ဘေဘီလေးတို့အတွက် ဆွေးနွေးရအောင် (အပိုင်း- ၁၁)

မေး။   ။ ကလေးရဲ့ မွေးရာပါဆံပင်ကို ဘယ်အချိန်မှာ ရိတ်သင့်ပါသလဲရှင်။ ဖြေ။   ။ မွေးရာပါဆံပင်ကို ဘယ်အချိန်မှာ ရိတ်မလဲဆိုတာထက် သန့်ရှင်းအောင်ထားဖို့ ခေါင်းလျှော်ဖို့ပဲ အရေးကြီးပါတယ်။ တစ်လမှ ရိတ်ရမယ်၊ တစ်နှစ်မှ ရိတ်ရမယ်လို့  သတ်မှတ်ချက်မရှိပါဘူး။ ကိုယ့်ဓလေ့နဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် ဆောင်းတွင်းလို အရမ်းအေးတဲ့အချိန်မှာ သွားရိတ်ရင်တော့ နှာပိတ်၊ အအေးမိပြီး နို့မစို့နိုင်ဘဲ ဖျားတတ်ပါတယ်။ အချိန်အခါ၊ ရာသီဥတုကိုကြည့်ပြီး ရိတ်လို့ရပါတယ်။   မေး။   ။ ဘယ်လိုလက္ခဏာတွေပြရင် ဥာဏ်ရည်နိမ့်ကလေး ဖြစ်လာတတ်ပါသလဲရှင့်။ ဖြေ။   ။ ဥာဏ်ရည်နိမ့်တဲ့ ကလေးတွေဟာ အများအားဖြင့် ခေါင်းသေးတာ တွေ့ရတတ်တယ်။ တစ်လခွဲ၊ နှစ်လလောက်မှာ မြှူရင်ပြုံးတတ်ရမှာပါ။ မပြုံးတတ်ရင် ဖွံ့ဖြိုးမှုမရှိဘူး။ ခေါင်းခိုင်သင့်ချိန်မှာ မခိုင်ဘူး။ မထိုင်ဘူးဆိုရင် ဥာဏ်ရည်နိမ့်မယ့် ကလေးတို့ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း – ၁၀)

မေး။    ။ကလေးတွေ ဘယ်အရွယ်မှာ ဖြည့်စွက်စာ ကျွေးသင့်ပါသလဲ။ ဘယ်လိုအစာမျိုးကို အဓိကထားကျွေးရပါမလဲ။ ဖြေ။    ။ကလေးခြောက်လအရွယ်မှစ၍ ဖြည့်စွက်စာကျွေးရမှာ ဖြစ်ပါတယ်။ ခြောက်လ   အောက်ကလေးကိုတော့မိခင်နို့တစ်မျိုးတည်းသာ တိုက်ရပါမယ်။   ဖြည့်စွက်စာ ဘယ်လိုကျွေးရမလဲဆိုရင်- ၁။ ဆန်ပြုတ် သို့မဟုတ် ဆန်နှင့် ပဲ၊ ငါးတစ်မျိုးမျိုး ရောပြုတ်ပြီး ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၍ တစ်နေ့နှစ်ကြိမ် အနည်းဆုံးကျွေးပါ။ ၂။ ထမင်းပျော့ပျော့ကို ဆီဆမ်းပြီး ငါး၊ ပုဇွန်၊ အစို၊ အခြောက် သို့မဟုတ် ပဲ သို့မဟုတ် ချေထားသော အသားတစ်မျိုးမျိုးကို ရော၍ တစ်နေ့နှစ်ကြိမ်မှ သုံးကြိမ်အထိ ကျွေးပါ။ ၃။ ငှက်ပျောသီး၊ ဘိန်းမုန့်၊ စာကလေးခွေ၊ မုန့်စိမ်းပေါင်း၊ မတ်ပဲကြော် စသည့် ကြေလွယ်၍ အာဟာရဖြစ်မည့် အစားအစာများကို ကြားအချိန်တွင် […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း- ၉)

