ချက်ကြိုးအကြောင်းသိကောင်းစရာ

ချက်ကြိုးဆိုတာဘာလဲ ? သန္ဓေသားလေးဟာမိခင်ဝမ်းအတွင်းရှိနေစဉ်မှာသူ့အတွက်လိုအပ်တဲ့အာဟာရနဲ့အောက်စီဂျင်တွေကို မိခင်ရဲ့အချင်းမှတစ်ဆင့်ရရှိပါတယ်…အဲဒီလိုမိခင်ရဲ့အချင်းနဲ့ကလေးကိုဆက်သွယ်ပေးထားတဲ့အဓိကအရာ ကတော့ချက်ကြိုးပါပဲ…အဆိုပါချက်ကြိုးလေးကိုမီးဖွားပြီးချိန်မှာ၂ – ၃စင်တီမီတာလောက်ချန်ပြီး ဖြတ်တောက်ပေးရပါတယ်…   ဖြတ်ထားတဲ့ချက်ကြိုးအငုတ်လေးကကလေးမှာဘယ်လောက်ကြာအောင်ရှိနေမှာလဲ ? ကလေးရဲ့ဗိုက်မှာကျန်နေတဲ့ချက်ကြိုးအငုတ်လေးဟာအများအားဖြင့်၅ရက်မှ၁၅ရက်အတွင်းမှာ တဖြည်းဖြည်းမည်းခြောက်လာပြီးသူ့အလိုလိုကြွေကျသွားတတ်ပါတယ်…ဒီလိုကြွေကျသွားတဲ့အခါကလေးရဲ့ ချက်မှာအနာလေးကျန်ခဲ့တတ်ပြီးဒီအနာလေးကလည်း၇ရက်မှ၁၀ရက်အတွင်း တဖြည်းဖြည်းသက်သာသွားမှာ ဖြစ်ပါတယ်…   သန့်ရှင်းရေးဘယ်လို ပြုလုပ်ပေးရမလဲ? ချက်ကြိုးငုတ်လေးနဲ့ အနီးတဝိုက်ကိုသန့်ရှင်းရေး ပြုလုပ်တဲ့အခါ ညင်ညင်သာသာ ပြုလုပ်ပေးရပါမယ်… – ဂွမ်းသန့်သန့်လေးကိုရေနွေးနွေးနဲ့ ဆပ်ပြာအပျော့စားလေးရောထားတဲ့အထဲမှာ နှစ်လိုက်ပါ… အဲဒီနောက် ဂွမ်းကိုရေညှစ်ပြီးချက်ကြိုးနဲ့ အနီးတဝိုက်မှာရှိတဲ့ အရည်တွေ၊ ညစ်ပေနေတာတွေအကုန် သန့်ရှင်းသွားအောင်  အသာအယာသုတ်ပြီးသန့်စင်ပေးပါ… – သန့်စင်ပြီးသွားတဲ့အခါ ရေခြောက်အောင် တဘက်နုနုသန့်သန့်လေးနဲ့ အသာအယာတို့ပြီးရေသုတ်ပေးပါ…   ချက်ကြိုးအငုတ်လေးအတွက်အထူးဂရုစိုက်မှုတွေလိုအပ်လား? ကလေးရဲ့အရေပြားအပေါ်မှာသဘာဝအတိုင်းရှိနေတတ်တဲ့ဘက်တီးရီးယားပိုးမွှားလေး တွေကြောင့် ချက်ကြိုးအနာမကျက်တာ၊ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်… ဒါကြောင့်ပိုးမဝင်စေဖို့ချက်ကြိုးအငုတ်လေးကိုသန့်ရှင်းပြီးခြောက်သွေ့နေအောင် ထားပေးရပါမယ်…ကလေးရဲ့ချက်ကြိုးအငုတ်လေးကိုမကိုင်တွယ်မီအမြဲတမ်းလက်ကို စင်ကြယ်အောင်ဆေးပေးပါ…ကလေးကို Diaper ဝတ်ပေးတဲ့အခါမှာချက်ကြိုးအငုတ်လေးကို မဖုံးမိအောင်သတိထားပေးပါ…အနှီးလဲလှယ်တဲ့အခါမှာလည်းကလေးရဲ့အညစ်အကြေးတွေနဲ့ ချက်ကြိုးအငုတ်လေးမထိမိအောင်အထူးသတိထားရပါမယ်…မတော်တဆထိမိသွားရင်လည်းရေသန့်နှင့် ဆပ်ပြာအပျော့စားလေးကိုသုံးပြီးအလွယ်တကူဆေးကြောပေးနိုင်ပါတယ်… ဆရာဝန်ညွှန်ကြားချက်မရှိဘဲပိုးသတ်ထားတဲ့ […]

