သင်္ချာစွမ်းရည်ဖွံ့ဖြိုးဖို့

ကျွန်တော်တို့အားလုံးသည် တစ်နေ့တာအတွင်း သချာၤစွမ်းရည်တို့ကို များစွာ အသုံးပြုနေကြရပါသည်။ ကျောင်းကို ရောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ။ ပြန်အမ်းလိုက်သော အမ်းငွေ ကိုက် မကိုက်၊ လူ အရေအတွက်နှင့် ညီသော စားပွဲများခင်းဖို့စသည်ဖြင့် နေ့စဉ်ဘဝ ခန့်မှန်းတွက်ချက်မှုများ လုပ်ဆောင်ရာ၌ သချာၤမတတ်၍ မဖြစ်၊ နည်းပညာများ အရှိန်အဟုန်နှင့် တိုးတက်နေသော ခေတ်ကြီးထဲတွင် သချာၤစွမ်းရည်သည် ယနေ့ လူ့အဖွဲ့အစည်းအတွင်း ကျွန်တော်တို့ နေထိုင်မှုဘဝ၏ အဓိက ကျောရိုးတစ်ခုပင်ဖြစ်လေသည်။ ဘယ်နေရာ ကြည့်ကြည့်၊ ကိန်းဂဏန်းများနှင့် ရှင်သန်လှုပ်ရှားနေကြသည့် ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ပုံသဏ္ဍာန်၊ နေရာဖွဲ့စည်းမှု၊ တိုင်းတာရေတွက်မှုများနှင့် မကင်းနိုင်ကြောင်း သတိပြုနိုင်ပါသည်။ သချာၤသည် ယုတ္တိရှိမှု၊ ဖွဲ့စည်းပုံ အစီအစဉ်ချနိုင်မှု စသည်တို့ကို ပေးစွမ်းနိုင်ပြီး၊ သိပ္ပံနည်းကျ သီအိုရီအားလုံးကို ကျားကန်ထောက်ပင့်ထားသော အရာလည်း ဖြစ်ပါသည်။ အရာဝတ္ထုများကိုတည်းဆောက်ပြုလုပ်ဖို့ […]

Read More

အမှတ်တရအချိန်လေးများ

သင့်ကလေအတွက် မူကြိုမှ မူလတန်းကျောင်းသို့ ပြောင်းလဲတတ်ရောက်ရန် လေးငါးလသာကျန်တော့တဲ့ အချိန်လေး။ မူကြိုကျောင်းရဲ့ နောက်ဆုံးရက်မှာ အမေဟာ ကလေးအတွက် ဂုဏ်ပြုပွဲဆင်နွဲပေးစရာ အချိန်ကောင်းလေး တစ်ချိန်ပါ။ နောက်ပညာသင်ချိန်အစဆိုရင် သင့်သားငယ်လေးဟာ မူလတန်းကျောင်းခရီးကို စွန့်စားမှုနောက်တစ်ရပ်အနေနဲ့ စရတော့မယ်ဆိုပါစို့။ သူ့ရဲ့မူကြိုကျောင်းမှာကျန်ရှိတော့မယ့် လအနည်းငယ်အတွက် မှတ်မှတ်ရရဖြစ်အောင် ဂုဏ်ပြုပေးဖို့ အရေကြီးပါတယ်။ အဲ့ဒီအတွက် မိဘများအနေနဲ့ ဂုဏ်ပြုလုပ်ကိုင်ပေးစရာနည်လမ်း ၈ သွယ်ရှိပါတယ်။ ၁။ ဓာတ်ပုံမှတ်တမ်းလေးထားပါ။ ကလေးရဲ့အခန်းထဲမှာ သူကိုယ်တိုင်သိမ်းထားနိုင်ဖို့ မူကြိုကျောင်းကဓာတ်ပုံလေးတွေကို ဖိုင်လေးတစ်ခုဖြင့်တွဲထားဖို့ စီစဉ်ပါ။ ဓာတ်ပုံလေး တွေဟာ ကလေးကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်ပုံလေးတွေကိုဆရာ၊ ဆရာမ၊ ကျောင်းသွားဖော်သူငယ်ချင်း၊ ဂိမ်းပြိုင်ပွဲ၊ လေ့လာရေးခရီး၊ ကျောင်းပွဲစသည်ဖြင့် အမျိုးအစားခွဲထားနိုင်ပါသည်။ ကလေးကျောင်းမပြောင်းခင် ဒီပုံလေးတွေကို အမှတ်တရကြည့်ပြီး ပျော်ရွှင်နှစ်ခြိုက်ပါလိမ့်မယ်။ ၂။ အမှတ်တရလက်ဆောင်ပေးစရာဖန်တီးပါ။ ကလေးကို ဆရာ၊ဆရာမအတွက် သူလုပ်ထားတဲ့ […]