မေး။    ။ဆရာမရှင့် ကျွန်မကလေးကို မိခင်နို့ပဲတိုက်ပါတယ်။ ကျွန်မအတွက် ဗီတာမင်ဆေးတွေ သောက်ပေးဖို့ လိုပါသလား။ ဖြေ။    ။မွေးစက ခြောက်လအထိကတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်ပါတယ်။ မိခင်အစားအစုံ (ဟင်းသီးဟင်းရွက်၊ အသားငါး) စားသင့်ပါတယ်။ ဝမ်းနူးမယ့်အစာမျိုးတော့ မစားသင့်ပါ။ (ဥပမာ – အသုပ်၊ မုန့်ဟင်းခါး၊ ချဉ်ပေါင်ကြော်)။ မိခင် အားဆေးသောက်ရင် သောက်နိုင်ပါတယ်။ ဥပမာ – Obimin ကဲ့သို့ အားရှိမယ့် အရည် (Ovaltine, Milk, Holick) တို့ သောက်သင့်ပါတယ်။   မေး။    ။ကျွန်မကလေးငယ် မျက်လုံးထဲမှာ မျက်ရည်လေးတွေ အမြဲထွက်နေပါတယ်။ ဘာလုပ်ရပါမလဲ။ ဖြေ။    ။မွေးစကလေးငယ်တချို့မှာ မျက်ရည်တွေ အမြဲထွက်နေတတ်တယ်။ တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (အပိုင်း- ၈)

ကလေးငယ် ဝမ်းသွားတဲ့အခါ သွေးပါမယ်ဆိုရင် ဘာလုပ်သင့်ပါသလဲရှင်။ ကလေးငယ်များ ဝမ်းသွားရင် သွေးပါနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ – ဝမ်းသွားပြီး ချွဲနှင့် သွေးပါလျှင် ဝမ်းကိုက်ခြင်းဖြစ်တာကြောင့် တတ်ကျွမ်းသော ကလေးဆရာဝန်တစ်ယောက်နှင့်ပြပါ။ ဆေးမြီးတိုနှင့် မကုရ။ – ဝမ်းပျက်ဝမ်းသွားနေရာမှ ဝမ်းတွင်းသွေးပါလာမယ် (red current jelly) jelly တုံးမျိုး သွေးပါလာပါက အူတစ်ခုထဲတစ်ခု ကျွံဝင်သွားခြင်း (Intussusception) ဖြစ်၍ ဆေးရုံသို့ အမြန်သွားမှ ကယ်နိုင်ပါမယ်။ ဒီကလေးမျိုး အန်လာတယ်၊ ဗိုက်ဖောင်းလာနိုင်ပါတယ်။ အသက်ခြောက်လပတ်ဝန်းကျင်မှာ အဖြစ်များပြီး ဆောင်းတွင်းအခါ အဖြစ်များပါတယ်။ – ဝမ်းသွားတဲ့အခါ သွေးတွေဝမ်းနှင့်မရောဘဲ သီးသန့်ထွက်ပါက Rectal Polyp ခေါ် စအိုထဲ၌ မွေးရာပါ အသားပိုလုံးရှိလျှင် ထွက်လာတတ်ပါတယ်။ ကလေးများမှာ လိပ်ခေါင်းရောဂါ ဖြစ်ခဲပါတယ်။ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၂၀)

1. Ahine Mae ဆရာရှင် သားလေးက ၃ လထဲမှာပါ။ တစ်ခါတလေ ဝမ်းသွားရင် အမြှုပ်တွေ ပါနေပါတယ်။ အမြဲတမ်းတော့မဟုတ်ဘူး။ စိုးရိမ်ရလားရှင့်။ အမြှုပ်ပါတဲ့ ဝမ်းသွားခြင်းက ကလေးတွေမှာ ရှိတတ်ပါတယ်… ကလေး နေမကောင်းဖြစ်နေတဲ့ လက္ခဏာမျိုး မရှိရင်၊ ဝမ်းသွားတဲ့ပမာဏ မများရင် ယေဘုယျအားဖြင့် စိတ်မပူရပါဘူး… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Myo Chit မင်္ဂလာပါ ဆရာသားသားက ၁ နှစ်ထဲမှာ။ ညဆို ၁၅ မိနစ်တခါထတယ်။ ဟိုလိမ့် ဒီလိမ့် ဘာဖြစ်တာလဲရှင့်။ ကလေး အိပ်စက်တဲ့ ပတ်ဝန်းကျင်ကို အပူအအေးမျှတအောင်၊ သက်တောင့်သက်သာ ရှိအောင် ပြုလုပ်ထားပေးပါ… အိပ်ယာ နိုးစေတဲ့ အကြောင်းရင်းကို သိအောင် ရှာဖွေကြည့်ပါ… ယားယံနေလို့လား၊ ပူလို့လား၊ […]