Read More

ကလေးငယ်နှင့် ခေါင်းချွေးထွက်ခြင်းအကြောင်း သိကောင်းစရာ

ကလေးမိခင်တွေဆီက မကြာခဏ ဆိုသလို အမေးများလွန်းတဲ့ မေးခွန်းက "ကလေး ခေါင်းချွေးအထွက်များလွန်းလို့ စိုးရိမ်ရသလား?" ဆိုတာပဲဖြစ်ပါတယ်… ကလေးတွေမှာ ဦးခေါင်း ချွေးထွက်များခြင်း ဘာကြောင့် ဖစ်သလဲဆိုတာ ကြည့်ကြရအောင်… ကလေးငယ်ရဲ့ ချွေးထွက် ဂလင်းအလုပ်လုပ်ပုံ ———————————————— ကလေးငယ်လေးတွေကို လေ့လာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ချွေးထွက်ခြင်းဟာ ဦးခေါင်းပိုင်း (နဖူးနှင့် နားထင်) မှာ စတင်တတ်တာကို တွေ့ရှိရပါတယ်… ဒါဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ချွေးထွက်ဂလင်း အများစုဟာ အလုပ်မလုပ်သေးဘဲ ဦးခေါင်းမှာ ရှိတဲ့ ဂလင်းတွေက စတင်အလုပ်လုပ်ခြင်းကြောင့် ဖစ်ရတယ်လို့ ယူဆကြပါတယ်… ကလေးငယ်ရဲ့ ကိုယ်ခန္ဓာက ပတ်ဝန်းကျင်ကို ပူတယ်လို့ ခံစားရချိန်မှာ တုံ့ပြန်မှုအနေနဲ့ ချွေးထွက်ပါတယ်… ဒါပေမဲ့ လူကြီးတွေလို တစ်ကိုယ်လုံးမှာ ရှိတဲ့ ချွေးဂလင်းတွေ အလုပ်မလုပ်သေးတာကြောင့် active […]

Read More

ရင်သွေးငယ်တွေဘယ်အချိန်မှာလမ်းလျှောက်သလဲ ?

