ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၆၂)

1. အိမ်ထောင်ရှိသည် ကလေးကမွေးပြီး၁၅ရက်ရှိပါပြီ။ ချက်မကြွေသေးဘူးဆရာရှင့်။ စိုးရိမ်ရပါသလားရှင့်။   ဒီထက်ထူးခြားမှု မရှိရင် စိတ်မပူရပါဘူး… ချက်ကြိုးအကြောင်းကိုအောက်က Link မှာရှိတဲ့ ဆောင်းပါးလေးမှာဖတ်ကြည့်ပေးပါ… http://babimildmomsclub.com.mm/?p=5971   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild   ——————————- 2. HlaingHlaing ကျွန်မသမီးအကြောင်းမေးချင်လို့ပါ။ ကလေးက၈လထဲမှာပါ။ ကလေးမျက်စိကသူငယ်အိမ်စောင်းနေတယ်လို့သူနာပြုဆရာမကပြောလို့ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။ သူငယ်အိမ်စောင်းတာမွေးရာပါလား၊ တခြားအကြောင်းကြောင့်ဖြစ်ရတာလဲဆိုတာသိချင်ပါတယ်ဆရာ။  ကလေးကလည်းဟိုကြည့်ဒီကြည့်ဖြစ်တော့ဝေခွဲမရဖြစိနေပါတယ်။ ကုသမှုလုပ်မယ်ဆိုဘယ်လိုဆရာဝန်နဲ့ပြရမှာပါလဲ။ ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါဆရာ။   မျက်စိအထူးကုဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်… အရေးကြီးအင်္ဂါ အစိတ်အပိုင်း ဖြစ်တာကြောင့် စနစ်တကျ ပြသပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်…   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild   ——————————- 3. Thae Tone May May ဆရာရှင်အိမ်နားကကလေး၃နှစ်ရှိပါပြီ။ စကားခုထိမပြောသေးလို့ စိုးရိမ်ရလားဖြေပေးပါ။   ဒီအရွယ်ထိစကားသေချာမပြောသေးရင် […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (၂၉)

မေး။   ။ ကလေးနို့မဝတဲ့အခါ နို့ဘူးတိုက်လို့ ရပါသလား။ ဖြေ။   ။ မိခင်နို့ကိုခဏခဏပေးစို့လျှင် နို့ထွက်များလာပြီးကလေးနို့ဝလာမှာပါ။ ကလေးကို နို့မတိုက်ခင် မိခင်ကအရည်များများသောက်ပါ။ နို့၊ ကော်ဖီတို့ သောက်လို့ရပါတယ်။ မိခင်နို့သာကလေးအတွက် အကောင်းဆုံးမို့ မိခင်နို့သာတိုက်ပါ။ ကလေးနို့စို့ပြီးရင် ကျန်နေတဲ့နို့ကိုညှစ်ထုတ်ပေးလိုက်မှသာ နို့အပြည့်ပြန်ဖြစ်ပါမယ်။ ညှစ်မထုတ်လိုက်ပါက နို့တစ်ဝက် (သို့မဟုတ်) နေရာရှိသလောက် နို့ပြန်ဖြစ်ပြီး နို့ထွက်နည်းသွားတတ်ပါတယ်။ နို့ဘူးမတိုက်သင့်ပါ။ နို့ကိုညှစ်ပြီးဇွန်းနှင့် တိုက်နိုင်ပါတယ်။   မေး။   ။ နို့တိုက်နေသောမိခင် အစားရှောင်ဖို့ လိုပါသလား။ ဖြေ။   ။ အစားရှောင်ဖို့ မလိုပါ။ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးအစိုအခြောက် အကုန်စားပါ။ သို့မှသာအာဟာရပြည့်ဝသောကလေးငယ်များ ဖြစ်လာမှာပါ။   မေး။   ။ နို့တိုက်မိခင် အစားရှောင်ပါကဘာဖြစ်တတ်သလဲ။ ဖြေ။   ။ နို့တိုက်မိခင် အစားရှောင်ရင် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၆၁)