Read More

လိမ္မာတဲ့ ကလေးလေးဖြစ်အောင်

တချို့သော မိဘတွေ ကိုယ့်ကလေးကို အမူအကျင့်ကောင်းအောင် ပြုပြင်ရာမှာ ပြစ်ဒဏ်ပေးတဲ့နည်း။ (တစ်နည်းအားဖြင့် ရိုက်နှက်ဆုံးမတဲ့နည်း) ကို သုံးတတ်ကြပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ ကလေးကို စည်းကမ်းကို နားလည်လိုက်နာလာအောင် သင်ပြမပေးနိုင်သလို သိပ်ဆိုးရွားတဲ့ အခြေအနေတွေမှာဆိုရင်လည်း ကလေးကို ငြိမ်သက်သွားအောင် ထိန်းသိမ်းလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးကို ဆုံးမပဲ့ပြင်ရာမှာ မိဘများအတွက် ထိရောက်တဲ့ ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်တဲ့ အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါတယ်။ ကလေးကို အလွန်အမင်း အကာအကွယ်မပေးပါနဲ့။ ပြဿနာအပြုအမူတစ်ခုရှိလာပြီဆိုရင် အမြန်ဆုံးဖြေရှင်းဖို့ ကြိုးစားပါ။ ကလေးရဲ့ ကောင်းမွန်တဲ့ အပြုအမူတွေကို အသိအမှတ်ပြု ချီးမွမ်းဖို့လည်း မမေ့ပါနဲ့။ ကလေးဟာ မိဘတွေဆီက ချစ်ခင်မှု၊ ကြင်နာမှုတွေလည်း ရသင့်ပါတယ်။ ကလေးငယ်ဝမ်းနည်းတဲ့အခါ အထီးကျန်ခံစားနေတဲ့အခါ မိဘက ချစ်ခင်မြတ်နိုးစွာနဲ့ ပွေ့ဖက်ထိတွေ့ပေးဖို့ လိုပါတယ်။ ကလေးတိုင်းမှာ […]

Read More

ကလေးရဲ့ စိတ်ဆိုး စိတ်ကောက်တတ်တဲ့ အကျင့်ကိုဖျောက်နည်း

တစ်နှစ်သားအရွယ် ကလေးငယ်တွေဟာ မိမိရဲ့အလိုကိုပဲကြည့်တတ်ကြပါတယ်။ မိမိလိုချင်တာကိုမရတဲ့အခါ ဒါမှမဟုတ်တစ်စုံတစ်ခုကိုလိုချင်တဲ့အခါ ဒေါသပေါက်ကွဲတတ်ကြပါတယ်။ သင့်ရဲ့ချစ်စရာကောင်းတဲ့ ဖော်ရွေတတ်တဲ့ အေးဆေးနေတတ်တဲ့ ကလေးဟာချက်ခြင်းဆိုသလို ထိန်းမနိုင်သိမ်းမရ ဒေါသထွက်နေတဲ့ ပြောရဆိုရခက်တဲ့ ကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ သူ့ဘက်ကမရပ်တည်နိုင်မှန်းကိုလည်း သည်းခံတော့မှာမဟုတ်ပါဘူး။ အများအားဖြင့်ကလေးတွေဟာ သူတို့စိတ်ပျော့ပျောင်းနေချိန်မှာ ကလေးဆိုးလေးတွေမဟုတ်ပင်မဲ့ သူ့ရဲ့အလိုမပြည့်မှုဟာ ရေဆူအမှတ် ရောက်သွားရင်တော့ စိတ်ဆိုးစိတ်ကောက် ဒေါသူပုန်ထမှုဟာ သူ့ရဲ့စိတ်လှုပ်ရှာမှုကို ထုတ်ဖော်တဲ့နည်းလမ်းတစ်ခု ဖြစ်နေပါလိမ့်မယ်။