အများအားဖြင့်ကလေးငယ်တွေဟာအသက်၉လကနေ၁နှစ်အတွင်းမှာသူတို့ရဲ့ပထမဆုံးခြေလှမ်းကိုစတင်လှမ်းလျှောက်တတ်ကြပါတယ်… ၁၄လ၁၅လလောက်ကြာတဲ့အခါမှာတော့လမ်းကောင်းကောင်းလျှောက်တတ်နေပါပြီ… ဒါပေမယ့်တကယ်လို့သင့်ရင်သွေးငယ်လေးဟာဒီလိုအရွယ်မှာလမ်းမလျှောက်သေးဘဲနောက်ကျနေခဲ့ရင်အရမ်းစိတ်မပူပါနဲ့ဦး… တချို့သောရင်သွေးငယ်လေးတွေဟာကျန်းမာရေးပြည့်စုံကောင်းမွန်နေပေမယ့်အသက်၁၆လ၁၇လအရွယ်ထိအောင်လမ်းမလျှောက်သေးတာမျိုးရှိတတ်ပါတယ်… ပထမဆုံးတစ်နှစ်အတွင်းမှာကလေးငယ်တွေဟာကြွက်သားလှုပ်ရှားမှုပုံစံတွေဖွံ့ဖြိုးမှု၊ဟန်ချက်ညီညီလှုပ်ရှားတတ်မှုတို့အတွက်လေ့လာသင်ယူကြရပါတယ်… မှောက်ခြင်း၊တွားသွားခြင်း၊ထိုင်ခြင်းစတာတွေကိုအဆင့်ဆင့်သင်ယူပြီးနောက်မှာတော့တစ်ခုခုကိုကိုင်ပြီးဆွဲထခြင်း၊မတ်တတ်ရပ်ခြင်းစတာတွေဆက်လက်ဖွံ့ဖြိုးလာပါတယ်… ဒီလိုအဆင့်တွေကိုကလေးအများစုကအသက်၉လအရွယ်လောက်မှာသင်ယူတတ်မြောက်ကြပါတယ်… လမ်းလျှောက်ခြင်းကိုစတင်သင်ယူပုံ ————————————————— စစခြင်းမှာကလေးငယ်ရဲ့ခြေထောက်တွေဟာသူ့ရဲ့ကိုယ်ခန္ဓာကိုထောက်ထားနိုင်ဖို့အထိမသန်မာသေးပါဘူး… ဒါပေမယ့်ကလေးငယ်ကိုချိုင်းကနေချီပြီးမတ်မတ်လေးထားပေးရင်ကလေးဟာခြေထောက်လေးအောက်ကိုဆန့်တန်းပြီးအောက်ကိုအားပြုတာ၊ကန်သလိုမျိုးလုပ်တာစသဖြင့်စတင်ပြုလုပ်တတ်ကြပါတယ်… ဒါဟာအလိုအလျှောက်တုံ့ပြန်မှု (Reflex Action) မျိုးဖြစ်ပြီးကလေးအသက်လအနည်းငယ်ကြာတဲ့အထိရှိတတ်ပါတယ်… ကလေးအသက်၆လလောက်ရှိတဲ့အခါမှာသူ့ကိုလက်နဲ့ထိန်းပြီးပေါင်ပေါ်တင်ထားရင်ထိုင်လိုက်ထလိုက်ခုန်သလိုစတင်ပြုမူတတ်ကြတာကိုတွေ့ရမှာပါ… ဒီလိုခုန်ဆွခုန်ဆွပြုလုပ်ရတာကိုနောက်ထပ်လအနည်းငယ်ကြာတဲ့အထိတွေ့ရတတ်ပါတယ်… ဒါဟာကလေးငယ်ရဲ့ပေါင်ကြွက်သားတွေစတင်သန်မာနေပြီလို့သိရှိစေနိုင်ပါတယ်… တစ်ချိန်တည်းမှာပဲမှောက်ခြင်း၊တွားသွားခြင်း၊ထိုင်ခြင်းစတာတွေလည်းဖွံ့ဖြိုးလာကြပါတယ်… ကလေးအသက်၉လလောက်ရောက်တဲ့အချိန်မှာတော့ကလေးငယ်ဟာတစ်စုံတစ်ခုကိုအားပြုပြီးမတ်တတ်ရပ်ဖို့စတင်အားစမ်းတာကိုတွေ့ရမှာဖြစ်ပါတယ်… ဒါကြောင့်ကလေးအားပြုနိုင်တဲ့သူ့အနီးအနားကအရာတွေကိုမြဲမြံအောင်ဒါမှမဟုတ်ခိုင်ခံ့မှုမရှိတဲ့အရာတွေကလေးအားပြုတာမျိုးမပြုလုပ်မိအောင်မိဘအုပ်ထိန်းသူတွေကသတိပြုရမှာဖြစ်ပါတယ်… အသက်၁၀လကျော်လာချိန်မှာတော့ကလေးငယ်ဟာမတ်တပ်ရပ်နေရာကနေဒူးလေးကိုကွေးပြီးပြန်ထိုင်တတ်လာတာကိုတွေ့ရမှာပါ… ဒါဟာစစခြင်းမှာထင်သလောက်လွယ်ကူခြင်းမရှိတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