Read More

မိခင်နို့၏ အာဟာရ

– မီးဖွားပြီး ပထမတစ်ရက်၊ နှစ်ရက်အတွင်းထွက်သော နို့(နို့ဦးရည်)သည် အာဟာရဓာတ်များ ကြွယ်ဝသည့်အပြင်၊ ရောဂါခုခံစွမ်းအားဓာတ်များ ပါဝင်သဖြင့် ကလေးအား တိုက်ဖြစ်အောင် တိုက်သင့်သည်။ – မွေးစရင်သွေးငယ်တစ်ယောက် စံချိန်မီ ကြီးထွားဖွံ့ဖြိုးနိုင်စေရန် မိခင်နို့တွင် ပရိုတင်း (ခေါ်) ကြီးထွားဓာတ်များ အလုံအလောက် ပါဝင်နေသည်။ – နွားနို့၊ ကျွဲနို့၊ ဆိတ်နို့တို့တွင် ပါဝင်နေသည့် ပရိုတင်းဓာတ်ပမာဏသည် များလွန်းသဖြင့် မွေးစရင်သွေးငယ်အား တိုက်ကျွေးလျှင် ကလေး၏ ကျောက်ကပ်ကို အန္တရာယ်ပြုနိုင်သည်။ – မိခင်နို့တွင် အဆီဓာတ်၊ သကြားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များလည်း အလုံအလောက် ပါဝင်သည်။ – မိခင်နို့သည် နွားနို့၊ ကျွဲနို့၊ ဆိတ်နို့စသည့် တိရစ္ဆာန်နို့များထက် ပို၍အစာကြေလွယ်သည်။   နို့တိုက်မိခင် အာဟာရပြည့်ဝအောင်စားပါ – မိခင်သည် အာဟာရပြည့်ဝသည့် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၉)

1. Moe Gyi Naing Gyi ခြေဖ၀ါး လက်ဖ၀ါးလေးတွေပူနေတာဘာလုပ်ရလဲဆရာ။ ဆယ်လထဲမှာ နဲနဲအသားအရေပျော့နေလို့ ဘာအားဆေးတိုက်ရမလဲရှင့်။ ကလေးရဲ့ ကိုယ်အပူချိန်ကို တိုင်းတာကြည့်ပါ… သတ်မှတ်အပူချိန်ထက် မပိုရင်၊ မဖျားနေရင် ပြဿနာ မရှိပါဘူး… အသားအရေကလည်း ကလေးဆိုတာ နူးညံ့တဲ့ သဘာဝရှိပါတယ်… စိတ်မပူပါနဲ့… အစာအာဟာရကို စုံလင်စွာ ကျွေးမွေးပေးရင် အားဆေး မတိုက်လည်း ရပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Htike Lay မင်္ဂလာပါဆရာရှင့် သမီးကလေးက သုံးလပါဆရာ။ ကလေးက ဝမ်းအရမ်းချုပ်တယ်ဆရာ။ ၅ ရက်လောက်နေမှ တစ်ခါသွားတာ မိခင်ကလည်း အစားမရှောင်ပါဘူး။ ဘာလုပ်သင့်ပါသလဲရှင့်။ နို့ထွက်နည်းတော့ နို့မှုန့်ကူရပါတယ်ရှင့်။ အဲ့ဒါနဲ့ဆိုင်လားမသိဘူးရှင့်။ ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံမတူညီကြပါဘူး… အထူးသဖြင့် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၈)