Read More

အိမ်စာနှင့်ပတ်သတ်၍ အကြံပြုချက်

ကလေးအိမ်စာ လုပ်တာကို မိဘတွေက တက်တက်ကြွကြွနဲ့ စိတ်ဝင်စားမှု ပြမယ်ဆိုရင် ကလေးဟာ ကျောင်းစာမှာ ပိုအောင်မြင်ပါလိမ့်မယ်။ ကလေးအိမ်စာ လုပ်ရာမှာ မိဘတွေ စိတ်ဝင်စားမှုပြခြင်းဟာ ကလေးတွေကို မိမိတို့ လုပ်နေတဲ့ အိမ်စာတွေဟာ အရေး ကြီးပါလားဆိုတာ သိအောင် ပြပေးခြင်းပါပဲ။ ကလေးတွေ အိမ်စာ လုပ်ရာမှာ မိဘတွေက ကူညီတယ် ဆိုတာ စာကြည့်စားပွဲပေါ်ကနေ ခါးကိုင်းပြီး အချိန် ဖြုန်းနေတာပဲလို့ မဆိုလိုသင့်ပါ။ မိဘတွေ အနေနဲ့ စာကြည့်ပုံ ကြည့်နည်းတွေကို ရှင်းပြခြင်း၊ ခဏအနားယူဖို့ အားပေးခြင်းတွေ ပြုလုပ်ပြီး ကလေးကို ကူညီပံ့ပိုး ပေးနိုင်ပါတယ်။   ဆရာမ အကြောင်း သိအောင်လုပ်ပါ။ ကလေးရဲ့ဆရာတွေဟာ ဘယ်လို လူမျိုးတွေလဲ။ ကလေးရဲ့ ဆရာများနဲ့ တွေ့ဆုံဖို့ ကျောင်းက ကျင်းပတဲ့ […]

Read More

စကားပြောရတာ ဝမ်းသာပါတယ် ကလေး

သင်ပြောတာကို ကလေးက နားလည်နိုင်မှာ မဟုတ်သေးရင်တောင်မှ သင့် ကလေးလေး မွေးဖွားသန့်စင်လာတဲ့ တစ်ခဏ သင်သူ့ကို စကားတွေ အလိုလို ပြောဆို နေမိပါလိမ့်မယ်။ အဲဒီကနေ ကလေးလေး တစ်နှစ်သား အရွယ်လေး ရောက်လာတဲ့ အခါကလေးရဲ့ တုန့်ပြန်မှုကို ကြည့်ပြီး သင်ပြောတဲ့ စကားလုံး အချို့ကို သူနားလည်ကြောင်း သင်ပြောနိုင်ပါတယ်။ ဥပမာ ဟိုမှာ အဖေကြီး လာနေပြီလို့ သင်ပြောတဲ့ အခါ ကလေးဟာ ဖခင် ဝင်လာတဲ့ အသွင်အပြင်ကို မျှော်လင့်မှုနဲ့ အတူ တံခါးဝဆီကို ခေါင်းလှည့်ကြည့်ကောင်း ကြည့်ပါလိမ့်မယ်။ ဒါမှမဟုတ် သွားမကိုင်လိုက်နဲ့ သမီးလို့ သူ့ကို သင်ပြောလိုက်တဲ့ အခါမှာ ကလေးဟာ မျက်နှာလေး မဲ့ပြီး ချီတုံချတုံ ဖြစ်ကောင်း ဖြစ်သွား ပါလိမ့်မယ်။ ဒါပေမယ့် […]