်… ဒီလိုမတ်တပ်ရပ်ခြင်းကိုအချိန်အတော်ကြာလေ့လာသင်ယူပြီးအသက်၁၂လပြည့်ပြီးတဲ့နောက်မှာတော့သင့်ရင်သွေးငယ်လေးဟာအနီးအနားကပစ္စည်းတွေကိုအားပြုလို့တစ်နေရာကနေတစ်နေရာကိုစတင်လျှောက်လှမ်းဖို့အစပြုလာမှာပါ… အကူမပါဘဲမတ်တပ်ရပ်နိုင်လာတာကိုလည်းဝမ်းသာစဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်… တစ်ဆက်တည်းမှာပဲကလေးငယ်ဟာမတ်တပ်ရပ်အနေအထားကနေပစ္စည်းတွေကုန်းပြီးကောက်ယူတာ၊ဆောင့်ကြောင့်ထိုင်တာမျိုးတွေပြုလုပ်လာနိုင်မှာဖြစ်ပါတယ်… ဒီအချိန်မှာအကူအညီမပါဘဲလမ်းမလျှောက်နိုင်သေးပေမယ့်သူ့ကိုဘေးကဖေးကူပေးရင်တော့ခြေဖျားကလေးထောက်ပြီးလမ်းစလျှောက်နိုင်နေပါပြီ… ကလေးအသက်၁၂လကျော်ပြီးတဲ့နောက်မှာတော့ကလေးငယ်အတော်များများဟာယိုင်တိုင်တိုင်လေးနဲ့စတင်လမ်းလျှောက်လာကြတတ်ပါတယ်… ရင်သွေးငယ်လေးလမ်းလျှောက်တတ်အောင်ဘယ်လိုသင်ပေးမလဲ ? —————————————————————————————— ကလေးငယ်လေးစတင်မတ်တပ်ရပ်ဖို့သင်ယူနေချိန်မှာမတ်တပ်အနေအထားကနေပြန်ထိုင်ဖို့မတတ်သေးတာကြောင့်သင့်ကိုကြည့်ပြီးအကူအညီတောင်းသလိုငိုကြွေးတတ်ပါတယ်… ဒီလိုအချိန်မှာကလေးကိုပွေ့ချီပြီးထိုင်ချပေးလိုက်တာထက်ကလေးကိုဒူးလေးကိုကွေးစေတာထိုင်တတ်အောင်သင်ပေးတာမျိုးကပိုအထောက်အကူဖြစ်စေပါတယ်… သင့်ရင်သွေးငယ်လေးလမ်းလျှောက်တတ်စေဖို့သူ့အရှေ့မှာဒူးထောက်ထိုင်ပြီးမလှမ်းမကမ်းကလက်ကမ်းပေးတာကလည်းပြုလုပ်သင့်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်… ဒါမှမဟုတ်လက်ကလေးနှစ်ဖက်ကိုကိုင်ပြီးကိုယ့်ဆီကိုလမ်းလျှောက်လာစေတာမျိုးလည်းပြုလုပ်ပေးနိုင်ပါတယ်… ကလေးတွေလမ်းလျှောက်ဖို့ပြုလုပ်ထားတဲ့ Toddle Truck လေးတွေကိုလည်းအသုံးပြုပြီးကလေးငယ်လမ်းလျှောက်တတ်အောင်ပြုလုပ်နိုင်ပါသေးတယ်… သတိပြုရမှာကတော့ကလေးငယ်လမ်းလျှောက်သင်ယူနေချိန်မှာသူနေထိုင်သွားလာတတ်တဲ့ပတ်ဝန်းကျင်နေရာတွေကိုအန္တရာယ်ကင်းအောင်ပြုလုပ်ပေးထားဖို့ပါပဲ… ကြမ်းခင်းတွေကိုကလေးကစားတဲ့ဖော့ခင်းပေးတာမျိုး၊မာကျောတဲ့ခုံစောင်းလိုနေရာတွေမှာဖော့အစွပ်လေးတွေစွပ်ထားတာမျိုးပြုလုပ်ပေးသင့်ပါတယ်… ဒါမှသာကလေးငယ်လဲကျ၊ချော်ကျချိန်မှာထိခိုက်မှုမရှိမှာဖြစ်ပါတယ်… နောက်တစ်ခုကတော့ဒီလိုအချိန်မှာကလေးကိုတစ်ယောက်တည်းလွှတ်မထားဖို့ပါပဲ…   ကလေးထိုင်ကွင်း (Baby Walker) အသုံးပြုသင့်သလား ? ————————————————————————— အမေရိကန်ကလေးများဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The American Academy of […]

