုးလေးကိုမီးဖွားပြီးချိန်မှာ၂ – ၃စင်တီမီတာလောက်ချန်ပြီး ဖြတ်တောက်ပေးရပါတယ်…   ဖြတ်ထားတဲ့ချက်ကြိုးအငုတ်လေးကကလေးမှာဘယ်လောက်ကြာအောင်ရှိနေမှာလဲ ? ကလေးရဲ့ဗိုက်မှာကျန်နေတဲ့ချက်ကြိုးအငုတ်လေးဟာအများအားဖြင့်၅ရက်မှ၁၅ရက်အတွင်းမှာ တဖြည်းဖြည်းမည်းခြောက်လာပြီးသူ့အလိုလိုကြွေကျသွားတတ်ပါတယ်…ဒီလိုကြွေကျသွားတဲ့အခါကလေးရဲ့ ချက်မှာအနာလေးကျန်ခဲ့တတ်ပြီးဒီအနာလေးကလည်း၇ရက်မှ၁၀ရက်အတွင်း တဖြည်းဖြည်းသက်သာသွားမှာ ဖြစ်ပါတယ်…   သန့်ရှင်းရေးဘယ်လို ပြုလုပ်ပေးရမလဲ? ချက်ကြိုးငုတ်လေးနဲ့ အနီးတဝိုက်ကိုသန့်ရှင်းရေး ပြုလုပ်တဲ့အခါ ညင်ညင်သာသာ ပြုလုပ်ပေးရပါမယ်… – ဂွမ်းသန့်သန့်လေးကိုရေနွေးနွေးနဲ့ ဆပ်ပြာအပျော့စားလေးရောထားတဲ့အထဲမှာ နှစ်လိုက်ပါ… အဲဒီနောက် ဂွမ်းကိုရေညှစ်ပြီးချက်ကြိုးနဲ့ အနီးတဝိုက်မှာရှိတဲ့ အရည်တွေ၊ ညစ်ပေနေတာတွေအကုန် သန့်ရှင်းသွားအောင်  အသာအယာသုတ်ပြီးသန့်စင်ပေးပါ… – သန့်စင်ပြီးသွားတဲ့အခါ ရေခြောက်အောင် တဘက်နုနုသန့်သန့်လေးနဲ့ အသာအယာတို့ပြီးရေသုတ်ပေးပါ…   ချက်ကြိုးအငုတ်လေးအတွက်အထူးဂရုစိုက်မှုတွေလိုအပ်လား? ကလေးရဲ့အရေပြားအပေါ်မှာသဘာဝအတိုင်းရှိနေတတ်တဲ့ဘက်တီးရီးယားပိုးမွှားလေး တွေကြောင့် ချက်ကြိုးအနာမကျက်တာ၊ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်… ဒါကြောင့်ပိုးမဝင်စေဖို့ချက်ကြိုးအငုတ်လေးကိုသန့်ရှင်းပြီးခြောက်သွေ့နေအောင် ထားပေးရပါမယ်…ကလေးရဲ့ချက်ကြိုးအငုတ်လေးကိုမကိုင်တွယ်မီအမြဲတမ်းလက်ကို စင်ကြယ်အောင်ဆေးပေးပါ…ကလေးကို Diaper ဝတ်ပေးတဲ့အခါမှာချက်ကြိုးအငုတ်လေးကို မဖုံးမိအောင်သတိထားပေးပါ…အနှီးလဲလှယ်တဲ့အခါမှာလည်းကလေးရဲ့အညစ်အကြေးတွေနဲ့ ချက်ကြိုးအငုတ်လေးမထိမိအောင်အထူးသတိထားရပါမယ်…မတော်တဆထိမိသွားရင်လည်းရေသန့်နှင့် ဆပ်ပြာအပျော့စားလေးကိုသုံးပြီးအလွယ်တကူဆေးကြောပေးနိုင်ပါတယ်… ဆရာဝန်ညွှန်ကြားချက်မရှိဘဲပိုးသတ်ထားတဲ့ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၂၀)