Read More

ကလေးတို့ မိတ်ဆွေ ဖွဲ့တတ်အောင်

မိတ္တဗလနဲ့ ပြည့်စုံခြင်းဟာ လူတစ်ယောက်ရဲ့ဘဝအတွက် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါသည်။ မိတ်ဆွေ သူငယ်ချင်းတွေဟာ ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက် အမှတ်တရ ပျော်ရွှင်ကြည်နူးဖွယ် အချိန်များကို ဖန်တီးပေးနိုင်ပါတယ်။ မိတ်ဆွေ ဖြစ်ခြင်းဟာ ကျွန်တော်တို့် ကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကလေးတွေမှာ မိတ်ဆွေဖွဲ့ဖို့ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ အဖော်အပေါင်းမရှိဘဲ တစ်ယောက်တည်း အထီးကျန်ဖြစ်နေတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းမရှိတဲ့ကလေးတစ်ယောက်ဟာ ရှက်တတ်သူ၊ ဆက်ဆံရခက်ခဲသူ၊ အတွင်းစွဲ ကိုယ်ရည်ကိုယ်သွေးရှိသူ စတဲ့ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှု ပြဿနာများကို ရင်ဆိုင်ရတတ်ပါတယ်။ ဘဝတစ်လျှောက်လုံး အထီးကျန်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ မိဘများဟာလည်း သူ့အတွက် စိတ်မကောင်းဖြစ်ကြရပါတယ်။   မိဘတွေ ကူညီနိုင်တဲ့ နည်းလမ်းများ တခြားသူများနဲ့ ပြောဆို ဆက်ဆံဖို့ အားပေးပါ။ မိဘများအနေနဲ့ ကလေးကို သူ့ဝန်းကျင်က အခြားသူတွေနဲ့ တက်တက်ကြွကြွ […]

Read More

တစ်ဖက်လူ၏ ရှု့ထောင့်မှ ကြည့်မြင်ခံစားတတ်ခြင်း

စိတ်ထပ်ခံစားတယ်ဆိုတာ တခြားလူနေရာက ဝင်ရောက်ကြည့်မြင်ခံစားခြင်းပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီအတွေ့အကြုံကို တွေ့မြင်ဖူးကောင်း တွေ့မြင်ဖူးပါလိမ့်မယ်။ ဥပမာ ကလေး အထူးကု ဆေးခန်းတစ်ခုကို ရောက်တဲ့အခါ ဆရာဝန်က ကလေးလူနာတစ်ဦးကို စမ်းသပ်လို့ အဲဒီ ကလေးလူနာလေးကို ငိုလိုက်တဲ့အခါ ဆေးခန်းထဲမှာရောက်နေတဲ့ တခြားကလေးတွေဟာ သူတို့ကို ဘာမှ မလုပ်ရသေးပါဘဲနဲ့ လိုက်ငိုကြတာကို ကြုံတွေ့ဖူးကောင်း ကြုံတွေ့ဖူးကြမှာပါ။ သင့်ရဲ့ခင်ပွန်းသည်က တခြားသူတစ်ယောက် ယောက်နဲ့ အကြိတ်အနယ် ဖုန်းနဲ့ ဆွေးနွေးပြီး စိတ်မကြည်မလင်ဖြစ်သွားချိန်မှာ သင့်ရဲ့သုံးနှစ်သားအရွယ်ကလေးငယ်က သူ့ဖခင်ကိုသွားပြီး ဖက်ထားပေးဖို့ စိတ်ကူးရကောင်း ရနေနိုင်ပါတယ်။ ဒါတွေဟာ တခြားလူနေရာက ဝင်ရောက်ခံစားပေးတတ်တဲ့ တစ်နည်းအားဖြင့် စိတ်ထပ်ခံစားမှုကို ဖော်ပြပေးတဲ့ နည်းလမ်းတွေပါပဲ။ စိတ်ပညာ ဝေါဟာရတစ်ခုဖြစ်တဲ့ စိတ်ထပ်ခံစားခြင်းဆိုတာ တခြားလူရဲ့ ရှူးဖိနပ်ထဲကို မိမိခြေထောက် စွပ်မိတဲ့အခါ ကိုယ့်ဖိနပ်မဟုတ်ပါလားဆိုပြီး မိမိရဲ့ […]