Read More

အသက်၆လမှ၉လ အရွယ်ကလေးငယ်များ ကောင်းစွာအိပ်ပျော်စေဖို့ ပြုစုခြင်းနည်းလမ်းများ

ယခင်လမှအဆက်… ကလေးငယ်လေးများအတွက် အိပ်စက်ခြင်းဟာ အရေးကြီးပါတယ်… ဒါကြောင့် ကလေးရဲ့ အိပ်စက်ခြင်းဟာ စံချိန်စံညွှန်းမီဖို့ လိုအပ်လှပါတယ်… မိဘတွေအနေနဲ့ ကလေးအိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို အနည်းနဲ့ အများကြုံတွေ့ ရဖူးမှာမလွဲပါဘူး…ဒါကြောင့် လူကြီးတွေ အိပ်ရေးမပျက်စေဖို့ VIP လေးတွေကောင်းစွာ အိပ်ပျော်အောင် ပြုလုပ်နည်းလေးတွေ တင်ပြလိုက်ပါတယ်…   သူတို့လေးတွေရဲ့အိပ်စက်မှုပုံစံ ————————————– အသက်၆လအရွယ်ကလေးတွေဟာ တစ်နေ့မှာအိပ်စက်ချိန်၁၄နာရီလောက်လိုအပ်ကြပြီး တဆက်တည်းအိပ်ချိန်က အများဆုံး၇နာရီလောက်ကြာမြင့်တတ်ပါတယ်… တခါတရံမှာသူတို့ဘာသာနိုးထလာပေမယ့်မိဘကမသိပ်ပေးရဘဲသူတို့ဘာသာ ပြန်အိပ်ပျော်ဖို့ကြိုးစားတတ်လာတာကိုလည်းတွေ့ရနိုင်ပါတယ်… နေ့ခင်းဖက်တရေးအိပ်ချိန်တွေမှာတော့၁နာရီခွဲ၂နာရီလောက်ကြာမြင့်အောင်အိပ်တတ်ကြပါတယ်… ကောင်းမွန်တဲ့အိပ်စက်ခြင်းအလေ့အကျင့်ရစေဖို့ကလေးငယ်တွေကိုအချိန်မှန်သိပ်ပေးခြင်းမျိုး ပြုလုပ်ပေးသင့်ပါတယ်… ဒီအရွယ်ကလေးတွေကောင်းမွန်တဲ့အိပ်စက်ခြင်းပုံစံရဖို့ဘယ်လိုလေ့ကျင့်ယူမလဲ ? ————————————————————————————– ဒီအရွယ်ကလေးတွေအိပ်စက်ခြင်းအတွက်မိဘတွေအနေနဲ့ပြုလုပ်ပေးနိုင်တဲ့အရာတွေကတော့ – (က) ညဖက်သိပ်တဲ့အခါတစ်ခုခုကိုကလေးမှတ်မိအောင်ပြုလုပ်ပေးပါ… အရင်ဆောင်းပါးမှာဖော်ပြခဲ့သလိုပဲကလေးကိုညဖက်သိပ်တဲ့အခါညဖက်ဆိုတာကလေးသိရှိအောင် နေ့စဉ်အပြုအမူတစ်ခုခုနဲ့လေ့ကျင့်ပေးနိုင်ပါတယ်… – ညအိပ်ဝတ်စုံလဲလှယ်ပေးပါ… (ဒါမှမဟုတ်ညအိပ်အဝတ်ကိုပွပွချောင်ချောင်အဝတ်အစားမျိုးနဲ့သီးသန့်ထားပါ…) ဒါဟာနေ့တစ်နေ့ရဲ့ကုန်ဆုံးချိန်ဆိုတာကလေးကိုသိရှိပါစေ… – အလင်းရောင်ကိုခပ်မှိန်မှိန်လေးသာထားပါ… – ညဖက်နို့တိုက်တဲ့အခါကလေးကိုစကားမပြောဘဲတိတ်တိတ်သာတိုက်ကျွေးပါ… – ဆူဆူညံညံအသံတွေမကြားရအောင်ပြုလုပ်ပါ… – ကလေးကိုသီချင်းတီးတိုးဆိုသိပ်ပါ… – […]