1. Angel Queen ဆရာရှင့်သားကြီးက၉လကျော်ပါပြီ။ နေ့လည်ခင်းတွေအစာပြေဘာမုန့်တွေကျွေးလို့ရသေးလဲ။ ရှင့်ကြက်သားဘီစကစ်နဲ့အနှစ်မပါတဲ့ပါမု့န့်တွေကျွေးလို့မရတော့လို့ပါရှင့်။   ဒီအရွယ်မှာ ဘာကျွေးရမယ်၊ ဘာမကျွေးရဘူးလို့ အထူးတလည် သတ်မှတ်ထားခြင်း မရှိပါဘူး… အာဟာရ မျှတအောင် ကျွေးပေးဖို့တော့ လိုအပ်ပါတယ်… နောက်ပြီး ကလေးကို သူကြိုက်တတ်တဲ့၊ ကြိုက်နိုင်မယ့် အစားအစာနဲ့ အာဟာရ ပြည့်စုံ မျှတစေမယ့် အစားအစာ မျှတပြီး ချော့ကျွေးပေးဖို့လည်း လိုပါတယ်… အစာစားချင်စိတ် ပိုဖြစ်စေဖို့ Lysine ပါဝင်တဲ့ အားဆေး တိုက်ကျွေးပေးနိုင်ပါတယ်… ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 2. Yadi Lay သားသားက၄လခွဲရှိပါပြီ။ လက်လေးတေနဲ့ဗိုက်နားလေးတေမှာဘုလေးတေပေါက်နေလို့ပါ။ ယားဘုလိုမျိုးလေးတေနားအနောက်လေးတေဆိုလက်ကလေးနဲ့ကုတ်တာရဲနေတာပဲ။ ဘယ်လိုလုပ်ပေးရမလဲရှင့်။ အမြန်ပျောက်အောင်။   ကလေး ယားယံနေတဲ့ ပုံစံမျိုး ရှိရင် Calamine Lotion လေး လိမ်းပေးနိုင်ပါတယ်… […]

Read More

အဖျားကြီးပြီးတက်သောကလေးငယ်ကိုဘယ်လိုပြုစုရပါမလဲ

အဖျားကြီးပြီးတက်သောကလေးကိုဘယ်လိုပြုစုရမလဲဆိုရင် ဒီကလေးတက်ရသည်မှာအဖျားကြီးလို့ဖြစ်တာကြောင့် အဖျားကျအောင် လုပ်ရပါမယ်။ တက်နေသောကလေးကိုဘေးစောင်းထားပါ။ အန်ဖတ်မစို့အောင်လို့ပါ။ ပူခြစ်နေသောခေါင်းကိုအေးနေသောရေဝတ်နှင့် ခေါင်းမှစပြီးသုတ်ပါ။ အထူးသဖြင့် ခေါင်းကိုအေးအောင် လုပ်ရပါမယ်။ တက်နေပြီဆိုရင် ခေါင်းကိုအေးအောင် လုပ်ရုံတင်မကဘူး၊ နီးရာဆရာဝန်ဆီသွားရပါမယ်။ အတက်ကျအောင် စအိုမှဆေးသွင်းပြီးလုပ်ရပါမယ်။   အဖျားကြီးပြီးတက်တတ်တဲ့ကလေးကိုဖျားရင် ဘယ်လိုဝတ်စားပေးရမယ်၊ ဘယ်လိုပတ်ဝန်းကျင်မှာထားရမလဲပြောပြီးပါပြီ။ အဖျား ၁ဝ၁-၁ဝ၂ ဖြစ်လာလို့ရှိရင် မတက်အောင် ရိုးရိုးရေနှင့် ခေါင်းလောင်းချိုးသင့်ပါတယ်။ ရေခဲရေနှင့်တော့ ရေဖတ်မသုတ်ရဘူး။ ရေခဲရေကြောင့် အရေပြားရှိသွေးကြောလေးတွေ ကျဉ်းသွားပြီးပိုအဖျားတက်လာကာပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ရိုးရိုးရေနှင့်ပဲရေချိုးရေဖတ်သုတ်ပါ။   ကျွန်မတို့လူမျိုးတွေကကလေးငယ်တွေကိုရေဖတ်သုတ်ခိုင်းရင် မလုပ်ရဲကြဘူး။ အထူးသဖြင့် ခေါင်းကိုရေဖတ်သုတ်ခိုင်းရင် နဖူးလောက်ပဲတင်ကြတယ်။ ခေါင်းကိုမသုတ်ရဲကြဘူး။ ငယ်ထိပ်မပိတ်သေးတဲ့ကလေးဆိုငယ်ထိပ်ပေါ် အေးနေတဲ့ ရေဝတ်တင်ပေးတာအပူပိုထွက်ပြီးကိုယ်ပူအေးမြန်ပါတယ်။   ကိုယ်ပူကြီးတဲ့ကလေးကိုရေလောင်းချိုးခိုင်းရင် ခြေဖျားကစလောင်းကြတဲ့အတွက် ခေါင်းပိုင်းပိုပူလာပြီးရေချိုးနေလျက်နဲ့ တက်သွားတတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပူလို့ ရေလောင်းရင် ခေါင်းမှ စလောင်းရမှာ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၆၀)