မေး။   ။ လူကြီးတွေ အသားပတ်သလို အက်ကွဲရာလေးတွေ ကလေးမှာဖြစ်လာပါတယ်။ အသားလေးတွေက တင်းပြီးရဲနေပါတယ်။ ဒါကို ဘယ်လိုကာကွယ်ရပါမလဲ။ လူကြီးတွေသုံးတဲ့ အလှဆီလိမ်းပေးသင့်ပါသလား။ ဖြေ။   ။ ကလေးတွေလည်း လူကြီးတွေလိုပဲ အေးတဲ့ရာသီမှာ အသားပတ်ပြီး ကွဲတတ်ပါတယ်။ အရည်ဝင်တာနည်းနေတာလည်း ပါတယ်။ နို့စို့အရွယ်ဆို နို့များများတိုက်ပါ။ နို့တိုက်ပြီး ကလေးတွေပါးကို ဂွမ်းစိုပတ်လေး wet tissue တွေနဲ့ သုတ်ပေးပါ။ အေးတဲ့ရာသီမှာ ကလေးအသားလေးတွေကို ကလေးခရင်မ် cream (Babi Mild Cream)လေး လိမ်းထားပေးလို့ရပါတယ်။ နို့မတိုက်ခင် ပါးနှစ်ဖက်ကို လိမ်းထားပေးရင် နို့ရည် အသားနဲ့ တိုက်ရိုက်မထိတော့ နို့ပွေးဖြစ်ဖို့နည်းပါတယ်။ လူကြီးတွေသုံးတဲ့ အလှဆီ glacelene လည်း သုံးလို့တော့ရပါတယ်။ နည်းနည်းပူတာပေါ့။ ကလေးတွေရဲ့ နူးညံ့တဲ့အသားအတွက် ကလေးပစ္စည်းတွေပဲ သုံးနိုင်ရင် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၆)

1. Wai Lay ကလေးက ၂ နှစ်ပါ။ တစ်လကို ၃ ခါလောက် ဖျားပါတယ်။ ဘာဖြစ်လို့လဲရှင့်။ ဖျားခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်… ကလေးကို ဆန်ဂျုံ၊ အသီးအရွက်၊ အသားငါး စသဖြင့် အာဟာရ ပြည့်ဝအောင် ကျွေးပေးပါ… ကလေးကို ကျန်းမာရေးလည်း စစ်ဆေးပေးသင့်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. U Zaw Zaw သားသားက 3 လပါ။ ဆီးမသွားလို့ ဘယ်လိုလုပ်ရမလဲပြောပြပါဆရာ။ စိတ်ပူလို့ပါဆရာ။ ဆီးနည်းတာလား၊ သွားရခက်တာလား၊ လုံးဝ မသွားတာလား စသဖြင့် အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ရပါတယ်… ဆီးနည်းတာဆိုရင် ကလေးကို မိခင်နို့များများ တိုက်ကျွေးပေးပါ… ဆီးလုံးဝ နည်းပြီး ကလေးပါ နေမကောင်းတဲ့ ပုံရှိနေရင်တော့ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၁၉)

မေး။   ။ ဆောင်းဦးကာလတွေမှာ ကလေးက နှာရည်အရမ်းထွက်ပါတယ်။ ခဏခဏ သုတ်ပေးရလို့ တစ်ခါတလေ အနာဖြစ်မှာတောင် စိုးရိမ်ရပါတယ်။ အဲဒီအတွက် နှာရည်သုတ်တဲ့အခါ ဘယ်လိုသုတ်ပေးသင့်ပါသလဲ။ တစ်နှစ်ကျော်အရွယ် ကလေးအတွက် နှာစေးမှုကို ဘယ်လိုကာကွယ်ပေးနိုင်ပါသလဲ။ ဖြေ။   ။ ဆောင်းဦးကာလမှ မဟုတ်ပါဘူး။ ရာသီဥတု အပြောင်းအလဲမှာ ကလေးတွေ အအေးမိပြီး နှာရည်ကျတတ်ပါတယ်။ ချွေးနဲ့ အအေးမိတာဖြစ်ဖြစ်၊ ရေချိုးကြာလို့၊ ရေဆော့လို့၊ လေတိုက်ထဲ၊ နှင်းငွေ့ထဲ အဆောင်းမပါဘဲနေမိရင် နှာစေးတတ်ပါတယ်။ ကလေးတွေက နှပ်ချေးမညှစ်တတ်ပါဘူး။ ဒါကြောင့် နှာရည်တွေ ယိုစီးနေတတ်ပါတယ်။ တပို့တွဲလဆိုရင် ‘နှာရည်ယိုရွှဲ တပို့တွဲ’ လို့တောင် ပြောကြပါတယ်။ ကလေးတွေနှာစီးရင် အဝတ်ကြမ်း၊ လက်သုတ်ပုဝါနဲ့ ခဏခဏသုတ်ပေးရင် နှာခေါင်းထိပ် နှာနုနားမှာ အနာဖြစ်တတ်ပါတယ်။ နှာရည်ပူတွေကြောင့်လည်း အသားနုလေးတွေ လောင်သွားတတ်ပါတယ်။ နှာရည်ပူတွေကြောင့်လည်း […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၅)