Read More

အသက် ၃ လမှ ၆လအရွယ် ကလေးငယ်များကောင်းစွာ အိပ်ပျော်စေဖို့ ပြုစုခြင်း နည်းလမ်းများ

ယခင်လမှ အဆက်… ကလေးငယ်လေးများအတွက် အိပ်စက်ခြင်းဟာ အရေးကြီးပါတယ်… ဒါကြောင့် ကလေးရဲ့ အိပ်စက်ခြင်းဟာ စံချိန်စံညွှန်းမီဖို့ လိုအပ်လှပါတယ်… မိဘတွေအနေနဲ့ ကလေး အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို အနည်းနဲ့ အများ ကြုံတွေ့ရဖူးမှာ မလွဲပါဘူး… ဒါကြောင့် လူကြီးတွေ အိပ်ရေးမပျက်စေဖို့ VIP လေးတွေ ကောင်းစွာ အိပ်ပျော်အောင် ပြုလုပ်နည်းလေးတွေ တင်ပြလိုက်ပါတယ်… သူတို့လေးတွေရဲ့ အိပ်စက်မှု ပုံစံ

Read More

မွေးကင်းစမှ အသက် ၃ လအရွယ် ကလေးငယ်များကောင်းစွာ အိပ်ပျော်စေဖို့ ပြုစုခြင်း နည်းလမ်းများ

ကလေးငယ်လေးများ အတွက် အိပ်စက်ခြင်းဟာ အရေးကြီးပါတယ်… ဒါကြောင့် ကလေးရဲ့ အိပ်စက်ခြင်းဟာ စံချိန်စံညွှန်းမီဖို့ လိုအပ်လှပါတယ်… မိဘတွေအနေနဲ့ ကလေး အိပ်စက်ခြင်း ဆိုင်ရာ ပြဿနာတွေကို အနည်းနဲ့ အများ ကြုံတွေ့ရဖူးမှာ မလွဲပါဘူး… ဒါကြောင့် လူကြီးတွေ အိပ်ရေးမပျက်စေဖို့ VIP လေးတွေ ကောင်းစွာ အိပ်ပျော်အောင် ပြုလုပ်နည်းလေးတွေ တင်ပြလိုက်ပါတယ်… သူတို့လေးတွေရဲ့ အိပ်စက်မှု ပုံစံ ————————- မွေးကင်းစ ကလေးငယ်တွေဟာ နေ့တစ်နေ့ကို အိပ်စက်နေတဲ့ အချိန်အများစုနဲ့ ဖြတ်ကျော်ပါတယ်… ဘယ်လောက်တောင်လဲဆိုရင် ၂၄ နာရီ မှာ ၁၈ နာရီလောက်ထိကို အိပ်စက်ခြင်းနဲ့သာ အချိန်ကုန်ဆုံးစေတာပါ… ဒါပေမယ့် နေ့ပဲ ဖြစ်ဖြစ် ညပဲ ဖြစ်ဖြစ် တစ်ခါအိပ်ရင် ၁ နာရီကနေ ၃ နာရီ […]