1. မဝေဝေလွင် ဆရာရှင့်သားလေးက၆လပါ။ အိပ်တဲ့အခါနာရီနည်းနည်းပဲအိပ်ပါတယ်။မိနစ်၂၀လောက်အိပ်ပြီး၃နာရီလောက်မှပြန်အိပ်ပါတယ်။အိပ်တဲ့အားဆေးကျွေးစရာလိုမလား။ဘာဆေးတိုက်ရမလဲသိချင်လို့ပါ။ပြန်ဖြေပေးပါနော်။   အိပ်တဲ့ အားဆေးရယ်လို့ မရှိပါဘူး… ဗီတာမင် စုံလင်တဲ့ အားဆေးတစ်မျိုးမျိုး တိုက်ကျွေးလို့ရပါတယ်… ၃လမှ၆လအထိကလေးအိပ်စက်ခြင်းဆိုင်ရာ ဆောင်းပါးလေးကို အောက်က ပေးထားတဲ့ Link မှာဖတ်ရှုပေးပါ… https://www.facebook.com/BabiMildMyanmar/photos/a.954392134587165.1073741827.948971191795926/1557381844288188/?type=3   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 2. Yu Ki 10 လက​လေးကမိတ်​ကြီးနာ​တွေ​ပေါက်​​နေတာဖျားလဲမဖျားပါဘူး။ အစား​လေး​တော့စားတာနည်းသွားပါတယ်​။ ဘယ်​လိုလုပ်​ရမလဲရှင့်​။   ယားယံနေတာအတွက် Calamine Lotion လေး လိမ်းပေးနိုင်ပါတယ်… အရေပြားပြဿနာ ဖြစ်လို့ စနစ်တကျ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်တာကြောင့် မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်…   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 3. ချိုတေး သီ ဆရာရှင်သားသားက ၆ လပြည့်ပါပြီ။ […]

Read More

ဘေဘီလေးတို့အရေး ဆွေးနွေးရအောင် (၂၈)

မေး။   ။ (၆)လထက်ငယ်ပါက ထမင်းကျွေး၍ မရဘူးလား။ ဖြေ။   ။ တချို့မိခင်တွေက ရက်သားကစပြီး ကလေးဝမ်းအေးအောင် ထမင်းဝါးခွံကြပါတယ်။ ဒီအပြုအမူ မှားပါတယ်။ ထမင်းကို အစာခြေနိုင်တဲ့ အမိုင်လေ့(စ်)အင်ဇိုင်း (amylase enzyme) ကလေးမှာမရှိသေးခင် အတင်းကျွေးပါက မျိုချတာပဲရှိပါမယ်။ ဝမ်းသွားတဲ့အထဲ ပါသွားလို့ အကျိုးမရှိပါ။ မိခင်ပါးစပ်၊ ဝါးခွံသူပါးစပ်က မသန့်သောပိုးမွှားရောဂါများသာ ကူးစက်နိုင်ပါတယ်။ (၆)လကျော်ရင် အစာခြေနိုင်သော enzyme ထွက်ပြီမို့ ကျွေးလို့ရပါပြီ။   မေး။   ။ ထမင်း ဘယ်တော့ကျွေးရမလဲ။ ဖြေ။   ။ ဆန်ပြုတ်ကျွေးရာမှ သွားလေးများပေါက်လာပြီး (၈)လကျော်ပါက ထမင်းပျော့ပျော့နှင့် ငါးပေါင်း၊ ငါးကြော်၊ ဟင်းချိုရည်လေးနဲ့ ကျွေးလို့ရပါပြီ။   မေး။   ။ သွားပေါက်နောက်ကျလို့ ကလေးကို ထမင်းမကျွေးနိုင်တာ ဘယ်လိုလုပ်ရမလဲ။ […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၉)