1. ရှင်း ရှင်း ဆရာရှင့် သမီးလေးက 7 နှစ်ပါ။ အစာမစားလို့ပါ။ အရမ်းပိန်တယ်။ အကြံလေးပေးပါဆရာ။ အစားစားချင်စိတ်ဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်… နောက် ကလေးကို ခုန်ပေါက် လှုပ်ရှား ကစားခြင်းမျိုးကို အားပေးပါ… ဒီလို လှုပ်ရှားတဲ့ ကလေးတွေမှာ အစာစားချင်စိတ် ပိုဖြစ်တတ်ကြပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. ငွေမှုန်နှင်းဆီ ဆရာရှင့် သမီးသားလေးက ဖျားပြီး ချွဲတွေ ကျန်ခဲ့တာ ဆေးတိုက်လည်း မပျောက်ဘူး။ ဘာဆေးတိုက်ရမှာလဲရှင့်။ ၆ လထဲပဲရှိသေးတယ်ရှင့်။ အဖျားပျောက်ကာစမှာ အခုလိုဖြစ်တတ်ပါတယ်… အသက် ၆ လပြည့်ပြီးပြီဆိုရင် ကလေးကို မိခင်နို့နဲ့ ရေများများ တိုက်ပေးပါ… တဖြည်းဖြည်း သက်သာလာပါလိမ့်မယ်… ၃ ပတ်နဲ့အထက် ချောင်းဆိုးနေရင်တော့ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း-၁၈)

မေး။   ။ ကလေးငယ်တွေ သွားထွက်တဲ့အခါ ဘယ်အခြေအနေမျိုးရောက်ရင် သွားတိုက်တံနဲ့ သန့်ရှင်းပေးရမယ်ဆိုတာ သိပါရစေ။ ဖြေ။   ။ ကလေးငယ်တွေ သွားစပေါက်တဲ့အရွယ်က ၆ လသားလောက်ပဲ ရှိပါသေးတယ်။ သွားတစ်ချောင်း၊ နှစ်ချောင်းပဲရှိပါသေးတယ်။ သွားတိုက်ဖို့ မလိုသေးပါဘူး။ နို့ပဲ အများဆုံးသောက်ပါသေးတယ်။ ဖြည့်စွက်အစာကျွေးပေမယ့် ဆန်ပြုတ်လိုမျိုး ကစီရည်ပဲ တိုက်ကျွေးသင့်တဲ့အတွက် သွားတိုက်ဖို့ မလိုသေးပါ။ တစ်နှစ်၊ တစ်နှစ်ခွဲလောက်မှာတော့ လူကြီးစားတဲ့ အစာတွေလည်း စားနေပြီ၊ အသိဥာဏ်လည်း ပိုရှိပြီ။ လူကြီးတွေကိုလည်း အတုယူတတ်တဲ့အရွယ်ဖြစ်လို့ တစ်နှစ်ကျော်လောက်မှာ သွားတိုက်တံနဲ့ သန့်ရှင်းရေးလုပ်ပေးသင့်ပါပြီ။   မေး။    ။ သွားတိုက်ဆေးအမျိုးအစား ရွေးချယ်ရာမှာ သွားခိုင်ခံ့ဖို့အတွက် ဖလိုရိုက်ဓာတ်ပါဝင်တဲ့ သွားတိုက်ဆေးကို သုံးပေးရမလားရှင်။ ဖြေ။    ။ သွားတိုက်ဆေးအမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဖလိုရိုက်ဓာတ်ပါတဲ့ သွားတိုက်ဆေးကတော့ သွားပိုးမစားအောင် […]

Read More
To Top