Read More

ဘဝအတွက် လိုအပ်တဲ့စွမ်းရည်များ

ယနေ့ကမ္ဘာမှာ ယှဉ်ပြိုင်မှုတွေဟာ ပိုမိုများပြားလာပါတယ်။ ဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ဒီနေ့ခေတ်ကလေးတွေအတွက် ဘဝဆိုတာ ကျောင်းမှာ စာလိုက်နိုင်ဖို့၊ အဆင့် A တွေရအောင် လုပ်ဖို့၊ အနာဂတ်မှာ အောင်မြင်အောင် လုပ်ဖို့ အမှန်တရားကို ပြောတတ်ဖို့တင်မကတော့ပါဘူး။ ကျောင်းမှာ ဒီနေ့ခေတ်သင်ယူရတဲ့ သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ဗံနှင့် တခြား၊ ကျောင်းသင်ဘာသာရပ်တွေထက် ကျော်လွန်ပြီး အသိပညာတွေ ပိုမိုရယူဖို့ လိုအပ်လာပါတယ်။   မိဘများအနေနဲ့ မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလေးတွေကို ခဏလောက် ပြန်တွေးကြည့်ပါ။ ကျွန်တော်တို့တွေ ကျောင်းက ထွက်ခဲ့ကြတဲ့အခါ ကျောင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာလေးတွေ မျှလောက်နဲ့ ကျွန်တော်တို့ဟာ တကယ့် လူ့ဘဝဇာတ်ခုံပေါ်က စိန်ခေါ်မှုတွေကို ရင်ဆိုင် ကိုင်တွယ်ဖို့အရည်အချင်း ပြည့်မီလို့လား။ တကယ့် လူ့ဘ၀ ဇာတ်ခုံပေါ်မှာ အနည်းနဲ့ အများ […]

Read More

သမီးကို မေမေသိပ်ချစ်တယ်

သင့်ရဲ့ အသက် ၆ နှစ်အရွယ် သားငယ်၊ သမီးငယ်လေးတွေကို အားပေးတဲ့နည်း အမျိုးမျိုးရှိပါတယ်။ သူတို့ ဘယ်လောက် ထူးခြားအံ့ချီးဖွယ်ကလေးများ ဖြစ်ကြောင်းကိုလည်း သင်ပြောနိုင်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တစ်ခုခု အောင်မြင်သွားချိန်မှာ ပွေ့ဖက်ထားတာမျိုးလည်း ဆုချနိုင်ပါတယ်။ အဲဒီအပြင် သူတို့ရဲ့အောင်မြင်မှုတွေအတွက် အဘိုး အဘွားတွေဆီကနေ ဆုချမှုတွေလည်း တောင်းဆိုပေးနိုင်ပါတယ်။ ဒါပေမဲ့ နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ သင့်အနေနဲ့ သူ့ကို ဘယ်လောက် အလေးအနက်ထားကြောင်း ရေးထားတဲ့ စာတိုလေးတွေ၊ မှတ်စုတိုလေးတွေ ပို့ပေးဖို့ပါ။ ဒီနေရာမှာ အဲဒီလို မှတ်စုတိုလေးတွေကို သူ့ကို တိုက်ရိုက်မပေးဘဲ သူကိုယ်တိုင် အမှတ်မထင် ရှာဖွေ တွေ့ရှိသွားနိုင်အောင် ဖွက်ထားပေးစရာ နေရာလေးတွေလည်း ရှိပါတယ်။ သူ့ရဲ့ထမင်းဘူးလေးထဲမှာ- သူ့ကို ချစ်တဲ့အကြောင်း ရေးထားတဲ့ စာတိုလေးကို လျှို့ဝှက်ထားတဲ့နေရာကနေ သူရှာဖွေတွေ့ရှိသွားတဲ့အချိန်မှာ သာမန်ထက်ပိုပြီးတော့ […]

Read More
To Top