    1. Thidar Khine ဆရာရှင့်သားလေးကတစ်လနဲ့တစ်ဆယ့်ခုနှစ်ရက်သားလေးပါ။ နေ့တိုင်းနှာချေပါတယ်။ ပြီးတော့ ခြေဖျားလက်ဖျားလေးတွေလည်းအမြဲမဟုတ်ပေမယ့် အေးအေးနေတတ်ပါတယ်စိုးရိမ်ရပါလားရှင်။   နှာချေခြင်းကို တွေ့ရခြင်းဟာ ကလေးရဲ့ တုံ့ပြန်မှု စနစ်ကောင်းမွန်ကြောင်းပြသတဲ့ ကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်… ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းလေးဟာ သေးငယ်လှတဲ့အတွက် လူကြီးတွေထက်ပိုပြီး လမ်းကြောင်းထဲဝင်လာတဲ့ ဖုန်မှုန့်၊ နို့၊ အကျိအချွဲတွေကို ပိုခံစားသိရှိတဲ့အတွက် လူကြီးတွေထက် ပိုနှာချေတတ်ပါတယ်… ဒါဟာ စိတ်ပူစရာမဟုတ်ဘဲ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်… နှာချေခြင်းအပြင်၊ နှာစေးခြင်း၊ ဖျားနာခြင်း စတာတွေ ရှိရင်တော့ ကလေးကို ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်…   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 2. ချို မာဝင်း ဆရာရှင့် ကျွန်မသမီးလေးက မွေးစက ဆံပင်အရမ်းထူပြီး ဆံပင်ကောင်းပါတယ်။ အခု […]

Read More

ဖြည့်စွက်စာကျွေးတဲ့အခါ ဘာတွေကျွေးရပါမလဲ။

ဖြည့်စွက်စာကျွေးတဲ့အချိန် အသက်(၆)လမှာသွားငုတ်တုတ် လူငုတ်တုတ်ဖြစ်၍ သွားလေးတစ်ချောင်း၊ နှစ်ချောင်းပေါက်ပါတယ်။ ဒါကြောင့် ပျော့ပျော့နှင့် အစာကြေလွယ်သောအစာကိုကျွေးရပါမယ်။ ထမင်းရည်ပျစ်ပျစ် စကျွေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကျွေးလို့ရပါတယ်။ ဆား၊ သကြားနည်းနည်းနှင့် နို့မှုန့်ရောပြီးကျွေးလို့ရပါတယ်။ နို့လိုမျိုးရှောရှောရှူရှူ မျိုလို့မလွယ်တာကြောင့် ကလေးတွေ ထွေးထုတ်တတ်ပါတယ်။ ကြိုးစားပြီးချော့မော့ကျွေးပါ။ အချိန်ပေးပြီးစိတ်ရှည်စွာကျွေးဖို့လိုပါတယ်။ ဒီအချိန်မှာထမင်းရည်ပျစ်ပျစ် သောက်ရမယ်ဆိုတာသိသွားဖို့ပါ။ လျှာဖျားလေးပေါ် တင်ပြီးကျွေးရင် ထွေးထုတ်ရလွယ်တာကြောင့် လျှာအလယ်နားရောက်အောင် ကျွေးသင့်ပါတယ်။ ထမင်းရည်ပျစ်ပျစ်ကနေဆန်ပြုတ်ကျဲကျဲနှင့် ပဲနီကလေး၊ ပဲဝါကလေးရောပြုတ်၊ သို့မဟုတ် ငါးဆန်ပြုတ်၊ အသားဆန်ပြုတ် တစ်မျိုးပြီးတစ်မျိုးအရသာပြောင်းပြီးကျွေးရပါမယ်။ နေ့စဉ်တစ်မျိုးတည်းကျွေးပါကကလေးမစားချင်တော့ပါ။ ဆီကျက်လုပ်ထားပြီးစားခါနီးမှာဇွန်းသေးတစ်ဇွန်းစာထည့်ပါကကယ်လိုရီပိုရပါသည်။ တချို့လူတွေက Ready Made အစားအစာတွေ ကျွေးကြပါတယ်။ ရတော့ရပေမယ့် ပိုက်ဆံအပိုကုန်ကျပါသည်။ တစ်ခါတလေအဆင်မပြေရင် ဝမ်းပျက်ခြင်း၊ ချွဲထခြင်းတွေ ဖြစ်တတ်ပါတယ်။ ကလေးစားအောင် အချိုလွန်ကဲထားလို့ပါ။ ကိုယ့်မြန်မာလူမျိုးတွေကထမင်းအဓိကစားတာမို့ ဆန်နှင့်လုပ်ထားသော ဖြည့်စွက်စာကျွေးတာကောင်းပါတယ်။ ဆန် […]

Read More

ဒေါက်တာ Mild နှင့် အမေးအဖြေ (အပိုင်း – ၁၅၈)