1. Maylwin Oo ဆရာရှင့် ကလေးရဲ့အသားရေက ဘယ်အချိန်မှာ ပုံမှန်ဖြစ်ပါသလဲ။ သမီးလေးက အခုမှ ၁ လပါ။ ဘာကို မေးချင်သလဲ မရှင်းလင်းပါဘူး… အသားအရည်ဆိုတာ လူကြီးတောင်မှ ပြောင်းလဲမှု ရှိနိုင်ပါတယ်… ကလေး လက်ရှိ ဘာဖြစ်နေသလဲ ပေါ် မူတည်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Chaw Su ဆရာရင့် သားသားက ၁ နှစ်နဲ့ ၉ လပါ။ မွေးရာပါ အမှတ်မဲမဲကြီးက လက်မပြားလောက်ရှိပါတယ်။ နောက်စိအောက်ဘက်နားမှာပါ။ အဲဒါ ဦးနှောက်တို့၊ တခြားဟာတို့ စိုးရိမ်ရပါသလားဆရာ။ အရေပြားဆိုင်ရာ ပြဿနာ ဖြစ်တဲ့အတွက် ဖြစ်နေတဲ့ ပုံစံ၊ အနေအထား၊ အရောင် စသဖြင့် စနစ်တကျ စစ်ဆေးဖို့ လိုအပ်တဲ့ အတွက် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၁၇)

1. Toung Fha Shai ဆရာရှင့် ကလေးက ၁၀ လထဲမှာပါ။ ခုထိ ညာခြေ၊ ညာလက်မသန်၊ ညာမျက်လုံး တစ်ခါတလေစောင်းနေလို့ ဘာလုပ်ပေးသင့်လဲ၊ ဘယ်ဆရာဝန်နဲ့ပြရမလဲရှင့်။ ကလေးအထူးကု ဆရာဝန်နဲ့ စနစ်တကျ ပြသကြည့်ပါ… စောစောပြသဖို့ တိုက်တွန်းလိုပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 2. Thanzin Cho ဆရာရှင့် သားလေးက ၂ နှစ်ပြည့်ဖို့ ၁ လပဲလိုပါတော့တယ်။ သန်ချဆေးတိုက်လို့ရပြီလား သိချင်ပါတယ်ရှင့်။ ကလေး တစ်နှစ်ပြည့်ပြီးရင် ၆ လတစ်ကြိမ် သန်ချဆေးတိုက်ကျွေးပေးသင့်ပါတယ်… ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုပေးပါ… လက်သည်းခြေသည်း သန့်ရှင်းရေး၊ အစားအစာ သန့်ရှင်းရေး စတာတွေကို ဂရုပြုပါ… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild —————————– 3. May […]

Read More

သားသမီးအတွက် အချိန်ပေးပါ။

ဒေါက်တာ မောင်သင်း နောက်ဆုံးဆိုပေမယ့် အထူးသတိပြုလုပ်ဆောင်ရမယ့် အချက်ပါ။ ကလေးတွေအတွက် အချိန်များများပေးပါ။ သားသမီးကို သူများနဲ့ (အထူးသဖြင့် ကျူရှင်နဲ့) လွှဲအပ်မထားပါနဲ့။ ကလေးတွေအဖို့ မိဘနဲ့ နရတဲ့အချိန်ဟာ အပျော်ဆုံး၊ အသာယာဆုံးအချိန်ဖြစ်တာမို့ အဲဒီလို မှတ်ယူသွားအောင် မိဘများက သားသမီးနှင့်နေဖို့ များများပေးပါ။ ဒါမှ မိဘနဲ့အနေနည်းလို့ အားငယ်မှုတွေမရှိသလို ကလေးစိတ်ကူးစိတ်သန်း၊ စိတ်ဝင်စားမှုနဲ့ ပုံဖော်မှုတွေကို မိဘတွေ အားပေးဖို့ အချိန်ပိုရပါတယ်။ သူတို့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ရာမှာ မိသားစုတစ်ခုလုံးလည်း ပါဝင်ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ သင့်ကလေးရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဖွံ့ဖြိုးမှုတွေကို သင်မြင်ပြီး ဖည့်နိုင်မှာ၊ ပင်နိုင်မှာပါ။ ကလေးဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့အတွက် မိဘရဲ့ အားပေးမှုထက် ပိုကောင်းတဲ့အားဆေး ဒီကမ္ဘာမှာ မရှိနိုင်ပါလို့ ဆိုပါရစေ။ အလုပ်များတဲ့ ကျွန်တော်တို့ […]

Read More
To Top