Read More

ကလေးငယ်များ ငိုရခြင်းရဲ့ နောက်ကွယ်က အကြောင်း ၁၂ ချက်နဲ့ အငိုတိတ်ဖို့ ချော့မြှူခြင်း

မွေးကင်းစ ကလေးငယ်လေးများ လသား ကလေးငယ်များ မကြာခဏ ငိုတတ်ကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး… ဘာလို့လဲဆိုတော့ ကလေးငယ်တွေဟာ ဗိုက်ဆာနေတာ၊ တစ်နေရာရာက နာကျင်နေတာ၊ တစ်ခုခုကို ကြောက်ရွံ့တာ၊ အိပ်ချင်တာစတဲ့ သူတို့ ပြုလုပ်ချင်တဲ့အရာတွေကို ငိုခြင်းနဲ့သာ ဖော်ပြတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင် မိဘတွေက မိမိတို့ရဲ့ကလေးငယ်လေး ငိုပြီး ဘာပြောချင်နေတာဆိုတာ သိရှိဖို့ ဘယ်လိုလုပ်ကြမှာလဲ? အစမှာတော့ ကိုယ့်ကလေးရဲ့ လိုအင်ကိုကွဲကွဲပြားပြား သိဖို့ ခက်ခဲနိုင်ပါတယ်… အခုပြောမယ့် ၁၂ ချက်ကတော့ ဘာကြောင့် ကလေးတွေ ငိုရသလဲဆိုတဲ့ အကြောင်းအရာတွေထဲကမှ အဖြစ်အများဆုံးအချက် ၁၂ ချက်ပဲ ဖြစ်ပါတယ်…   ၁ ဗိုက်ဆာနေလို့လား ? ဒါက ပထမဦးဆုံး စဉ်းစားရမယ့် အချက်ပါ… မိမိတို့ရဲ့ ရင်သွေးငယ်ဟာ ဗိုက်ဆာရင် […]

Read More

ဘယ်အချိန်မှာ မိခင်နို့တိုက်ကျွေးခြင်းကို ရပ်တန့်မလဲ?

မိခင်နို့ တိုက်ကျွေးခြင်းကို ဘယ်အချိန်မှာ ရပ်သင့်တယ်ဆိုတာ မိခင်အတော်များများမှာရှိတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်… အများအားဖြင့် ဘယ်အရွယ်ထိ မိခင်တွေ နို့တိုက်ကျွေးတတ်ကြသလဲ? နို့တိုက်ကျွေးရတာကို မိမိကိုယ်တိုင် နှစ်သက်မယ်ဆိုရင် ကလေးရော၊ မိခင်ပါ အဆင်ပြေနေသမျှ မိခင်နို့တိုက်ကျွေးနိုင်ပါတယ်… ဆိုလိုတာက ကလေးအသက် ၁ နှစ်၊ ၂ နှစ်အရွယ်လောက်ထိ မိခင်နို့တိုက်နိုင်ပါသေးတယ်… အများအားဖြင့်တော့ မိခင်တွေဟာ ကလေးအသက် ၆ လ ကနေ ၁၂ လ (၁နှစ်) အရွယ်လောက်ထိ မိခင်နို့တိုက်ကျွေးကြပြီးနောက် နို့ဖြတ်တတ်ကြပါတယ်… ကလေးအသက် ဘယ်လောက်အထိ မိခင်နို့တိုက်မယ်… ဘယ်အရွယ်မှာ မိခင်နို့ဖြတ်မယ်ဆိုတာကတော့ မိဘရဲ့ ဆုံးဖြတ်ချက်သာ အဓိက ဖြစ်ပါတယ်…   ကလေးအသက် ဘယ်လောက်အထိ မိခင်နို့ မဖြစ်မနေတိုက်ကျွေးသင့်လဲ? —————————————————————————- ကလေးအသက် ၆ လအထိကတော့ […]