1. Rose Love ဆရာရှင့်သမီးလေးက၃နှစ်နဲ့၁လပါ။ နှုတ်ခမ်းမှာအနာဖြစ်နေပါတယ်။ ဆရာစစအရေကြည်ဖုလေးကနေပွားပြီးပုံထဲကလိုဖြစ်နေပါတယ်။ ရေယုန်ပေါက်တယ်ဆိုတာဟုတ်ပါသလား။ ဘာဆေးများသုံးရမလဲညွှန်ကြားပေးပါဦးရှင့်။ ကျေးဇူးပြုပြီးဖြေပေးပါဦးရှင့်။   စမ်းသပ် စစ်ဆေးမှု မပါဘဲအဝေးကနေဆေးဝါးညွှန်းဆိုကုသလို့ မရတဲ့အတွက် အရေပြားအထူးကုဆရာဝန်နဲ့ ဖြစ်စေကလေးအထူးကုဆရာဝန်နဲ့ဖြစ်စေ ပြသဖို့ တိုက်တွန်းလိုပါတယ်… လိမ်းဆေး၊ သောက်ဆေးစတာတွေ လိုအပ်နိုင်ပါတယ်…   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 2. KhetWaiNaing ကလေးကခေါင်းချွေးတေတအားထွက်ပါတယ်။ ပြီးတော့အီးအီးကလည်းတဗျစ်ဗျစ်နဲ့အမြဲလိုလိုထွက်ပါတယ်။ ၄လခွဲပါစိုးရိမ်ရပါလား။   ချွေးထွက်များတဲ့ အခါမျိုးမှာအရည်ဓါတ် ပြန်လည် ဖြည့်တင်းပေးရပါမယ်… မိခင်နို့ပိုတိုက်ပေးပါ… ချွေးထွက်တာကအရမ်းများလွန်းနေတဲ့အပြင် ဝမ်းပျက်တာလည်းရှိနေတော့ ဆရာဝန်နဲ့ ပြသပြီးကျန်းမာရေးစစ်ဆေးသင့်ပါတယ်… ကလေးငယ်နှင့်ခေါင်းချွေးထွက်ခြင်းဆောင်းပါးကိုအောက်ကပေးထားတဲ့ Link မှာဖတ်ရှုပေးပါ… http://babimildmomsclub.com.mm/?p=5655   ကျန်းမာပျော်ရွှင်ပါစေ Dr.Mild ——————————- 3. MeeNgae . သားလေးက၇လပြည့်ပြီးပါပြီ။ ဒါပေမယ့်အခုထိလေးဘက်လဲမသွားထိုင်လဲမထိုင်သေးဘူးဆရာ။ အဲ့ဒါဖွံ့ဖြိုးမှုနောက်ကျနေတာလားရှင်။   […]

Read More

နှာရည်ကျခြင်း၊ နှာစေးခြင်းနှင့် နှာခေါင်းပိတ်လျှင် ဘယ်လိုပြုစုရမည်နည်း။

  ၁။       နှာခေါင်းကို သန့်စင်သော အဝတ်စ (သို့မဟုတ်) စက္ကူပျော့ပျော့(တစ်သျှူး)နှင့် နှာခေါင်းအတွင်းထည့်၍ သန့်စင်ပေးပါ။ ၂။       နွေးထွေးစွာထားပါ။ ဦးခေါင်း၊ လည်ပင်း နွေးအောင် ထားပါ။ ၃။       နှာစေးပျောက်ဆေး ဘာမီတွန်တိုက်၍ ရပါသည်။ ဆရာဝန်နှင့်တိုင်ပင်ပြီး တိုက်ပါ။ ၄။       စီဗစ် (Cevit) ကဲ့သို့သော ဆေးလည်း တိုက်နိုင်သည်။ ၅။       မတည့်သောအနံ့နှင့် အစားများကို ရှောင်ရှားပါ။ ၆။       မိခင်နို့မစို့နိုင်ပါက နို့ကိုညှစ်ပြီး ဇွန်းနှင့် တိုက်ပါ။ ၇။       အရည်များများ၊ စွပ်ပြုတ်ရည်များတိုက်ပါ။ နှာစေးပါက ခံတွင်းပျက်တတ်သော်လည်း ကြိုးစားပြီး ကျေလွယ်သောအစာကို ကျွေးပါ။ ၈။       လူထူထပ်သောနေရာများကို မခေါ်သွားပါနှင့်။ ၉။       ရာသီဥတုအပြောင်းအလဲတွင် နှာစေးချောင်းဆိုး ဖြစ်တတ်သောကြောင့် ရာသီဥတုအလိုက် အဝတ်အစား ရွေးဝတ်ရပါမည်။ နွေအခါ […]

Read More
To Top