Read More

မွေးကင်းစ ကလေးငယ်များနှင့် လေယာဉ်စီးခြင်း

များသော အားဖြင့် မွေးကင်းစကလေးငယ်တွေဟာ လေယာဉ်စီးခရီးသွားခြင်း ပြုလုပ်နိုင်ကြပါတယ်… ဒါပေမယ့် အောက်ပါ အချက်အလက်တွေကို သိရှိထားသင့်ပါတယ်…   ကလေးငယ်၏ အသက် တချို့ လေကြောင်းလိုင်းတွေက ၂ ရက်သားအရွယ် ကလေးငယ်ကို လိုက်ပါခွင့်ပြုကြပါတယ်… ဒါပေမယ့် တချို့ကလည်း ကလေးအသက် ၂ ပတ် ကျော်တဲ့အချိန်မှ စီးနင့်ခွင့်ပြုကြတာမျိုးလည်း ရှိပါတယ်… ဒါကြောင့် အကောင်းဆုံးက သင်စီးနင်းမယ့် လေကြောင်းလိုင်းကို ကြိုတင်မေးမြန်းပြီး လိုအပ်တာတွေကို ဆောင်ရွက်သင့်ပါတယ်… နောက်တစ်ခုက ကလေးအသက်ငယ်တဲ့အတွက် သူ့ရဲ့ ခုခံစနစ် (Immune System) က ဖွံ့ဖြိုးဆဲ ဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်… လူပေါင်းစုံနဲ့ အတူ ခရီးတစ်ခုကို အချိန်ကြာကြာ စီးနင်းခြင်းဟာ ကလေးငယ်အတွက် ရောဂါပိုးနဲ့ ထိတွေ့ဖို့ ထိုက်သင့်သလောက် အန္တရာယ်ရှိပါတယ်… ဒါကြောင့် တချို့ […]

Read More

ကလေးများနှင့် G6PD enzyme ဓါတ်ချို့ယွင်းခြင်း

G6PD (glucose-6-phosphate dehydrogenase) ဆိုတာဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဖြစ်ပါတယ်… G6PD ဟာ သွေးနီဥ RBC (Red Blood Cells) တွေ ပုံမှန် လုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် ကူညီပေးတဲ့ အင်ဇိုင်းဓါတ်ဖြစ်ပါတယ်… ဒါကြောင့် ဒီ အင်ဇိုင်းဓါတ် ချို့တဲ့သော အခြေအနေမှာ သွေးနီဥတွေ ပေါက်ကွဲတာများတာကြောင့် သွေးအားနည်းခြင်း (Hemolytic Anaemia) မျိုး ရတတ်ပါတယ်…   G6PD deficiency ရောဂါဟာ မွေးရာပါ ရောဂါဖြစ်ပါတယ်… G6PD deficiency ရောဂါရှိသူတွေဟာများသောအားဖြင့် ဘာရောဂါလက္ခဏာမှ မပြသဘဲ သွေးနီဥကို ပေါက်ကွဲမှုပိုများစေတဲ့ အကြောင်းအရင်း၊ ဥပမာ- G6PD deficiency ရောဂါနှင့် ဓါတ်မတည့်သော အစားအစာ၊ ဆေးဝါးများ သောက်သုံးမိခြင်း၊ ရောဂါပိုးဝင်ခြင်း […]

Read More
To Top